iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Nanmalgyi
#Unicode Version#
ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက အားပေးလာခဲ့တဲ့ အက်ရှင်မင်းသားကြီးနေထက်လင်းကတော့ အနုပညာလောကမှာ အတော်တန်ကြာပျောက်နေပြီး လက်ရှိမှာတော့ ပရိသတ်တွေမျက်စိရှေ့ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ နေထက်လင်းကတော့ သူဖြစ်ချင်တဲ့ အနုပညာရှင်ပုံစံမျိုးကို ပြောပြသွားခဲ့ပြီး ဖင်ပြနို့ပြလုပ်တဲ့သူကတော့ ခဏလေးနဲ့ ပေါ်ပျောက်ဖြစ်သွားမှာပဲလို့ သူ့အမြင်ကို ပြောကြားသွား ခဲ့ပါတယ်။
နေထက်လင်းကတော့ အလင်းတန်းနဲ့ အင်တာဗျူးမှာတော့ “ကျွန်တော်တို့တွေက အနုပညာစလုပ်ကတည်းက သေချာပြုစုပျိုးထောင်ခဲ့ရတာ။ မှားသွားလို့ ရှိရင် မရဘူးလေ။ ကျွန်တော့်ကို ပုံသွင်းလာတဲ့ဆရာတွေဆို အကြမ်းကြီးပဲ ပုံသွင်းတာ။ အကြမ်းကြီးသွင်းတဲ့ ကာရိုက်တာတွေ ရှိသလို အနုသွင်းတဲ့ ကာရိုက်တာတွေလည်း ရှိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့က ကလေးတွေကို စမောင်းကတည်းက အကျင့်စာရိတ္တကောင်းရမယ်။ ကျေးဇူးရှင်တွေကို စော်ကားထားရင်လည်း ကျွန်တော်တို့ သင်ပေးလို့မရဘူး။ ပြန်တောင်းပန်ရမယ်။
အဲ့လိုစိတ်လေးက ရိုရိုကျိုးကျိုးလေးနေမှ။ စိတ်လေးက အပေါ်ကိုလည်း ရောက်လို့ရမယ်။ ရေမြွေလိုလည်း လုပ်လို့ရမယ်။ အလယ်အလတ်လေးလည်း လုပ်လို့ရမယ်။ ဒီကြားထဲမှာ အလယ်အလတ်ကြားထဲမှာ ကျွန်တော်တို့ကနေရတာ။ ဒါကြောင့် အနုပညာရှင် အသစ်တွေကို မွေးထုတ်တဲ့အခါ မျက်နှာဘေးလေးကဘယ်လိုနေလဲ အတွင်းစိတ်ဓါတ်က ဘာလဲပေါ့။ အနုပညာဗီဇကတော့ ပြောင်းလဲလို့မရပါဘူး။ ဒါကိုပဲ အခြေခံပြီးသွားရတာ။
တချို့က အဖော်အချွတ်တွေလုပ်တယ်။ ဖင်ပေါ် ခေါင်းပေါ်တွေဖော် နို့တွေဖော် အဲ့ဒါက အနုပညာမဟုတ်ဘူး။ ပေါ်ပင်ပဲ။ အဲ့ဒါသည် နှာကိုသွားတဲ့အတွက် အနုပညာ မဟုတ်ဘူး။ ဒါသည် လူတယောက်ကို မကောင်းတဲ့ ရာဂစိတ်နဲ့ ဆွဲဆောင်တာ။ အဲ့ဒီဆွဲဆောင်မှုနဲ့ သူက ပရိသတ်တွေ လိုက်ရှာတာ။ ဒါအနုပညာမဟုတ်ဘူး။ ဆယ်လီဖြစ်ချင်လို့ ပရိသတ်သိချင်လို့ လုပ်တာ။ ဒါက ခဏပဲ ပေါ်ပျောက်ပဲ။ ကားတစီးအရမ်းလှတယ်ပေါ့။ ဒါပေမယ့်လည်း သုံးကြည့်လိုက်တော့ ထင်သလောက် မကောင်းဘူး။ အပြင်ပိုင်းတော့ မိုက်တယ်။ အဲ့လိုမျိုးသဘောပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။
Credit:Nanmalgyi
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top