iMyanmarHouse.com - Best Property Website for Myanmar
×

ယင္းနည္းလမ္းသည္ က်န္းမာေရးဆိုင္ရာ ႐ႈပ္ေထြးမႈမ်ားရွိ ေသာ္လည္း အမ်ိဳးသမီးမ်ားအတြက္ ပိုႏွစ္သက္ေသာ နည္းလမ္းတစ္ခု ျဖစ္လာ႐ံုမဟုတ္ဘဲ က်န္းမာသန္စြမ္းေသာ အမ်ိဳးသမီးမ်ားစြာအတြက္ ပိုႏွစ္သက္ေသာ ေရြးခ်ယ္စရာတစ္ခုျဖစ္လာသည္။

ခြဲေမြးသူအေရအတြက္ပိုမ်ားလာေသာ္လည္း ခြဲစိတ္၍ ကေလး ေမြးဖြားမႈမ်ားသည္ မိခင္ႏွင့္ကေလးအတြက္ က်န္းမာေရးႏွင့္မညီ ေသာ နည္းလမ္းတစ္ခုဟု မွတ္ယူခံေနရဆဲျဖစ္သည္။ သားဖြားမီး ယပ္ပညာရွင္မ်ားက ခြဲေမြးျခင္းႏွင့္ပတ္သက္ေသာ လြဲမွားသည့္ အ ယူအဆမ်ားကို ေဖာ္ျပထားသည္။

ကေလးမီးဖြားရာတြင္ သဘာဝအတိုင္း႐ိုး႐ိုးေမြးသည္ျဖစ္ေစ၊ ခြဲ၍ေမြးသည္ျဖစ္ေစ အမွန္တကယ္နာက်င္မႈခံစားရေသာ ျဖစ္စဥ္ တစ္ရပ္ျဖစ္သည္။ ခြဲေမြးပါက ခြဲစိတ္ေနစဥ္နာက်င္မႈကို မခံစားရ ႏိုင္ေသာ္လည္း ေမ့ေဆးအာနိသင္ျပယ္သြားသည္ႏွင့္ ၁၀ ရက္မွ ၁၅ ရက္အထိ နာက်င္မႈႏွင့္ မသက္မသာျဖစ္ျခင္းတို႔ႏွင့္ ႀကံဳေတြ႕ရ ႏိုင္သည္။

ခြဲစိတ္ေမြးဖြားျခင္းသည္ အႀကီးစားခြဲစိတ္မႈျဖစ္ၿပီး နည္းပညာ တိုးတက္လာသည္ႏွင့္အမွ် ယေန႔ေခတ္တြင္ ပို၍ေဘးအႏၲရာယ္ကင္း လာၿပီျဖစ္သည္။ သို႔ေသာ္ ခဲြေမြးသူမ်ားအေနျဖင့္ ခြဲေမြးၿပီးေနာက္ပိုင္း အေျခအေနမ်ားကို သတိထားရန္လိုသည္။

ခြဲေမြးျခင္းေၾကာင့္ မိခင္(သုိ႔မဟုတ္) ကေလး၏ က်န္းမာေရး ကို ထိခိုက္ေစျခင္းမရွိေသာ္လည္း မိခင္ နဂိုအေျခအေနသို႔ ျပန္လည္ေရာက္ရန္ အခ်ိန္ပိုၾကာႏိုင္ၿပီး အေသအခ်ာျပဳစုေစာင့္ေရွာက္မႈ မရွိပါက မိခင္အတြက္ ေရရွည္က်န္းမာေရးထိခိုက္မႈမ်ား ျဖစ္ေပၚႏိုင္သည္။

အခ်ိဳ႕ေသာ ခြဲေမြးသူမ်ားအေနျဖင့္ ကေလးႏို႔တိုက္ရာတြင္ အ ခက္အခဲရွိႏိုင္သည္။ သို႔ေသာ္ အခ်ိဳ႕႐ိုး႐ိုးေမြးရခက္ခဲေသာ ကိုယ္ဝန္ေဆာင္မ်ားအတြက္ ခြဲေမြးျခင္းသည္ ပိုေကာင္းေသာ နည္းလမ္းျဖစ္သည္ဟု ဆရာဝန္မ်ားကေျပာသည္။

အမ်ိဳးသမီးအမ်ားစုအတြက္ တစ္ႀကိမ္ခြဲေမြးၿပီးေနာက္ ႐ိုး႐ိုး ေမြးျခင္းသည္ အႏၲရာယ္ကင္းသည္။

Credit:MM

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ယင်းနည်းလမ်းသည် ကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးမှုများရှိ သော်လည်း အမျိုးသမီးများအတွက် ပိုနှစ်သက်သော နည်းလမ်းတစ်ခု ဖြစ်လာရုံမဟုတ်ဘဲ ကျန်းမာသန်စွမ်းသော အမျိုးသမီးများစွာအတွက် ပိုနှစ်သက်သော ရွေးချယ်စရာတစ်ခုဖြစ်လာသည်။

ခွဲမွေးသူအရေအတွက်ပိုများလာသော်လည်း ခွဲစိတ်၍ ကလေး မွေးဖွားမှုများသည် မိခင်နှင့်ကလေးအတွက် ကျန်းမာရေးနှင့်မညီ သော နည်းလမ်းတစ်ခုဟု မှတ်ယူခံနေရဆဲဖြစ်သည်။ သားဖွားမီး ယပ်ပညာရှင်များက ခွဲမွေးခြင်းနှင့်ပတ်သက်သော လွဲမှားသည့် အ ယူအဆများကို ဖော်ပြထားသည်။

ကလေးမီးဖွားရာတွင် သဘာဝအတိုင်းရိုးရိုးမွေးသည်ဖြစ်စေ၊ ခွဲ၍မွေးသည်ဖြစ်စေ အမှန်တကယ်နာကျင်မှုခံစားရသော ဖြစ်စဉ် တစ်ရပ်ဖြစ်သည်။ ခွဲမွေးပါက ခွဲစိတ်နေစဉ်နာကျင်မှုကို မခံစားရ နိုင်သော်လည်း မေ့ဆေးအာနိသင်ပြယ်သွားသည်နှင့် ၁၀ ရက်မှ ၁၅ ရက်အထိ နာကျင်မှုနှင့် မသက်မသာဖြစ်ခြင်းတို့နှင့် ကြုံတွေ့ရ နိုင်သည်။

ခွဲစိတ်မွေးဖွားခြင်းသည် အကြီးစားခွဲစိတ်မှုဖြစ်ပြီး နည်းပညာ တိုးတက်လာသည်နှင့်အမျှ ယနေ့ခေတ်တွင် ပို၍ဘေးအန္တရာယ်ကင်း လာပြီဖြစ်သည်။ သို့သော် ခွဲမွေးသူများအနေဖြင့် ခွဲမွေးပြီးနောက်ပိုင်း အခြေအနေများကို သတိထားရန်လိုသည်။

ခွဲမွေးခြင်းကြောင့် မိခင်(သို့မဟုတ်) ကလေး၏ ကျန်းမာရေး ကို ထိခိုက်စေခြင်းမရှိသော်လည်း မိခင် နဂိုအခြေအနေသို့ ပြန်လည်ရောက်ရန် အချိန်ပိုကြာနိုင်ပြီး အသေအချာပြုစုစောင့်ရှောက်မှု မရှိပါက မိခင်အတွက် ရေရှည်ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်။

အချို့သော ခွဲမွေးသူများအနေဖြင့် ကလေးနို့တိုက်ရာတွင် အ ခက်အခဲရှိနိုင်သည်။ သို့သော် အချို့ရိုးရိုးမွေးရခက်ခဲသော ကိုယ်ဝန်ဆောင်များအတွက် ခွဲမွေးခြင်းသည် ပိုကောင်းသော နည်းလမ်းဖြစ်သည်ဟု ဆရာဝန်များကပြောသည်။

အမျိုးသမီးအများစုအတွက် တစ်ကြိမ်ခွဲမွေးပြီးနောက် ရိုးရိုး မွေးခြင်းသည် အန္တရာယ်ကင်းသည်။

Credit:MM

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top