iMyanmarHouse.com - Best Property Website for Myanmar
×

ငါးဟင္းႀကိဳက္တဲ့ ေမေမတို႔အတြက္ သတင္းေကာင္းေလးေပါ့။ ကိုယ္ဝန္ရွိစဥ္မွာ သေႏၶသားေလးရဲ႕ အျမင္အာ႐ံုနဲ႔ ဦးေႏွာက္ဖြံ႕ၿဖိဳးက်န္းမာဖို႔အတြက္ ငါးကရရွိတဲ့ အဆီဓာတ္ လိုအပ္ပါသတဲ့။

          သုေတသနအဖြဲ႕ေတြက မိခင္ရဲ႕အစားအစာနဲ႔ ေသြးတြင္းက အဆီဓာတ္ပမာဏရယ္၊ ကေလး ၁ လသားမွာ ေသြးတြင္းအဆီအာဟာရ ပမာဏရယ္ကို စမ္းသပ္စစ္ေဆးခဲ့ၾကပါတယ္။

          အဲဒီအခါ ကိုယ္ဝန္ေဆာင္ကာလမွာ ငါး လံုလံုေလာက္ေလာက္ စားသံုးေပးသူ ကိုယ္ဝန္ေဆာင္ေတြမွာ သေႏၶသားေလးရဲ႕ ဦးေႏွာက္နဲ႔ အျမင္အာ႐ံုဟာ သြက္လက္ျမန္ဆန္စြာ ဖြံ႕ၿဖိဳးလာတာကို ေတြ႕ရပါတယ္။

          ငါးကရတဲ့ အဆီဓာတ္အာဟာရဟာ မ်က္လံုးနဲ႔ ဦးေႏွာက္ႀကီးထြားဖို႔ လိုအပ္သလို အာ႐ံုေၾကာေတြ ေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္ဖို႔လည္း အထူးလိုအပ္ေနတာ ျဖစ္ပါတယ္။

          မိခင္ ၅၆ ေယာက္နဲ႔ ကေလးေတြကို စမ္းသပ္ခဲ့တဲ့ သုေတသနျဖစ္ၿပီး  ကိုယ္ဝန္ေဆာင္ေလးေတြနဲ႔ ႏို႔တိုက္မိခင္ေတြမွာ ငါးကရတဲ့ အဆီအာဟာရဓာတ္ဟာ အလြန္အသံုးက်တာကို ေကာက္ခ်က္ဆြဲႏိုင္ခဲ့တာပါ။

          တစ္ပတ္ကို သံုးႀကိမ္ထက္ပိုၿပီး ငါးစားသံုးသူမိခင္ေတြ ကိုယ္ဝန္ေဆာင္ ေနာက္ဆံုးပတ္ေတြမွာ ငါးစားေပးသူ ကိုယ္ဝန္ေဆာင္ေလးေတြမွာ သန္စြမ္းက်န္းမာၿပီး ဉာဏ္ရည္ဉာဏ္ေသြး ျမင့္မားတဲ့ကေလးေတြ ေမြးဖြားဖို႔ အလားအလာ မ်ားေနပါတယ္။

          ကဲ ... ငါးႀကိဳက္တဲ့ ေမေမတို႔ေရာ၊ငါးမႀကိဳက္တဲ့ ေမေမတို႔ေရာ ငါးစားသံုးေပးျခင္းျဖင့္  ရင္ေသြးေလးအတြက္ ဘယ္ေလာက္အေထာက္အကူျဖစ္တယ္ဆိုတာ သိၾကၿပီေပါ့ေနာ္။

          " ေမေမ ... ငါးမ်ားမ်ားစားမွ ... သားသားမီးမီး ဉာဏ္ေကာင္းမယ္ေနာ္ "

Credit:ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
  ငါးဟင်းကြိုက်တဲ့ မေမေတို့အတွက် သတင်းကောင်းလေးပေါ့။ ကိုယ်ဝန်ရှိစဉ်မှာ သန္ဓေသားလေးရဲ့ အမြင်အာရုံနဲ့ ဦးနှောက်ဖွံ့ဖြိုးကျန်းမာဖို့အတွက် ငါးကရရှိတဲ့ အဆီဓာတ် လိုအပ်ပါသတဲ့။

          သုတေသနအဖွဲ့တွေက မိခင်ရဲ့အစားအစာနဲ့ သွေးတွင်းက အဆီဓာတ်ပမာဏရယ်၊ ကလေး ၁ လသားမှာ သွေးတွင်းအဆီအာဟာရ ပမာဏရယ်ကို စမ်းသပ်စစ်ဆေးခဲ့ကြပါတယ်။

          အဲဒီအခါ ကိုယ်ဝန်ဆောင်ကာလမှာ ငါး လုံလုံလောက်လောက် စားသုံးပေးသူ ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဟာ သွက်လက်မြန်ဆန်စွာ ဖွံ့ဖြိုးလာတာကို တွေ့ရပါတယ်။

          ငါးကရတဲ့ အဆီဓာတ်အာဟာရဟာ မျက်လုံးနဲ့ ဦးနှောက်ကြီးထွားဖို့ လိုအပ်သလို အာရုံကြောတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့လည်း အထူးလိုအပ်နေတာ ဖြစ်ပါတယ်။

          မိခင် ၅၆ ယောက်နဲ့ ကလေးတွေကို စမ်းသပ်ခဲ့တဲ့ သုတေသနဖြစ်ပြီး  ကိုယ်ဝန်ဆောင်လေးတွေနဲ့ နို့တိုက်မိခင်တွေမှာ ငါးကရတဲ့ အဆီအာဟာရဓာတ်ဟာ အလွန်အသုံးကျတာကို ကောက်ချက်ဆွဲနိုင်ခဲ့တာပါ။

          တစ်ပတ်ကို သုံးကြိမ်ထက်ပိုပြီး ငါးစားသုံးသူမိခင်တွေ ကိုယ်ဝန်ဆောင် နောက်ဆုံးပတ်တွေမှာ ငါးစားပေးသူ ကိုယ်ဝန်ဆောင်လေးတွေမှာ သန်စွမ်းကျန်းမာပြီး ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတဲ့ကလေးတွေ မွေးဖွားဖို့ အလားအလာ များနေပါတယ်။

          ကဲ ... ငါးကြိုက်တဲ့ မေမေတို့ရော၊ငါးမကြိုက်တဲ့ မေမေတို့ရော ငါးစားသုံးပေးခြင်းဖြင့်  ရင်သွေးလေးအတွက် ဘယ်လောက်အထောက်အကူဖြစ်တယ်ဆိုတာ သိကြပြီပေါ့နော်။

          " မေမေ ... ငါးများများစားမှ ... သားသားမီးမီး ဉာဏ်ကောင်းမယ်နော် "

Credit:ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top