iMyanmarHouse.com - Best Property Website for Myanmar
×



အူဝဲ










နဂါးမယ်တော် နေခြည်ဦး


နာဂသူလေး မာရီကိုးလ်

Credit:Nanmalgyi


#Unicode Version#
ကဲ...့ အားလုံး အကယ်ဒမီ ကြည့်နေကြမှာ သေချာပါတယ်။ အခုပရိသတ်တွေ အတွက် တင်ဆက်ပေးမှာကတော့ မြန်မာ့ အနုပညာရှင်တွေရဲ့ အဂေါ်ဆုံး အထွင်နိုင်ဆုံး အကယ်ဒမီ ဖက်ရှင်တွေပဲ ဖြစ်ပါတယ်။

လက်ရှိ မြင်ရသလောက် ဒီဇိုင်းဆန်းတွေ ထဲကမှ ပရိသတ် သဘောကျလောက်မယ့် ဒီဇိုင်း အဂေါ် အဆန်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်။

အူဝဲ

ဒါကတော့ ဂေါ်တယ်ဆိုတာထက် ချစ်စရာကောင်းလွန်းလို့ အရင်ဆုံး တင်ဆက်ပေးပါရစေနော်။ အရမ်းကို ချစ်စရာကောင်းပြီး ရိုးရိုးရှင်းရှင်းနဲ့ ကို ဆန်းနေတဲ့ ဖက်ရှင်ပါပဲ။ အူဝဲရဲ့ ဖက်ရှင် အမြင်ကိုတော့ ဘယ်သူမှ မကျော်နိုင်မှာ သေချာပါတယ်။

ကချင်ရိုးရာဝတ်စုံလေး နဲ့ လှနေသူလေး

ရဝမ် ကချင် ရိုးရာ အဆင်လေးနဲ့ ဂေါ်ထွက်နေသူကတော့ ဆာရာဆောင်းဦးပဲ ဖြစ်ပါတယ်။ Hand madeအစစ် အိတ်နဲ့ ဖိနပ်ပြင်ဆင်ပေးထားတာလို့ဆိုပါတယ်။ ကဲ…ကြွေကြလား  ပြောကြည့် !

ဝတ်စုံ အဂေါ်ကြီးနဲ့ အိချောပို

မီးတောက် အလန်းစားနေတွနဲ့ ဂေါ်နေသူကတော့ အိချောပိုပါပဲ။ ဝတ်စုံအောက်ခြေဒီဇိုင်းက သူ့ဝတ်စုံရဲ့ အသက်ပါပဲနော်။ ဘယ်လိုလဲ ကြိုက်ကြရဲ့လား

အဂေါ်ဆုံး အဝါရောင်ပန်းပွင့်လေး နန်းစုရတီစိုး

ဒီနှစ်အကယ်ဒမီပွဲတက်ဝတ်စုံလေး ကို နွေဦးရာသီမှာ အလှပဆုံးပွင့်ကြတဲ့ ပြီးပြည့်စုံသောချစ်ခြင်းတရား,မေတ္တာတရားတို့ကို ဖော်ကျူးတဲ့ ကျူးလစ်ပန်း (Tulip ) ပန်း ပုံစံလေး ဖန်တီးထားပါတယ်တဲ့။ ကဲ….ကြွေနေပြီလောက်တော့ လုပ်လိုက်တော့ !

အမိုက်စား မြင်ရတဲ့ ခင်လှိုင်တို့ စုံတွဲ

ထုံးစံအတိုင်း ဦးခင်လှိုင်တို့ကတော့ ဂေါ်ထွက်နေပါပြီ။ သေချာကြည့်တော့မှ ဟိုတလောက အရမ်းပေါက်သွားတဲ့ ဘွဲ့ယူတဲ့ ကောင်လေးတွေရဲ့ ဝတ်စုံတွေနဲ့တောင်ခပ်ဆင်ဆင်ပါပဲ။ ဆိုဘေမယ့် အရမ်းဂေါ်ပါတယ်နော်။

နဂါးမယ်တော် နေခြည်ဦး

အမိုက်စား ဆံပင်ဒီဇိုင်းနဲ့ အဂေါ်ဆုံး လုပ်ချလိုက်သူကတော့ ချီချီပါ။ အဆန်းဆုံးတွေပဲ လုပ်ချပစ်တတ်တဲ့ ချီချီကတော့ ဒီနှစ်မှာ ပထမဆုံး အကြိမ်အကယ်ဒမီပွဲကို တက်ရောက်တာဖြစ်ပြီး အကယ်ဒမီအတွက်လည်း ရင်ခုန်နေပါတယ်တဲ့။ Dragon theme နဲ့ ဖန်တီးထားတဲ့ ချီချီ့ရဲ့ ဝတ်စုံက ဂေါ်ထွက်နေရဲ့လား။

နာဂသူလေး မာရီကိုးလ်

စကားပြောပြတ်သားပြီး ချစ်စရာကောင်းလှတဲ့ မာရီကိုးလ်ကတော့ ပြတ်ပြတ်သားသားပဲ တိုင်းရင်းသား ဝတ်စုံလေးနဲ့ တက်ရောက်လာခဲ့ပါတယ်။ လာမငြင်းပါနဲ့တော့…သူအဂေါ်ဆုံးပါပဲနော်။

Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top