iMyanmarHouse.com - Best Property Website for Myanmar
×


Facebook cele ကေနမွ တစ္ဆင့္အခုအခ်ိန္မွာ အႏုပညာလမ္းေၾကာင္းေပၚကုိ ေလွွ်ာက္လွမ္းေနၿပီး ပရိသတ္အားေပးလက္ခံမႈကုိလည္းရ႐ွိတယ္ ေဝဖန္မႈေတြနဲ႔လည္း ရင္ဆုိင္ေနရတဲ့ ျဖဴျဖဴေထြးကေတာ့ ၿပီးခဲ့တဲ့ ရက္ပုိင္းက ပြဲတစ္ပြဲမွာ ၿခိမ့္ေကကုိနဲ႔ အတူတူသီဆုိေဖ်ာ္ေျဖခဲ့တာနဲ႔ပတ္သက္ၿပီး သူတုိ႔ႏွစ္ေယာက္ကုိ တမင္သပ္သပ္ ဆုံစည္းေအာင္လုပ္ေနတဲ့လူေတြ႐ွိတယ္လုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ျခိမ့္ေကကုိနဲ႔ သီခ်င္းအတူတူဆုိျဖစ္တာလားလုိ႔ ေမးျမန္းရာ ျဖဴျဖဴေထြးက “တြဲဆုိတာေတာ့ မဟုတ္ဘူး သူဟာသူ သပ္သပ္ဆုိတာ ပြဲမွာဆုံတာေပါ့ေနာ္။ ငွါးတဲ့လူကလည္း သူလုိ႔လည္း မေျပာဘူးေလ။ သူတုိ႔ကလည္း အဲ့လုိမ်ိဳး တြဲေပးခ်င္လုိ႔လားေတာ့မသိပါဘူး။ ကုိယ္ကလည္း မသိဘူးေလ မသိေတာ့ ကုိယ့္ကုိယ္လာငွါးတယ္ ပရိသတ္တစ္ဦးပဲ႐ွိေန႐ွိေန ေဖ်ာ္ေျဖရမွာဆုိေတာ့ ကုိယ့္ကုိယ္လာငွါးတဲ့အတြက္ေၾကာင့္ ကုိယ္ကလည္း တစ္ေလးတစ္စားနဲ႔ လက္ခံျဖစ္တာေပါ့ေနာ္။ ၿပီးေတာ့မွ သူနဲ႔မွန္းသိရတာ။


 အဓိကေတာ့ သူကလည္း သူ႔တစ္ပုိင္းေပါ့ ကုိယ္ကလည္း ကုိယ္တစ္ပုိင္းေပါ့ ကုိယ့္ပရိသတ္႐ွိတယ္ ကုိယ့္ပရိသတ္ကုိ ကုိယ့္ကုိငွါးရင္ေတာ့ လာေရာက္ေဖ်ာ္ေျဖေပးရမွာပဲ။ နီးနီးေဝးေဝး အဲ့လုိမ်ိဳးေတြ႐ွိေတာ့ သူကလည္း သူ႔ဘာသာသူသပ္သပ္ဆုိတာဆုိေတာ့ ဆုိတဲ့ေန႔တုန္းကေတာ့ ဒုန္းလႈပ္ေနရတာဆုိေတာ့ သူနဲ႔မေတြ႕ျဖစ္ဘူးေပါ့ေနာ္။ ဒါေပမဲ့ အင္တာဗ်ဴးမွာေတာ့ သူနဲ႔အတူတူ အဗ်ဴးခံလုိက္ရတယ္။ ၿပီးမွသာ Mtv တစ္ပုဒ္မွာလည္း သူမွန္းမသိပါဘူး ၿပီးမွ ႐ုိက္ခါနီးမွ သူမွန္းသိတာ။ သူမွန္းႀကီးက Surprise ေတြျဖစ္ေနတာ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ၿခိမ့္ေကကုိကုိ ႐ုတ္တရပ္ ေတြ႔လုိက္ရေတာ့ ဘယ္လုိခံစားလုိက္ရလဲလုိ႔ ေမးျမန္းရာ “ဘယ္လုိျဖစ္သြားလဲဆုိေတာ့ Fans ေတြကေတာ့ အဲ့လုိမ်ိဳးေျပာတာေပါ့ေနာ္ Chat Box မွာလာၿပီးေတာ့ သူနဲ႔မ႐ုိက္နဲ႔လုိ႔တုိ႔ဘာတုိ႔ဆုိေတာ့ ေအးပါ ဘာညာေပါ့ သူတုိ႔ကုိလည္း စိတ္ခ်မ္းသာေအာင္ထားတာေပါ့ေနာ္။ ၿပီးေတာ့ သူနဲ႔တြဲတြဲၿပီးေတာ့ ႐ုိက္ေနရေတာ့ သူတုိ႔ကုိ စိတ္ဆင္းရဲမွာ ဆုိးတာေပါ့ေနာ္။ က်န္တာေတာ့ ေထြေထြထူးထူးမ႐ွိပါဘူး။ သူ႔Fan နဲ႔ ကုိယ့္ Fan နဲ႔ေတာ့ ရန္ျဖစ္ေတာ့မွာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။


ကံစပ္တယ္လုိ႔ေျပာလုိ႔ရမလားလုိ႔ ေမးျမန္းရာ ” အမ္း… အဲ့လုိမ်ိဳးေတာ့ မဟုတ္ပါဘူး ဒါကေတာ့ ဘယ္လုိေျပာရမလဲ တမင္သပ္သပ္ကုိ ဆုံစည္းေပးခ်င္တဲ့လူ႐ွိေနလုိ႔ပါ။ တမင္သပ္သပ္ကုိ ဒါ႐ုိက္တာေတြကလည္း ညစ္ၿပီးေတာ့ ကုိယ့္ကုိယ္ေလ မ႐ုိက္မွန္းသိေတာ့ ၾကဳိမေျပာဘူး။ အဲ့လုိမ်ိဳးေတြ ညစ္ညစ္ၿပီးေတာ့ ကြၽန္ေတာ့္ကုိ ေဆးထုိးတာေပါ့။ ေဆးထုိးတာမ်ားပါတယ္။ တစ္ခ်ိဳ႕ကလည္း Facebook ထဲမွာခ်ဥ္ဖက္က ကြၽန္ေတာ္နဲ႔ သူနဲ႔ ျဖစ္ေနတာဆုိေတာ့ ခ်ဥ္ဖက္ေတြေတာ့ အမ်ားႀကီး႐ွိမွာပါ ဒါေပမဲ့ ကြၽန္ေတာ္တုိ႔ ႏွစ္ေယာက္ကုိ ပုိခ်ဥ္တယ္ထင္တယ္။ အဲ့တာေၾကာင့္ ေတြ႔ေပးလုိက္တာ ထင္ပါတယ္။ ပုိၿပီးအဆဲခံရေအာင္။

တစ္ခ်ိဳ႕လူေတြ လာကမ္းလွမ္းတာ႐ွိတယ္ ဒါေပမဲ့ မ႐ုိက္ျဖစ္ဘူး ပထမတစ္ေခါက္သူနဲ႔ မဆုံခင္တုန္းက လာကမ္းလွမ္းတယ္ေပါ့ေနာ္ ၿခိမ့္ေကကုိနဲ႔ေပါ့ေနာ္ သူတုိ႔ရဲ႕ ေၾကာ္ျငာကုိ႐ုိက္ခ်င္တာ။ အဲ့တုန္းကေတာ့ ပ်က္သြားတယ္ေပါ့ေနာ္ ေနာက္ႏွစ္ခုကလည္း သူမွန္းမသိဘူး ဆုံသြားတာေပါ့ေနာ္။ က်န္တာေတာ့ ေထြေထြထူးထူးမ႐ွိဘူး။ ကုိယ္ေတြက်ေတာ့လည္း အႏုပညာလုပ္ေနတာဆုိေတာ့ သူငယ္ခ်င္း အဆုိေတာ္ေတြကုိ ျငင္းလုိ႔မရဘူးေလ သိတယ္မလား။ ျငင္းလုိ႔လည္းမေကာင္းဘူး စရံေတြလည္း ယူၿပီးၿပီ ျငင္းရင္လည္း ပါးခ်ခံရမွာ။”လုိ႔ေျပာသြားခဲ့ပါတယ္။

Credit: Nanmalgyi

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #


Facebook cele ကနေမှ တစ်ဆင့်အခုအချိန်မှာ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီး ပရိသတ်အားပေးလက်ခံမှုကိုလည်းရရှိတယ် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတဲ့ ဖြူဖြူထွေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပွဲတစ်ပွဲမှာ ခြိမ့်ကေကိုနဲ့ အတူတူသီဆိုဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး သူတို့နှစ်ယောက်ကို တမင်သပ်သပ် ဆုံစည်းအောင်လုပ်နေတဲ့လူတွေရှိတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ခြိမ့်ကေကိုနဲ့ သီချင်းအတူတူဆိုဖြစ်တာလားလို့ မေးမြန်းရာ ဖြူဖြူထွေးက “တွဲဆိုတာတော့ မဟုတ်ဘူး သူဟာသူ သပ်သပ်ဆိုတာ ပွဲမှာဆုံတာပေါ့နော်။ ငှါးတဲ့လူကလည်း သူလို့လည်း မပြောဘူးလေ။ သူတို့ကလည်း အဲ့လိုမျိုး တွဲပေးချင်လို့လားတော့မသိပါဘူး။ ကိုယ်ကလည်း မသိဘူးလေ မသိတော့ ကိုယ့်ကိုယ်လာငှါးတယ် ပရိသတ်တစ်ဦးပဲရှိနေရှိနေ ဖျော်ဖြေရမှာဆိုတော့ ကိုယ့်ကိုယ်လာငှါးတဲ့အတွက်ကြောင့် ကိုယ်ကလည်း တစ်လေးတစ်စားနဲ့ လက်ခံဖြစ်တာပေါ့နော်။ ပြီးတော့မှ သူနဲ့မှန်းသိရတာ။

 အဓိကတော့ သူကလည်း သူ့တစ်ပိုင်းပေါ့ ကိုယ်ကလည်း ကိုယ်တစ်ပိုင်းပေါ့ ကိုယ့်ပရိသတ်ရှိတယ် ကိုယ့်ပရိသတ်ကို ကိုယ့်ကိုငှါးရင်တော့ လာရောက်ဖျော်ဖြေပေးရမှာပဲ။ နီးနီးဝေးဝေး အဲ့လိုမျိုးတွေရှိတော့ သူကလည်း သူ့ဘာသာသူသပ်သပ်ဆိုတာဆိုတော့ ဆိုတဲ့နေ့တုန်းကတော့ ဒုန်းလှုပ်နေရတာဆိုတော့ သူနဲ့မတွေ့ဖြစ်ဘူးပေါ့နော်။ ဒါပေမဲ့ အင်တာဗျူးမှာတော့ သူနဲ့အတူတူ အဗျူးခံလိုက်ရတယ်။ ပြီးမှသာ Mtv တစ်ပုဒ်မှာလည်း သူမှန်းမသိပါဘူး ပြီးမှ ရိုက်ခါနီးမှ သူမှန်းသိတာ။ သူမှန်းကြီးက Surprise တွေဖြစ်နေတာ။”လို့ ပြောသွားခဲ့ပါတယ်။


ခြိမ့်ကေကိုကို ရုတ်တရပ် တွေ့လိုက်ရတော့ ဘယ်လိုခံစားလိုက်ရလဲလို့ မေးမြန်းရာ “ဘယ်လိုဖြစ်သွားလဲဆိုတော့ Fans တွေကတော့ အဲ့လိုမျိုးပြောတာပေါ့နော် Chat Box မှာလာပြီးတော့ သူနဲ့မရိုက်နဲ့လို့တို့ဘာတို့ဆိုတော့ အေးပါ ဘာညာပေါ့ သူတို့ကိုလည်း စိတ်ချမ်းသာအောင်ထားတာပေါ့နော်။ ပြီးတော့ သူနဲ့တွဲတွဲပြီးတော့ ရိုက်နေရတော့ သူတို့ကို စိတ်ဆင်းရဲမှာ ဆိုးတာပေါ့နော်။ ကျန်တာတော့ ထွေထွေထူးထူးမရှိပါဘူး။ သူ့Fan နဲ့ ကိုယ့် Fan နဲ့တော့ ရန်ဖြစ်တော့မှာပါ။”လို့ ပြောသွားခဲ့ပါတယ်။

ကံစပ်တယ်လို့ပြောလို့ရမလားလို့ မေးမြန်းရာ ” အမ်း… အဲ့လိုမျိုးတော့ မဟုတ်ပါဘူး ဒါကတော့ ဘယ်လိုပြောရမလဲ တမင်သပ်သပ်ကို ဆုံစည်းပေးချင်တဲ့လူရှိနေလို့ပါ။ တမင်သပ်သပ်ကို ဒါရိုက်တာတွေကလည်း ညစ်ပြီးတော့ ကိုယ့်ကိုယ်လေ မရိုက်မှန်းသိတော့ ကြိုမပြောဘူး။ အဲ့လိုမျိုးတွေ ညစ်ညစ်ပြီးတော့ ကျွန်တော့်ကို ဆေးထိုးတာပေါ့။ ဆေးထိုးတာများပါတယ်။ တစ်ချို့ကလည်း Facebook ထဲမှာချဉ်ဖက်က ကျွန်တော်နဲ့ သူနဲ့ ဖြစ်နေတာဆိုတော့ ချဉ်ဖက်တွေတော့ အများကြီးရှိမှာပါ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ကို ပိုချဉ်တယ်ထင်တယ်။ အဲ့တာကြောင့် တွေ့ပေးလိုက်တာ ထင်ပါတယ်။ ပိုပြီးအဆဲခံရအောင်။

တစ်ချို့လူတွေ လာကမ်းလှမ်းတာရှိတယ် ဒါပေမဲ့ မရိုက်ဖြစ်ဘူး ပထမတစ်ခေါက်သူနဲ့ မဆုံခင်တုန်းက လာကမ်းလှမ်းတယ်ပေါ့နော် ခြိမ့်ကေကိုနဲ့ပေါ့နော် သူတို့ရဲ့ ကြော်ငြာကိုရိုက်ချင်တာ။ အဲ့တုန်းကတော့ ပျက်သွားတယ်ပေါ့နော် နောက်နှစ်ခုကလည်း သူမှန်းမသိဘူး ဆုံသွားတာပေါ့နော်။ ကျန်တာတော့ ထွေထွေထူးထူးမရှိဘူး။ ကိုယ်တွေကျတော့လည်း အနုပညာလုပ်နေတာဆိုတော့ သူငယ်ချင်း အဆိုတော်တွေကို ငြင်းလို့မရဘူးလေ သိတယ်မလား။ ငြင်းလို့လည်းမကောင်းဘူး စရံတွေလည်း ယူပြီးပြီ ငြင်းရင်လည်း ပါးချခံရမှာ။”လို့ပြောသွားခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top