iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးပဲ မဂၤလာပါ။ ကိုယ္အေလးခ်ိန္တက္လာလို႔ ေလ့က်င့္ခန္းလုပ္ေနပါတယ္ဆိုမွ ဝိတ္မက်ဘူးဆိုၿပီး ပ်ဳိေမေလးေတြ ၿငီးၾကတာကို ၾကားဖူးနားဝ႐ွိပါလိမ့္မယ္။ စာဖတ္သူ ပ်ိဳေမေလးကိုယ္တိုင္လည္း အဲ့ဒီလိုစိတ္ညစ္ရတဲ့သူေတြထဲက တစ္ေယာက္ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ေလ့က်င့္ခန္း မွန္မွန္ျပဳလုပ္ေနေပမယ့္လည္း ကိုယ္အေလးခ်ိန္မက်တာကေတာ့ ျပဳလုပ္ပံုနည္းစနစ္မွားယြင္းတာေၾကာင့္လည္း ပါ ပါတယ္။ ဒါဆိုရင္ ေလ့က်င့္ခန္းျပဳလုပ္တဲ့အခါ ေ႐ွာင္ၾကဥ္ရမယ့္ အခ်က္ေလးေတြက ဘာမ်ားျဖစ္မလဲ။

အေနအထားမမွန္ျခင္း

သင္က Gym မွာ အခုမွ သြားေဆာ့တဲ့ အသစ္စက္စက္မန္ဘာဝင္တစ္ေယာက္ဆိုရင္ မွန္ကန္တဲ့အေနအထားကို ေသခ်ာေလ့လာသင္ယူဖို႔ လိုအပ္ပါတယ္။ ေလ့က်င့္ခန္းျပဳလုပ္တဲ့အေနအထားက မမွန္ကန္ဘူးဆိုရင္ သင့္ရဲ႕ ၾကြက္သားနဲ႔ အ႐ိုးအဆစ္ေတြကို ဒဏ္ရာအနာတရျဖစ္ေစၿပီး သင့္ရဲ႕ ေလ့က်င့္ခန္းလုပ္ေဆာင္စြမ္းရည္လည္း ေလ်ာ့က်ႏိုင္ပါတယ္။ အေလ့အက်င့္ဆိုးေတြက ေဖ်ာက္ဖ်က္ရခက္တာေၾကာင့္ အက်င့္မပါသြားေအာင္ အစကတည္းက မွန္ကန္တဲ့ေလ့က်င့္ခန္းအေနအထားေတြကို ျပဳလုပ္ေပးလိုက္ပါ။

ဗိုက္ထဲမွာ အစာမ႐ွိဘဲ ေလ့က်င့္ခန္းျပဳလုပ္ျခင္း

ေလ့က်င့္ခန္း မျပဳလုပ္ခင္ ၄၅ မိနစ္၊ တစ္နာရီခန္႔ႀကိဳတင္ၿပီး အစားစားသံုးသင့္ပါတယ္။ ဗိုက္ထဲမွာ အစာမ႐ွိဘဲနဲ႔ ေလ့က်င့္ခန္းျပဳလုပ္ျခင္းက သင့္ကို အားနည္းၿပီး မူးေမာ္ေစမွာပဲျဖစ္ပါတယ္။

ဝမ္းဗိုက္အဆီျမန္ျမန္က်ခ်င္ေဇာနဲ႔ Cardio ေလ့က်င့္ခန္းေတြပဲ ျပဳလုပ္ျခင္း

ဝမ္းဗိုက္အဆီက်ေစတဲ ့ ေလ့က်င့္ခန္းေတြပဲျပဳလုပ္ျခင္းက သင့္ၾကြက္သားေတြကို ပင္ပန္းႏြမ္းနယ္ေစပါတယ္။ ဒါ့ေၾကာင့္ ေလ့က်င့္ခန္းျပဳလုပ္တဲ့အခါ ေလ့က်င့္ခန္းအစံုကို ညီမွ်ေနေအာင္ ျပဳလုပ္ေပးပါ။ ဒါမွ ၾကြက္သားအားလံုးကို အသံုးျပဳမိၿပီး အဆီပိုေတြ က်သြားမွာပဲျဖစ္ပါတယ္။

ဘာမွမစားဘဲ အစာအငတ္ခံျခင္းကလည္း မွားယြင္းတဲ့အေလ့အက်င့္တစ္ခုပဲျဖစ္ပါတယ္။

အစား အလြန္အကြ်ံစားျခင္း

ကိုယ္က ေလ့က်င့္ခန္းလုပ္တာပဲ အစားမေလ်ာ့လည္း ဘာမွမျဖစ္ပါဘူးလို႔ မထင္လိုက္နဲ႔ေနာ္။ ေလ့က်င့္ခန္းျပဳလုပ္လို႔ ပင္ပန္းတဲ့အခါ အစားအမ်ားႀကီး စားခ်င္စိတ္ေတြေပၚလာပါလိမ့္မယ္။ အဲ့ဒီအခါ အစားမဆင္ျခင္ဘူးဆိုရင္ေတာ့ ကိုယ္အေလးခ်ိန္က နဂိုကထက္ အမ်ားႀကီးပိုတက္လာပါလိမ့္မယ္။ ဒါ့ေၾကာင့္ ေလ့က်င့္ခန္းလည္းလုပ္ရင္း၊ အဆီအဆိမ့္ေတြကို ေ႐ွာင္ၿပီး ဝိတ္ခ်လိုက္ပါ။

အိပ္ေရးဝဝမအိပ္ျခင္း

ေလ့က်င့္ခန္းျပဳလုပ္တဲ့သူေတြအေနနဲ႔ အိပ္ေရးဝဖို႔က အေရးႀကီးဆံုးပါပဲ။ အိပ္ေရးမဝတဲ့အခါ စိတ္ဖိစီးမႈခံစားရၿပီး ေလ့က်င့္ခန္းလုပ္တဲ့အခါမွာလည္း ေကာင္းေကာင္းမလုပ္ႏိုင္ဘဲ ၾကြက္သားမ်ားနာက်င္ေနပါလိမ့္မယ္။

Credit:mystylemyanmar
အလွအပ၊ က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အားလုံးပဲ မင်္ဂလာပါ။ ကိုယ်အလေးချိန်တက်လာလို့ လေ့ကျင့်ခန်းလုပ်နေပါတယ်ဆိုမှ ဝိတ်မကျဘူးဆိုပြီး ပျိုမေလေးတွေ ငြီးကြတာကို ကြားဖူးနားဝရှိပါလိမ့်မယ်။ စာဖတ်သူ ပျိုမေလေးကိုယ်တိုင်လည်း အဲ့ဒီလိုစိတ်ညစ်ရတဲ့သူတွေထဲက တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်နေပေမယ့်လည်း ကိုယ်အလေးချိန်မကျတာကတော့ ပြုလုပ်ပုံနည်းစနစ်မှားယွင်းတာကြောင့်လည်း ပါ ပါတယ်။ ဒါဆိုရင် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်လေးတွေက ဘာများဖြစ်မလဲ။

အနေအထားမမှန်ခြင်း

သင်က Gym မှာ အခုမှ သွားဆော့တဲ့ အသစ်စက်စက်မန်ဘာဝင်တစ်ယောက်ဆိုရင် မှန်ကန်တဲ့အနေအထားကို သေချာလေ့လာသင်ယူဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အနေအထားက မမှန်ကန်ဘူးဆိုရင် သင့်ရဲ့ ကြွက်သားနဲ့ အရိုးအဆစ်တွေကို ဒဏ်ရာအနာတရဖြစ်စေပြီး သင့်ရဲ့ လေ့ကျင့်ခန်းလုပ်ဆောင်စွမ်းရည်လည်း လျော့ကျနိုင်ပါတယ်။ အလေ့အကျင့်ဆိုးတွေက ဖျောက်ဖျက်ရခက်တာကြောင့် အကျင့်မပါသွားအောင် အစကတည်းက မှန်ကန်တဲ့လေ့ကျင့်ခန်းအနေအထားတွေကို ပြုလုပ်ပေးလိုက်ပါ။

ဗိုက်ထဲမှာ အစာမရှိဘဲ လေ့ကျင့်ခန်းပြုလုပ်ခြင်း

လေ့ကျင့်ခန်း မပြုလုပ်ခင် ၄၅ မိနစ်၊ တစ်နာရီခန့်ကြိုတင်ပြီး အစားစားသုံးသင့်ပါတယ်။ ဗိုက်ထဲမှာ အစာမရှိဘဲနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ကို အားနည်းပြီး မူးမော်စေမှာပဲဖြစ်ပါတယ်။

ဝမ်းဗိုက်အဆီမြန်မြန်ကျချင်ဇောနဲ့ Cardio လေ့ကျင့်ခန်းတွေပဲ ပြုလုပ်ခြင်း

ဝမ်းဗိုက်အဆီကျစေတဲ့ လေ့ကျင့်ခန်းတွေပဲပြုလုပ်ခြင်းက သင့်ကြွက်သားတွေကို ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ လေ့ကျင့်ခန်းအစုံကို ညီမျှနေအောင် ပြုလုပ်ပေးပါ။ ဒါမှ ကြွက်သားအားလုံးကို အသုံးပြုမိပြီး အဆီပိုတွေ ကျသွားမှာပဲဖြစ်ပါတယ်။

ဘာမှမစားဘဲ အစာအငတ်ခံခြင်းကလည်း မှားယွင်းတဲ့အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။

အစား အလွန်အကျွံစားခြင်း

ကိုယ်က လေ့ကျင့်ခန်းလုပ်တာပဲ အစားမလျော့လည်း ဘာမှမဖြစ်ပါဘူးလို့ မထင်လိုက်နဲ့နော်။ လေ့ကျင့်ခန်းပြုလုပ်လို့ ပင်ပန်းတဲ့အခါ အစားအများကြီး စားချင်စိတ်တွေပေါ်လာပါလိမ့်မယ်။ အဲ့ဒီအခါ အစားမဆင်ခြင်ဘူးဆိုရင်တော့ ကိုယ်အလေးချိန်က နဂိုကထက် အများကြီးပိုတက်လာပါလိမ့်မယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလည်းလုပ်ရင်း၊ အဆီအဆိမ့်တွေကို ရှောင်ပြီး ဝိတ်ချလိုက်ပါ။

အိပ်ရေးဝဝမအိပ်ခြင်း

လေ့ကျင့်ခန်းပြုလုပ်တဲ့သူတွေအနေနဲ့ အိပ်ရေးဝဖို့က အရေးကြီးဆုံးပါပဲ။ အိပ်ရေးမဝတဲ့အခါ စိတ်ဖိစီးမှုခံစားရပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ကောင်းကောင်းမလုပ်နိုင်ဘဲ ကြွက်သားများနာကျင်နေပါလိမ့်မယ်။

Credit:mystylemyanmar
အလှအပ၊ ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top