iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၈ ခုႏွစ္အတြက္ အကယ္ဒမီထူးခြ်န္ဆုေပးပြဲ အခမ္းအနားကေတာ့ ျပည္သူေတြၾကားမွာ ေတာ္ေတာ္ေလးကုိ ဂယက္ထခဲ့တယ္ဆိုတာကိုေတာ့ သိျပီးသား ျဖစ္မွာပါ။ အကယ္ဒမီဆု ရရွိသြားတဲ့ သူေတြအေနနဲ႔ ျပည္သူေတြရဲ့ ဆႏၵနဲ႔ ထပ္တူမက်တာေၾကာင့္ ယခုႏွစ္အကယ္ဒမီေပးပြဲကေတာ့ ေဝဖန္မႈ မ်ားစြာနဲ႔ ျပီးဆံုးခဲ့ရတာ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ျပီး ျပည္သူေတြကေတာ့ လက္ရွိ အကယ္ဒမီအကဲျဖတ္အဖြဲ႔ကို ႏႈတ္ထြက္ခိုင္းေနျပီး တက္သစ္စလူငယ္ေတြကို ေနရာေပးဖို႔ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။ ယင္းကိစၥကိုေတာ့ အကယ္ဒမီ အကဲျဖတ္ဒိုင္တဦးျဖစ္တဲ့ ၾကည္စိုးထြန္းကေတာ့ ယခုလိုပဲ ေျပာၾကားသြား ခဲ့ပါတယ္။

ဆယ္လီရပ္ကြက္နဲ႔ အင္တာဗ်ဴးမွာေတာ့ အကယ္ဒမီအကဲျဖတ္အဖြဲ႔ဝင္ ၾကည္စိုးထြန္းကေတာ့ “ျဖစ္ေစခ်င္တာကို ဆရာေျပာတာေပါ့။ ဟုတ္ျပီ အဘိုးၾကီး အဘြားၾကီးေတြ ဆံုးျဖတ္တာဟာ မမွ်တဘူးလို႔ထင္ရင္ လူငယ္ေတြနဲ႔ အစားထိုးၾကရေအာင္ ဒါကိုေတာ့ ဆရာက လက္ခံႏိုင္တယ္။ အစားထိုးမယ္ဆိုလည္း လူငယ္ေတြကို ရွာၾက။ ျပီးရင္ ဘယ္လိုလူငယ္ေတြနဲ႔ အလုပ္လုပ္ၾကမလဲ။ ဆရာကေတာ့ ေက်နပ္တယ္။ ေကာင္းရင္ျပီးတာပဲ မွ်တရင္ ျပီးတာပဲ။ ဆရာတို႔ လုပ္ခဲ့တုန္းကလည္း တက္ႏိုင္သမွ် အကတိတရားနဲ႔ ကင္းေဝေအာင္ ေလာဘေဒါသေမာဟ နဲ႔ ကင္းေဝးေအာင္ လုပ္ခဲ့ပါတယ္။ ဒါဟာ မမွ်တဘူးထင္ရင္ အဘိုးၾကီးေတြနဲ႔ လုပ္တာေအာက္တယ္လို႔ထင္ရင္ လူငယ္ေတြနဲ႔ လုပ္ပါ ဆရာတို႔ လက္ခံပါတယ္။  မျငင္းပါဘူး။ လူငယ္ေတြကုိ ရွာၾကပါ”

ေရႊၾကာရုပ္ရွင္ကို ေဝဖန္ေနတဲ့ အေပၚမွာ “ဆရာတို႔ေျပာခ်င္တာက ေရႊၾကာကားေလးကို ၾကည့္ေပးေစခ်င္ပါတယ္။ ေျပာသင့္တဲ့စကားေတာ့ မဟုတ္ပါဘူး။ ဆရာကိုယ္တိုင္ကေတာ့ ေရႊၾကာကို မေပးပါဘူး။ သို႔ေသာ္လည္း ေရႊၾကာကို ၾကည့္ေပမယ့္လည္း ထင္ထားတာနဲ႔မတူဘူး။ ေရႊၾကာကို မေကာင္းတဲ့ ျပည့္တန္ဆာဇာတ္ကားလို႔ ထင္ရေပမယ့္ သူကမဟုတ္ဘူး။ တကယ့္ကိုျပည္တန္ဆာဖက္က လံုျခံဳမႈတို႔ သူတို႔က်န္းမာေရးတို႔ကို စာနာျပီးေတာ့ ရိုက္ထားတဲ့ ရုပ္ရွင္ကား ျဖစ္ပါတယ္။ ညစ္ညစ္ပတ္ပတ္ ဇာတ္ကားမဟုတ္ဘူးလို႔ ဆရာေျပာခ်င္ပါတယ္။ ျပီးေတာ့လည္း ႏိုင္ငံျခားကား တကားနဲ႔ တူတယ္လို႔ ေျပာထားၾကတယ္။ ဟိုက တရုတ္ရာဇဝင္ကားျဖစ္တယ္။ ျပီးေတာ့ အဲ့ကားက Sex ကားပါ။ ဒါေၾကာင့္လံုးဝကို မတူပါဘူး”

တခ်ိဳ႔ဆုေတြကို ပရိသတ္ေတြ မေက်နပ္ၾကတဲ့ အေပၚမွာေတာ့ “ဆရာတခုေျပာခ်င္တာ ရွိတယ္။ အရည္အေသြးခ်င္းတူလာရင္ တခ်ိဳ႔သရုပ္ေဆာင္ေတြက ေခါက္ရိုးက်ိဳးေနတဲ့ အမူယာေတြ ရွိတယ္။ သူတို႔က သူတို႔ကုိယ္သူတို႔ ျပန္ျပီးေတာ့ ျပိဳင္ရတာ။ အရင္ဇာတ္ကားနဲ႔ ကာရိုက္တာ မတူေအာင္လုပ္ရတယ္။ ခပ္ဆင္ဆင္လာျဖစ္ေနရင္ေတာ့ မတိုးတက္ဘူးေပါ့။ ဒါေလးေတြလည္း သေဘာေပါက္ဖို႔ေတာ့ လိုပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit:Nanmalgyti
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားကတော့ ပြည်သူတွေကြားမှာ တော်တော်လေးကို ဂယက်ထခဲ့တယ်ဆိုတာကိုတော့ သိပြီးသား ဖြစ်မှာပါ။ အကယ်ဒမီဆု ရရှိသွားတဲ့ သူတွေအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ထပ်တူမကျတာကြောင့် ယခုနှစ်အကယ်ဒမီပေးပွဲကတော့ ဝေဖန်မှု များစွာနဲ့ ပြီးဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေကတော့ လက်ရှိ အကယ်ဒမီအကဲဖြတ်အဖွဲ့ကို နှုတ်ထွက်ခိုင်းနေပြီး တက်သစ်စလူငယ်တွေကို နေရာပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ယင်းကိစ္စကိုတော့ အကယ်ဒမီ အကဲဖြတ်ဒိုင်တဦးဖြစ်တဲ့ ကြည်စိုးထွန်းကတော့ ယခုလိုပဲ ပြောကြားသွား ခဲ့ပါတယ်။

ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူးမှာတော့ အကယ်ဒမီအကဲဖြတ်အဖွဲ့ဝင် ကြည်စိုးထွန်းကတော့ “ဖြစ်စေချင်တာကို ဆရာပြောတာပေါ့။ ဟုတ်ပြီ အဘိုးကြီး အဘွားကြီးတွေ ဆုံးဖြတ်တာဟာ မမျှတဘူးလို့ထင်ရင် လူငယ်တွေနဲ့ အစားထိုးကြရအောင် ဒါကိုတော့ ဆရာက လက်ခံနိုင်တယ်။ အစားထိုးမယ်ဆိုလည်း လူငယ်တွေကို ရှာကြ။ ပြီးရင် ဘယ်လိုလူငယ်တွေနဲ့ အလုပ်လုပ်ကြမလဲ။ ဆရာကတော့ ကျေနပ်တယ်။ ကောင်းရင်ပြီးတာပဲ မျှတရင် ပြီးတာပဲ။ ဆရာတို့ လုပ်ခဲ့တုန်းကလည်း တက်နိုင်သမျှ အကတိတရားနဲ့ ကင်းဝေအောင် လောဘဒေါသမောဟ နဲ့ ကင်းဝေးအောင် လုပ်ခဲ့ပါတယ်။ ဒါဟာ မမျှတဘူးထင်ရင် အဘိုးကြီးတွေနဲ့ လုပ်တာအောက်တယ်လို့ထင်ရင် လူငယ်တွေနဲ့ လုပ်ပါ ဆရာတို့ လက်ခံပါတယ်။  မငြင်းပါဘူး။ လူငယ်တွေကို ရှာကြပါ”

ရွှေကြာရုပ်ရှင်ကို ဝေဖန်နေတဲ့ အပေါ်မှာ “ဆရာတို့ပြောချင်တာက ရွှေကြာကားလေးကို ကြည့်ပေးစေချင်ပါတယ်။ ပြောသင့်တဲ့စကားတော့ မဟုတ်ပါဘူး။ ဆရာကိုယ်တိုင်ကတော့ ရွှေကြာကို မပေးပါဘူး။ သို့သော်လည်း ရွှေကြာကို ကြည့်ပေမယ့်လည်း ထင်ထားတာနဲ့မတူဘူး။ ရွှေကြာကို မကောင်းတဲ့ ပြည့်တန်ဆာဇာတ်ကားလို့ ထင်ရပေမယ့် သူကမဟုတ်ဘူး။ တကယ့်ကိုပြည်တန်ဆာဖက်က လုံခြုံမှုတို့ သူတို့ကျန်းမာရေးတို့ကို စာနာပြီးတော့ ရိုက်ထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ညစ်ညစ်ပတ်ပတ် ဇာတ်ကားမဟုတ်ဘူးလို့ ဆရာပြောချင်ပါတယ်။ ပြီးတော့လည်း နိုင်ငံခြားကား တကားနဲ့ တူတယ်လို့ ပြောထားကြတယ်။ ဟိုက တရုတ်ရာဇဝင်ကားဖြစ်တယ်။ ပြီးတော့ အဲ့ကားက Sex ကားပါ။ ဒါကြောင့်လုံးဝကို မတူပါဘူး”

တချို့ဆုတွေကို ပရိသတ်တွေ မကျေနပ်ကြတဲ့ အပေါ်မှာတော့ “ဆရာတခုပြောချင်တာ ရှိတယ်။ အရည်အသွေးချင်းတူလာရင် တချို့သရုပ်ဆောင်တွေက ခေါက်ရိုးကျိုးနေတဲ့ အမူယာတွေ ရှိတယ်။ သူတို့က သူတို့ကိုယ်သူတို့ ပြန်ပြီးတော့ ပြိုင်ရတာ။ အရင်ဇာတ်ကားနဲ့ ကာရိုက်တာ မတူအောင်လုပ်ရတယ်။ ခပ်ဆင်ဆင်လာဖြစ်နေရင်တော့ မတိုးတက်ဘူးပေါ့။ ဒါလေးတွေလည်း သဘောပေါက်ဖို့တော့ လိုပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။


Credit:Nanmalgyti

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top