iMyanmarHouse.com - Best Property Website for Myanmar
×
















Credit:marry


# Unicode Version # ဖြင့် ဖတ်ပါ #


ကျက်သရေ ရှိလှတဲ့ ပုစွန်ဆီရောင် ဆန်တဲ့ သခွါး ရွှေရောင်သတို့သမီးလေးနဲ့ လိုက်ဖက်ညီတဲ့ ဒီစိန်စီ လက်ကိုင်ပန်းလေးအလှကို ပြန်လည် ဝေမျှလိုက်ရပါတယ်။

မင်္ဂလာပွဲလေးအလယ်မှာ အလှပဆုံး မင်းသမီးလေး ဖြစ်နေရမယ့်သတို့သမီးလေး အတွက်ကတော့ အလှဆုံး ဖြစ်စေမယ့်အရာလေးတွေကို သေချာ ပြင်ဆင်ပေးတတ်မှ ဖြစ်မှာပါ။

 ပြင်ဆင်တဲ့အချိန်မှာလည်း သူများတွေနဲ့ မတူတဲ့ပြင်ဆင်မှုမျိုးကို ပြင်ဆင်ချင်တဲ့ သတို့သမီးလေးအတွက်ကတော့ အခု Marry ပြန်လည် ဝေမျှပေးချင်တာကတော့  စိန်တွေ စီခြယ်ထားတဲ့သတို့သမီးလက်ကိုင်ပန်းလေးအကြောင်းပဲ ဖြစ်ပါတယ်။

သတို့သမီးလေးရဲ့ အလှကို အကောင်းဆုံး ပံ့ပိုးပေးမယ့်အရာလေးတွေ အထဲမှာ လက်ကိုင်ပန်းလေးကိုတော့ မေ့ထားလို့ မရပါဘူး။ မင်္ဂလာပွဲလေးမှာ သတို့သမီးလေး ရဲ့အလှတွေကို သိသာစေမယ့်အရာလေးတွေ အထဲမှာ လက်ကိုင်ပန်းကလည်း အဓိကနေရာမှာ ရှိနေမှာပါ။

လက်ကိုင်ပန်းလေးကို သတို့သမီးဝတ်စုံလေးနဲ့ လိုက်ပြီး အလှဆုံး ပြုလုပ်တတ်ပါတယ်။ အခုတစ်ခါ Marry ရွေးချယ်ပေးမယ့် သတို့သမီး လက်ကိုင်ပန်းကတော့ ပန်းတွေကို စိန်တွေနဲ့ရောပြီး ပြုလုပ်ထားတဲ့လက်ကိုင်ပန်းလေးပဲ ဖြစ်ပါတယ်။

ပုစွန်ဆီရောင် ဆန်တဲ့ သခွါး ရွှေရောင်သတို့သမီးလေး (Photo:Mogok Pauk Pauk)

ကျက်သရေ ရှိလှတဲ့ ပုစွန်ဆီရောင် ဆန်တဲ့ သခွါး ရွှေရောင်သတို့သမီးလေးနဲ့ လိုက်ဖက်ညီတဲ့ ဒီစိန်စီ လက်ကိုင်ပန်းလေးအလှကတော့ မင်္ဂလာပွဲလေးကို ပိုမို အသက်ဝင် လှပစေနိုင်ပါတယ်။

မင်္ဂလာပွဲလေး ပြီးပြည့်စုံအောင် လှပနေဖို့ အတွက်ကတော့ သတို့သမီးလေး အလှကို အကောင်းဆုံးပံ့ပိုးပေးနိုင်မယ့်အရာလေးတွေကိုပဲ သေချာ ရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်။  သစ်ခွပန်းနဲ့ ပြုလုပ်ထားတဲ့ လက်ကိုင်ပန်းလေးကိုလည်း ပြောပြထားပါတယ်။

အချိန်တိုင်းစာ လှပနေမယ့် လက်ကိုင်ပန်း (Photo:Mogok Pauk Pauk)Marry ရဲ့ သတို့သ မီးလေးတို့လည်း အခု ပြောပြပေးတဲ့လက်ကိုင်ပန်းလေးကို ကြည့်ပေးပြီး ကိုယ့်အလှည့်ကျရင် ဘယ်လို လက်ကိုင်ပန်းမျိုးကို ရွေးချယ်လိုက်မလဲ ဆိုတဲ့အကြံကောင်းတွေ ရရှိနိုင်ပါစေလို့ ဝေမျှပေးလိုက်ရပါတယ်။

Credit:marry

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top