iMyanmarHouse.com - Best Property Website for Myanmar
×


သမီးရည္းစားဘဝတုန္းက ကိုယ္ဘယ္ေလာက္ရစ္ ရစ္ သည္းခံခဲ့သူက လက္ ထပ္ၿပီးတဲ့ေနာက္မွာမွ အျပစ္တစ္ခုလို႔ ျမင္လာတတ္ၿပီလို႔ ေတြးေနတုန္း ဒီစာေလး ကို ဖတ္ရတာ အရမ္းကို ကံေကာင္းတာပဲ

လက္ထပ္လိုက္ၿပီးေနာက္ ကိုယ့္ခင္ပြန္းဟာ ခ်စ္သူဘဝကေလာက္ ကိုယ့္အေပၚ ဂရုမစိုက္ေတာ့ဘူး ၊ မခ်စ္ေတာ့ဘူးလို႔ ေတြးဖူးၾကတယ္ မဟုတ္လား? ဒါဟာ ဘာေၾကာင့္လဲ? သူစိတ္ေျပာင္းသြားတာ တျခားအေၾကာင္းေတြေၾကာင့္ ျဖစ္ႏိုင္သ လို ကိုယ့္ဘက္က ဘာေတြမွားေနခဲ့လဲ ဆိုတဲ့အေၾကာင္းပါ တစ္ခါတည္း စဥ္းစား သင့္တာေပါ့။

မိန္းကေလးေတြဟာ နဂိုသဘာဝအရကိုက ကိုယ္ခ်စ္ရသူအေပၚ အားမရ ၊ အလိုမ က်စိတ္ေတြ ရွိတတ္ၾကပါတယ္။ သမီးရည္းစားဘဝတုန္းက ကိုယ္ဘယ္ေလာက္ရစ္ ရစ္ သည္းခံခဲ့သူက လက္ထပ္ၿပီးတဲ့ေနာက္မွာမွ အျပစ္တစ္ခုလို႔ ျမင္လာတတ္ၿပီလို႔ ေတြးေနမိရင္ေတာ့ ဒီစာေလးကို ဖတ္ရတာ ကံေကာင္းတယ္လို႔ မွတ္လိုက္ပါ ေတာ့။

တကယ္လို႔ ကိုယ့္ရဲ႕ ခင္ပြန္းသည္ေယာက်ာ္းဟာ ကိုယ့္အေပၚ လံုးဝစိတ္ကုန္သြား တာမ်ိဳး မဟုတ္ဘဲ ရစ္တတ္တဲ့ အက်င့္ေၾကာင့္ စိတ္ညစ္ေနတာမ်ိဳး ၊ အခ်ိန္တိုင္း တဗ်စ္ေတာက္ေတာက္ လုပ္ေနလို႔ အခ်စ္ေပါ့ေနတာမ်ိဳး ဆိုရင္ အခုေျပာျပသြားမယ့္ အခ်က္ေလး (၅)ခ်က္ကို လပိုင္းေလာက္ကေလး ပံုမွန္ က်င့္သံုးသြားရံုနဲ႔ အေျဖ ေပးၿပီးခါစက ကာလေတြလိုမ်ိဳး ႏူးႏူးညံ့ညံ့နဲ႔ ျပန္အခ်စ္ခံရေစမယ္လို႔ အာမခံပါ တယ္။

၁။ အုပ္ထိန္းသူ မလုပ္ပါနဲ႔

ကိုယ့္ေယာက်ာ္း အလုပ္ကျပန္လာတဲ့အခါ ပူညံပူညံလုပ္တာမ်ိဳးကို ေရွာင္ပါ။ ၿပီးေတာ့ ဒီေန႔ ဘယ္ေနရာေတြ သြားခဲ့သလဲ ၊ ဘယ္သူေတြနဲ႔ ရွိခဲ့သလဲ ၊ ဘယ္ ေလာက္သံုးခဲ့သလဲ စတဲ့ မယံုသကၤာေမးခြန္းမ်ိဳးေတြကို ကေလးလို လိုက္ေမးမေနပါနဲ႔။

ငယ္ငယ္တုန္းက အျပင္က ျပန္လာတဲ့အခ်ိန္ အိမ္ကအေမ စစ္ေမးေနတဲ့ ပံုစံမ်ိဳးအတိုင္း ကိုယ့္ခင္ပြန္းသည္ကို ဘယ္ေတာ့မွ မေမးမိပါေစနဲ႔။ ကိုယ္ဟာ သူ႔ကိုအုပ္ထိန္းေနတဲ့ မိဘမဟုတ္ဘဲ သူနဲ႔အတူ အခက္အခဲေတြကို ရင္ဆိုင္ေျဖ ရွင္းသြားမယ့္ အိမ္ေထာင္ရွင္မေကာင္း တစ္ေယာက္ျဖစ္တယ္ဆိုတဲ့ အေၾကာင္း မေျပာျပဘဲနဲ႔လည္း သူသိေနပါေစ။

၂။ ခြန္အားေတြေပးပါ

ခြန္အားေတြေပးပါဆိုတာ ေန႔တိုင္း ၾကက္သားစြပ္ျပဳတ္တိုက္ေနရမယ္လို႔ ဆိုလို တာ မဟုတ္ပါဘူး။ ခင္ပြန္းသည္ရဲ႕ လုပ္ေဆာင္မႈတိုင္းကို အျပစ္ရွိေနသည္ျဖစ္ေစ ခ်ီးမြမ္းေပးပါလို႔ ရည္ရြယ္ပါတယ္။

ဥပမာ – အဝတ္ေလွ်ာ္စက္ ေကာင္းေကာင္းမသံုးတတ္တဲ့ ခင္ပြန္းသည္ကို ဆပ္ျပာမႈန္႔ဘယ္ေလာက္ကုန္သြားေၾကာင္း အျပစ္မေျပာဘဲ သူေလွ်ာ္ထားတဲ့အ ဝတ္ေတြ ဘယ္ေလာက္သန္႔ေၾကာင္း ခ်ီးက်ဴးသင့္္တာေပါ့။ ၿပီးေတာ့ သူ႔ကို ေလးစား ပါ ၊ ခ်စ္ပါ ၊ ဂရုစိုက္ပါ။ အဲ့ဒီအခါ သူ႔ဘက္ကလည္း ကိုယ့္ကို ဆယ္ဆ ပိုခ်စ္ေပး လာပါလိမ့္မယ္။

၃။ အိပ္မက္ေတြ မွ်ေဝပါ

ကိုယ့္ခင္ပြန္းသည္နဲ႔ အားလပ္ခ်ိန္ အတူရွိခ်ိန္တိုင္းမွာ ကိုယ့္ရဲ႕ အိ္ပ္မက္ေတြ အေၾကာင္း ေျပာျပၾကည့္ပါ။ ဥပမာ – ေနာက္(၃)ႏွစ္ေလာက္ေနရင္ ဥေရာပကို ခရီးထြက္ခ်င္တယ္ ဆိုတာမ်ိဳး ၊ ကေလးဘယ္ႏွစ္ေယာက္ယူခ်င္တယ္ ဆိုတာ မ်ိဳးေပါ့။ ဒါေပမယ့္ ကိုယ္ျဖစ္ခ်င္တဲ့ ကိုယ့္အိပ္မက္ေတြဟာ သူ႔ေၾကာင့္ ျဖစ္မလာႏိုင္ ေတာ့ဘူးဆိုတဲ့ အေျပာမ်ိဳးေတာ့ ေရွာင္သင့္ပါတယ္။

အဲ့ဒီလို ေျပာတာဟာ ေယာက်ာ္းတစ္ေယာက္ကို သိမ္ငယ္ေစတဲ့အျပင္ အသံုးမက်ဘူးလို႔ ခံစားရေစလို႔ပါပဲ။ အဲ့ဒီအစား သူျဖစ္ခ်င္တဲ့ သူ႔အိပ္မက္ေတြ အေၾကာင္းကိုလည္း တကယ့္စိတ္ရင္းနဲ႔ ေမးျမန္းသင့္ပါတယ္။

၄။ မ်က္ႏွာထားခ်ိဳပါေစ

လင္မယားျဖစ္သြားၾကလို႔ ခ်စ္သူဘဝတုန္းကလို တီတီတာတာ မေျပာရဘူးဆိုတဲ့ စည္းကမ္းသတ္မွတ္ခ်က္မ်ိဳး မရွိပါဘူး။ အိမ္္ေထာင္ရွင္မေတြရဲ႕ အဓိကျပႆနာက တေနကုန္ အိမ္မႈကိစၥေတြနဲ႔ ပင္ပန္းေနတတ္ၿပီး ခင္ပြန္းသည္ျပန္လာခ်ိန္မွာ လန္းလန္းဆန္းဆန္းရွိ မေနႏိုင္တာပါပဲ။

ဒါေၾကာင့္ ကိုယ္လုပ္ရမွာေတြကို အခ်ိန္ဇယားတစ္ခု သတ္မွတ္ၿပီး လုပ္ကိုင္သင့္ သလို ခင္ပြန္းသည္ အလုပ္က ျပန္လာခ်ိန္မွာ လန္းဆန္းေနဖို႔ အားထုတ္သင့္ပါ တယ္။ သူျပန္လာတဲ့အခါ မ်က္ႏွာထား ခ်ိဳခ်ိဳေလးနဲ႔ ႀကိဳႏိုင္ေအာင္ ႀကိဳးစားသင့္ တယ္ မဟုတ္လား။ ကိုယ့္မိန္းမရဲ႕ တီတီတာတာ ေျပာသံေလးေတြကို ဘယ္လို ခင္ပြန္းမ်ိဳးမွ ေတာင့္မခံႏိုင္ၾကပါဘူး။

၅။ ယံုၾကည္ခ်က္ရွိပါ

သူနဲ႔ လက္ထပ္ခြင့္ရတာ ကိုယ့္အတြက္ တကယ္ကို ကံေကာင္းခဲ့ေၾကာင္း သြယ္ဝိုက္ၿပီး ေျပာတတ္ပါေစ။ ေျပာခ်င္တာက သူနဲ႔အတူရွိေနရတဲ့အတြက္ ဘဝဟာ ပိုၿပီး ေပ်ာ္ရႊင္စရာေကာင္းလာေၾကာင္း ၊ ခ်စ္သူဘဝကထက္စာရင္ အိမ္ေေထာင္ရွင္ဘဝမွာ တာဝန္ယူရမႈေတြ ပိုမ်ားလာေပမယ့္ ကိုယ့္အတြက္ အဆင္ေျပေနေၾကာင္း စသျဖင့္ အေကာင္းဘက္ကေန ေျပာသင့္တာေပါ့။

ေျပာတဲ့အတိုင္းလည္း ကိုယ့္စိတ္ထဲမွာ ယံုၾကည္မႈအျပည့္ထား ထားသင့္ပါတယ္။ ခင္ပြန္းဟာ အျပင္ထြက္ အလုပ္လုပ္ေနရခ်ိန္ ကိုယ္ဟာလည္း အိမ္မႈကိစၥေတြကို အႏိုင္နင္းဆံုးျဖစ္ေအာင္ စီမံခန္႔ခြဲေနတဲ့ အိမ္ရွင္မေကာင္း တစ္ေယာက္ျဖစ္ဖို႔ ၾကိဳးစားေနတာ မေျပာျပဘဲ သူသိေနပါေစ။

အခြင့္အေရးရတိုင္း “ကိုယ့္ကို ခ်စ္လိုက္တာ” ၊ “သဲကိုေရာ ခ်စ္ေသးရဲ႕လား” ၊ “လြမ္းတယ္” ဆိုတဲ့ ႏုႏုရြရြစကားေလးေတြဟာ ဘာမွမဟုတ္ေပမယ့္ အိမ္ေထာင္ တစ္ခု သာယာစိုေျပဖို႔ရာ အမ်ားႀကီး အေထာက္အကူျပဳေပးႏိုင္ ပါတယ္။ ဒါေၾကာင့္ ကိုယ့္ခင္ပြန္းအေပၚ ယံုၾကည္မႈရွိပါ ၊ ပိုအေရးႀကီးတာက မိမိကုိယ္ကိုယ္ ယံုၾကည္ မႈရွိတတ္ပါေစ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သမီးရည်းစားဘဝတုန်းက ကိုယ်ဘယ်လောက်ရစ် ရစ် သည်းခံခဲ့သူက လက် ထပ်ပြီးတဲ့နောက်မှာမှ အပြစ်တစ်ခုလို့ မြင်လာတတ်ပြီလို့ တွေးနေတုန်း ဒီစာလေး ကို ဖတ်ရတာ အရမ်းကို ကံကောင်းတာပဲ

လက်ထပ်လိုက်ပြီးနောက် ကိုယ့်ခင်ပွန်းဟာ ချစ်သူဘဝကလောက် ကိုယ့်အပေါ် ဂရုမစိုက်တော့ဘူး ၊ မချစ်တော့ဘူးလို့ တွေးဖူးကြတယ် မဟုတ်လား? ဒါဟာ ဘာကြောင့်လဲ? သူစိတ်ပြောင်းသွားတာ တခြားအကြောင်းတွေကြောင့် ဖြစ်နိုင်သ လို ကိုယ့်ဘက်က ဘာတွေမှားနေခဲ့လဲ ဆိုတဲ့အကြောင်းပါ တစ်ခါတည်း စဉ်းစား သင့်တာပေါ့။

မိန်းကလေးတွေဟာ နဂိုသဘာဝအရကိုက ကိုယ်ချစ်ရသူအပေါ် အားမရ ၊ အလိုမ ကျစိတ်တွေ ရှိတတ်ကြပါတယ်။ သမီးရည်းစားဘဝတုန်းက ကိုယ်ဘယ်လောက်ရစ် ရစ် သည်းခံခဲ့သူက လက်ထပ်ပြီးတဲ့နောက်မှာမှ အပြစ်တစ်ခုလို့ မြင်လာတတ်ပြီလို့ တွေးနေမိရင်တော့ ဒီစာလေးကို ဖတ်ရတာ ကံကောင်းတယ်လို့ မှတ်လိုက်ပါ တော့။

တကယ်လို့ ကိုယ့်ရဲ့ ခင်ပွန်းသည်ယောကျာ်းဟာ ကိုယ့်အပေါ် လုံးဝစိတ်ကုန်သွား တာမျိုး မဟုတ်ဘဲ ရစ်တတ်တဲ့ အကျင့်ကြောင့် စိတ်ညစ်နေတာမျိုး ၊ အချိန်တိုင်း တဗျစ်တောက်တောက် လုပ်နေလို့ အချစ်ပေါ့နေတာမျိုး ဆိုရင် အခုပြောပြသွားမယ့် အချက်လေး (၅)ချက်ကို လပိုင်းလောက်ကလေး ပုံမှန် ကျင့်သုံးသွားရုံနဲ့ အဖြေ ပေးပြီးခါစက ကာလတွေလိုမျိုး နူးနူးညံ့ညံ့နဲ့ ပြန်အချစ်ခံရစေမယ်လို့ အာမခံပါ တယ်။

၁။ အုပ်ထိန်းသူ မလုပ်ပါနဲ့

ကိုယ့်ယောကျာ်း အလုပ်ကပြန်လာတဲ့အခါ ပူညံပူညံလုပ်တာမျိုးကို ရှောင်ပါ။ ပြီးတော့ ဒီနေ့ ဘယ်နေရာတွေ သွားခဲ့သလဲ ၊ ဘယ်သူတွေနဲ့ ရှိခဲ့သလဲ ၊ ဘယ် လောက်သုံးခဲ့သလဲ စတဲ့ မယုံသင်္ကာမေးခွန်းမျိုးတွေကို ကလေးလို လိုက်မေးမနေပါနဲ့။

ငယ်ငယ်တုန်းက အပြင်က ပြန်လာတဲ့အချိန် အိမ်ကအမေ စစ်မေးနေတဲ့ ပုံစံမျိုးအတိုင်း ကိုယ့်ခင်ပွန်းသည်ကို ဘယ်တော့မှ မမေးမိပါစေနဲ့။ ကိုယ်ဟာ သူ့ကိုအုပ်ထိန်းနေတဲ့ မိဘမဟုတ်ဘဲ သူနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ဖြေ ရှင်းသွားမယ့် အိမ်ထောင်ရှင်မကောင်း တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်း မပြောပြဘဲနဲ့လည်း သူသိနေပါစေ။

၂။ ခွန်အားတွေပေးပါ

ခွန်အားတွေပေးပါဆိုတာ နေ့တိုင်း ကြက်သားစွပ်ပြုတ်တိုက်နေရမယ်လို့ ဆိုလို တာ မဟုတ်ပါဘူး။ ခင်ပွန်းသည်ရဲ့ လုပ်ဆောင်မှုတိုင်းကို အပြစ်ရှိနေသည်ဖြစ်စေ ချီးမွမ်းပေးပါလို့ ရည်ရွယ်ပါတယ်။

ဥပမာ – အဝတ်လျှော်စက် ကောင်းကောင်းမသုံးတတ်တဲ့ ခင်ပွန်းသည်ကို ဆပ်ပြာမှုန့်ဘယ်လောက်ကုန်သွားကြောင်း အပြစ်မပြောဘဲ သူလျှော်ထားတဲ့အ ဝတ်တွေ ဘယ်လောက်သန့်ကြောင်း ချီးကျူးသင့််တာပေါ့။ ပြီးတော့ သူ့ကို လေးစား ပါ ၊ ချစ်ပါ ၊ ဂရုစိုက်ပါ။ အဲ့ဒီအခါ သူ့ဘက်ကလည်း ကိုယ့်ကို ဆယ်ဆ ပိုချစ်ပေး လာပါလိမ့်မယ်။

၃။ အိပ်မက်တွေ မျှဝေပါ

ကိုယ့်ခင်ပွန်းသည်နဲ့ အားလပ်ချိန် အတူရှိချိန်တိုင်းမှာ ကိုယ့်ရဲ့ အိပ်မက်တွေ အကြောင်း ပြောပြကြည့်ပါ။ ဥပမာ – နောက်(၃)နှစ်လောက်နေရင် ဥရောပကို ခရီးထွက်ချင်တယ် ဆိုတာမျိုး ၊ ကလေးဘယ်နှစ်ယောက်ယူချင်တယ် ဆိုတာ မျိုးပေါ့။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်အိပ်မက်တွေဟာ သူ့ကြောင့် ဖြစ်မလာနိုင် တော့ဘူးဆိုတဲ့ အပြောမျိုးတော့ ရှောင်သင့်ပါတယ်။

အဲ့ဒီလို ပြောတာဟာ ယောကျာ်းတစ်ယောက်ကို သိမ်ငယ်စေတဲ့အပြင် အသုံးမကျဘူးလို့ ခံစားရစေလို့ပါပဲ။ အဲ့ဒီအစား သူဖြစ်ချင်တဲ့ သူ့အိပ်မက်တွေ အကြောင်းကိုလည်း တကယ့်စိတ်ရင်းနဲ့ မေးမြန်းသင့်ပါတယ်။

၄။ မျက်နှာထားချိုပါစေ

လင်မယားဖြစ်သွားကြလို့ ချစ်သူဘဝတုန်းကလို တီတီတာတာ မပြောရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်မျိုး မရှိပါဘူး။ အိမ်ထောင်ရှင်မတွေရဲ့ အဓိကပြဿနာက တနေကုန် အိမ်မှုကိစ္စတွေနဲ့ ပင်ပန်းနေတတ်ပြီး ခင်ပွန်းသည်ပြန်လာချိန်မှာ လန်းလန်းဆန်းဆန်းရှိ မနေနိုင်တာပါပဲ။

ဒါကြောင့် ကိုယ်လုပ်ရမှာတွေကို အချိန်ဇယားတစ်ခု သတ်မှတ်ပြီး လုပ်ကိုင်သင့် သလို ခင်ပွန်းသည် အလုပ်က ပြန်လာချိန်မှာ လန်းဆန်းနေဖို့ အားထုတ်သင့်ပါ တယ်။ သူပြန်လာတဲ့အခါ မျက်နှာထား ချိုချိုလေးနဲ့ ကြိုနိုင်အောင် ကြိုးစားသင့် တယ် မဟုတ်လား။ ကိုယ့်မိန်းမရဲ့ တီတီတာတာ ပြောသံလေးတွေကို ဘယ်လို ခင်ပွန်းမျိုးမှ တောင့်မခံနိုင်ကြပါဘူး။

၅။ ယုံကြည်ချက်ရှိပါ

သူနဲ့ လက်ထပ်ခွင့်ရတာ ကိုယ့်အတွက် တကယ်ကို ကံကောင်းခဲ့ကြောင်း သွယ်ဝိုက်ပြီး ပြောတတ်ပါစေ။ ပြောချင်တာက သူနဲ့အတူရှိနေရတဲ့အတွက် ဘဝဟာ ပိုပြီး ပျော်ရွှင်စရာကောင်းလာကြောင်း ၊ ချစ်သူဘဝကထက်စာရင် အိမ်ေထောင်ရှင်ဘဝမှာ တာဝန်ယူရမှုတွေ ပိုများလာပေမယ့် ကိုယ့်အတွက် အဆင်ပြေနေကြောင်း စသဖြင့် အကောင်းဘက်ကနေ ပြောသင့်တာပေါ့။

ပြောတဲ့အတိုင်းလည်း ကိုယ့်စိတ်ထဲမှာ ယုံကြည်မှုအပြည့်ထား ထားသင့်ပါတယ်။ ခင်ပွန်းဟာ အပြင်ထွက် အလုပ်လုပ်နေရချိန် ကိုယ်ဟာလည်း အိမ်မှုကိစ္စတွေကို အနိုင်နင်းဆုံးဖြစ်အောင် စီမံခန့်ခွဲနေတဲ့ အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာ မပြောပြဘဲ သူသိနေပါစေ။

အခွင့်အရေးရတိုင်း “ကိုယ့်ကို ချစ်လိုက်တာ” ၊ “သဲကိုရော ချစ်သေးရဲ့လား” ၊ “လွမ်းတယ်” ဆိုတဲ့ နုနုရွရွစကားလေးတွေဟာ ဘာမှမဟုတ်ပေမယ့် အိမ်ထောင် တစ်ခု သာယာစိုပြေဖို့ရာ အများကြီး အထောက်အကူပြုပေးနိုင် ပါတယ်။ ဒါကြောင့် ကိုယ့်ခင်ပွန်းအပေါ် ယုံကြည်မှုရှိပါ ၊ ပိုအရေးကြီးတာက မိမိကိုယ်ကိုယ် ယုံကြည် မှုရှိတတ်ပါစေ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top