iMyanmarHouse.com - Best Property Website for Myanmar
×

ေသြးတိုးတာကို လူေတြ အေျပာမ်ားျကျပီး ေသြးတိုးတာရဲ႕လကၡဏာရပ္ေတြနဲ႕ အက်ိဳးသက္ေရာက္မႈေတြကို သိျမင္ျကပါတယ္။ ေသြးအားနည္းတာကိုေတာ့ တခ်ိဳ႕က မသိျကပါဘူး။ ေသြးအားနည္းေရာဂါကို ခံစားေနရေတြက တခါတရံ သူတို႕ခံစားေနရတာဘာလဲဆိုတာမသိျကပါဘူး။ မူးေဝျခင္း(ဒါမွမဟုတ္) ေနမေကာင္းျဖစ္ျခင္းအျဖစ္ သေဘာထားလိုက္ျကတာမ်ားပါတယ္။ ဒါက ႏွလံုး၊ ေဟာ္မုန္းစနစ္(ဒါမွမဟုတ္) အာရံုေျကာလကၡဏာေတြမမွန္ျခင္းတို႕နဲ႕အတူ ျပင္းထန္တဲ့ကိစၥတစ္ခုရဲ႕လကၡဏာျဖစ္ႏိုင္ပါတယ္။ ျပင္းထန္တဲ့ေသြးအားနည္းေရာဂါက ေအာက္စီဂ်င္နဲ႕ ဦးေႏွာက္သို႕စီဆင္းတဲ့အေရးျကီးအာဟာရဓာတ္ေတြကို အဟန္႕အတားျဖစ္ေစပါတယ္။ ဒါေျကာင့္ ေသြးအားနည္းျခင္းကို ခံစားရရင္ မေပါ့ဆသင့္ပါဘူး။ေသြးအားနည္းေရာဂါကို ခံစားရတဲ့ အေျကာင္းအရင္းေတာ္ေတာ္မ်ားမ်ားရွိပါတယ္။

ေရဓာတ္ကုန္ခန္းျခင္း

ေရလံုလံုေလာက္ေလာက္ ေသာက္ျခင္းက ကၽြႏ္ုပ္တို႕က်န္းမာေရးအတြက္ အရမ္းအေရးပါပါတယ္။ သင္ဟာ အလြယ္တကူ ေရဓာတ္ကုန္ခန္းတဲ့သူျဖစ္မယ္ဆိုရင္ အဲဒါနဲ႕ပတ္သတ္ျပီး တစ္ခုခုလုပ္သင့္ပါတယ္။ လူတစ္ေယာက္ ေရကုန္ခန္းသြားတာထက္ပိုျပီး ေရကို ပိုျပီး ေသာက္ေပးဖို႕လိုအပ္ပါတယ္။ အျပင္ထြက္ျပီး အလုပ္လုပ္ရတဲ့သူဆိုရင္ သင္ဟာ ေရကို တစ္ငံုဆာေလာက္ ေသာက္ေသာက္ေပးသင့္ပါတယ္။ ဒါက သင္ေရေသာက္နည္းျခင္းကို အေလ့အက်င့္လုပ္ေပးပါလိမ့္မယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္

သင္ဟာ ကိုယ္ဝန္လြယ္ထားရတယ္ဆိုရင္ ေသြးဖိအား ေလ်ာ့က်သြားႏိုင္တဲ့ အခြင့္အလမ္းရွိပါတယ္။ ဒါကေတာ့ သာမန္ပါပဲ။ အရမ္းျကီး မျကာခဏျဖစ္ေနတယ္ဆိုရင္ စစ္ေဆးျကည့္သင့္ပါတယ္။

ႏွလံုးျပႆနာ

တစ္ခ်ိဳ႕ ႏွလံုးျပႆနာေတြက သင့္ခႏၶာကိုယ္ထဲက ေသြးေတြကို မလည္ပတ္ႏိုင္ေအာင္ ျဖစ္ေစတဲ့အတြက္ ေသြးအားနည္းရျခင္းျဖစ္ပါတယ္။

အာဟာရခ်ိဳ႕တဲ့ျခင္း

တစ္ခ်ိဳ႕အေရးျကီးတဲ့ ဗီတာမင္ဓာတ္၊ သံဓာတ္ေတြ နည္းပါးျခင္းက ေသြးအားနည္းျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

ေျဖရွင္းနည္း

ဆားစားသံုးျခင္းကို တိုးျမွင့္ပါ - ပံုမွန္အားျဖင့္ လူေတြက အစားအေသာက္ေတြမွာ ဆားအရမ္းသံုးျခင္းကို ေရွာင္ဖို႕ေျပာျကပါတယ္။ ေသြးအားနည္းျခင္းကို ခံစားရတဲ့လူေတြအတြက္ ဆားက အကူအညီျဖစ္ေစပါတယ္။ ဆားပါတဲ့အစားအစာကို မစားသံုးျခင္းရင္ ဆရာဝန္နဲ႕စစ္ေဆးသင့္ပါတယ္။

ေရမ်ားမ်ားေသာက္ေပးပါ - ေရက ကၽြႏ္ုပ္တို႕ခႏၶာကိုယ္လုပ္ေဆာင္ခ်က္ေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့အရာျဖစ္ပါတယ္။ ေရဓာတ္ကုန္ခန္းျခင္းကို ကာကြယ္ေပးပါတယ္။ မူးေဝသလိုခံစားရျပီဆိုရင္ ေရေသာက္ေပးဖို႕မေမ့ပါနဲ႕။

အိမ္တြင္းနည္း - သျကားမံုလာအျမစ္ေဖ်ာ္ရည္တစ္ခြက္ကို တစ္ေန႕ ႏွစ္ျကိမ္ေသာက္ေပးပါ။ ေသြးအားနည္းျခင္းအတြက္ အေကာင္းဆံုးအိမ္တြင္းနည္းေတြထဲမွ တစ္ခုျဖစ္ပါတယ္။ ေကာ္ဖီခါးခါးတစ္ခြက္ေသာက္ျခင္းကလဲ အကူအညီျဖစ္ပါတယ္။ တစ္ခ်ိဳ႕လူေတြကေတာ့ အယ္မြန္ေစ့နဲ႕ႏြားႏို႕ကို ေသာက္ေပးဖို႕ အျကံျပဳျကပါတယ္။ တစ္ေန႕တာ ကိုယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္းနည္းျခင္းကလဲ ေသြးအားနည္းျခင္းကိုျဖစ္ေစပါတယ္။ လမ္းေလွ်ာက္ျခင္း၊ ေရကူးျခင္းက ေသြးလည္ပတ္ေစတဲ့ေနရာမွာ အကူအညီေပးပါတယ္။

Credit:MM
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သွေးတိုးတာကို လူတွေ အပြောများကြပြီး သွေးတိုးတာရဲ့လက္ခဏာရပ်တွေနဲ့ အကျိုးသက်ရောက်မှုတွေကို သိမြင်ကြပါတယ်။ သွေးအားနည်းတာကိုတော့ တချို့က မသိကြပါဘူး။ သွေးအားနည်းရောဂါကို ခံစားနေရတွေက တခါတရံ သူတို့ခံစားနေရတာဘာလဲဆိုတာမသိကြပါဘူး။ မူးဝေခြင်း(ဒါမှမဟုတ်) နေမကောင်းဖြစ်ခြင်းအဖြစ် သဘောထားလိုက်ကြတာများပါတယ်။ ဒါက နှလုံး၊ ဟော်မုန်းစနစ်(ဒါမှမဟုတ်) အာရုံကြောလက္ခဏာတွေမမှန်ခြင်းတို့နဲ့အတူ ပြင်းထန်တဲ့ကိစ္စတစ်ခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့သွေးအားနည်းရောဂါက အောက်စီဂျင်နဲ့ ဦးနှောက်သို့စီဆင်းတဲ့အရေးကြီးအာဟာရဓာတ်တွေကို အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် သွေးအားနည်းခြင်းကို ခံစားရရင် မပေါ့ဆသင့်ပါဘူး။သွေးအားနည်းရောဂါကို ခံစားရတဲ့ အကြောင်းအရင်းတော်တော်များများရှိပါတယ်။

ရေဓာတ်ကုန်ခန်းခြင်း

ရေလုံလုံလောက်လောက် သောက်ခြင်းက ကျွန်ုပ်တို့ကျန်းမာရေးအတွက် အရမ်းအရေးပါပါတယ်။ သင်ဟာ အလွယ်တကူ ရေဓာတ်ကုန်ခန်းတဲ့သူဖြစ်မယ်ဆိုရင် အဲဒါနဲ့ပတ်သတ်ပြီး တစ်ခုခုလုပ်သင့်ပါတယ်။ လူတစ်ယောက် ရေကုန်ခန်းသွားတာထက်ပိုပြီး ရေကို ပိုပြီး သောက်ပေးဖို့လိုအပ်ပါတယ်။ အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင် သင်ဟာ ရေကို တစ်ငုံဆာလောက် သောက်သောက်ပေးသင့်ပါတယ်။ ဒါက သင်ရေသောက်နည်းခြင်းကို အလေ့အကျင့်လုပ်ပေးပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်

သင်ဟာ ကိုယ်ဝန်လွယ်ထားရတယ်ဆိုရင် သွေးဖိအား လျော့ကျသွားနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ ဒါကတော့ သာမန်ပါပဲ။ အရမ်းကြီး မကြာခဏဖြစ်နေတယ်ဆိုရင် စစ်ဆေးကြည့်သင့်ပါတယ်။

နှလုံးပြဿနာ

တစ်ချို့ နှလုံးပြဿနာတွေက သင့်ခန္ဓာကိုယ်ထဲက သွေးတွေကို မလည်ပတ်နိုင်အောင် ဖြစ်စေတဲ့အတွက် သွေးအားနည်းရခြင်းဖြစ်ပါတယ်။

အာဟာရချို့တဲ့ခြင်း

တစ်ချို့အရေးကြီးတဲ့ ဗီတာမင်ဓာတ်၊ သံဓာတ်တွေ နည်းပါးခြင်းက သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဖြေရှင်းနည်း

ဆားစားသုံးခြင်းကို တိုးမြှင့်ပါ - ပုံမှန်အားဖြင့် လူတွေက အစားအသောက်တွေမှာ ဆားအရမ်းသုံးခြင်းကို ရှောင်ဖို့ပြောကြပါတယ်။ သွေးအားနည်းခြင်းကို ခံစားရတဲ့လူတွေအတွက် ဆားက အကူအညီဖြစ်စေပါတယ်။ ဆားပါတဲ့အစားအစာကို မစားသုံးခြင်းရင် ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။

ရေများများသောက်ပေးပါ - ရေက ကျွန်ုပ်တို့ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ ရေဓာတ်ကုန်ခန်းခြင်းကို ကာကွယ်ပေးပါတယ်။ မူးဝေသလိုခံစားရပြီဆိုရင် ရေသောက်ပေးဖို့မမေ့ပါနဲ့။

အိမ်တွင်းနည်း - သကြားမုံလာအမြစ်ဖျော်ရည်တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ်သောက်ပေးပါ။ သွေးအားနည်းခြင်းအတွက် အကောင်းဆုံးအိမ်တွင်းနည်းတွေထဲမှ တစ်ခုဖြစ်ပါတယ်။ ကော်ဖီခါးခါးတစ်ခွက်သောက်ခြင်းကလဲ အကူအညီဖြစ်ပါတယ်။ တစ်ချို့လူတွေကတော့ အယ်မွန်စေ့နဲ့နွားနို့ကို သောက်ပေးဖို့ အကြံပြုကြပါတယ်။ တစ်နေ့တာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းနည်းခြင်းကလဲ သွေးအားနည်းခြင်းကိုဖြစ်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းက သွေးလည်ပတ်စေတဲ့နေရာမှာ အကူအညီပေးပါတယ်။

Credit:MM
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top