iMyanmarHouse.com - Best Property Website for Myanmar
×


ဝလာသူမ်ားတြင္ ဝျခင္း အေၾကာင္းအရင္း ႏွစ္မ်ဳိးရွိသည္။ ပထမ တစ္မ်ဳိးမွာ အဆီတုိးၿပီး မ်ဳိး႐ုိးအလုိက္ ဝသူမ်ဳိးျဖစ္ၿပီး ေနာက္တစ္မ်ဳိးမွာ အသက္ ၄ဝ ေက်ာ္ ၅ဝ တြင္ ေရာက္မွ ဝလာသူ (ေလဝဟု ေခၚသည္) မ်ားျဖစ္သည္။

မ်ဳိး႐ုိးအလိုက္ဝသူ၊ အဆီတုိး၍ ဝသူမ်ားမွာ ကိုလက္စထေရာ တက္သည္ဟု ဆုိေသာ္လည္း ေကာင္းေသာ ကုိလက္စထေရာ (HDL Cholesterol) မ်ားလွ်င္ ဝေသာ္လည္း က်န္းမာၿပီး သြားႏုိင္၊ စားႏုိင္၊ ဝမ္းမွန္၊ အိပ္ေပ်ာ္ ေနေကာင္း ေနေပသည္။အသက္ႀကီးမွ ဝလာသူမ်ားမွာ က်န္းမာေရး ခ်ဴခ်ာတတ္သည္။

မ်က္ႏွာႏွင့္ လက္ေခ်ာင္းမ်ားတြင္ မဝပဲ ဗုိက္စူ ထြက္လာသျဖင့္ ဝလုိ႔လွလုိ႔ မျဖစ္ႏုိင္ေပ။ လမ္းေလွ်ာက္ နည္းၿပီး အထိုင္မ်ားလွ်င္ ပိုဆုိးသည္။ ဗုိက္သိသိသာသာ စူထြက္ လာၿပီး ၾကည့္မေကာင္းေသာအခါ ဘီယာဗုိက္ဟု ေခၚၾကသည္။ စည္ဘီယာ အေသာက္မ်ား သူမ်ားတြင္ ထုိကဲ့သုိ႔ ျဖစ္တတ္ေသာေၾကာင့္ ျဖစ္ သည္။

အမွန္မွာ ညေနေစာင္းႏွင့္ ညအခ်ိန္မေတာ္ စားေလ့ရွိသူ မ်ားတြင္ ဝမ္းဗုိက္ အတြင္းရွိ အူမႀကီးတြင္ အစာမ်ားစုပုံၿပီး အစာမေၾကရာမွ ေလပြၿပီး ဗုိက္စူလာျခင္း ျဖစ္သည္။ ညစာစားျခင္းကုိ ေလွ်ာ့လုိက္လွ်င္ ဗုိက္စူျခင္းသည္ ျပန္၍ သက္သာ သြားတတ္သည္။ေလဝ ဝသူမ်ား၏ အဓိကခ်ဳိ႕ယြင္းခ်က္မွာ ဝမ္းခ်ဳပ္ျခင္း ျဖစ္သည္။

ေကာက္ညႇင္း၊ ဆန္ေစး၊ အုန္းထမင္း၊ ဒန္ေပါက္၊ အေၾကာ္ အေလွာ္ႏွင့္အကင္မ်ား စားသည့္ ေန႔တြင္ အစာမေၾကျဖစ္ၿပီး ပုိ၍ပင္ ဝမ္းခ်ဳပ္ေလ့ရွိသည္။ ဝမ္းခ်ဳပ္ေသာအခါ ဗုိက္က ပုိ၍ စူထြက္လာၿပီး အသက္႐ွဴ မဝေသာ ေရာဂါ ျဖစ္တတ္သည္။ဗုိုက္စူ ဝမ္းခ်ဳပ္သူမ်ားအတြက္ အေကာင္းဆုံး ဓာတ္စာမွာ သေဘၤာသီး မွည့္ ျဖစ္သည္။ ထမင္းစားၿပီးတုိင္း သေဘၤာသီးမွည့္ တစ္ျခမ္းခန္႔ စားေပးျခင္းျဖင့္ ဝမ္းမွန္ ေလ သက္သည့္ အျပင္ ဝမ္းဗုိက္စူျခင္း ကုိပါ သက္သာ ေစႏုိင္သည္။

သေဘၤာသီးတြင္ အစာေၾကေစေသာ အေစး ဓာတ္ပါသျဖင့္ အစိမ္းကုိလည္း ဟင္းခ်က္ စားႏုိင္သည္။ အမွည့္ကုိ စားလွ်င္ ဝမ္းခ်ဳပ္ျခင္းႏွင့္ စျမင္းခံျခင္း ကုိပါ သက္သာ ေစႏုိင္သျဖင့္ လိပ္ေခါင္း ရွိသူမ်ား အတြက္ပါ သက္သာ ေစသည္။သေဘၤာသီးဝယ္လွ်င္ သတိျပဳရန္မွာ ဆုိးေဆးႏွင့္ မွည့္ေဆးမလြတ္ေသာ အသီး ေရွာင္ရန္ျဖစ္သည္။

သဘာဝ ပင္မွည့္အသီးကို ဝယ္ရန္ မျဖစ္ႏုိင္ပါက ရင့္ေသာ သေဘၤာသီး အစိမ္းကိုဝယ္ၿပီး မိမိအိမ္တြင္ မွည့္ေအာင္ ေစာင့္ထား ၿပီးမွ စားသုံးပါ။ ေန႔စဥ္ မွန္မွန္ တစ္လခန္႔ စားသုံးၾကည့္ပါက အက်ဳိး ေက်းဇူးကုိ သိလာပါလိမ့္မည္။

Credit: က်န္းမာေရးအေျကာင္းသိေကာင္းစရာမ်ား

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဝလာသူများတွင် ဝခြင်း အကြောင်းအရင်း နှစ်မျိုးရှိသည်။ ပထမ တစ်မျိုးမှာ အဆီတိုးပြီး မျိုးရိုးအလိုက် ဝသူမျိုးဖြစ်ပြီး နောက်တစ်မျိုးမှာ အသက် ၄ဝ ကျော် ၅ဝ တွင် ရောက်မှ ဝလာသူ (လေဝဟု ခေါ်သည်) များဖြစ်သည်။

မျိုးရိုးအလိုက်ဝသူ၊ အဆီတိုး၍ ဝသူများမှာ ကိုလက်စထရော တက်သည်ဟု ဆိုသော်လည်း ကောင်းသော ကိုလက်စထရော (HDL Cholesterol) များလျှင် ဝသော်လည်း ကျန်းမာပြီး သွားနိုင်၊ စားနိုင်၊ ဝမ်းမှန်၊ အိပ်ပျော် နေကောင်း နေပေသည်။အသက်ကြီးမှ ဝလာသူများမှာ ကျန်းမာရေး ချူချာတတ်သည်။

မျက်နှာနှင့် လက်ချောင်းများတွင် မဝပဲ ဗိုက်စူ ထွက်လာသဖြင့် ဝလို့လှလို့ မဖြစ်နိုင်ပေ။ လမ်းလျှောက် နည်းပြီး အထိုင်များလျှင် ပိုဆိုးသည်။ ဗိုက်သိသိသာသာ စူထွက် လာပြီး ကြည့်မကောင်းသောအခါ ဘီယာဗိုက်ဟု ခေါ်ကြသည်။ စည်ဘီယာ အသောက်များ သူများတွင် ထိုကဲ့သို့ ဖြစ်တတ်သောကြောင့် ဖြစ် သည်။

အမှန်မှာ ညနေစောင်းနှင့် ညအချိန်မတော် စားလေ့ရှိသူ များတွင် ဝမ်းဗိုက် အတွင်းရှိ အူမကြီးတွင် အစာများစုပုံပြီး အစာမကြေရာမှ လေပွပြီး ဗိုက်စူလာခြင်း ဖြစ်သည်။ ညစာစားခြင်းကို လျှော့လိုက်လျှင် ဗိုက်စူခြင်းသည် ပြန်၍ သက်သာ သွားတတ်သည်။လေဝ ဝသူများ၏ အဓိကချို့ယွင်းချက်မှာ ဝမ်းချုပ်ခြင်း ဖြစ်သည်။

ကောက်ညှင်း၊ ဆန်စေး၊ အုန်းထမင်း၊ ဒန်ပေါက်၊ အကြော် အလှော်နှင့်အကင်များ စားသည့် နေ့တွင် အစာမကြေဖြစ်ပြီး ပို၍ပင် ဝမ်းချုပ်လေ့ရှိသည်။ ဝမ်းချုပ်သောအခါ ဗိုက်က ပို၍ စူထွက်လာပြီး အသက်ရှူ မဝသော ရောဂါ ဖြစ်တတ်သည်။ဗိုက်စူ ဝမ်းချုပ်သူများအတွက် အကောင်းဆုံး ဓာတ်စာမှာ သင်္ဘောသီး မှည့် ဖြစ်သည်။ ထမင်းစားပြီးတိုင်း သင်္ဘောသီးမှည့် တစ်ခြမ်းခန့် စားပေးခြင်းဖြင့် ဝမ်းမှန် လေ သက်သည့် အပြင် ဝမ်းဗိုက်စူခြင်း ကိုပါ သက်သာ စေနိုင်သည်။

သင်္ဘောသီးတွင် အစာကြေစေသော အစေး ဓာတ်ပါသဖြင့် အစိမ်းကိုလည်း ဟင်းချက် စားနိုင်သည်။ အမှည့်ကို စားလျှင် ဝမ်းချုပ်ခြင်းနှင့် စမြင်းခံခြင်း ကိုပါ သက်သာ စေနိုင်သဖြင့် လိပ်ခေါင်း ရှိသူများ အတွက်ပါ သက်သာ စေသည်။သင်္ဘောသီးဝယ်လျှင် သတိပြုရန်မှာ ဆိုးဆေးနှင့် မှည့်ဆေးမလွတ်သော အသီး ရှောင်ရန်ဖြစ်သည်။

သဘာဝ ပင်မှည့်အသီးကို ဝယ်ရန် မဖြစ်နိုင်ပါက ရင့်သော သင်္ဘောသီး အစိမ်းကိုဝယ်ပြီး မိမိအိမ်တွင် မှည့်အောင် စောင့်ထား ပြီးမှ စားသုံးပါ။ နေ့စဉ် မှန်မှန် တစ်လခန့် စားသုံးကြည့်ပါက အကျိုး ကျေးဇူးကို သိလာပါလိမ့်မည်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top