iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္မွာ ထိခိုက္အနာတရတစ္ခုခုရွိေနျပီဆိုရင္ အေမအျမဲေျပာတယ္မလား။ ၾကက္သား စားမွ အနာျမန္ျမန္က်က္မွာဆိုျပီးေလ။ ငယ္တုန္းကဆို ခဏခဏဒူးျပဲ၊ နဖူးကြဲ၊ လက္နဲ႔ေျခေထာက္ထိခိုက္ပြန္းပဲ့တာေတြ ျဖစ္ဖူးၾကမွာပဲဆိုေတာ့ ၾကက္သား ေတြစားခဲ့ရမွာေသခ်ာပါတယ္။ ကိုယ္က သတိမထားမိခဲ့တာပဲရွိမွာပါ။

ၾကက္သား စားရင္ အနာက အသားတက္တာျမန္တယ္တဲ့။ အရြယ္ေရာက္လာေတာ့ ဒီလိုၾကားရရင္ သိပ္မယံုခ်င္ေတာ့ဘူး။ ၾကက္သားစားရင္ အားရွိတာကလြဲလို႔ အနာနဲ႔ဘာဆိုင္လို႔လဲ ေတြးမိလာတယ္။ တကယ္က ဒီအခ်က္က မွန္ပါတယ္။ ၾကက္သားမွာ ၾကြယ္ဝစြာပါဝင္တဲ့ ပရိုတင္းေၾကာင့္ပါ။

အနာက်က္ျခင္းျဖစ္စဥ္အေပၚ သက္ေရာက္မႈရွိနိုင္တဲ့အခ်က္ေတြက အမ်ားၾကီးရွိပါတယ္။ ဒါေပမယ့္ သန္႔ရွင္းမႈ၊ မွန္ကန္တဲ့ ဂရုစိုက္မႈ၊ ဖံုးအုပ္ကာကြယ္မႈတို႔လို အခ်က္ေတြအျပင္ စားေသာက္မႈအာဟာရကလည္း အေရးပါတယ္ဆိုတာ မေမ့သင့္ပါဘူး။ သင့္တင့္လံုေလာက္တဲ့ အာဟာရေတြစားသံုးဖို႔ ဂရုမစိုက္ရင္ အနာက်က္နိုင္စြမ္းကို ေႏွာင့္ေႏွးေစျပီး အနာရင္းေစနိုင္၊ အမာရြတ္ျဖစ္ေစနိုင္ပါတယ္။ ညီညြတ္မွ်တတဲ့ ဂလူးကုိ႔စ္ပမာဏ၊ ဗီတာမင္ C ၊ ကယ္လ္စီယမ္တို႔လို ဓာတ္ေတြလိုပဲ ပရိုတင္းရဲ႕သက္ေရာက္မႈကလည္း မေသးပါဘူး။

လူ႔ခႏၶာကိုယ္ဟာ ၾကြက္သား၊ အေရျပားနဲ႔ တျခားတစ္ရွဴးေတြတည္ေဆာက္နုိင္ဖို႔၊ ျပန္လည္ျပဳျပင္ဖို႔အတြက္ ပရိုတင္းဓာတ္ကိုလိုအပ္ပါတယ္။ ပရိုတင္းဓာတ္က ေရာဂါပိုးေတြကိုခုခံနုိင္ျပီး ခႏၶာကိုယ္တြင္းကအရည္ဓာတ္ေတြကို ထိန္းညွိေပးတယ္၊ ခႏၶာကိုယ္အႏွံ႔ ေအာက္ဆီဂ်င္ပို႔လႊတ္မႈကိုလည္း ကူညီအားေပးတယ္။ ဒါ့ေၾကာင့္ ထိခိုက္ဒဏ္ရာတစ္ခုခုရွိရင္ အစာစားရင္ ေဆးျဖစ္ေအာင္စားပါ၊ ကယ္လိုရီလံုေလာက္ေအာင္စားဖို႔နဲ႔ ပရိုတင္းၾကြယ္ဝတာပိုစားဖို႔ သတိရသင့္ပါတယ္။
ပရိုတင္းရဲ႕လုပ္ေဆာင္ခ်က္

ပရိုတင္းက ခႏၶာကိုယ္မွာ –

ေဟာ္မုန္းနဲ႔အင္ဇိုင္းေတြထုတ္လုပ္မႈ၊
ဆဲလ္ေတြ ပြားမ်ားမႈနဲ႔
အေရျပားနဲ႔ တစ္ရွဴးဖြံ႔ျဖိဳးမႈကို အားေပးတယ္၊
ေရာဂါပိုးဝင္ျခင္းကို ကာကြယ္ေပးတယ္၊ ခုခံေပးတယ္၊
ခႏၶာကိုယ္ထဲမွာ အရည္ဓာတ္နဲ႔ သတၱဳဓာတ္ေတြကိုထိန္းညွိေပးတယ္၊
ခႏၶာကိုယ္အႏွံ႔နဲ႔ အနာတဝိုက္ ေအာက္ဆီဂ်င္ေရာက္ရွိမႈကို ကူညီေပးတယ္။

ပရိုတင္းက အနာက်က္ဖို႔ဘယ္လိုအက်ိဳးျပဳသလဲ

ထိခိုက္ယိုယြင္းေနတဲ့ တစ္ရွဴးေတြကို ျပန္လည္ေကာင္းမြန္လာေအာင္ ပရိုတင္းက ကူညီေပးတာျဖစ္တဲ့အတြက္ ပရိုတင္းဓာတ္ခ်ိဳ႕တဲ့ေနသူေတြမွာ အနာက်က္ေႏွးတာေတြ႔ရပါတယ္။ ခႏၶာကိုယ္မွာ ပရိုတင္းဓာတ္မလံုေလာက္တဲ့အခါ ေကာ္လာဂ်င္ျဖစ္ေပၚမႈမွာ ျပႆနာရွိလာပါတယ္။ ဒါ့အျပင္ ထိခိုက္ဒဏ္ရာရွိေနရင္ အနာတဝိုက္မွာ အရည္ဆံုးရံႈးမႈေၾကာင့္ အနာက်က္ျခင္းျဖစ္စဥ္အတြင္း ခႏၶာကိုယ္မွာ ပရိုတင္းဆံုးရံႈးမႈပိုျဖစ္ေစနိုင္ပါတယ္။ ဒါ့ေၾကာင့္ပဲ အနာမက်က္ခင္ကာလအတြင္း ပရိုတင္းမ်ားမ်ားစားသင့္တာပါ။

တစ္ေန႔ကို ပရိုတင္းပမာဏဘယ္ေလာက္စားဖို႔လိုလဲဆိုတာကေတာ့ ပံုမွန္အားျဖင့္ အသက္အရြယ္၊ လိင္ကြဲျပားမႈ၊ လႈပ္ရွားမႈတို႔ကို မူတည္ပါတယ္။ ထိခိုက္ဒဏ္ရာရွိေနရင္ေတာ့ ပရိုတင္းပိုစားေပးဖို႔လိုတဲ့အတြက္ အဆီမပါတဲ့ အသား၊ ၾကက္သား၊ဘဲသား၊စတာေတြစားပါ။ ပရိုတင္းက အသားမွာပဲ ပါတာမဟုတ္လို႔ ၾကက္ဥ၊ နို႔ထြက္ပစၥည္းနဲ႔ ပဲအမ်ိဳးမ်ိဳး၊ အေစ့အဆန္ေတြကေနလည္း ရရွိနိုင္ပါတယ္။

ဇီဝျဖစ္စဥ္ေတြအားလံုးအတြက္ အေရးပါတဲ့ေမာ္လီက်ဴးေတြျဖစ္တဲ့ အမိုင္နိုအက္စစ္ေတြ ပရိုတင္းမွာပါဝင္တဲ့အျပင္ glutamine နဲ႔ glycine တို႔က ပရိုတင္း၊အဆီဓာတ္၊ ကာဗိုဟိုက္ဒရိတ္၊ ဗီတာမင္၊ သတၱဳဓာတ္ေတြနဲ႔ေရဓာတ္ေတြအပါအဝင္ အာဟာရဓာတ္အားလံုးကို စုပ္ယူဖို႔၊ ေပးပို႔ဖို႔၊ သိုေလွာင္ဖို႔ ကူညီေပးတဲ့လုပ္ေဆာင္ခ်က္ရွိပါတယ္။ ဒီအမိုင္နိုအက္စစ္ေတြကို ခႏၶာကိုယ္က သူ႔အလိုလုိ မထုတ္လုပ္နိုင္ေပမယ့္ အစားအစာကေနရရွိနုိင္ပါတယ္။ သုေတသနေတြအရ အမိုင္နိုအက္စစ္ဟာ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြ၊ သေႏၶမေအာင္ျခင္း၊ အဝလြန္ေရာဂါ၊ ဆီးခ်ိဳေရာဂါ၊အာရံုေၾကာအားနည္းျခင္းတို႔လို အေျခအေနေတြကို ကာကြယ္၊ကုသနုိင္တယ္လို႔ သိရပါတယ္။

Credit: Mizzima
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ့်မှာ ထိခိုက်အနာတရတစ်ခုခုရှိနေပြီဆိုရင် အမေအမြဲပြောတယ်မလား။ ကြက်သား စားမှ အနာမြန်မြန်ကျက်မှာဆိုပြီးလေ။ ငယ်တုန်းကဆို ခဏခဏဒူးပြဲ၊ နဖူးကွဲ၊ လက်နဲ့ခြေထောက်ထိခိုက်ပွန်းပဲ့တာတွေ ဖြစ်ဖူးကြမှာပဲဆိုတော့ ကြက်သား တွေစားခဲ့ရမှာသေချာပါတယ်။ ကိုယ်က သတိမထားမိခဲ့တာပဲရှိမှာပါ။

ကြက်သား စားရင် အနာက အသားတက်တာမြန်တယ်တဲ့။ အရွယ်ရောက်လာတော့ ဒီလိုကြားရရင် သိပ်မယုံချင်တော့ဘူး။ ကြက်သားစားရင် အားရှိတာကလွဲလို့ အနာနဲ့ဘာဆိုင်လို့လဲ တွေးမိလာတယ်။ တကယ်က ဒီအချက်က မှန်ပါတယ်။ ကြက်သားမှာ ကြွယ်ဝစွာပါဝင်တဲ့ ပရိုတင်းကြောင့်ပါ။

အနာကျက်ခြင်းဖြစ်စဉ်အပေါ် သက်ရောက်မှုရှိနိုင်တဲ့အချက်တွေက အများကြီးရှိပါတယ်။ ဒါပေမယ့် သန့်ရှင်းမှု၊ မှန်ကန်တဲ့ ဂရုစိုက်မှု၊ ဖုံးအုပ်ကာကွယ်မှုတို့လို အချက်တွေအပြင် စားသောက်မှုအာဟာရကလည်း အရေးပါတယ်ဆိုတာ မမေ့သင့်ပါဘူး။ သင့်တင့်လုံလောက်တဲ့ အာဟာရတွေစားသုံးဖို့ ဂရုမစိုက်ရင် အနာကျက်နိုင်စွမ်းကို နှောင့်နှေးစေပြီး အနာရင်းစေနိုင်၊ အမာရွတ်ဖြစ်စေနိုင်ပါတယ်။ ညီညွတ်မျှတတဲ့ ဂလူးကို့စ်ပမာဏ၊ ဗီတာမင် C ၊ ကယ်လ်စီယမ်တို့လို ဓာတ်တွေလိုပဲ ပရိုတင်းရဲ့သက်ရောက်မှုကလည်း မသေးပါဘူး။

လူ့ခန္ဓာကိုယ်ဟာ ကြွက်သား၊ အရေပြားနဲ့ တခြားတစ်ရှူးတွေတည်ဆောက်နိုင်ဖို့၊ ပြန်လည်ပြုပြင်ဖို့အတွက် ပရိုတင်းဓာတ်ကိုလိုအပ်ပါတယ်။ ပရိုတင်းဓာတ်က ရောဂါပိုးတွေကိုခုခံနိုင်ပြီး ခန္ဓာကိုယ်တွင်းကအရည်ဓာတ်တွေကို ထိန်းညှိပေးတယ်၊ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ပို့လွှတ်မှုကိုလည်း ကူညီအားပေးတယ်။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုရှိရင် အစာစားရင် ဆေးဖြစ်အောင်စားပါ၊ ကယ်လိုရီလုံလောက်အောင်စားဖို့နဲ့ ပရိုတင်းကြွယ်ဝတာပိုစားဖို့ သတိရသင့်ပါတယ်။
ပရိုတင်းရဲ့လုပ်ဆောင်ချက်

ပရိုတင်းက ခန္ဓာကိုယ်မှာ –

ဟော်မုန်းနဲ့အင်ဇိုင်းတွေထုတ်လုပ်မှု၊
ဆဲလ်တွေ ပွားများမှုနဲ့
အရေပြားနဲ့ တစ်ရှူးဖွံ့ဖြိုးမှုကို အားပေးတယ်၊
ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးတယ်၊ ခုခံပေးတယ်၊
ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်နဲ့ သတ္တုဓာတ်တွေကိုထိန်းညှိပေးတယ်၊
ခန္ဓာကိုယ်အနှံ့နဲ့ အနာတဝိုက် အောက်ဆီဂျင်ရောက်ရှိမှုကို ကူညီပေးတယ်။

ပရိုတင်းက အနာကျက်ဖို့ဘယ်လိုအကျိုးပြုသလဲ

ထိခိုက်ယိုယွင်းနေတဲ့ တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်လာအောင် ပရိုတင်းက ကူညီပေးတာဖြစ်တဲ့အတွက် ပရိုတင်းဓာတ်ချို့တဲ့နေသူတွေမှာ အနာကျက်နှေးတာတွေ့ရပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်မလုံလောက်တဲ့အခါ ကော်လာဂျင်ဖြစ်ပေါ်မှုမှာ ပြဿနာရှိလာပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရှိနေရင် အနာတဝိုက်မှာ အရည်ဆုံးရှုံးမှုကြောင့် အနာကျက်ခြင်းဖြစ်စဉ်အတွင်း ခန္ဓာကိုယ်မှာ ပရိုတင်းဆုံးရှုံးမှုပိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အနာမကျက်ခင်ကာလအတွင်း ပရိုတင်းများများစားသင့်တာပါ။

တစ်နေ့ကို ပရိုတင်းပမာဏဘယ်လောက်စားဖို့လိုလဲဆိုတာကတော့ ပုံမှန်အားဖြင့် အသက်အရွယ်၊ လိင်ကွဲပြားမှု၊ လှုပ်ရှားမှုတို့ကို မူတည်ပါတယ်။ ထိခိုက်ဒဏ်ရာရှိနေရင်တော့ ပရိုတင်းပိုစားပေးဖို့လိုတဲ့အတွက် အဆီမပါတဲ့ အသား၊ ကြက်သား၊ဘဲသား၊စတာတွေစားပါ။ ပရိုတင်းက အသားမှာပဲ ပါတာမဟုတ်လို့ ကြက်ဥ၊ နို့ထွက်ပစ္စည်းနဲ့ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေကနေလည်း ရရှိနိုင်ပါတယ်။

ဇီဝဖြစ်စဉ်တွေအားလုံးအတွက် အရေးပါတဲ့မော်လီကျူးတွေဖြစ်တဲ့ အမိုင်နိုအက်စစ်တွေ ပရိုတင်းမှာပါဝင်တဲ့အပြင် glutamine နဲ့ glycine တို့က ပရိုတင်း၊အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ရေဓာတ်တွေအပါအဝင် အာဟာရဓာတ်အားလုံးကို စုပ်ယူဖို့၊ ပေးပို့ဖို့၊ သိုလှောင်ဖို့ ကူညီပေးတဲ့လုပ်ဆောင်ချက်ရှိပါတယ်။ ဒီအမိုင်နိုအက်စစ်တွေကို ခန္ဓာကိုယ်က သူ့အလိုလို မထုတ်လုပ်နိုင်ပေမယ့် အစားအစာကနေရရှိနိုင်ပါတယ်။ သုတေသနတွေအရ အမိုင်နိုအက်စစ်ဟာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ သန္ဓေမအောင်ခြင်း၊ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊အာရုံကြောအားနည်းခြင်းတို့လို အခြေအနေတွေကို ကာကွယ်၊ကုသနိုင်တယ်လို့ သိရပါတယ်။

Credit: Mizzima
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top