iMyanmarHouse.com - Best Property Website for Myanmar
×


တကယ္ေတာ့ေန႕စဥ္အသက္ရွင္မႈပံုစံေတြထဲမွာ အမ်ိဳးသမီးတစ္ေယာက္က လွပေအာင္ေနဖို႕ နည္းလမ္းေတြအမ်ားႀကီးရွိပါတယ္။ အိမ္အလုပ္လုပ္ရင္း လွပေအာင္ ဒီလိုေလးေနၾကရေအာင္။

မိန္းကေလးတစ္ေယာက္အတြက္ အလွအပဆိုတာအေရးပါပါတယ္။ ေလ့က်င့္ခန္း ကို သပ္သပ္ အခ်ိန္ေပးျပီး မလုပ္ႏုိင္ၾကတဲ့ မိန္းကေလးေတြအတြက္ အိမ္မွာ တစ္ ေန႕တာအသက္ရွင္ရင္းနဲ႕လွပေအာင္ေနတတ္ဖို႕နည္းလမ္းေလးေတြ ေ၀မွ်ေပးခ်င္ပါတယ္။

1. မနက္ မ်က္ႏွာသစ္တဲ့အခ်ိန္မွာ သတိထားပါ။

မ်က္ႏွာသစ္တဲ့အခ်ိန္သတိထားရမယ့္အခ်က္ေလးကေတာ့ ကုန္းမေနဖို႕ပါ။ ေဘစင္မွာမ်က္ႏွာသစ္တဲ့အခါ ကိုယ္တုိင္ေတာင္သတိမထားမိပဲ ခႏၵာကိုယ္က ကိုင္းသြားတတ္ပါတယ္။မနက္တုိင္းသတိထားျပီး ခပ္မတ္မတ္ေလးသြားတိုက္ပါ၊ မ်က္ႏွာသစ္ပါ။ ၾကာလာရင္ စမတ္က်တဲ့ ခႏၵာကိုယ္ေလးရလာပါလိမ့္မယ္။

2. အ၀တ္ေလွ်ာ္တဲ့အခါ သတိထားပါ။

လက္နဲ႕ အ၀တ္ကုိယ္တိုင္ေလွ်ာ္ၾကတဲ့ပ်ိဳေမေတြအတြက္ ပိုသတိထားသင့္ပါတယ္။ ထိုင္ခံုအပုေလးနဲ႕ ထိုင္ျပီးေလွ်ာ္တာက ပိုအဆင္ေျပပါတယ္။ တကယ္လို႕ ထိုင္ခံုအ ပုန႕ဲမေလွ်ာ္ျဖစ္ပဲ အျမဲတမ္း ကုနး္ကုန္းကြကြနဲ႕ေလွ်ာ္ေနမိတယ္ဆိုရင္ေတာ့ ဒီေန႕ စျပီး သတိထားလုိက္ပါေတာ့။

အ၀တ္ေဆးရင္း ေလ့က်င့္ခန္းလုပ္ပါ။ ဒူးကိုေကြးမထားပါနဲ႕ ခါးကိုလည္း ကုန္းမ ထားပါနဲ႕။ သတိထားျပီး ေလ့က်င့္ခန္းလုပ္တဲ့ မတ္တဲ့အေနအထားမွာ ခႏၵာကိုယ္ ကို အျမဲရွိေနပါေစ။ ေနာက္ဆို ဗိုက္က အဆီေတြပါ က်လာပါလိမ့္မယ္။ သပ္ သပ္ေလ့က်င့္ခန္းလုပ္စရာမလိုေတာ့ဘူးေပါ့။

3. ၾကမ္းတုိက္ပါ။

မိန္းကေလးေတြက တကယ္ေတာ့ အိမ္အလုပ္လုပ္ရင္းလွႏိုင္တယ္ဆိုတာ ေယာ က္်ားေလးေတြထက္ တစ္ပန္းသာပါတယ္။ အရင္က အိမ္မွာ ၾကမ္းမတိုက္ေပးဘူး ဆိုရင္ေတာင္မွ ဒီေန႕ကစျပီးေတာ့ ၾကမ္းတုိက္ပါ။

ၾကမ္းတုိက္တဲ့အခါလည္း လက္နဲ႕ပဲတုိက္တုိက္၊ တုတ္တံနဲ႕ပဲတုိက္တုိက္ မတ္မတ္ေလးနဲ႕ ေလ့က်င့္ခန္းလုပ္တဲ့အေနအထားေလးရွိေနပါေစ။ အိမ္ကိုလာလည္တဲ့ဧည့္သည္ေတြလည္း သန္႕ရွင္းတာကို သေဘာက်မွာပါ။

4.ပစၥည္းက်တာေကာက္တဲ့အခါ။

လူတုိင္းက ပစၥည္းတစ္ခုခုက်သြားရင္ လြယ္လြယ္ေလး ကုန္းကြျပီးေကာက္ယူ တတ္ၾကပါတယ္။ အဲ့ဒီအက်င့္ေလးေတြကိုလွခ်င္တဲ့ မိန္းကေလးေတြကေတာ့ သတိထားျပီးျပင္သင့္ပါတယ္။ခါးကိုမတ္မတ္ထားျပီးမွ ေကာက္ပါ။

ခါးကိုဆန္႕ထားဖို႕က မိန္းကေလးတစ္ေယာက္ လွပျပီးဆြဲေဆာင္မႈရွိေစဖုိ႕ အဓိ ကအခ်က္ပါပဲ။အဲ့လိုပဲ ထုိင္တဲ့အခါလည္း အမႈမဲ့အမွတ္မဲ့ ကုန္းျပီးထုိင္မေန မိဖုိ႕ လိုပါတယ္။

5. ေလွကားတက္တဲ့အခါ။

အထပ္ျမင့္မွာေနတဲ့သူေတြအတြက္ကေတာ့ ပိုလွမွာေပါ့ေနာ္။ ေလွကား တက္ တဲ့အခါ ေမာတယ္ဆိုျပီး အထပ္ျမင့္လာရင္ လူက ေအာ္တိုကုန္း သြားတတ္ပါ တယ္။ သတိထားျပီးမတ္မတ္ေနဖို႕ေတာ့လိုပါမယ္။

မိန္းကေလးတစ္ေယာက္မွာရွိသင့္တဲ့ခႏၵာကိုယ္အခ်ိဳးအစားရဖို႕အတြက္ ေလွကား တက္ေလ့က်င့္ခန္းေလးလည္းျဖစ္တာေပါ့။ ေသခ်ာတာေတာ့ တင္ပါးေလး လံုးျပီး လွလာပါလိမ့္မယ္။

ပ်ိဳေမေလးေတြအားလံုးလည္း ဒီအခ်က္ေလးေတြ သတိထားျပီး စမတ္က်က် ဆြဲေဆာင္မႈရွိတဲ့ မိန္းကေလးေတြ ျဖစ္ႏုိ္င္ၾကပါေစေနာ္။

Credit:marry

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တကယ်တော့နေ့စဉ်အသက်ရှင်မှုပုံစံတွေထဲမှာ အမျိုးသမီးတစ်ယောက်က လှပအောင်နေဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ အိမ်အလုပ်လုပ်ရင်း လှပအောင် ဒီလိုလေးနေကြရအောင်။

မိန်းကလေးတစ်ယောက်အတွက် အလှအပဆိုတာအရေးပါပါတယ်။ လေ့ကျင့်ခန်း ကို သပ်သပ် အချိန်ပေးပြီး မလုပ်နိုင်ကြတဲ့ မိန်းကလေးတွေအတွက် အိမ်မှာ တစ် နေ့တာအသက်ရှင်ရင်းနဲ့လှပအောင်နေတတ်ဖို့နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။

1. မနက် မျက်နှာသစ်တဲ့အချိန်မှာ သတိထားပါ။

မျက်နှာသစ်တဲ့အချိန်သတိထားရမယ့်အချက်လေးကတော့ ကုန်းမနေဖို့ပါ။ ဘေစင်မှာမျက်နှာသစ်တဲ့အခါ ကိုယ်တိုင်တောင်သတိမထားမိပဲ ခန္ဒာကိုယ်က ကိုင်းသွားတတ်ပါတယ်။မနက်တိုင်းသတိထားပြီး ခပ်မတ်မတ်လေးသွားတိုက်ပါ၊ မျက်နှာသစ်ပါ။ ကြာလာရင် စမတ်ကျတဲ့ ခန္ဒာကိုယ်လေးရလာပါလိမ့်မယ်။

2. အဝတ်လျှော်တဲ့အခါ သတိထားပါ။

လက်နဲ့ အဝတ်ကိုယ်တိုင်လျှော်ကြတဲ့ပျိုမေတွေအတွက် ပိုသတိထားသင့်ပါတယ်။ ထိုင်ခုံအပုလေးနဲ့ ထိုင်ပြီးလျှော်တာက ပိုအဆင်ပြေပါတယ်။ တကယ်လို့ ထိုင်ခုံအ ပုနဲ့မလျှော်ဖြစ်ပဲ အမြဲတမ်း ကုန်းကုန်းကွကွနဲ့လျှော်နေမိတယ်ဆိုရင်တော့ ဒီနေ့ စပြီး သတိထားလိုက်ပါတော့။

အဝတ်ဆေးရင်း လေ့ကျင့်ခန်းလုပ်ပါ။ ဒူးကိုကွေးမထားပါနဲ့ ခါးကိုလည်း ကုန်းမ ထားပါနဲ့။ သတိထားပြီး လေ့ကျင့်ခန်းလုပ်တဲ့ မတ်တဲ့အနေအထားမှာ ခန္ဒာကိုယ် ကို အမြဲရှိနေပါစေ။ နောက်ဆို ဗိုက်က အဆီတွေပါ ကျလာပါလိမ့်မယ်။ သပ် သပ်လေ့ကျင့်ခန်းလုပ်စရာမလိုတော့ဘူးပေါ့။

3. ကြမ်းတိုက်ပါ။

မိန်းကလေးတွေက တကယ်တော့ အိမ်အလုပ်လုပ်ရင်းလှနိုင်တယ်ဆိုတာ ယော က်ျားလေးတွေထက် တစ်ပန်းသာပါတယ်။ အရင်က အိမ်မှာ ကြမ်းမတိုက်ပေးဘူး ဆိုရင်တောင်မှ ဒီနေ့ကစပြီးတော့ ကြမ်းတိုက်ပါ။

ကြမ်းတိုက်တဲ့အခါလည်း လက်နဲ့ပဲတိုက်တိုက်၊ တုတ်တံနဲ့ပဲတိုက်တိုက် မတ်မတ်လေးနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အနေအထားလေးရှိနေပါစေ။ အိမ်ကိုလာလည်တဲ့ဧည့်သည်တွေလည်း သန့်ရှင်းတာကို သဘောကျမှာပါ။

4.ပစ္စည်းကျတာကောက်တဲ့အခါ။

လူတိုင်းက ပစ္စည်းတစ်ခုခုကျသွားရင် လွယ်လွယ်လေး ကုန်းကွပြီးကောက်ယူ တတ်ကြပါတယ်။ အဲ့ဒီအကျင့်လေးတွေကိုလှချင်တဲ့ မိန်းကလေးတွေကတော့ သတိထားပြီးပြင်သင့်ပါတယ်။ခါးကိုမတ်မတ်ထားပြီးမှ ကောက်ပါ။

ခါးကိုဆန့်ထားဖို့က မိန်းကလေးတစ်ယောက် လှပပြီးဆွဲဆောင်မှုရှိစေဖို့ အဓိ ကအချက်ပါပဲ။အဲ့လိုပဲ ထိုင်တဲ့အခါလည်း အမှုမဲ့အမှတ်မဲ့ ကုန်းပြီးထိုင်မနေ မိဖို့ လိုပါတယ်။

5. လှေကားတက်တဲ့အခါ။

အထပ်မြင့်မှာနေတဲ့သူတွေအတွက်ကတော့ ပိုလှမှာပေါ့နော်။ လှေကား တက် တဲ့အခါ မောတယ်ဆိုပြီး အထပ်မြင့်လာရင် လူက အော်တိုကုန်း သွားတတ်ပါ တယ်။ သတိထားပြီးမတ်မတ်နေဖို့တော့လိုပါမယ်။

မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ခန္ဒာကိုယ်အချိုးအစားရဖို့အတွက် လှေကား တက်လေ့ကျင့်ခန်းလေးလည်းဖြစ်တာပေါ့။ သေချာတာတော့ တင်ပါးလေး လုံးပြီး လှလာပါလိမ့်မယ်။

ပျိုမေလေးတွေအားလုံးလည်း ဒီအချက်လေးတွေ သတိထားပြီး စမတ်ကျကျ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေ ဖြစ်နိုင်ကြပါစေနော်။

Credit:marry

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top