iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးပဲ မဂၤလာပါ။ ငယ္စဥ္အရြယ္ ေက်ာင္းသားဘဝတုန္းက ခ်စ္သူရည္းစားထားတာ၊ အခ်စ္ေရး အခ်စ္ရာေတြဟာ ေပ်ာ္စရာကိစၥတစ္ခုအေနနဲ႕ ျမင္ေတြ႕ႏိုင္ၾကပါတယ္။

ဒါေပမယ့္ အရြယ္ေရာက္လာတဲ့အခါမွာေတာ့ ဘဝေပးအေၾကာင္းအရင္းအမ်ိဳးမ်ိဳးေၾကာင့္ အခ်စ္ေရးကိစၥေတြက်ဲသြားၿပီး ကိုယ့္အတြက္သင့္ေတာ္မယ့္ ဖူးစာဖက္ကို ရွာေတြ႕ဖို႕ဆိုတာ ခက္ခဲလာပါတယ္။

ဘားေတြကိုသြားမွ ကိုယ့္အတြက္အဆင္ေျပမယ့္ ဖူးစာဖက္ကို ရွာေတြ႕ႏိုင္တာမဟုတ္ပါဘူး။ အခုေဖာ္ျပေပးသြားမယ့္ ေနရာေလးေတြမွာလည္း အခ်စ္စစ္ကို ရွာေတြ႕ႏိုင္ပါေသးတယ္။

ေကာ္ဖီဆိုင္

ပိတ္ရက္ေတြမွာ စာအုပ္ေလးတစ္အုပ္၊ လပ္ပ္ေတာ့၊ တစ္မ်ိဳးမ်ိဳးကိုသယ္ၿပီး ေကာ္ဖီဆိုင္ေလးမွာသြားထိုင္းရင္း အေတြးေလးေတြကို ျဖန္႕က်က္ရတာ တကယ္ကို အရသာရွိလွပါတယ္။ ပိတ္ရက္ဆိုရင္ လူအမ်ားစုက ေကာ္ဖီဆိုင္ေတြမွာ သြားထိုင္ေလ့ရွိၾကတာေၾကာင့္ ကိုယ့္ရဲ႕ဖူးစာဖက္ေလးနဲ႕ ဆံုေတြ႕ရင္ေတြ႕ႏိုင္ပါေသးတယ္။

လူမႈကြန္ရက္

Social Media ကိုအခ်ိန္တိုင္းသံုးၿပီးေတာ့ အၿမဲတမ္း ထိုင္ Chat ေနရမယ္လို႕ မဆိုလိုပါဘူး။ ဒါေပမယ့္ Social Media ကို အသံုးျပဳရင္းနဲ႕ ကိုယ္နဲ႕အဆက္အသြယ္ျပတ္ေနသူေတြ၊ ဒါမွမဟုတ္ ေသခ်ာမရင္းႏွီးတဲ့ သူေတြနဲ႕ ျပန္လည္ဆံုေတြ႕စကားေျပာဆိုင္လာႏိုင္ပါတယ္။ လူတစ္ေယာက္ကို သြားႏႈတ္ဆက္ၿပီး အဆင္ေျပရဲ႕လားလို႕ ေမးဖို႕ဆိုတာ ဘယ္သူ႕ကိုမွ ထိခိုက္တဲ့အရာမဟုတ္ပါဘူး။

ပန္းၿခံ

သင္ဟာ ေျပးတာ၊ စက္ဘီးစီးတာ ဒါမွမဟုတ္ လမ္းေလွ်ာက္ထြက္ရတာကို ႀကိဳက္ပါသလား။ အမ်ိဳးသားမ်ားလည္း ထိုအတိုင္းပါပဲ။ အမ်ိဳးသားေတြရဲ႕ စိတ္ကူးအိပ္မက္ထဲမွာ အမ်ိဳးသမီးတစ္ေယာက္နဲ႕အတူတူ ေလ့က်င့္ခန္းလုပ္ရတာက တစ္ခုအပါအဝင္ပါ။ ေလ့က်င့္ခန္းလုပ္တယ္ဆိုတာဟာ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္အတြက္အက်ိဳးရွိသလို ကိုယ့္ရဲ႕ဖူးစာရွင္နဲ႕ဆံုေတြ႕ရမယ္ဆိုရင္ ပိုၿပီးေတာ့ေတာင္ မေကာင္းပါဘူးလား။

လုပ္ငန္းခြင္

လုပ္ငန္းခြင္ထဲက လုပ္ေဖာ္ကိုင္ဖက္ကို ရည္းစားအျဖစ္လက္ခံေတာ့မယ္ဆိုရင္ တစ္ခုသတိေပးခ်င္တာကေတာ့ သတိထား၊ ဂရုစိုက္ဖို႕ပါပဲ။ ေပ်ာ္ဖို႕လည္းေကာင္းသလို လမ္းခြဲၿပီးတဲ့အခါမွာလည္း တစ္ေယာက္နဲ႕တစ္ေယာက္ၾကားက ဆက္ဆံေရးက ေတာ္ေတာ္ဆိုးသြားႏိုင္ပါတယ္။

ေစတနာ့ဝန္ထမ္း

အကယ္လို႕ သင္ဟာ တျခားလိုအပ္တဲ့လူေတြအတြက္ ကူညီေဖးမေပးရတာ လိုအပ္တာေတြ ျဖည့္ဆည္းေပးရတာကို ဝါသနာပါသူတစ္ဦးဆိုရင္ေတာ့ တကယ္အဆင္ေျပပါတယ္။ ကိုုယ္နဲ႕စိတ္တူကိုယ္တူ အားတက္သေရာ ေစတနာ့ဝန္ထမ္းလုပ္ရတာ ဝါသနာပါတဲ့ ဖူးစာဖက္ကို ထိုေနရာမွာပဲ ဆံုေတြ႕ရမယ္ဆိုရင္ေတာ့ ဘာလိုအံုးမွာပါလဲ။

သူငယ္ခ်င္းေတြကေနတဆင့္

ရည္းစားရဖို႕အတြက္ အားမထုတ္ႏိုင္သူတစ္ဦးဆိုရင္ေတာ့ သူငယ္ခ်င္းေတြကိုေျပာျပၿပီး သင့္ေတာ္မယ့္လူရွိရင္ မိတ္ဆက္ခိုင္းပါ။ ဒီလိုျပဳလုပ္ျခင္းက ကိုယ့္အတြက္ သင့္ေတာ္မယ့္ ခ်စ္သူတစ္ဦးကို ရရွိႏိုင္သလို ထိုခ်စ္သူဟာလည္း သူငယ္ခ်င္းေတြနဲ႕ ရင္းႏွီးတဲ့လူျဖစ္ရင္ေတာ့ အေကာင္းဆံုးပါပဲ။ ကိုယ့္သူငယ္ခ်င္းျဖစ္တဲ့အတြက္ေၾကာင့္ မေတာ္တေရာ္ေတြနဲ႕ ေပးေတြ႕မွာကို စိတ္ပူစရာမလိုေတာ့ဘူးေပါ့။

Credit: nanmalgyi
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။







အားလုံးပဲ မင်္ဂလာပါ။ ငယ်စဉ်အရွယ် ကျောင်းသားဘဝတုန်းက ချစ်သူရည်းစားထားတာ၊ အချစ်ရေး အချစ်ရာတွေဟာ ပျော်စရာကိစ္စတစ်ခုအနေနဲ့ မြင်တွေ့နိုင်ကြပါတယ်။

ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ဘဝပေးအကြောင်းအရင်းအမျိုးမျိုးကြောင့် အချစ်ရေးကိစ္စတွေကျဲသွားပြီး ကိုယ့်အတွက်သင့်တော်မယ့် ဖူးစာဖက်ကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲလာပါတယ်။

ဘားတွေကိုသွားမှ ကိုယ့်အတွက်အဆင်ပြေမယ့် ဖူးစာဖက်ကို ရှာတွေ့နိုင်တာမဟုတ်ပါဘူး။ အခုဖော်ပြပေးသွားမယ့် နေရာလေးတွေမှာလည်း အချစ်စစ်ကို ရှာတွေ့နိုင်ပါသေးတယ်။

ကော်ဖီဆိုင်

ပိတ်ရက်တွေမှာ စာအုပ်လေးတစ်အုပ်၊ လပ်ပ်တော့၊ တစ်မျိုးမျိုးကိုသယ်ပြီး ကော်ဖီဆိုင်လေးမှာသွားထိုင်းရင်း အတွေးလေးတွေကို ဖြန့်ကျက်ရတာ တကယ်ကို အရသာရှိလှပါတယ်။ ပိတ်ရက်ဆိုရင် လူအများစုက ကော်ဖီဆိုင်တွေမှာ သွားထိုင်လေ့ရှိကြတာကြောင့် ကိုယ့်ရဲ့ဖူးစာဖက်လေးနဲ့ ဆုံတွေ့ရင်တွေ့နိုင်ပါသေးတယ်။

လူမှုကွန်ရက်

Social Media ကိုအချိန်တိုင်းသုံးပြီးတော့ အမြဲတမ်း ထိုင် Chat နေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် Social Media ကို အသုံးပြုရင်းနဲ့ ကိုယ်နဲ့အဆက်အသွယ်ပြတ်နေသူတွေ၊ ဒါမှမဟုတ် သေချာမရင်းနှီးတဲ့ သူတွေနဲ့ ပြန်လည်ဆုံတွေ့စကားပြောဆိုင်လာနိုင်ပါတယ်။ လူတစ်ယောက်ကို သွားနှုတ်ဆက်ပြီး အဆင်ပြေရဲ့လားလို့ မေးဖို့ဆိုတာ ဘယ်သူ့ကိုမှ ထိခိုက်တဲ့အရာမဟုတ်ပါဘူး။

ပန်းခြံ

သင်ဟာ ပြေးတာ၊ စက်ဘီးစီးတာ ဒါမှမဟုတ် လမ်းလျှောက်ထွက်ရတာကို ကြိုက်ပါသလား။ အမျိုးသားများလည်း ထိုအတိုင်းပါပဲ။ အမျိုးသားတွေရဲ့ စိတ်ကူးအိပ်မက်ထဲမှာ အမျိုးသမီးတစ်ယောက်နဲ့အတူတူ လေ့ကျင့်ခန်းလုပ်ရတာက တစ်ခုအပါအဝင်ပါ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာဟာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်အကျိုးရှိသလို ကိုယ့်ရဲ့ဖူးစာရှင်နဲ့ဆုံတွေ့ရမယ်ဆိုရင် ပိုပြီးတော့တောင် မကောင်းပါဘူးလား။

လုပ်ငန်းခွင်

လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်ကို ရည်းစားအဖြစ်လက်ခံတော့မယ်ဆိုရင် တစ်ခုသတိပေးချင်တာကတော့ သတိထား၊ ဂရုစိုက်ဖို့ပါပဲ။ ပျော်ဖို့လည်းကောင်းသလို လမ်းခွဲပြီးတဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေးက တော်တော်ဆိုးသွားနိုင်ပါတယ်။

စေတနာ့ဝန်ထမ်း

အကယ်လို့ သင်ဟာ တခြားလိုအပ်တဲ့လူတွေအတွက် ကူညီဖေးမပေးရတာ လိုအပ်တာတွေ ဖြည့်ဆည်းပေးရတာကို ဝါသနာပါသူတစ်ဦးဆိုရင်တော့ တကယ်အဆင်ပြေပါတယ်။ ကိုယ်နဲ့စိတ်တူကိုယ်တူ အားတက်သရော စေတနာ့ဝန်ထမ်းလုပ်ရတာ ဝါသနာပါတဲ့ ဖူးစာဖက်ကို ထိုနေရာမှာပဲ ဆုံတွေ့ရမယ်ဆိုရင်တော့ ဘာလိုအုံးမှာပါလဲ။

သူငယ်ချင်းတွေကနေတဆင့်

ရည်းစားရဖို့အတွက် အားမထုတ်နိုင်သူတစ်ဦးဆိုရင်တော့ သူငယ်ချင်းတွေကိုပြောပြပြီး သင့်တော်မယ့်လူရှိရင် မိတ်ဆက်ခိုင်းပါ။ ဒီလိုပြုလုပ်ခြင်းက ကိုယ့်အတွက် သင့်တော်မယ့် ချစ်သူတစ်ဦးကို ရရှိနိုင်သလို ထိုချစ်သူဟာလည်း သူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့လူဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ့်သူငယ်ချင်းဖြစ်တဲ့အတွက်ကြောင့် မတော်တရော်တွေနဲ့ ပေးတွေ့မှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။

Credit: nanmalgyi
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top