iMyanmarHouse.com - Best Property Website for Myanmar
×


 ေတးသီခ်င္းေကာင္းမ်ားစြာနဲ႔ လူငယ္ပရိသတ္ေတြေရာ လူႀကီး ပရိသတ္ေတြကုိပါ ဖမ္းယူႏုိင္တဲ့ snareအဖြဲ႔ဟာ ျမန္မာႏုိင္ငံမွာ လူႀကိဳက္မ်ားတဲ့ အဖြဲ႔တစ္ဖြဲ႔ျဖစ္ပါတယ္။ snareအဖြဲ႔ကုိ ေတးသံ႐ွင္ ေနဝင္းနဲ႔ျဖဳိးေလးတုိ႔နဲ႔ ဖြဲ႔စည္းထားတာျဖစ္ပါတယ္။ ဒီsnareအဖြဲ႔မွ ေနဝင္းဟာဆုိရင္ လက္႐ွိအခ်ိန္မွာ သူ႔ရဲ႕ခ်စ္သူေကာင္မေလး အိမ့္ခ်စ္ေခ်ာနဲ႔ သၾကၤန္ကုိ အတူတူလည္တာ ဒီႏွစ္နဲ႔ဆုိရင္ ၁၁ ႏွစ္႐ွိၿပီျဖစ္ၿပီး တစ္ခုခုမွာ တစ္ေယာက္ေယာက္ မပါရင္ ဟာတာတာႀကီးလုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖသြားခဲ့ပါတယ္။

အိမ့္ခ်စ္ေခ်ာက “အခုေလာေလာဆယ္ကေတာ့ ခရီးထက္ သၾကၤန္ေပါ့ေနာ္ သၾကၤန္ကေတာ့ ရန္ကုန္မွာပဲ က်ေနၾကဆုိေတာ့ သၾကၤန္ၿပီးေတာ့မွပဲ ခရီးေတြက ထြက္ျဖစ္ေတာ့မွာ။”လုိ႔ ေျပာခဲ့ၿပီး ေနဝင္းကလည္း “သၾကၤန္ကေတာ့ ထုံးစံအတုိင္းပဲေပါ့ ကြၽန္ေတာ္ သီခ်င္းဆုိမယ္ ကြၽန္ေတာ့္ကုိ သူျပန္လုိက္ေစာင့္ရမွာေပါ့ေနာ္ ကြၽန္ေတာ္က သူ႔ကုိ လုိက္ေစာင့္ၿပီးသြားၿပီဆုိေတာ့ အခုသူကြၽန္ေတာ့္ကုိ ျပန္ၿပီးေတာ့ လုိက္ေစာင့္ရမယ့္ဟာေပါ့ေနာ္။ ကြၽန္ေတာ္ Mrtv 4 မ႑ပ္မွာ သီခ်င္းဆုိပါမယ္ ၃ရက္႐ွိမယ္ေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

သၾကၤန္အတြက္ Review ေတြဘာေတြ ေရးဖုိ႔အတြက္ ၾကဳိၿပီး စဥ္းစားထားတာ ႐ွိလားလုိ႔ ေမးျမန္းရာ အိမ့္ခ်စ္ေခ်ာက “မ႐ွိပါဘူး သၾကၤန္ကေတာ့သူ႔ကုိ လုိက္ေစာင့္ရင္းနဲ႔ကုိယ္လည္း ေရပက္ၿပီး ကဲမွာေပါ့”လုိ႔ ေျပာသြားခဲ့ပါတယ္။

သၾကၤန္ကုိ အတူတူလည္ခဲ့တဲ့ ႏွစ္အေရအတြက္ကုိ ေမးျမန္းရာ ေနဝင္းက “သၾကၤန္က ၁၁ ႏွစ္႐ွိၿပီ ဒီႏွစ္နဲ႔ဆုိ၁၁ႏွစ္ေပါ့။ ကြၽန္ေတာ္တုိ႔က စိတ္တူကုိယ္တူဆုိေတာ့ေလ ဘယ္လုိေျပာမလဲ ေအးေဆးပဲ သူ႔အလုပ္ကုိ ကုိယ္လုပ္တယ္ ကုိ႔ယ္အလုပ္ကုိလည္း သူလုပ္တယ္ အတူတူ ေပါ့ေနာ္။ အျမဲတမ္း အဲ့လုိပဲေပါ့ေနာ္ အားလုံးအတူတူလုပ္ေနၾကဆုိေတာ့ အက်င့္ေတာ့ပါေနၿပီ တစ္ေယာက္က တစ္ခါတစ္ေလ ခရီးေတြမပါဘူးဆုိရင္ ဟာတာတာႀကီးေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး ေနဝင္းက “ႏွစ္သစ္မွာ အားလုံးပဲ က်န္းမာၾကပါေစ ခ်မ္းသာၾကပါေစ လုိအင္ဆႏၵေတြ တစ္လုံးတစ္ဝ ျပည့္စုံၾကပါေစလုိ႔ ဆုေတာင္းေပးပါတယ္။”လုိ႔ ပရိသတ္ေတြအတြက္ ႏွစ္သစ္ဆုမြန္ေကာင္းစကားကုိ ေျပာသြားခဲ့ပါတယ္။ ပရိသတ္ႀကီးကေရာ ေနဝင္းနဲ႔ အိမ့္ခ်စ္ေခ်ာတုိ႔ စုံတြဲကုိ အားက်ေနၿပီလား။

Credit:nanmalgyi
အႏုပညာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

တေးသီချင်းကောင်းများစွာနဲ့ လူငယ်ပရိသတ်တွေရော လူကြီး ပရိသတ်တွေကိုပါ ဖမ်းယူနိုင်တဲ့ snareအဖွဲ့ဟာ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ snareအဖွဲ့ကို တေးသံရှင် နေဝင်းနဲ့ဖြိုးလေးတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီsnareအဖွဲ့မှ နေဝင်းဟာဆိုရင် လက်ရှိအချိန်မှာ သူ့ရဲ့ချစ်သူကောင်မလေး အိမ့်ချစ်ချောနဲ့ သြင်္ကန်ကို အတူတူလည်တာ ဒီနှစ်နဲ့ဆိုရင် ၁၁ နှစ်ရှိပြီဖြစ်ပြီး တစ်ခုခုမှာ တစ်ယောက်ယောက် မပါရင် ဟာတာတာကြီးလို့ အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။

အိမ့်ချစ်ချောက “အခုလောလောဆယ်ကတော့ ခရီးထက် သြင်္ကန်ပေါ့နော် သြင်္ကန်ကတော့ ရန်ကုန်မှာပဲ ကျနေကြဆိုတော့ သြင်္ကန်ပြီးတော့မှပဲ ခရီးတွေက ထွက်ဖြစ်တော့မှာ။”လို့ ပြောခဲ့ပြီး နေဝင်းကလည်း “သြင်္ကန်ကတော့ ထုံးစံအတိုင်းပဲပေါ့ ကျွန်တော် သီချင်းဆိုမယ် ကျွန်တော့်ကို သူပြန်လိုက်စောင့်ရမှာပေါ့နော် ကျွန်တော်က သူ့ကို လိုက်စောင့်ပြီးသွားပြီဆိုတော့ အခုသူကျွန်တော့်ကို ပြန်ပြီးတော့ လိုက်စောင့်ရမယ့်ဟာပေါ့နော်။ ကျွန်တော် Mrtv 4 မဏ္ဍပ်မှာ သီချင်းဆိုပါမယ် ၃ရက်ရှိမယ်ပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

သြင်္ကန်အတွက် Review တွေဘာတွေ ရေးဖို့အတွက် ကြိုပြီး စဉ်းစားထားတာ ရှိလားလို့ မေးမြန်းရာ အိမ့်ချစ်ချောက “မရှိပါဘူး သြင်္ကန်ကတော့သူ့ကို လိုက်စောင့်ရင်းနဲ့ကိုယ်လည်း ရေပက်ပြီး ကဲမှာပေါ့”လို့ ပြောသွားခဲ့ပါတယ်။

သြင်္ကန်ကို အတူတူလည်ခဲ့တဲ့ နှစ်အရေအတွက်ကို မေးမြန်းရာ နေဝင်းက “သြင်္ကန်က ၁၁ နှစ်ရှိပြီ ဒီနှစ်နဲ့ဆို၁၁နှစ်ပေါ့။ ကျွန်တော်တို့က စိတ်တူကိုယ်တူဆိုတော့လေ ဘယ်လိုပြောမလဲ အေးဆေးပဲ သူ့အလုပ်ကို ကိုယ်လုပ်တယ် ကို့ယ်အလုပ်ကိုလည်း သူလုပ်တယ် အတူတူ ပေါ့နော်။ အမြဲတမ်း အဲ့လိုပဲပေါ့နော် အားလုံးအတူတူလုပ်နေကြဆိုတော့ အကျင့်တော့ပါနေပြီ တစ်ယောက်က တစ်ခါတစ်လေ ခရီးတွေမပါဘူးဆိုရင် ဟာတာတာကြီးပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး နေဝင်းက “နှစ်သစ်မှာ အားလုံးပဲ ကျန်းမာကြပါစေ ချမ်းသာကြပါစေ လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်။”လို့ ပရိသတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်းစကားကို ပြောသွားခဲ့ပါတယ်။ ပရိသတ်ကြီးကရော နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲကို အားကျနေပြီလား။

Credit:nanmalgyi
အနုပညာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top