iMyanmarHouse.com - Best Property Website for Myanmar
×


သဘာဝတရားက ေပးစြမ္းထားတဲ့အရာေတြထဲမွာ ေရဟာ လူသားေတြအတြက္ အက်ိဳးအျပဳေပးႏိုင္ဆုံးအရာေတြထဲက တခုပဲျဖစ္ပါတယ္။ ေန႔စဥ္ ေရေသာက္သုံးေနၾကေပမယ့္ က်န္းမာေရးကို အေထာက္အကူျဖစ္ေစဖို႔အတြက္ေတာ့ အခုေဖာ္ျပေပးမယ့္ အခ်ိန္ေတြမွာ မွန္မွန္ကန္ကန္ေသာက္သုံးေပးသင့္ပါတယ္။

(၁) မနက္အိပ္ရာက ႏိုးႏိုးခ်င္းအခ်ိန္

တညလုံးအိပ္စက္အနားယူထားၿပီး မနက္အိပ္ရာကႏိုးႏိုးခ်င္းအခ်ိန္မွာ ေရေသာက္သုံးေပးျခင္းဟာ ခႏၶာကိုယ္ ေသြးလွည့္ပတ္မႈကို မွန္ကန္ေစၿပီး ဇီဝကမၼျဖစ္စဥ္ကို ေကာင္းမြန္ေစပါတယ္။

(၂) အစားမစားခင္အခ်ိန္

အစားမစားခင္ ေရေသာက္ေပးျခင္းဟာ အစာအိမ္ရဲ႕အစာေျခဖ်က္မႈစနစ္ကို အားေကာင္းေစတဲ့အျပင္ ခံတြင္း က်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါတယ္။ အစားမစားခင္ ေရေသာက္ေပးျခင္းဟာ အစာအလြန္အကြၽံ စားမိျခင္းကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္တာေၾကင့္ ခႏၶာကိုယ္အေလးခ်ိန္ ထိန္းထားလိုသူေတြအတြက္လည္း အထူးပဲသင့္ေတာ္ပါတယ္။

(၃) ေလ့က်င့္ခန္းမလုပ္မီနဲ႔ ေလ့က်င့္ခန္းလုပ္ၿပီးခ်ိန္

ခႏၶာကိုယ္ေရဓာတ္ခမ္းေျခာက္ၿပီး ပင္ပန္းႏြမ္းနယ္မႈေတြ မျဖစ္ရေအာင္ ေလ့က်င့္ခန္းမလုပ္မီနဲ႔ ေလ့က်င့္ခန္း လုပ္ၿပီးခ်ိန္ေတြမွာ ေရေသာက္ေပးသင့္ၿပီး ဒီလို ေသာက္ေပးျခင္းဟာဆိုရင္ ကိုယ္တြင္းအပူခ်ိန္ကို ထိန္းညႇိ ေပးႏိုင္တဲ့အျပင္ ေသြးလွည့္ပတ္မႈကိုပါ ေကာင္းမြန္ေစပါတယ္။

(၄) ဖ်ားနာေနခ်ိန္

အေအးမိဖ်ားနာတာေတြ ျဖစ္ေပၚတဲ့အခါမ်ိဳးမွာ ေရကို တတ္ႏိုင္သေလာက္ မ်ားမ်ားေသာက္ေပးသင့္ပါတယ္။ ဖ်ားနာေနခ်ိန္မွာ ခႏၶာကိုယ္ဟာ သာမန္အခ်ိန္ေတြထက္ ေရဓာတ္မ်ားမ်ားလိုအပ္တာေၾကာင့္ ေသာက္သုံးေပးသင့္ပါတယ္။

(၅) အျပင္ကေနျပန္လာတဲ့အခ်ိန္

အလုပ္၊ေက်ာင္းနဲ႔ေဆး႐ုံ၊ေဆးခန္း စတဲ့ အျပင္ဘက္ကေန ျပန္ေရာက္လာတဲ့အခါမ်ိဳးေတြမွာ ျပင္ပပတ္ဝန္းက်င္မွာ ပ်ံ႕ႏွံေနတဲ့ ေရာဂါပိုးမႊားေတြရဲ႕ကူးစက္မႈကို ခံႏိုင္ရည္ရွိေစဖို႔အတြက္ ေရေသာက္ေပးသင့္ပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

သဘာဝတရားက ပေးစွမ်းထားတဲ့အရာတွေထဲမှာ ရေဟာ လူသားတွေအတွက် အကျိုးအပြုပေးနိုင်ဆုံးအရာတွေထဲက တခုပဲဖြစ်ပါတယ်။ နေ့စဉ် ရေသောက်သုံးနေကြပေမယ့် ကျန်းမာရေးကို အထောက်အကူဖြစ်စေဖို့အတွက်တော့ အခုဖော်ပြပေးမယ့် အချိန်တွေမှာ မှန်မှန်ကန်ကန်သောက်သုံးပေးသင့်ပါတယ်။

(၁) မနက်အိပ်ရာက နိုးနိုးချင်းအချိန်

တညလုံးအိပ်စက်အနားယူထားပြီး မနက်အိပ်ရာကနိုးနိုးချင်းအချိန်မှာ ရေသောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကို မှန်ကန်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။

(၂) အစားမစားခင်အချိန်

အစားမစားခင် ရေသောက်ပေးခြင်းဟာ အစာအိမ်ရဲ့အစာခြေဖျက်မှုစနစ်ကို အားကောင်းစေတဲ့အပြင် ခံတွင်း ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အစားမစားခင် ရေသောက်ပေးခြင်းဟာ အစာအလွန်အကျွံ စားမိခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်တာကြေင့် ခန္ဓာကိုယ်အလေးချိန် ထိန်းထားလိုသူတွေအတွက်လည်း အထူးပဲသင့်တော်ပါတယ်။

(၃) လေ့ကျင့်ခန်းမလုပ်မီနဲ့ လေ့ကျင့်ခန်းလုပ်ပြီးချိန်

ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်ပြီး ပင်ပန်းနွမ်းနယ်မှုတွေ မဖြစ်ရအောင် လေ့ကျင့်ခန်းမလုပ်မီနဲ့ လေ့ကျင့်ခန်း လုပ်ပြီးချိန်တွေမှာ ရေသောက်ပေးသင့်ပြီး ဒီလို သောက်ပေးခြင်းဟာဆိုရင် ကိုယ်တွင်းအပူချိန်ကို ထိန်းညှိ ပေးနိုင်တဲ့အပြင် သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေပါတယ်။

(၄) ဖျားနာနေချိန်

အအေးမိဖျားနာတာတွေ ဖြစ်ပေါ်တဲ့အခါမျိုးမှာ ရေကို တတ်နိုင်သလောက် များများသောက်ပေးသင့်ပါတယ်။ ဖျားနာနေချိန်မှာ ခန္ဓာကိုယ်ဟာ သာမန်အချိန်တွေထက် ရေဓာတ်များများလိုအပ်တာကြောင့် သောက်သုံးပေးသင့်ပါတယ်။

(၅) အပြင်ကနေပြန်လာတဲ့အချိန်

အလုပ်၊ကျောင်းနဲ့ဆေးရုံ၊ဆေးခန်း စတဲ့ အပြင်ဘက်ကနေ ပြန်ရောက်လာတဲ့အခါမျိုးတွေမှာ ပြင်ပပတ်ဝန်းကျင်မှာ ပျံ့နှံနေတဲ့ ရောဂါပိုးမွှားတွေရဲ့ကူးစက်မှုကို ခံနိုင်ရည်ရှိစေဖို့အတွက် ရေသောက်ပေးသင့်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top