iMyanmarHouse.com - Best Property Website for Myanmar
×
၂- အစာခြေဖျက်မူကောင်း
Credit:MM
အလှအပ၊ ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
နေ့စဉ် မိနစ် ၂၀ တည်းအချိန်ပေးရုံ နဲ့သိသာတဲ့ ကောင်းကျိုးတွေရရှိလာမယ့် လေ့ကျင့်ခန်းလေးအကြောင်းဖော်ပြပေးချင်ပါတယ်။
    ခြေထောက်တွေကို နံရံကိုမှီပြီး ထောင်ပါ
သက်တောင့်သက်သာလှဲနေတဲ့အနေထားမှာနေပြီး ခါးအောက်မှာတော့ ပျော့တဲ့ ခေါင်းအုံးအသေးတစ်ခုခံထားရပါမယ်။
ခြေထောက်တွေကိုမတင်ပြီး နံရံ နဲ့အပြိုင်ထောင်လိုက်ပါ။ လက်တွေကတော့ ကိုယ်ခန္ဓာရဲ့ဘေးဘက်မှာရှိနေရပါမယ်။
ဒီပုံစံအတိုင်း မိနစ် (၂၀) နေပါ။
အရေးကြီးတာက ကိုယ်ဝတ်ထားတဲ့ အကျီ ၤတင်းကျပ်မနေဖို့ပါပဲ။ တကယ်တော့ ကြမ်းပြင်ပေါ် ကိုယ်ခန္ဓာ လှဲလျောင်းပြီး ခြေထောက် ထောင်ထားတာဟာ ပုံမှန်လေ့ကျင့်ခန်းတစ်ခုနဲ့တော့မတူပါဘူး။ Yoga နဲ့ အပန်းဖြေ နည်းလမ်းတစ်ခု နဲ့နည်းနည်းဆင်တူပါတယ်။ သူ့ရဲ့အကျိုးကျေးဇူးတွေကတော့
၁- ဒေါက်မြင့်စီးပြီးတဲ့အခါ
ဒေါက်မြင့်တွေစီးတဲ့အခါ မိန်းကလေးအတွက် သက်တောင့်သက်သာ မဖြစ်နေတတ်ဘူးဆိုတာ လူတိုင်းလက်ခံကြပါတယ်။ ဒါပေမယ့် အချိန်တိုင်း ဒေါက်မြင့် စီးတာကတော့ ကျန်းမားရေး ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့လုံး ဒေါက်မြင့်စီးထားပြီးရင် နေကုန်ခါနီးမှာတော့ အပြောင်းလဲလေးတစ်ခုလုပ်ပေးသင့်ပါတယ်။ အပေါ်မှာဖော်ပြထားတဲ့လေ့ကျင့်ခန်းကို အိပ်ရာမဝင်ခင်လုပ်ပေးနိုင်ပြီး ခြေထောက်ကိုလဲနှိပ်ပေးနိုင်ပါတယ်။
၂- အစာခြေဖျက်မူကောင်း
ခြေထောက်ထောင်ထားတဲ့လေ့ကျင့်ခန်းက အစာအိမ်ရဲ့အလုပ်လုပ်မူကိုပါ တိုးတက်စေပါတယ်။ ကောင်းမွန်တဲ့သွေးလည်ပတ်မူက အစားခြေဖျက်မူစနစ်ကိုကောင်းစေပြီး အာဟာရတွေကိုပိုမို စုပ်ယူနိုင်မှာဖြစ်ပါတယ်။
၃- ကောင်းမွန်သော အိပ်စက်ခြင်း
အိပ်မပျော်တတ်တဲ့သူတွေဒီလေ့ကျင့်ခန်းလေးကို ကြိုးစားကြည့်သင့်ပါတယ်။ ပုံမှန်ခြေထောက် ထောင်မတ်တဲ့လေ့ကျင့်ခန်းဟာ မှန်ကန်တဲ့အသက်ရူနုန်းကို ဖြစ်ပေါ်စေပြီး ဦးနှောက်က အောက်စီဂျင်ပို ရရှိစေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မူကိုကောင်းစေပြီး ပိုမိုနှစ်ခြိုက်တဲ့အိပ်စက်မူကိုရရှိစေမှာဖြစ်ပါတယ်။ ဒီပုံစံအတိုင်းနေခြင်းဟာ တရားထိုင်ခြင်းနဲ့လဲတူပါ။ ဆိုလိုတာက လူတစ်ယောက်ဟာ အခြားသောကိစ္စအသေးမွားလေးတွေကနေ နှောက်ယှက်ခံရခြင်း ကင်းပြီး ကိုယ်နဲ့စိတ်ကို အေးချမ်းအောင် ထိန်းထားနိုင်တဲ့ အခြေနေတစ်ခု ဖြစ်နေလို့ဖြစ်ပါတယ်။
ကဲ ဒီညလုပ်ဖို့အဆင်သင့်ပဲလား။
Credit:MM
အလှအပ၊ ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top