iMyanmarHouse.com - Best Property Website for Myanmar
×

အေႂကြးဆပ္လာတဲ့သားသမီးနဲ႔ အေႂကြးေတာင္းလာတဲ့သားသမီးဆိုၿပီး ႏွစ္မ်ိဳးရိွပါတယ္…။

အေႂကြးဆပ္လာတဲ့သားသမီးကေတာ့ သူတတ္တဲ့ပညာေတြနဲ႔မိဘေတြကို ပညာတတ္ရင္လည္းပညာနဲ႔
ပညာမတတ္ရင္လည္းခြန္အားနဲ႔ လုပ္ေႂကြးျပဳစုမယ့္သားသမီးမ်ိဳးေပါ့…။

အေႂကြးေတာင္းလာတဲ့သားသမီးကေတာ့ မိဘစိတ္ဆင္းရဲေအာင္လုပ္မယ္၊
မိဘကို ဂ်ီတိုက္မယ္..။မေသခင္ အ​ေမြေတာင္းမယ္ စတဲ့ စိတ္ဆင္းရေအာင္​
လုပ္​ သက္သက္မ်ိဳး၊အ႐ွက္ေပးမယ္ အႏၲရယ္ေပးမယ့္သားသမီးမ်ိဳးေပါ့….။

ဘုရားေဟာစကားေတာ္အရကေတာ့ အတိဇာတသား၊အႏုဇာတသား၊အဝဇာသား
ဆိုၿပီး သံုးမ်ိဳးရိွတာေပါ့…။

အတိဇာတသားဆိုတာက မိဘထက္အလြန္ ကိုယ္က်င့္သိကၡာက
အစသာသြားတာ၊ဥပမာ ဘုန္းႀကီး ရဟန္း အျဖစ္နဲ႔. မိဘကို လုပ္ေကြၽးျပဳစုတဲ့သားမ်ိဳး၊
သားေကာင္းသားျမတ္မ်ိဳးေပါ့….။

အႏုဇာတသား ဆိုတာက မိဘနဲ႔ ကိုယ္က်င့္သိကၡာတူ မိဘကို
လုပ္ေကြၽးျပဳစု၊ ေကြၽးေမြးေစာင့္ေရွာက္တဲ့ သားသမီးမ်ိဳးေပါ့…။

အဲ့ဒီ ၁-၂ႏွစ္မ်ိဳးက သားေကာင္း သမီးေကာင္းေတြေပါ့…။
အထက္မွာေျပာထားသလို အေႂကြးဆပ္မယ့္ သားသမီးမ်ိဳးေပါ့….။

အဝဇာတသားကေတာ့ မိဘထက္ယုတ္ညံတဲ့သားမ်ိဳး အေႂကြးေတာင္းလာတဲ့ သားမ်ိဳးေပါ့..၊
မိဘကို ဒုကၡေပးဖို႔ သက္သက္ ျဖစ္လာတဲ့ သားမ်ိဳး ေမြးလာလို႔သာခ်စ္ျမတ္ႏိုးရေပမယ့္..
ဒီသားသမီးမ်ိဳးကိုေတာ့ ဘယ္မိဘမွ မလိုလားတဲ့သားသမီးမ်ိဳးေပါ့..။

ဒီသားသမီးမ်ိဳးက် အထက္မွာေျပာထားသလို အေႂကြးလာေတာင္းတဲ့ သားသမီးမ်ိဳးေပါ့…။

ဒါေပမယ့္..မိဘဆိုတာက ဘယ္သားသမီးကိုမဆို..
ဆိုးရင္လည္းဂ႐ုဏာနဲ႔ ခ်စ္တာပါပဲ..။

ေကာင္းတဲ့သားသမီးကိုလည္း လိမၼာလို႔ခ်စ္ရတာပါပဲ..။
ခြဲျခားတာမ်ိဳးေတာ့မရိွဘူးေပါ့..။

တကယ္လိုလားတာက အတိဇာတသားသမီးမ်ိဳးသာ
မိဘတိုင္း လိုလားၾကပါတယ္…။

ဒါေၾကာင့္မို႔လို႔ သားသမီးေတြ အေနနဲ႔ အတိဇာတသားသမီးမ်ိဳးထိ
မျဖစ္ႏိုင္ေတာင္ အႏုဇာတသားသမီး ​ေလာက္ေတာ့ ျဖစ္ေအာင္ မိဘကို
​ေကြၽးေမြးေစာင့္ေ႐ွာက္ႏိုင္တဲ့ သားသမီးမ်ားျဖစ္ေအာင္
ႀကိဳးစားႏိုင္ၾကပါေစ….။

သားသမီး​ေကာင္​းမ်ားျဖစ္​လို႔ မိဘကို အသက္​​ေပးလို႔ ကာကြယ္​ႏိူင္​ျကပါ​ေစ။

Credit: oreginal writer
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
# Unicode Version #
အကြွေးဆပ်လာတဲ့သားသမီးနဲ့ အကြွေးတောင်းလာတဲ့သားသမီးဆိုပြီး နှစ်မျိုးရှိပါတယ်…။

အကြွေးဆပ်လာတဲ့သားသမီးကတော့ သူတတ်တဲ့ပညာတွေနဲ့မိဘတွေကို ပညာတတ်ရင်လည်းပညာနဲ့
ပညာမတတ်ရင်လည်းခွန်အားနဲ့ လုပ်ကြွေးပြုစုမယ့်သားသမီးမျိုးပေါ့…။

အကြွေးတောင်းလာတဲ့သားသမီးကတော့ မိဘစိတ်ဆင်းရဲအောင်လုပ်မယ်၊
မိဘကို ဂျီတိုက်မယ်..။မသေခင် အမွေတောင်းမယ် စတဲ့ စိတ်ဆင်းရအောင်
လုပ် သက်သက်မျိုး၊အရှက်ပေးမယ် အန္တရယ်ပေးမယ့်သားသမီးမျိုးပေါ့….။

ဘုရားဟောစကားတော်အရကတော့ အတိဇာတသား၊အနုဇာတသား၊အဝဇာသား
ဆိုပြီး သုံးမျိုးရှိတာပေါ့…။

အတိဇာတသားဆိုတာက မိဘထက်အလွန် ကိုယ်ကျင့်သိက္ခာက
အစသာသွားတာ၊ဥပမာ ဘုန်းကြီး ရဟန်း အဖြစ်နဲ့. မိဘကို လုပ်ကျွေးပြုစုတဲ့သားမျိုး၊
သားကောင်းသားမြတ်မျိုးပေါ့….။

အနုဇာတသား ဆိုတာက မိဘနဲ့ ကိုယ်ကျင့်သိက္ခာတူ မိဘကို
လုပ်ကျွေးပြုစု၊ ကျွေးမွေးစောင့်ရှောက်တဲ့ သားသမီးမျိုးပေါ့…။

အဲ့ဒီ ၁-၂နှစ်မျိုးက သားကောင်း သမီးကောင်းတွေပေါ့…။
အထက်မှာပြောထားသလို အကြွေးဆပ်မယ့် သားသမီးမျိုးပေါ့….။

အဝဇာတသားကတော့ မိဘထက်ယုတ်ညံတဲ့သားမျိုး အကြွေးတောင်းလာတဲ့ သားမျိုးပေါ့..၊
မိဘကို ဒုက္ခပေးဖို့ သက်သက် ဖြစ်လာတဲ့ သားမျိုး မွေးလာလို့သာချစ်မြတ်နိုးရပေမယ့်..
ဒီသားသမီးမျိုးကိုတော့ ဘယ်မိဘမှ မလိုလားတဲ့သားသမီးမျိုးပေါ့..။

ဒီသားသမီးမျိုးကျ အထက်မှာပြောထားသလို အကြွေးလာတောင်းတဲ့ သားသမီးမျိုးပေါ့…။

ဒါပေမယ့်..မိဘဆိုတာက ဘယ်သားသမီးကိုမဆို..
ဆိုးရင်လည်းဂရုဏာနဲ့ ချစ်တာပါပဲ..။

ကောင်းတဲ့သားသမီးကိုလည်း လိမ္မာလို့ချစ်ရတာပါပဲ..။
ခွဲခြားတာမျိုးတော့မရှိဘူးပေါ့..။

တကယ်လိုလားတာက အတိဇာတသားသမီးမျိုးသာ
မိဘတိုင်း လိုလားကြပါတယ်…။

ဒါကြောင့်မို့လို့ သားသမီးတွေ အနေနဲ့ အတိဇာတသားသမီးမျိုးထိ
မဖြစ်နိုင်တောင် အနုဇာတသားသမီး လောက်တော့ ဖြစ်အောင် မိဘကို
ကျွေးမွေးစောင့်ရှောက်နိုင်တဲ့ သားသမီးများဖြစ်အောင်
ကြိုးစားနိုင်ကြပါစေ….။

သားသမီးကောင်းများဖြစ်လို့ မိဘကို အသက်ပေးလို့ ကာကွယ်နိူင်ကြပါစေ။

Credit: oreginal writer
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top