iMyanmarHouse.com - Best Property Website for Myanmar
×

 ကမာၻေပၚမွာ အစားအေသာက္ေတြနဲ႔ အလွျပင္ရတာေလာက္ ေပ်ာ္ဖို႔ေကာင္းတဲ့အရာ မရွိေတာ့ပါဘူး။ အသားအရည္ကို ၾကည္လင္ေစဖို႔၊ ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္ဖို႔နဲ႔ အမဲစက္ေတြ၊ အမာရြတ္ေတြကို ေလ်ာ့ပါးလာေစဖို႔ ကူညီေပးတဲ့ေနရာမွာေတာ့ ေကာ္ဖီမႈန္႔ေလာက္အစြမ္းထက္တဲ့အရာက ငိုရာရင္ေတာင္ မေတြ႕ႏိုင္ပါဘူး။ ဆိုေတာ့ ေကာ္ဖီမႈန္႔နဲ႔တကြ ဘယ္လိုပါဝင္ပစၥည္းေတြကို အသံုးျပဳၿပီး အသားအေရထိန္းသိမ္းႏိုင္မလဲ ဆက္ၾကည့္လိုက္ၾကရေအာင္ပါ။

၁။ ေကာ္ဖီမႈန္႔နဲ႔ ဒိန္ခ်ဥ္

ပထမဦးဆံုးအေနနဲ႔ ေကာ္ဖီမႈန္႔ (၂) ဇြန္းနဲ႔ ဒိန္ခ်ဥ္ (၁) ဇြန္းကို သမေအာင္ေရာေမႊၿပီး ဒီတိုင္းထားထားလိုက္ပါ။ မ်က္ႏွာသစ္ တိုနာလိမ္းၿပီးမွ ခုနကေမႊထားတဲ့ အေရာအေႏွာကို မ်က္ႏွာေအာင္ႏွံစပ္ေအာင္လိမ္းေပးပါ။ ေျခာက္သြားရင္ေတာ့ ေရေဆးခ်လိုရပါၿပီ။ တစ္ပတ္ေကာ္ဖီမႈန္႕နဲ႕ အက္ဆစ္ဓာတ္ႂကြယ္ဝတဲ့ ဒိန္ခ်ဥ္က ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္ၿပီး အသားအေရကို ၾကည္လင္ေတာက္ပလာေစႏိုင္ပါတယ္။

၂။ ေကာ္ဖီမႈန္႔၊ သံပရာရည္နဲ႔ ပ်ားရည္

ေကာ္ဖီမႈန္႔ (၁) ဇြန္းနဲ႔ ပ်ားရည္ (၁) ဇြန္းတို႔ကို သမေအာင္အရင္ေရာေမႊၿပီးေတာ့မွ သံပရာရည္ (၁) ဇြန္းေလာက္ကို ထပ္ေရာၿပီးေမႊေပးပါ။ မိနစ္ (၂၀) ေလာက္မ်က္ႏွာေပၚတင္ထားၿပီးရင္ေတာ့ ေရေအးေလးနဲ႔ေဆးခ်လိုက္လို႔ ရပါၿပီ။ အဆီျပန္တတ္သူေတြ၊ ဝက္ျခံေပါက္တတ္သူေတြနဲ႔ အသားအေရတင္းရင္ခ်င္သူေတြ အဓိကထားသံုးေပးလို႔ပါတယ္။

၃။ ေကာ္ဖီမႈန္႔နဲ႔ အုန္းဆီ

ေကာ္ဖီမႈန္နဲ႔ အုန္းဆီအေရာအေႏွာကို မ်က္ႏွာေပၚ (၁၅) မိနစ္ေလာက္တင္ထားၿပီးရင္ ေရေဆးခ်လို႔ရပါၿပီ။ ရလဒ္ျမန္ျမန္ေတြ႕ခ်င္ရင္ေတာ့ တစ္ပတ္ (၂) ႀကိမ္ေလာက္ ပံုမွန္ျပဳလုပ္ေပးဖို႔လိုပါမယ္။ ဒီေကာ္ဖီမႈန္႔နဲ႔ အုန္းဆီ Mask က သင့္အသားအေရကို ညီညယေစၿပီး အမာရြတ္ကင္းရွင္းလာေအာင္ ကူညီေပးႏိုင္ပါတယ္။

၄။ ေကာ္ဖီမႈန္႔၊ နႏြင္းမႈန္႔နဲ႔ ႏို႔
ေကာ္ဖီမႈန္႔ကေတာ့ ထံုးစံအတိုင္း ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္ၿပီး အသားအေရညီညာလာေစတယ္။ နႏြင္းမႈန္ကေတာ့ ပ်က္စီးေနတဲ့အသားအေရေတြကို ျပန္လည္ေကာင္းမြန္လာေစတယ္။ ႏို႔ကေတာ့ အသားအေရတင္းရင္းလာေစၿပီး အေရးအေၾကာင္းနဲ႔ အမဲစက္ေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ေကာ္ဖီမႈန္႔ (၁) ဇြန္း၊ နႏြင္းမႈန္႔ (၁) နဲ႔ ႏို႔ (၃) ဇြန္းကိုေရာၿပီး ေမႊကာ မ်က္ႏွာေပၚမိနစ္ (၄၀) ေလာက္ထားေပးပါ။ ၿပီးသြားရင္ေတာ့ ေရေအးေလးနဲ႔ ေဆးခ်လို႔ရပါၿပီ။

Credit:mystylemyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကမ္ဘာပေါ်မှာ အစားအသောက်တွေနဲ့ အလှပြင်ရတာလောက် ပျော်ဖို့ကောင်းတဲ့အရာ မရှိတော့ပါဘူး။ အသားအရည်ကို ကြည်လင်စေဖို့၊ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ဖို့နဲ့ အမဲစက်တွေ၊ အမာရွတ်တွေကို လျော့ပါးလာစေဖို့ ကူညီပေးတဲ့နေရာမှာတော့ ကော်ဖီမှုန့်လောက်အစွမ်းထက်တဲ့အရာက ငိုရာရင်တောင် မတွေ့နိုင်ပါဘူး။ ဆိုတော့ ကော်ဖီမှုန့်နဲ့တကွ ဘယ်လိုပါဝင်ပစ္စည်းတွေကို အသုံးပြုပြီး အသားအရေထိန်းသိမ်းနိုင်မလဲ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ ကော်ဖီမှုန့်နဲ့ ဒိန်ချဉ်

ပထမဦးဆုံးအနေနဲ့ ကော်ဖီမှုန့် (၂) ဇွန်းနဲ့ ဒိန်ချဉ် (၁) ဇွန်းကို သမအောင်ရောမွှေပြီး ဒီတိုင်းထားထားလိုက်ပါ။ မျက်နှာသစ် တိုနာလိမ်းပြီးမှ ခုနကမွှေထားတဲ့ အရောအနှောကို မျက်နှာအောင်နှံစပ်အောင်လိမ်းပေးပါ။ ခြောက်သွားရင်တော့ ရေဆေးချလိုရပါပြီ။ တစ်ပတ်ကော်ဖီမှုန့်နဲ့ အက်ဆစ်ဓာတ်ကြွယ်ဝတဲ့ ဒိန်ချဉ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ကြည်လင်တောက်ပလာစေနိုင်ပါတယ်။

၂။ ကော်ဖီမှုန့်၊ သံပရာရည်နဲ့ ပျားရည်

ကော်ဖီမှုန့် (၁) ဇွန်းနဲ့ ပျားရည် (၁) ဇွန်းတို့ကို သမအောင်အရင်ရောမွှေပြီးတော့မှ သံပရာရည် (၁) ဇွန်းလောက်ကို ထပ်ရောပြီးမွှေပေးပါ။ မိနစ် (၂၀) လောက်မျက်နှာပေါ်တင်ထားပြီးရင်တော့ ရေအေးလေးနဲ့ဆေးချလိုက်လို့ ရပါပြီ။ အဆီပြန်တတ်သူတွေ၊ ဝက်ခြံပေါက်တတ်သူတွေနဲ့ အသားအရေတင်းရင်ချင်သူတွေ အဓိကထားသုံးပေးလို့ပါတယ်။

၃။ ကော်ဖီမှုန့်နဲ့ အုန်းဆီ

ကော်ဖီမှုန်နဲ့ အုန်းဆီအရောအနှောကို မျက်နှာပေါ် (၁၅) မိနစ်လောက်တင်ထားပြီးရင် ရေဆေးချလို့ရပါပြီ။ ရလဒ်မြန်မြန်တွေ့ချင်ရင်တော့ တစ်ပတ် (၂) ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးဖို့လိုပါမယ်။ ဒီကော်ဖီမှုန့်နဲ့ အုန်းဆီ Mask က သင့်အသားအရေကို ညီညယစေပြီး အမာရွတ်ကင်းရှင်းလာအောင် ကူညီပေးနိုင်ပါတယ်။

၄။ ကော်ဖီမှုန့်၊ နနွင်းမှုန့်နဲ့ နို့
ကော်ဖီမှုန့်ကတော့ ထုံးစံအတိုင်း ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေညီညာလာစေတယ်။ နနွင်းမှုန်ကတော့ ပျက်စီးနေတဲ့အသားအရေတွေကို ပြန်လည်ကောင်းမွန်လာစေတယ်။ နို့ကတော့ အသားအရေတင်းရင်းလာစေပြီး အရေးအကြောင်းနဲ့ အမဲစက်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ကော်ဖီမှုန့် (၁) ဇွန်း၊ နနွင်းမှုန့် (၁) နဲ့ နို့ (၃) ဇွန်းကိုရောပြီး မွှေကာ မျက်နှာပေါ်မိနစ် (၄၀) လောက်ထားပေးပါ။ ပြီးသွားရင်တော့ ရေအေးလေးနဲ့ ဆေးချလို့ရပါပြီ။

Credit:mystylemyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top