iMyanmarHouse.com - Best Property Website for Myanmar
×
ပါဝင်ပစ္စည်းများ
ရေတစ်ခွက်
ပြုလုပ်နည်း
Credit: Mingalarbarmorning
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
# Unicode Version ဖြင့် ဖတ်ပါ #
အအေးမိခြင်းကြောင့် ချောင်းဆိုးခြင်းကို ခံစားနေရပြီလား။ နှာခေါင်းကလဲ အသက်ရှုတာ မသက်မသာဖြစ်နေပြီး အသံက အက်ကွဲသံဖြစ်နေပြီလား။ အအေးမိခြင်းကြောင့် ဖြစ်လာတဲ့အရာတွေ အဆိုးရွားဆုံးပါပဲ။ အအေးမိချောင်းဆိုးခြင်းကြောင့် အအိပ်ပျက်၊အစားပျက်၊ အလုပ်ပျက်ခြင်းတွေနဲ့ ကြုံတွေ့လာရပါတယ်။ ဒါအပြင့် လေထုညစ်ညမ်းမှုကြောင့်လဲ ချောင်းဆိုးခြင်းတွေဖြစ်လာနိုင်ပါတယ်။ ရာသီဥတုဆိုးရွားလာတာနဲ့အမျှ ချောင်းဆိုးခြင်းကို ကျွနု်ပ်တို့ ရှောင်လွှဲလို့မရအောင် ကြုံလာရမှာဖြစ်ပါတယ်။
ချောင်းဆိုးအအေးမိခြင်းကြုံတွေ့ခဲ့ရင် အိမ်မှာတင်ပြုလုပ်လို့ရတဲ့ အကောင်းဆုံးနည်းရှိပါတယ်။ ချောင်းဆိုးခြင်းကို သက်သာသွားစေမယ် ဆေးရည်လေးနဲ့ ကုသပေးကြရအောင်။ ချောင်းဆိုးပျောက်ဆေးရည်ကို အိမ်မှာ ပြုလုပ်လို့ရအောင် ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်နည်းတွေကို ဖော်ပြပေးလိုက်တယ်နော်….
ပါဝင်ပစ္စည်းများ
သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ခြစ်ပြီးသားဂျင်း လက်တစ်ဆုတ်စာ
ရေတစ်ခွက်
ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ငရုတ်ကောင်းမှုန့် လက်တစ်ဆုတ်စာ
ပန်းသီးအရက်ဗင်နီဂါ လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေကို အိုးထဲထည့်ပြီး ဆူပွက်လာသည့်တိုင်အောင် ရောနှောမွှေပေးပါ။ ရောနှောထားတဲ့အရည်ကို လေလုံတဲ့ဖန်ပုလင်းတစ်ခုထဲထည့်ထားပါ။
ဒီဆေးရည်ကို သောက်သုံးဖို့ အကောင်းဆုံးနည်းကတော့ လည်ချောင်းထိရောက်အောင် မျိုချပေးပြီး ရေတစ်ခွက်သောက်ပေးပါ။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top