iMyanmarHouse.com - Best Property Website for Myanmar
×








Credit: Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

#Unicode Version#


မြန်မာ့ရုပ်ရှင်လောကမှာ မြန်မာ့ဗီဒီယိုဈေးကွက် မပျက်ခင်အချိန်တုန်းက ဇာတ်ကားကောင်းတွေနဲ့ ယောက်ျားလေးရော မိန်းကလေးတွေရဲ့ အားပေးနှစ်သက်မှုကိုရရှိထားပြီး လက်ရှိအချိန်မှာ မိခင်ဖြစ်သူ ကျန်းမေရေးအခြေအနေကြောင့် ကားရိုက်နည်းနေကာ ကိုယ်ပိုင်ထုတ်လုပ်ရေး တည်ထောင်ထားတဲ့ နိုင်ငံကျော်မင်းသမီး မိုးဟေကိုကတော့ အခုအချိန် ပိန်ပြီးတော့ လှနေရတဲ့ အကြောင်းအရင်းကို အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ဖြေသွားခဲ့ပါတယ်။

မိုးဟေကိုက “မိတ်ကပ်ကို အရင်ဦးစားပေးကြတယ် မိတ်ကပ်က အခုနောက်ပိုင်းကျတော့ မိတ်ကပ်ထူတာတို့ဘာတို့ရှိတော့ အပြင်မှာ ဓာတ်ပုံထဲမှာ လှပေမယ့် အပြင်မှာကျတော့ ထူထူကြီးတွေ ခံစားရတယ် အခုဆိုရင် ဘယ်လိုပြောင်းသွားလဲဆိုတော့ မိတ်ကပ်ဆိုလည်း ပါးပါးကြည်ကြည်လး ဒါမှမဟုတ်လည်း Skin Care ဆိုလည်း Skin Careကို ပါးပါးကြည်ကြည်လေး ဖြစ်အောင် Skin Care ကောင်းကောင်းလေးတွေကို သုံးလာကြတယ် အဲ့ Knowledge ပြန့်နှံ့လာတယ်ပေါ့နော် အဲ့တာလေးတွေကောင်းတယ်ပေါ့ ကိုယ်ကိုယ်တိုင်လည်း အဲ့လိုလုပ်လာတယ်ပေါ့။ အပြောင်းအလဲလေးဖြစ်အောင်။

အဓိကတော့ မိုးက အသားဖြူတဲ့အထဲမှာ မပါဘူး ရှိနေတဲ့ အသားအရည်ကို ကြည်လင်အောင် အဓိကတော့ နေများများသောက်တယ်။ ပြီးတော့ အသီးအနှံ့စားတာပေါ့။ တစ်ပတ်တစ်ခါထက်တော့ နှစ်ပတ်တစ်ခါ အနည်းဆုံး Spabတွေသွားတယ် Facial လုပ်တဲ့ဆီကို နှစ်ပတ်တစ်ခါနဲ့ တစ်လတစ်ခါ အနည်းဆုံးတော့ သွားဖြစ်ပါတယ်။ မလုပ်လို့မဏတော့ဘူးပေါ့။”လို့ ပြောသွားခဲ့ပါတယ်။


အခုလက်ရှိနှာ ပိန်ပြီး လှနေတာနဲ့ ပတ်သက်ပြီးမိုးဟေကိုက “ကျန်းမာရေးလိုက်စားတာပေါ့ အဓိက ပိန်အာင်လို့ လှအောင်လို့ လုပ်တာထက် ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးဖြစ်အောင် အမေကိုယ်တိုင်လည်း နေမကောင်းကို အမေကို ပြုစုရင်းနဲ့ ကျန်းမာရေးကို ပိုပြီး Take Careလုပ်ဖြစ်နေတယ်။ မိုးကတော့ နောက်ပိုင်း ညဘက်တွေကို ထမင်းစားတာ လျှော့တယ် အဆီအဆိမ့်စားတာတွေလျှော့တယ် နော်အချို့တွေ လျှော့တယ်ပေါ။ ထမင်းမစားဘဲ နေလာတာဆိုရင် တော်တေယ်လေးကြာပြီး ထမင်းအစား သူ့နေရာမှာ တစ်ခြား အသီးအရွက်ကြော်တို့ ကိုယ့်ကိုပြန်ပြီးတော့ အာဟာရ ပြန်ဖြည့်တဲ့ အသားဓာတ်တွေပေါ့။

 ကြက်ကင်တို့ ကြက်သား ပြုတ်ရည်တို့ အဲ့လိုလေးတွေ စားတယ်ပေါ့နော်။ ထမင်းဆိုရင် မနက်ပိုင်းတော့ အပြည့်အဝ မနက်ပိုင်းမှာ အာဟာရ ပြည့်ဝမယ့်ဟာတွေအကုန် စားတယ်။ ညပိုင်းဆိုရင်တော့ ကိုယ့်ကိုယ်အဆီတက်စေမယ့်ဟာတွေကို ရှောင်တယ်။ အသီးအရွက်ကြော်စားတယ် အသီးအနှံတွေစားတယ် ထမင်းအစား ကိုယ်ကြိုက်တဲ့အစားအစာတွေကို ထပ်ပြီးတော့ အးဖြည့်ထားတယ်ပေါ့နော်။ “လို့ ပြောသွားခဲ့ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top