iMyanmarHouse.com - Best Property Website for Myanmar
×

အငိုသန္တဲ့မိန္းကေလးတစ္ေယာက္ကို ခ်စ္သူေတာ္ထားရတာ တျခားေယာက်ာ္းေလးေတြထက္ ပိုၿပီးကံဆိုးတယ္လို႔ သင္ထင္ေကာင္းထင္ပါလိမ့္မယ္။ တကယ္ဆို ေဒါသေတြအားလံုးကို မ်က္ရည္အျဖစ္ေျပာင္းလိုက္တဲ့ မိန္းကေလးအတြက္ သင္သိပ္အာရံုေနာက္ေနစရာမလိုပါဘူး။ လူတိုင္းမွာ ခံစားခ်က္ကိုယ္စီရွိၾကပါတယ္။

ဒရမ္မာအရမ္းခ်ိဳးတတ္တယ္။ မ်က္ရည္လြယ္တယ္။ စိတ္ေပ်ာ့တယ္။ အာရံုေနာက္ဖို႔ေကာင္းတယ္စသျဖင့္ သင္ျမင္ေကာင္းျမင္ပါလိမ့္မယ္။ တကယ္ေတာ့ အငိုသန္တဲ့မိန္းကေလးေတြကမွ ပိုၿပီးခ်စ္ဖို႔ေကာင္းၾကတာပါ။ ဘယ္အခ်က္ေတြက ခ်စ္ဖို႔ေကာင္းေနတာလဲဆိုတာကိုေတာ့ ဆက္ၾကည့္လိုက္ရေအာင္ပါ။

၁။ စိတ္ပူစရာလိုဘူး

မ်က္ရည္လြယ္တဲ့မိန္းကေလးေတြက ၎တို႔ရဲ႕စိတ္ခံစားခ်က္ကို ျပသဖို႔ လံုးဝမရွက္ရြံၾကပါဘူး။ ဒါေၾကာင့္ သူမဘာဖံုးကြယ္ထားလဲ။ ဘာေတြလိမ္ထားမလဲ။ ဘာေတြစဥ္းစားေနမလဲဆိုတာကို သင္ေခါင္းေျခာက္ခံၿပီး ေတြးေတာေနစရာမလိုေတာ့ပါဘူး။

၂။ တိုင္ပင္ႏိုင္တယ္

သူမခံစားခ်က္ကို အၿမဲထုတ္ျပေနတတ္တာျဖစ္လို႔ သင္အခက္အခဲရွိတဲ့အခါေတြမွာလည္း အားမနာဘဲ ပြင့္ပြင့္လင္းလင္းတိုင္ပင္လို႔ရပါတယ္။ သူမကစိတ္ဓာတ္မာလို႔ ငါလည္းသန္မာျပမွျဖစ္မယ္ဆိုတာမ်ိဳး မရွိေတာ့ပါဘူး။

၃။ အၿငိဳးမထားဘူး

ခံစားေနရတာေတြအားလံုးကို မ်က္ရည္အျဖစ္ေျပာင္းလိုက္တာျဖစ္လို႔ သူ႔စိတ္ထဲမွာ အၿငိဳးႀကီးႀကီးမားမားမရွိေတာ့ပါဘူး။ ဒါေၾကာင့္ ကလဲ့စားေခ်မွာေတြ၊ မေျပာမဆို စိတ္ေကာက္ေနမွာေတြအတြက္ ပူစရာမလိုပါဘူး။

၄။ စိတ္ဖိစီးမႈကင္းတယ္

ငိုလိုက္တာျဖစ္လို႔ စိတ္ထဲေပါ့သြားၿပီး ေဘးကလူေတြကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျပန္ဆက္ဆံလာႏိုင္ပါတယ္။ မ်က္ရည္မထြက္ဘဲ စိတ္ထဲသိမ္းထားၿပီး အၿမဲစိတ္ဓာတ္က်၊ စိတ္ေလးလံေနရသူေတြထက္ဆိုင္ရင္ အမ်ားႀကီးေတာ္ပါေသးတယ္။

၅။ ၾကင္နာတတ္တယ္

စိတ္ဓာတ္ႏူးညံ့တဲ့သူေတြျဖစ္တာေၾကာင့္ တျခားသူဘယ္လိုခံစားရမလဲဆိုတာကိုသိၿပီး ေကာင္းေကာင္းနားလည္ေပးတတ္ၾကပါတယ္။ သူနဲ႔သာတူတူဆိုရင္ သင္ဘယ္ေတာ့မွ နာက်င္မႈႀကီးႀကီးမားမားခံစားရေတာ့မွာ မဟုတ္ပါဘူး။

Credit:MM
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အငိုသန်တဲ့မိန်းကလေးတစ်ယောက်ကို ချစ်သူတော်ထားရတာ တခြားယောကျာ်းလေးတွေထက် ပိုပြီးကံဆိုးတယ်လို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်ဆို ဒေါသတွေအားလုံးကို မျက်ရည်အဖြစ်ပြောင်းလိုက်တဲ့ မိန်းကလေးအတွက် သင်သိပ်အာရုံနောက်နေစရာမလိုပါဘူး။ လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြပါတယ်။

ဒရမ်မာအရမ်းချိုးတတ်တယ်။ မျက်ရည်လွယ်တယ်။ စိတ်ပျော့တယ်။ အာရုံနောက်ဖို့ကောင်းတယ်စသဖြင့် သင်မြင်ကောင်းမြင်ပါလိမ့်မယ်။ တကယ်တော့ အငိုသန်တဲ့မိန်းကလေးတွေကမှ ပိုပြီးချစ်ဖို့ကောင်းကြတာပါ။ ဘယ်အချက်တွေက ချစ်ဖို့ကောင်းနေတာလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ပါ။

၁။ စိတ်ပူစရာလိုဘူး

မျက်ရည်လွယ်တဲ့မိန်းကလေးတွေက ၎င်းတို့ရဲ့စိတ်ခံစားချက်ကို ပြသဖို့ လုံးဝမရှက်ရွံကြပါဘူး။ ဒါကြောင့် သူမဘာဖုံးကွယ်ထားလဲ။ ဘာတွေလိမ်ထားမလဲ။ ဘာတွေစဉ်းစားနေမလဲဆိုတာကို သင်ခေါင်းခြောက်ခံပြီး တွေးတောနေစရာမလိုတော့ပါဘူး။

၂။ တိုင်ပင်နိုင်တယ်

သူမခံစားချက်ကို အမြဲထုတ်ပြနေတတ်တာဖြစ်လို့ သင်အခက်အခဲရှိတဲ့အခါတွေမှာလည်း အားမနာဘဲ ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရပါတယ်။ သူမကစိတ်ဓာတ်မာလို့ ငါလည်းသန်မာပြမှဖြစ်မယ်ဆိုတာမျိုး မရှိတော့ပါဘူး။

၃။ အငြိုးမထားဘူး

ခံစားနေရတာတွေအားလုံးကို မျက်ရည်အဖြစ်ပြောင်းလိုက်တာဖြစ်လို့ သူ့စိတ်ထဲမှာ အငြိုးကြီးကြီးမားမားမရှိတော့ပါဘူး။ ဒါကြောင့် ကလဲ့စားချေမှာတွေ၊ မပြောမဆို စိတ်ကောက်နေမှာတွေအတွက် ပူစရာမလိုပါဘူး။

၄။ စိတ်ဖိစီးမှုကင်းတယ်

ငိုလိုက်တာဖြစ်လို့ စိတ်ထဲပေါ့သွားပြီး ဘေးကလူတွေကို ပျော်ပျော်ရွှင်ရွှင် ပြန်ဆက်ဆံလာနိုင်ပါတယ်။ မျက်ရည်မထွက်ဘဲ စိတ်ထဲသိမ်းထားပြီး အမြဲစိတ်ဓာတ်ကျ၊ စိတ်လေးလံနေရသူတွေထက်ဆိုင်ရင် အများကြီးတော်ပါသေးတယ်။

၅။ ကြင်နာတတ်တယ်

စိတ်ဓာတ်နူးညံ့တဲ့သူတွေဖြစ်တာကြောင့် တခြားသူဘယ်လိုခံစားရမလဲဆိုတာကိုသိပြီး ကောင်းကောင်းနားလည်ပေးတတ်ကြပါတယ်။ သူနဲ့သာတူတူဆိုရင် သင်ဘယ်တော့မှ နာကျင်မှုကြီးကြီးမားမားခံစားရတော့မှာ မဟုတ်ပါဘူး။

Credit:MM
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top