iMyanmarHouse.com - Best Property Website for Myanmar
×


သဘာဝအတိုင္းျဖစ္ေပၚလာတဲ့ အေၾကာျပတ္ျခင္းသည္ လူအမ်ားစုတြင္ ျဖစ္ေပၚတတ္ တဲ့ေရာဂါတမ်ိဳးျဖစ္ပါတယ္။ အထူးသျဖင့္အမ်ိဳးသမီးေတြမွာအျဖစ္မ်ားၿပီး ေပါင္၊ ေျခသလုံး၊ ဝမ္းဗိုက္ ႏွင့္ အျခားေနရာေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ေပၚတတ္တဲ့အင္မတန္မွ ၾကည့္ရဆိုးလွတဲ့ ေရာဂါတမ်ိဳးပဲျဖစ္ပါတယ္။

တခ်ိဳ႕က သတိေတာင္မထားမိၾကသလို တခ်ိဳ႕က်ေတာ့လည္း ေပ်ာက္ကင္းေစမဲ့ နည္းလမ္းကို ရွာေဖြေနၾကပါတယ္။ ယခုေဖာ္ျပေပးမွာက အိမ္မွာလြယ္လြယ္ကူကူ ျပဳလုပ္နိုင္ၿပီး အေၾကာျပတ္ျခင္းေဝဒနာကို ကုသနိုင္တဲ့ နည္းလမ္းေကာင္းမ်ားကို ဖတ္ရႈၿပီး မိမိႏွစ္သက္ရာ အလြယ္တကူ အသုံးျပဳလို႔ ရနိုင္တဲ့ နည္းလမ္းကို ေရြးခ်ယ္အသံုးျပဳႏိုင္ပါတယ္

၁။ သၾကား



သၾကားသည္အေၾကာျပတ္ျခင္းကို ေပ်ာက္ကင္းေအာင္ စြမ္းေဆာင္ေပးနိုင့္သည့္ အေကာင္းဆုံး အိမ္တြင္း ကုထုံးတမ်ိဳးျဖစ္ပါတယ္။ ျပဳလုပ္နည္းကေတာ့ ပထမဆုံး သၾကားကို စားပြဲတင္ဇြန္း ၁ဇြန္းယူပါ။ ၿပီးေနာက္ မက္မြန္သီးဆီ ႏွင့္ သံပုယို သီးရည္( ေရွာက္ရည္) အနည္းငယ္ထည့္ပါ။

အားလုံးကို ေရာသမေမႊၿပီး ခႏၶာကိုယ္ရွိ အေၾကာမ်ား ျပတ္ေနေသာေနရာမ်ားတြင္ ၈မိနစ္ ၁၀ မိနစ္ ခန႔္ အသားထဲဝင္ေအာ လိမ္းေပးပါ။ ၿပီးရင္ေတာ့ ေရးေအးနဲ႔ ေဆးခ်လိုက္ပါ။ အိမ္သုံး သၾကားကုထုံးကို တေန႔တႀကိမ္ တစ္လ ခန္ ပုံမွန္ ျပဳလုပ္ေပးလိမ္းေပးျခင္း အားျဖင့္ အေၾကာျပတ္ျခင္း ကို ေပ်ာက္ကင္းေစနိုင္ပါတယ္။

၂။ အာလူး


ဗီတာမင္နဲ႔ သတၱဳဓါတ္မ်ားႂကြယ္ဝစြာပါတဲ့ အားလူးဟာလဲ အိမ္တြင္းလြယ္လြယ္ကူကူရတဲ့ ပစၥည္းတမ်ိဳးပါပဲ။အာလူးဟာ ခႏၶာကိုယ္ ကလာပ္စည္းမ်ားကို ႀကီးထြားေစျခင္းအတြက္ အေထာက္ကူျပဳပါတယ္။ ျပဳလုပ္နည္းကို ၾကည့္လိုက္ရေအာင္။

ပထမဆုံး အာလူးကို အေနေတာ္ေလာက္ ခပ္ထူထူေလးလွီးလိုက္ပါ။ ၿပီးေနာက္ လွီးထားေသာ အာလူးကို အေၾကာျပတ္ေနတဲ့ ေနရာမွာ အာလူးအရည္မ်ားေျခာက္ေသြ႕ သြားသည္အထိ မိနစ္အနည္းငယ္ေလာက္ ပြတ္ေပးပါ။ၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္လို႔ရပါၿပီ။ ဒီကုထုံးကလဲ တစ္ေန႔ကို တစ္ႀကိမ္ ေလာက္ျပဳလုပ္ေပးနိုင္ပါတယ္။

၃။ေရ

အလြယ္ကူဆုံး ကုထုံးပါပဲ။ ေန႔စဥ္ေသာက္သုံးေနတဲ့ ေရဟာ ခႏၶာကိုယ္အတြက္ ေအာက္ဆီဂ်င္ နဲ႔ အာဟာရဓါတ္မ်ားကို သယ္ေဆာင္လာေပးပါတယ္။ ေရေသာက္ျခင္းေၾကာင့္ ခႏၶာကိုယ္အေရျပားေပၚမွာ ျဖစ္ေပၚေနတဲ့ ေရာဂါ ျပသာနာ မ်ားကို ကာကြယ္ေပးၿပီး အသားအေရကို စိုေျပလွပေစပါတယ္။

ဒါေၾကာင့္တေန႔ကို ေရ ၁၀ ခြက္ ေသာက္ျခင္းဟာလဲ အသားေရ ႏူးညံ့မႈ နဲ႔ ဆဲလ္အသစ္ မ်ားေမြးဖြားမႈ နဲ႔ အေၾကာျပတ္ျခင္းေၾကာင့္ျဖစ္ေပၚေနတဲ့ အေရးအေၾကာင္းမ်ားကို သက္ သာေပ်ာက္ကင္းေစပါတယ္။ ေသာက္ရမည့္ ပမာဏကေတာ့ တေန႔ ၁ဝခြက္ပါ။

၄။ ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ဟာ ခႏၶာကိုယ္ရဲ့ အမ်ိဳးမ်ိဳးေသာ အေရျပားေရာဂါ မ်ား နဲ႔ တင္းရင္းေသာ အသားအေရ အတြက္ အေကာင္းဆုံး အာနိသင္ေပးစြမ္းနိုင္တဲ့ အပင္ျဖစ္ပါတယ္။ ရွားေစာင္း လက္ပက္ကုထုံးကေတာ့ ရွားေစာင္းလက္ပတ္ အပင္ကို ထက္ျခမ္းခြဲ အတြင္းရွိ ဂ်ယ္လီပုံစံ အၾကည္ေရာင္ အသားေလးမ်ားျဖင့္ အေၾကာျပတ္တဲ့ ေနရာကို

တိုက္ရိုက္ အသားထဲ စိမ့္ဝင္ေအာင္လိမ္းၿပီး မိနစ္အနည္းငယ္ၾကာမွ ေရေႏြးေႏြး ေလးျဖင့္ ေဆးခ်လိုက္ပါ။ ေနာက္တမ်ိဳးရွိပါေသးတယ္…. ရွားေစာင္းလက္ပတ္ရည္ကို လက္ဖက္ရည္ခြက္ျဖစ့္ ၄ပုံ ပုံ တစ္ပုံ စာယူလိုက္ပါ…

ဗီတာမင္ေအ အဆီ ၅ေတာင့္ နဲ႔ ဗီတာမင္အီး ၁၀ေတာင့္ ပါထည့္ ၿပီးေတာ့ ေရာသမေမႊ အရည္ကို အေၾကာျပတ္တဲ့အေပၚမွာလိမ္း ေျခာေသြ႕သြားေအာင္ထားၿပီး ေရေႏြးေႏြး နဲ႔ ေဆးခ်လိုက္ပါ။ ဒါေတြကလဲ တစ္ေန႔ကို တစ္ႀကိမ္ ျပဳလုပ္နိုင္ပါတယ္။

၅။သံလြင္ဆီ



သံလြင္ဆီဟာလဲ အန္တီေအာက္စီးဒန႔္ နဲ႔ အဟာရမ်ားစြာပါဝင္လို႔ အေၾကာျပတ္ျခင္းအတြက္ ထိေရာက္စြာအသုံးျပဳနိုင္ပါတယ္။ အသုံးျပဳနည္းကေတာ့ လြယ္ပါတယ္….

သံလြင္ဆီကို အပူအနည္းငယ္ေပး ၿပီးရင္ အေၾကာျပတ္ေနတဲ့ ေနရာေပၚေတြမွာညင္သာစြာ လိမ္းေပးလိုက္ျခင္းျဖင့္လည္း ေသြးလည္ပတ္မႈအားေကာင္းေစၿပီး အေၾကာျပတ္ျခင္း မ်ားေလ်ာ့ပါေပ်ာက္ကင္းသြာပါလိမ့္မယ္။ ဒီကုထုံးကေတာ့ တစ္ေန႔ ႏွစ္ႀကိမ္ေလာက္ လိမ္းေပးရပါမယ္။

၆။သံပုယိုရည္ (မရွိရင္ ေရွာက္ရည္)

သံပုယို ရည္မွာ အက္ဆစ္ဓါတ္ပါဝင္မႈေၾကာင့္ အေၾကာင္ျပတ္ျခင္းအျပင္။ ဝက္ၿခံ။ အေရျပား ထိခိုက္ဒဏ္ရာမ်ားကို လည္း သက္သာေပ်ာက္ကင္းေစပါတယ္။ အသုံးျပဳနည္းကေတာ့ သံပုယိုရည္ကို အေၾကာျပတ္တဲ့ ေနရာေပၚမွာ စက္ဝိုင္းပုံစုံ ျဖင့္ ညင္သာစြာႏွိပ္ႏွယ္ လိမ္းေပးၿပီး ၁၀ မိနစ္ခန႔္ၾကာရင္ေတာ့ ေရေႏြးနဲ႔ ေဆးခ်လိုက္လို႔ရပါၿပီ။

သံပုယိုအရည္ထဲမွာ သခြားသီးအရည္ ကိုလဲ ေရာထည့္ နိုင္ပါတယ္။ ဒီကုထုံးက တစ္ေန႔ ၂ ႀကိမ္ပါ။

၇။ၾကက္ဆူဆီ

ၾကက္ဆူဆီဟာ အေရျပားမွာ ျဖစ္ေပၚတတ္တဲ့ အမည္းစက္မ်ား၊ မွဲ႕ မ်ား၊ အနာရြတ္မ်ား၊ ဝတ္ၿခံမ်ား ႏွင့္ ဒဏ္ရာအစင္းရာ မ်ားကိုလဲ သက္သာေပ်ာက္ကင္းေစနိုင္တဲ့ အဆီတမ်ိဳးပါ။
ဒါေၾကာင့္ ခုၾကက္ဆူဆီကို အသုံးျပဳၾကည့္ပါမယ္။

ၾကက္ဆူဆီကို အေၾကာျပတ္ေနတဲ့ ေနရာေတြမွာ စက္ပုံစံ လိမ္းေပးၿပီး ၁၅ မိနစ္ခန႔္ ႏွိပ္ႏွယ္ေပးပါ။ မိနစ္အနည္းငယ္ထားၿပီး သန႔္ရွင္းတဲ့ အဝတ္စ နဲ႔ ပတ္တီးစီးသလို ထုတ္ေပးပါ။

အေပၚကမွ ေရေႏြးအိတ္ ေရေႏြးအိတ္မရွိလဲ ေရေႏြးကို ပုလင္းထဲ ထပ္ၿပီး အျပင္ဘက္မွာကပ္ေပးျခင္းျဖစ္လဲ ေပ်ာက္ကင္းနိုင္ပါတယ္။ ဒါကေတာ့ တစ္လတိတိ တေန႔တႀကိမ္ တစ္ခါကပ္ရင္ နာရီဝက္ ခန႔္ပုံမွန္ ကပ္ေပးရမွာပါ။

၈။ ကိုကိုးေထာပတ္

ကိုကိုးေထာပတ္ဟာလည္း ေသြးလည္ပတ္မႈ အားေကာင္းေစဖို႔ ကူညီေပး႐ုံမကပဲ အခုအေၾကာျပတ္မႈ ေတြအတြက္ပါ အသုံးဝင္ပါတယ္။ အသုံးျပဳနည္းကေတာ့ ကိုကိုးေထာပတ္ကို တစ္ေန႔ ႏွစ္ႀကိမ္ ခႏၶာက္ိုယ္ ေပၚက အေၾကာျပတ္ေနတဲ့ ေနရာေတြမွာ လိမ္းၿပီး ႏွိပ္ႏွယ္ေပးပါ။ ဒီကုထုံးကေတာ့ တစ္ေန႔ႏွစ္ႀကိမ္ ႏွစ္လတိတိ ျပဳလုပ္ေပးရမွာပါ။

Credit:Gentleman Magazine

အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ အကြောပြတ်ခြင်းသည် လူအများစုတွင် ဖြစ်ပေါ်တတ်တဲ့ရောဂါတမျိုးဖြစ်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေမှာအဖြစ်များပြီး ပေါင်၊ ခြေသလုံး၊ ဝမ်းဗိုက် နှင့် အခြားနေရာတော်တော်များများမှာ ဖြစ်ပေါ်တတ်တဲ့အင်မတန်မှ ကြည့်ရဆိုးလှတဲ့ ရောဂါတမျိုးပဲဖြစ်ပါတယ်။

တချို့က သတိတောင်မထားမိကြသလို တချို့ကျတော့လည်း ပျောက်ကင်းစေမဲ့ နည်းလမ်းကို ရှာဖွေနေကြပါတယ်။ ယခုဖော်ပြပေးမှာက အိမ်မှာလွယ်လွယ်ကူကူ ပြုလုပ်နိုင်ပြီး အကြောပြတ်ခြင်းဝေဒနာကို ကုသနိုင်တဲ့ နည်းလမ်းကောင်းများကို ဖတ်ရှုပြီး မိမိနှစ်သက်ရာ အလွယ်တကူ အသုံးပြုလို့ ရနိုင်တဲ့ နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်

၁။ သကြား

သကြားသည်အကြောပြတ်ခြင်းကို ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင့်သည့် အကောင်းဆုံး အိမ်တွင်း ကုထုံးတမျိုးဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ ပထမဆုံး သကြားကို စားပွဲတင်ဇွန်း ၁ဇွန်းယူပါ။ ပြီးနောက် မက်မွန်သီးဆီ နှင့် သံပုယို သီးရည်( ရှောက်ရည်) အနည်းငယ်ထည့်ပါ။

အားလုံးကို ရောသမမွှေပြီး ခန္ဓာကိုယ်ရှိ အကြောများ ပြတ်နေသောနေရာများတွင် ၈မိနစ် ၁၀ မိနစ် ခန့် အသားထဲဝင်အော လိမ်းပေးပါ။ ပြီးရင်တော့ ရေးအေးနဲ့ ဆေးချလိုက်ပါ။ အိမ်သုံး သကြားကုထုံးကို တနေ့တကြိမ် တစ်လ ခန် ပုံမှန် ပြုလုပ်ပေးလိမ်းပေးခြင်း အားဖြင့် အကြောပြတ်ခြင်း ကို ပျောက်ကင်းစေနိုင်ပါတယ်။

၂။ အာလူး

ဗီတာမင်နဲ့ သတ္တုဓါတ်များကြွယ်ဝစွာပါတဲ့ အားလူးဟာလဲ အိမ်တွင်းလွယ်လွယ်ကူကူရတဲ့ ပစ္စည်းတမျိုးပါပဲ။အာလူးဟာ ခန္ဓာကိုယ် ကလာပ်စည်းများကို ကြီးထွားစေခြင်းအတွက် အထောက်ကူပြုပါတယ်။ ပြုလုပ်နည်းကို ကြည့်လိုက်ရအောင်။

ပထမဆုံး အာလူးကို အနေတော်လောက် ခပ်ထူထူလေးလှီးလိုက်ပါ။ ပြီးနောက် လှီးထားသော အာလူးကို အကြောပြတ်နေတဲ့ နေရာမှာ အာလူးအရည်များခြောက်သွေ့ သွားသည်အထိ မိနစ်အနည်းငယ်လောက် ပွတ်ပေးပါ။ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်လို့ရပါပြီ။ ဒီကုထုံးကလဲ တစ်နေ့ကို တစ်ကြိမ် လောက်ပြုလုပ်ပေးနိုင်ပါတယ်။

၃။ရေ

အလွယ်ကူဆုံး ကုထုံးပါပဲ။ နေ့စဉ်သောက်သုံးနေတဲ့ ရေဟာ ခန္ဓာကိုယ်အတွက် အောက်ဆီဂျင် နဲ့ အာဟာရဓါတ်များကို သယ်ဆောင်လာပေးပါတယ်။ ရေသောက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရောဂါ ပြသာနာ များကို ကာကွယ်ပေးပြီး အသားအရေကို စိုပြေလှပစေပါတယ်။

ဒါကြောင့်တနေ့ကို ရေ ၁၀ ခွက် သောက်ခြင်းဟာလဲ အသားရေ နူးညံ့မှု နဲ့ ဆဲလ်အသစ် များမွေးဖွားမှု နဲ့ အကြောပြတ်ခြင်းကြောင့်ဖြစ်ပေါ်နေတဲ့ အရေးအကြောင်းများကို သက် သာပျောက်ကင်းစေပါတယ်။ သောက်ရမည့် ပမာဏကတော့ တနေ့ ၁ဝခွက်ပါ။

၄။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ ခန္ဓာကိုယ်ရဲ့ အမျိုးမျိုးသော အရေပြားရောဂါ များ နဲ့ တင်းရင်းသော အသားအရေ အတွက် အကောင်းဆုံး အာနိသင်ပေးစွမ်းနိုင်တဲ့ အပင်ဖြစ်ပါတယ်။ ရှားစောင်း လက်ပက်ကုထုံးကတော့ ရှားစောင်းလက်ပတ် အပင်ကို ထက်ခြမ်းခွဲ အတွင်းရှိ ဂျယ်လီပုံစံ အကြည်ရောင် အသားလေးများဖြင့် အကြောပြတ်တဲ့ နေရာကို

တိုက်ရိုက် အသားထဲ စိမ့်ဝင်အောင်လိမ်းပြီး မိနစ်အနည်းငယ်ကြာမှ ရေနွေးနွေး လေးဖြင့် ဆေးချလိုက်ပါ။ နောက်တမျိုးရှိပါသေးတယ်…. ရှားစောင်းလက်ပတ်ရည်ကို လက်ဖက်ရည်ခွက်ဖြစ့် ၄ပုံ ပုံ တစ်ပုံ စာယူလိုက်ပါ…

ဗီတာမင်အေ အဆီ ၅တောင့် နဲ့ ဗီတာမင်အီး ၁၀တောင့် ပါထည့် ပြီးတော့ ရောသမမွှေ အရည်ကို အကြောပြတ်တဲ့အပေါ်မှာလိမ်း ခြောသွေ့သွားအောင်ထားပြီး ရေနွေးနွေး နဲ့ ဆေးချလိုက်ပါ။ ဒါတွေကလဲ တစ်နေ့ကို တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။

၅။သံလွင်ဆီ

သံလွင်ဆီဟာလဲ အန်တီအောက်စီးဒန့် နဲ့ အဟာရများစွာပါဝင်လို့ အကြောပြတ်ခြင်းအတွက် ထိရောက်စွာအသုံးပြုနိုင်ပါတယ်။ အသုံးပြုနည်းကတော့ လွယ်ပါတယ်….

သံလွင်ဆီကို အပူအနည်းငယ်ပေး ပြီးရင် အကြောပြတ်နေတဲ့ နေရာပေါ်တွေမှာညင်သာစွာ လိမ်းပေးလိုက်ခြင်းဖြင့်လည်း သွေးလည်ပတ်မှုအားကောင်းစေပြီး အကြောပြတ်ခြင်း များလျော့ပါပျောက်ကင်းသွာပါလိမ့်မယ်။ ဒီကုထုံးကတော့ တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပေးရပါမယ်။

၆။သံပုယိုရည် (မရှိရင် ရှောက်ရည်)

သံပုယို ရည်မှာ အက်ဆစ်ဓါတ်ပါဝင်မှုကြောင့် အကြောင်ပြတ်ခြင်းအပြင်။ ဝက်ခြံ။ အရေပြား ထိခိုက်ဒဏ်ရာများကို လည်း သက်သာပျောက်ကင်းစေပါတယ်။ အသုံးပြုနည်းကတော့ သံပုယိုရည်ကို အကြောပြတ်တဲ့ နေရာပေါ်မှာ စက်ဝိုင်းပုံစုံ ဖြင့် ညင်သာစွာနှိပ်နှယ် လိမ်းပေးပြီး ၁၀ မိနစ်ခန့်ကြာရင်တော့ ရေနွေးနဲ့ ဆေးချလိုက်လို့ရပါပြီ။

သံပုယိုအရည်ထဲမှာ သခွားသီးအရည် ကိုလဲ ရောထည့် နိုင်ပါတယ်။ ဒီကုထုံးက တစ်နေ့ ၂ ကြိမ်ပါ။

၇။ကြက်ဆူဆီ

ကြက်ဆူဆီဟာ အရေပြားမှာ ဖြစ်ပေါ်တတ်တဲ့ အမည်းစက်များ၊ မှဲ့ များ၊ အနာရွတ်များ၊ ဝတ်ခြံများ နှင့် ဒဏ်ရာအစင်းရာ များကိုလဲ သက်သာပျောက်ကင်းစေနိုင်တဲ့ အဆီတမျိုးပါ။
ဒါကြောင့် ခုကြက်ဆူဆီကို အသုံးပြုကြည့်ပါမယ်။

ကြက်ဆူဆီကို အကြောပြတ်နေတဲ့ နေရာတွေမှာ စက်ပုံစံ လိမ်းပေးပြီး ၁၅ မိနစ်ခန့် နှိပ်နှယ်ပေးပါ။ မိနစ်အနည်းငယ်ထားပြီး သန့်ရှင်းတဲ့ အဝတ်စ နဲ့ ပတ်တီးစီးသလို ထုတ်ပေးပါ။

အပေါ်ကမှ ရေနွေးအိတ် ရေနွေးအိတ်မရှိလဲ ရေနွေးကို ပုလင်းထဲ ထပ်ပြီး အပြင်ဘက်မှာကပ်ပေးခြင်းဖြစ်လဲ ပျောက်ကင်းနိုင်ပါတယ်။ ဒါကတော့ တစ်လတိတိ တနေ့တကြိမ် တစ်ခါကပ်ရင် နာရီဝက် ခန့်ပုံမှန် ကပ်ပေးရမှာပါ။

၈။ ကိုကိုးထောပတ်

ကိုကိုးထောပတ်ဟာလည်း သွေးလည်ပတ်မှု အားကောင်းစေဖို့ ကူညီပေးရုံမကပဲ အခုအကြောပြတ်မှု တွေအတွက်ပါ အသုံးဝင်ပါတယ်။ အသုံးပြုနည်းကတော့ ကိုကိုးထောပတ်ကို တစ်နေ့ နှစ်ကြိမ် ခန္ဓာကိုယ် ပေါ်က အကြောပြတ်နေတဲ့ နေရာတွေမှာ လိမ်းပြီး နှိပ်နှယ်ပေးပါ။ ဒီကုထုံးကတော့ တစ်နေ့နှစ်ကြိမ် နှစ်လတိတိ ပြုလုပ်ပေးရမှာပါ။

Credit:Gentleman Magazine

အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top