iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္ေလးေတြကုိ အရမ္း အသဲယားေစတဲ့ ေကာင္မေလးေတြရဲ႕ အျပဳအမူေလးမ်ား

ကုိယ္ခ်စ္ရတဲ့ ေကာင္မေလးေတြ ဆီမွာ ေသခ်ာေပါက္ ခ်စ္သူ ေကာင္ေလးကို အသဲယားေစတဲ့ အျပဳအမူေလးေတြ ရွိပါတယ္။ အဲဒီအျပဳအမူေလး ေတြကုိ မိန္းကေလးေတြက မထင္မွတ္ပဲ ျပဳမူ တတ္ၾကၿပီး၊ သူမတုိ႔ ဘာသာ ဒီလုိ ျပဳမူ လုိက္ျခင္းေၾကာင့္ ဒီေလာက္ ခ်စ္စရာေကာင္းသြား လိမ့္မယ္မွန္း သိေလ့ မရွိၾက ပါဘူး။ ဒီေတာ့ ေယာက္်ားေလးေတြကုိ အသဲ အရမ္း ယားေစတဲ့ မိန္းကေလးေတြရဲ့ အျပဳအမူေလးေတြကို ပရိသတ္ႀကီး အတြက္ ေဖာ္ျပေပးလုိက္ ပါတယ္။

၁။ နာမည္ေခၚတဲ့အခါ

ေကာင္မေလးေတြက သူတုိ႔ ခ်စ္ရတဲ့ ခ်စ္သူကုိ ဘယ္လုိ နာမည္မ်ိဳးေခၚမလဲ ဆုိၿပီး ႀကိဳေတြး ထားတတ္ၾကပါတယ္။ ဥပမာ အားျဖင့္ ကုိဇင္လင္းထက္ ဆုိတဲ့ နာမည္ကုိ ကုိလင္းလုိ႔ ေခၚမယ္ဆုိၿပီး စိတ္ထဲက ႀကိဳေတြထားတဲ့ သေဘာမ်ိဳးေပါ့။ တခါတေလ ကုိ ေမာင္ ခ်ီးထုတ္ ဂ်ပုိး စတဲ့ နာမည္ေျပာင္ေလးေတြလည္း ျဖစ္ေနတတ္ ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလုိ ေခၚလုိက္တဲ့ ခဏမွာ အမ်ိဳးသားေတြကို ခ်စ္စိတ္ေတြ ပြားေစပါတယ္ ။ (မႀကိဳက္ဖူး ဆုိတဲ့ နာမည္ ကိုေတာ့ မေခၚနဲ႔ေပါ့ေနာ)

ေကာင္ေလးေတြကုိ အရမ္း အသဲယားေစတဲ့ ေကာင္မေလးေတြရဲ႕ အျပဳအမူေလးမ်ား.. 2

၂။ ေရခ်ိဳးေနရင္း ျပဳမူတတ္တဲ့ အေလ့အထ

ခ်စ္သူေကာင္မေလး ေရခ်ိဳးတာကို တစိမ့္စိမ့္ ထုိင္ၾကည့္ခြင့္ရတဲ့ ခ်စ္သူေကာင္ေလးရယ္ လုိ႔ေတာ့ မရင္းနီးခင္ စပ္ၾကားမွာ ရွိမွာေတာ့ မဟုတ္ပါဘူး။ ဒီေတာ့ သူနဲ႔ကုိယ္နဲ႔ တေယာက္နဲ႔ တေယာက္ နားလည္ေနေပမယ့္၊ တေယာက္နဲ႔ တေယာက္ ႐ိႈးတုိ႔ရွန္းတန္႔ ျဖစ္ေနဆဲ အခ်ိန္မ်ိဳးမွာ ေကာင္မေလးက ေရခ်ိဳးရင္း သီခ်င္းဆုိလုိက္၊ သ႐ုပ္ေဆာင္လုိက္၊ ေပါက္တက္ကရ ေအာ္လုိက္ လုပ္ေနတာ မ်ိဳးကုိ ကာယကံရွင္ ေကာင္ေလးက ေတြ႕ဖူးသြားတယ္ ဆုိရင္ အေတာ္ေလး အသဲယားစရာ ေကာင္းပါတယ္

၃။ အားကစားဝတ္စုံေလးနဲ႔

မိန္းကေလးေတြ ခႏၶာကုိယ္ အလွကို အေပၚလြင္ဆုံး အခ်ိန္က ဘီကီနီဝတ္မွ မဟုတ္ပါဘူး။ အားကစား ဝတ္စုံ၀တ္ၿပီး၊ အားကစား ေလ့က်င့္ခန္းေတြ လုပ္ေနတဲ့ အခ်ိန္ဟာ ခႏၶာကိုယ္ အလွဆုံးအခ်ိန္ပါဘဲ။ ဒီလုိ ကိုယ့္ခ်စ္သူကုိ အားကစားဝတ္စုံနဲ႔ အတူတူေတြ႕လုိက္ရတဲ့ အခိုက္အတန္႔မွာ ေကာင္ေလး တစ္ေယာက္ ရင္ကုိ ဗရမ္းဗတာ ခုန္ေစ ပါတယ္ ။

ေကာင္ေလးေတြကုိ အရမ္း အသဲယားေစတဲ့ ေကာင္မေလးေတြရဲ႕ အျပဳအမူေလးမ်ား.. 3

၄။ တခုခု ခ်က္ျပဳတ္ေနတဲ့ အခါ

အခ်က္အျပဳတ္ ဆုိတာ ပ်ိဳေမတုိ႔ မျဖစ္မေန တက္ေျမာက္ထား သင့္တဲ့ ပညာလုိ႔ ဆုိပါရေစ ။ ခင္ပြနး္ကို ထမင္းေကၽြးတဲ့ အခါတုိင္းမွာ အိမ္အကူ ခ်က္ျပဳတ္ေပး ထားေတြကို စားပြဲေပၚ တင္ေပးႏုိင္႐ုံ ေလာက္ နဲ႔ေတာ့ ခင္ပြန္းသည္ရဲ႕ အခ်စ္ကုိ ျပည့္ျပည့္ဝဝ ရႏုိင္မွာ မဟုတ္ပါဘူး။ ဒီေတာ့ ေယာက္်ားေလးေတြ အမ်ိဴးသမီး တေယာက္ကုိ အထင္ႀကီး ေလးစားမႈ ျဖစ္ေစတဲ့ အခ်ိန္ ကေတာ့ ထမင္းဟင္း ခ်က္ေနတာကို ပထမဆုံး ျမင္ေတြ႕ရခ်ိန္လုိ႔ ဆုိရ မွာပါ။

၅။ ကုိယ့္အဝတ္အစားေတြ ယူဝတ္တဲ့အခါ

သူနဲ႔သင္က သိပ္ကုိ ခင္မင္ရင္းနီးေနတယ္ ဆုိရင္၊ တခါတေလ တမင္တကာပဲ ျဖစ္ျဖစ္၊ ခရီးသြားဟန္လႊဲပဲျဖစ္ျဖစ္၊ သူ႕အဝတ္အစားေတြကို အေျခအေန အရ ယူဝတ္လုိက္ ရတာမ်ိဳး ရွိေကာင္း ရွိႏုိင္ပါတယ္ ။ ဥပမာ ႏွစ္ဦးသား မုိးမိၿပီး၊ သူ႕အိမ္ကုိ သင္ေရာက္ေနတဲ့ အခါမ်ိဳး ဆုိပါေတာ့။ အမ်ိဳးသား တေယာက္ရဲ႕ ပုံမက် ပန္းမက် အဝတ္အစားေတြဟာ အမ်ိဳးသမီးရဲ႕ ခႏၶာကိုယ္ေပၚမွာ အလြန္ စြဲေဆာင္အားေကာင္းတဲ့ အဆင္တန္ဆာေတြ ျဖစ္ေစ ပါတယ္။

ေကာင္ေလးေတြကုိ အရမ္း အသဲယားေစတဲ့ ေကာင္မေလးေတြရဲ႕ အျပဳအမူေလးမ်ား.. 4

၆။ ဘာမွ မလိမ္းျခယ္တဲ့ ပကတိအလွ

တစ္ခ်ိဳ႕ေသာ မိမိ ကိုယ္ကိုယ္ ယုံၾကည္မႈရွိတဲ့ အမ်ိဳးသမီးေတြက ဘာကိုမွ မလိမ္းျခယ္ပဲ ဧည့္သည္ေတြနဲ႔ လက္ခံေတြ႕ဆုံႏုိင္ၾက ပါတယ္။ အမ်ိဳးသမီး ေတာ္ေတာ္ မ်ားမ်ားက အလွျပင္လုိက္မွ အလွေပၚလြင္တယ္ ဆုိေပမယ့္၊ တစ္ခါတေလ ဘာမွ ျပဳျပင္ထားျခင္း မရွိတဲ့ ပကတိအလွဟာ ေယာက္်ား တေယာက္ရဲ႕ ဘဝ တခုလုံးကုိေတာင္ သိမ္းပုိက္ႏုိင္ ပါတယ္။

၇။ သီခ်င္း ေဟာ္ႀကီးဟစ္က်ယ္ ဆုိတဲ့အခါ

တခါတေလ ကားအတူတူ စီးျဖစ္လုိ႔ သီးခ်င္း အတူတူ နားေထာင္ျဖစ္တဲ့ အခါ သူ သိပ္မရတဲ့ သီခ်င္းကုိလည္း ခပ္တည္တည္ ေပါက္တက္ကရ လုိက္ဆုိ တတ္တဲ့ အမူအယာေတြ ကလည္း အသဲယားဖုိ႔ အလြန္ ေကာင္းပါတယ္။

Credit: burmese.asia
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version# ျဖင့္ဖတ္ပါ ။

ကောင်လေးတွေကို အရမ်း အသဲယားစေတဲ့ ကောင်မလေးတွေရဲ့ အပြုအမူလေးများ

ကိုယ်ချစ်ရတဲ့ ကောင်မလေးတွေ ဆီမှာ သေချာပေါက် ချစ်သူ ကောင်လေးကို အသဲယားစေတဲ့ အပြုအမူလေးတွေ ရှိပါတယ်။ အဲဒီအပြုအမူလေး တွေကို မိန်းကလေးတွေက မထင်မှတ်ပဲ ပြုမူ တတ်ကြပြီး၊ သူမတို့ ဘာသာ ဒီလို ပြုမူ လိုက်ခြင်းကြောင့် ဒီလောက် ချစ်စရာကောင်းသွား လိမ့်မယ်မှန်း သိလေ့ မရှိကြ ပါဘူး။ ဒီတော့ ယောက်ျားလေးတွေကို အသဲ အရမ်း ယားစေတဲ့ မိန်းကလေးတွေရဲ့ အပြုအမူလေးတွေကို ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက် ပါတယ်။

၁။ နာမည်ခေါ်တဲ့အခါ

ကောင်မလေးတွေက သူတို့ ချစ်ရတဲ့ ချစ်သူကို ဘယ်လို နာမည်မျိုးခေါ်မလဲ ဆိုပြီး ကြိုတွေး ထားတတ်ကြပါတယ်။ ဥပမာ အားဖြင့် ကိုဇင်လင်းထက် ဆိုတဲ့ နာမည်ကို ကိုလင်းလို့ ခေါ်မယ်ဆိုပြီး စိတ်ထဲက ကြိုတွေထားတဲ့ သဘောမျိုးပေါ့။ တခါတလေ ကို မောင် ချီးထုတ် ဂျပိုး စတဲ့ နာမည်ပြောင်လေးတွေလည်း ဖြစ်နေတတ် ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ခေါ်လိုက်တဲ့ ခဏမှာ အမျိုးသားတွေကို ချစ်စိတ်တွေ ပွားစေပါတယ် ။ (မကြိုက်ဖူး ဆိုတဲ့ နာမည် ကိုတော့ မခေါ်နဲ့ပေါ့နော)

ကောင်လေးတွေကို အရမ်း အသဲယားစေတဲ့ ကောင်မလေးတွေရဲ့ အပြုအမူလေးများ.. 2

၂။ ရေချိုးနေရင်း ပြုမူတတ်တဲ့ အလေ့အထ

ချစ်သူကောင်မလေး ရေချိုးတာကို တစိမ့်စိမ့် ထိုင်ကြည့်ခွင့်ရတဲ့ ချစ်သူကောင်လေးရယ် လို့တော့ မရင်းနီးခင် စပ်ကြားမှာ ရှိမှာတော့ မဟုတ်ပါဘူး။ ဒီတော့ သူနဲ့ကိုယ်နဲ့ တယောက်နဲ့ တယောက် နားလည်နေပေမယ့်၊ တယောက်နဲ့ တယောက် ရှိုးတို့ရှန်းတန့် ဖြစ်နေဆဲ အချိန်မျိုးမှာ ကောင်မလေးက ရေချိုးရင်း သီချင်းဆိုလိုက်၊ သရုပ်ဆောင်လိုက်၊ ပေါက်တက်ကရ အော်လိုက် လုပ်နေတာ မျိုးကို ကာယကံရှင် ကောင်လေးက တွေ့ဖူးသွားတယ် ဆိုရင် အတော်လေး အသဲယားစရာ ကောင်းပါတယ်

၃။ အားကစားဝတ်စုံလေးနဲ့

မိန်းကလေးတွေ ခန္ဓာကိုယ် အလှကို အပေါ်လွင်ဆုံး အချိန်က ဘီကီနီဝတ်မှ မဟုတ်ပါဘူး။ အားကစား ဝတ်စုံဝတ်ပြီး၊ အားကစား လေ့ကျင့်ခန်းတွေ လုပ်နေတဲ့ အချိန်ဟာ ခန္ဓာကိုယ် အလှဆုံးအချိန်ပါဘဲ။ ဒီလို ကိုယ့်ချစ်သူကို အားကစားဝတ်စုံနဲ့ အတူတူတွေ့လိုက်ရတဲ့ အခိုက်အတန့်မှာ ကောင်လေး တစ်ယောက် ရင်ကို ဗရမ်းဗတာ ခုန်စေ ပါတယ် ။

ကောင်လေးတွေကို အရမ်း အသဲယားစေတဲ့ ကောင်မလေးတွေရဲ့ အပြုအမူလေးများ.. 3

၄။ တခုခု ချက်ပြုတ်နေတဲ့ အခါ

အချက်အပြုတ် ဆိုတာ ပျိုမေတို့ မဖြစ်မနေ တက်မြောက်ထား သင့်တဲ့ ပညာလို့ ဆိုပါရစေ ။ ခင်ပွန်းကို ထမင်းကျွေးတဲ့ အခါတိုင်းမှာ အိမ်အကူ ချက်ပြုတ်ပေး ထားတွေကို စားပွဲပေါ် တင်ပေးနိုင်ရုံ လောက် နဲ့တော့ ခင်ပွန်းသည်ရဲ့ အချစ်ကို ပြည့်ပြည့်ဝဝ ရနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ယောက်ျားလေးတွေ အမျိူးသမီး တယောက်ကို အထင်ကြီး လေးစားမှု ဖြစ်စေတဲ့ အချိန် ကတော့ ထမင်းဟင်း ချက်နေတာကို ပထမဆုံး မြင်တွေ့ရချိန်လို့ ဆိုရ မှာပါ။

၅။ ကိုယ့်အဝတ်အစားတွေ ယူဝတ်တဲ့အခါ

သူနဲ့သင်က သိပ်ကို ခင်မင်ရင်းနီးနေတယ် ဆိုရင်၊ တခါတလေ တမင်တကာပဲ ဖြစ်ဖြစ်၊ ခရီးသွားဟန်လွှဲပဲဖြစ်ဖြစ်၊ သူ့အဝတ်အစားတွေကို အခြေအနေ အရ ယူဝတ်လိုက် ရတာမျိုး ရှိကောင်း ရှိနိုင်ပါတယ် ။ ဥပမာ နှစ်ဦးသား မိုးမိပြီး၊ သူ့အိမ်ကို သင်ရောက်နေတဲ့ အခါမျိုး ဆိုပါတော့။ အမျိုးသား တယောက်ရဲ့ ပုံမကျ ပန်းမကျ အဝတ်အစားတွေဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အလွန် စွဲဆောင်အားကောင်းတဲ့ အဆင်တန်ဆာတွေ ဖြစ်စေ ပါတယ်။

ကောင်လေးတွေကို အရမ်း အသဲယားစေတဲ့ ကောင်မလေးတွေရဲ့ အပြုအမူလေးများ.. 4

၆။ ဘာမှ မလိမ်းခြယ်တဲ့ ပကတိအလှ

တစ်ချို့သော မိမိ ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေက ဘာကိုမှ မလိမ်းခြယ်ပဲ ဧည့်သည်တွေနဲ့ လက်ခံတွေ့ဆုံနိုင်ကြ ပါတယ်။ အမျိုးသမီး တော်တော် များများက အလှပြင်လိုက်မှ အလှပေါ်လွင်တယ် ဆိုပေမယ့်၊ တစ်ခါတလေ ဘာမှ ပြုပြင်ထားခြင်း မရှိတဲ့ ပကတိအလှဟာ ယောက်ျား တယောက်ရဲ့ ဘဝ တခုလုံးကိုတောင် သိမ်းပိုက်နိုင် ပါတယ်။

၇။ သီချင်း ဟော်ကြီးဟစ်ကျယ် ဆိုတဲ့အခါ

တခါတလေ ကားအတူတူ စီးဖြစ်လို့ သီးချင်း အတူတူ နားထောင်ဖြစ်တဲ့ အခါ သူ သိပ်မရတဲ့ သီချင်းကိုလည်း ခပ်တည်တည် ပေါက်တက်ကရ လိုက်ဆို တတ်တဲ့ အမူအယာတွေ ကလည်း အသဲယားဖို့ အလွန် ကောင်းပါတယ်။

Credit: burmese.asia
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top