iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Nanamalgyi
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
#Unicode Version#
ယောက်ျားလေးတွေရဲ့နှုတ်ဖျားမှာ တခေးတည်းခေး နေတဲ့ အလှမယ် ၊ သရုပ်ဆောင် ခင်ဝင့်ဝါ ရဲ့အချစ်ရေးအခြေအနေကို တော်တော်များများက စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ခင်ဝင့်ဝါ က သူရဲ့အချစ်ရေးအခြေအနေကို ဆယ်လီရပ်ကွက် မီဒီယာနဲ့အင်တာဗျူးတစ်ခုမှာပြောပြထားတာရှိပါတယ် ။ သူပြောပြသွားတာတွေကို မိတ်ဆွေတွေအတွက် ပြန်ပြောပြလိုက်ပါတယ်။ သူရဲ့ယောက်ျားလေးပရိသတ်တွေဘယ်လိုခံစားရမလဲဆိုတာကိုတော့အောက်မှဆက်ဖတ်ကြည့်ကြပါနော်။
“ညီမကမင်္ဂလာဆောင်နဲ့ပတ်သက်ပြီးတော့စိတ်ကူးမယဉ်ထားဘူး ။ဆိုတော့ ယောက်ျားက ရမလားမရမလားက မသေချာဘူးဆိုတော့လေ သူများမင်္ဂလာဆောင်လာရတာပျော်တယ်။ ကိုယ့်ရဲ့အနုပညာမောင်နှမတွေထဲက ဘယ်သူပဲယူယူ အရမ်းအေးချမ်း.. ဘယ်လိုပြောရမလဲ သူ့တို့အစားပျော်နေရတာပေါ့နော် အပျော်တွေကူးစက်တယ်။အဲ့ဒီလိုမျိုးလေးပေါ့ဆိုပြီးပြောပြသွားခဲ့ပါတယ်။” လို့ပြောပြသွားခဲ့ပြီး ချစ်ခွင့်ပန်ထားတဲ့သူရှိလားဆိုတော့ “ မရှိဘူး မရှိဘူး တကယ်(ရယ်လျက်) ၊ ဒါကအချိန်တန်ရင်စဉ်းစားစရာမလိုဘူး ကိုယ့်ဘေးနားရောက်လာမှာပေါ့နော်။ ဒါပေမယ့် အခုလောလာဆယ်ကိုယ့်ဘေးနားရောက်မလာသေးဘူးဆိုတော့”ရယ်လို့ပြောပြပေးခဲ့ပါတယ်။
ခေးကို ကတုံးနဲ့မြင်ရတဲ့ခံစားချက်ကိုလဲ “ငါဘယ်တုန်းက ကတုံးနဲ့မိတ်ကပ်ကြီးနဲ့ဖြစ်သွားတာလဲပေါ့။ ကိုယ့်ကိုချစ်လို့ ကိုယ့်ကိုအဲ့ဒီလိုမျိုးလေး (စဉ်းစားလျက်) ကိုယ့်ကိုချစ်လို့ပဲဖြစ်ဖြစ် မုန်းလို့ပဲဖြစ်ဖြစ် ကိုယ့်ကိုစိတ်ထဲမှာရှိလို့ အဲ့ဒီလိုမျိုးလေးလုပ်ပေးတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေပျော်တယ်။ ပရိသတ်တွေရယ်တယ်ဆိုတော့ ကုသိုလ်ရတာပေါ့ ။
ဆိုပြီးပြောပြသွားတဲ့နောက် ခေးကိုမထိနဲ့လို့ပြောကြတဲ့ပရိသတ်တွေအတွက်ကိုလည်း “ညီမကိုအရင်ကတည်းကနေခုချိန်ထိအားပေးနေတဲ့ အမာခံပရိသတ်တစ်စုကတော့ ညီမဘာပဲလုပ်လုပ် ညီမကိုချစ်နေတယ် ညီမရဲ့အနုပညာလုပ်ငန်းတွေအားပေးတယ် ။တချို့ကျတော့ လည်းမကြိုက်တဲ့သူတွေကျတော့လည်း ဘာမှမပြောဘူး ။ မုန်းတဲ့သူတွေကျတော့လည်း ဝေဖန်တယ်။ ဒါကတော့အများကြီးပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုချစ်တဲ့ပရိသတ်တစ်စုအတွက် ညီမအကောင်းဆုံးကြိုးစားနေပါတယ်။ ကြိုးစားသွားပါ့မယ်။”ဆိုပြီးပြောသွားပါတယ်။ ခေးကိုချစ်တဲ့ ကိုကိုတွေအတွက်တော့ ဝမ်းသာစရာတွေပါပဲနော်။ ချိဖတို့အားလုံးပျော်နေကြပြီမလား ။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top