iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔အားလံုး သြားတိုက္ေဆးကိုေတာ့ သြားတိုက္ဖို႔အတြက္ သံုးဖူးၾကပါတယ္။ လူတိုင္းရဲ႕အိမ္မွာလည္း ရွိပါတယ္။ သြားတိုက္ေဆးက ဝက္ျခံ၊ အမဲစက္နဲ႔ ဆားဝက္ျခံေတြအတြက္ေတာ့ အလြန္အသံုးဝင္ပါတယ္။ ကဲ … ဘယ္လိုသံုးရမယ္ဆိုတာကိုေတာ့ ေအာက္မွာပဲဆက္ၾကည့္လိုက္ၾကရေအာင္ပါ။

၁။ ဝက္ျခံ

ရွားေစာင္းလက္ပတ္ဂ်ယ္လ္နဲ႔ သြားတိုက္ေဆးကိုဆတူေရာၿပီး ဝက္ျခံေပါက္တဲ့ေနရာေပၚမွာ (၃) မိနစ္ေလာက္အံုထားေပးပါ။ တစ္ေန႔ (၂) ႀကိမ္ကေန (၃) ႀကိမ္အထိ ျပဳလုပ္လို႕ရပါတယ္။

၂။ ဆားဝက္ျခံ

ဆားဝက္ျခံအတြက္ဆိုရင္ေတာ့ သြားတိုက္ေဆး (၂) ပံု (၁) ပံုနဲ႔ ဆား (၄) ပံု (၁) ပံုကို ေရေလးတစ္စက္၊ ႏွစ္စက္ေလာက္ထည့္ေရာၿပီး ဆားဝက္ျခံရွိတဲ့ေနရာေတြမွာ (၂-၃) မိနစ္ေလာက္ ပြတ္ေပးပါ။ မပြက္ခင္ အဲဒီဆားဝက္ျခံရွိတဲ့ေနရာကို ေရေႏြးေငြ႕ေလးနဲ႔ (၅) မိနစ္ေလာက္ အရင္ေပါင္းထားေပးပါ။ အားလံုးၿပီးသြားရင္ေတာ့ ေရေဆးခ်လို႔ ရပါၿပီ။

၃။ Lip Scrub

ႏႈတ္ခမ္းေလးကို ပန္းေရာင္သန္းၿပီး ႏူးညံ့ေနေစခ်င္တယ္ဆိုရင္ေတာ့ ဆန္မႈန္႔ (၄) ပံု (၁) ပံုနဲ႔ သြားတိုက္ေဆး (၄) ပံု (၁) ပံုကို ႏႈတ္ခမ္းေပၚတင္ၿပီး (၃-၄) မိနစ္ေလာက္ ပြတ္ေပးပါ။ ၿပီးရင္ေတာ့ အဝတ္နဲ႔သုတ္ခ်ၿပီး ေရေဆးလိုက္လို႔ရပါၿပီ။

၄။ လက္သည္းသန္႔စင္လို႔ရတယ္

သြားတိုက္ေဆး လက္တစ္ဆစ္စာေလာက္မွာ သံပရာရည္ (၄) ပံု (၁) ပံုေလာက္ေရာၿပီး လက္သည္းေပၚအရင္ဆံုး (၅) မိနစ္ေလာက္ သုတ္လိမ္းထားေပးပါ။ ၿပီးရင္ေတာ့ (၂-၃) မိနစ္ေလာက္ သြားပြတ္တံနဲ႔ လက္သည္းကို ထပ္ပြတ္ေပးပါ။ ေနာက္ဆံုးမွာေတာ့ ေရေဆးခ်လို႔ရပါၿပီ။

၅။ Moisturizer အေနနဲ႔ သံုးလို႔ရတယ္

သြားတိုက္ေဆး လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ (၄) ပံု (၁) ပံုနဲ႔ နႏြင္းမႈန္႔ လက္တစ္ဆစ္ေလာက္ကို သမေအာင္ေရာေမႊေပးပါ။ ၿပီးရင္ေတာ့ အမဲစက္ရွိတဲ့ေနရာေတြေပၚ အစက္ခ်ၿပီး တစ္ညလံုးထားထားလိုက္ပါ။ ေနာက္ေန႔မနက္မွ မ်က္ႏွာသစ္ရင္း တစ္ခါတည္းေဆးခ်လိုက္ပါ။

သတိထားရမွာက Skin Care ျပဳလုပ္ေနစဥ္အတြင္း အသံုးျပဳတဲ့ သြားတိုက္ေဆးေတြက အျဖဴေရာင္ပလိန္းသြားတိုက္ေဆးေတြကိုသာ ရည္ၫႊန္းတာျဖစ္ၿပီး Gel Type ေတြကို အသံုးမျပဳၾကဖို႔ကိုေတာ့ ဂ႐ုျပဳေစခ်င္ပါတယ္။

Credit: mystylemyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွန်မတို့အားလုံး သွားတိုက်ဆေးကိုတော့ သွားတိုက်ဖို့အတွက် သုံးဖူးကြပါတယ်။ လူတိုင်းရဲ့အိမ်မှာလည်း ရှိပါတယ်။ သွားတိုက်ဆေးက ဝက်ခြံ၊ အမဲစက်နဲ့ ဆားဝက်ခြံတွေအတွက်တော့ အလွန်အသုံးဝင်ပါတယ်။ ကဲ … ဘယ်လိုသုံးရမယ်ဆိုတာကိုတော့ အောက်မှာပဲဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ ဝက်ခြံ

ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ သွားတိုက်ဆေးကိုဆတူရောပြီး ဝက်ခြံပေါက်တဲ့နေရာပေါ်မှာ (၃) မိနစ်လောက်အုံထားပေးပါ။ တစ်နေ့ (၂) ကြိမ်ကနေ (၃) ကြိမ်အထိ ပြုလုပ်လို့ရပါတယ်။

၂။ ဆားဝက်ခြံ

ဆားဝက်ခြံအတွက်ဆိုရင်တော့ သွားတိုက်ဆေး (၂) ပုံ (၁) ပုံနဲ့ ဆား (၄) ပုံ (၁) ပုံကို ရေလေးတစ်စက်၊ နှစ်စက်လောက်ထည့်ရောပြီး ဆားဝက်ခြံရှိတဲ့နေရာတွေမှာ (၂-၃) မိနစ်လောက် ပွတ်ပေးပါ။ မပွက်ခင် အဲဒီဆားဝက်ခြံရှိတဲ့နေရာကို ရေနွေးငွေ့လေးနဲ့ (၅) မိနစ်လောက် အရင်ပေါင်းထားပေးပါ။ အားလုံးပြီးသွားရင်တော့ ရေဆေးချလို့ ရပါပြီ။

၃။ Lip Scrub

နှုတ်ခမ်းလေးကို ပန်းရောင်သန်းပြီး နူးညံ့နေစေချင်တယ်ဆိုရင်တော့ ဆန်မှုန့် (၄) ပုံ (၁) ပုံနဲ့ သွားတိုက်ဆေး (၄) ပုံ (၁) ပုံကို နှုတ်ခမ်းပေါ်တင်ပြီး (၃-၄) မိနစ်လောက် ပွတ်ပေးပါ။ ပြီးရင်တော့ အဝတ်နဲ့သုတ်ချပြီး ရေဆေးလိုက်လို့ရပါပြီ။

၄။ လက်သည်းသန့်စင်လို့ရတယ်

သွားတိုက်ဆေး လက်တစ်ဆစ်စာလောက်မှာ သံပရာရည် (၄) ပုံ (၁) ပုံလောက်ရောပြီး လက်သည်းပေါ်အရင်ဆုံး (၅) မိနစ်လောက် သုတ်လိမ်းထားပေးပါ။ ပြီးရင်တော့ (၂-၃) မိနစ်လောက် သွားပွတ်တံနဲ့ လက်သည်းကို ထပ်ပွတ်ပေးပါ။ နောက်ဆုံးမှာတော့ ရေဆေးချလို့ရပါပြီ။

၅။ Moisturizer အနေနဲ့ သုံးလို့ရတယ်

သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ရှားစောင်းလက်ပတ်ဂျယ်လ် (၄) ပုံ (၁) ပုံနဲ့ နနွင်းမှုန့် လက်တစ်ဆစ်လောက်ကို သမအောင်ရောမွှေပေးပါ။ ပြီးရင်တော့ အမဲစက်ရှိတဲ့နေရာတွေပေါ် အစက်ချပြီး တစ်ညလုံးထားထားလိုက်ပါ။ နောက်နေ့မနက်မှ မျက်နှာသစ်ရင်း တစ်ခါတည်းဆေးချလိုက်ပါ။

သတိထားရမှာက Skin Care ပြုလုပ်နေစဉ်အတွင်း အသုံးပြုတဲ့ သွားတိုက်ဆေးတွေက အဖြူရောင်ပလိန်းသွားတိုက်ဆေးတွေကိုသာ ရည်ညွှန်းတာဖြစ်ပြီး Gel Type တွေကို အသုံးမပြုကြဖို့ကိုတော့ ဂရုပြုစေချင်ပါတယ်။

Credit: mystylemyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top