iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္ဥတစ္လံုးမွာ ၾကက္ဥအကာနဲ႔ အႏွစ္ဆိုျပီး ၂ မ်ိဳးရွိၾကတာ သိၾကမွာပါ။ ႏွစ္မ်ိဳးလံုးက အာဟာရကိုယ္စီရွိၾကျပီး က်န္းမာေရးနဲ႕ ညီညြတ္တာခ်ည္းပါပဲ။ ပါဝင္တဲ့ ပစၥည္းေပၚမူတည္ျပီးေတာ့သာ ကြဲသြားၾကတာပါ။

ၾကက္ဥ အကာမွာက ပရိုတင္း ေတြ ပိုပါျပီး ၾကက္ဥ အႏွစ္မွာက် အဆီေတြ ပိုပါပါတယ္။ ဒီေန႔ေျပာခ်င္တဲ့ ေဆာင္းပါးေလးကေတာ့ ၾကက္ဥ အကာရဲ႕ အေၾကာင္းေလးပဲျဖစ္ပါတယ္။ ဒီၾကည္ၾကည္ အရည္ေလးထဲမွာ ဘယ္လို စူပါ စြမ္းအားေတြ  ရွိတာပါလိမ့္ ။  ။
ကိုလက္စေရာ ( အဆီဓာတ္ ) လံုးဝကို မပါပါဘူး ။  ။

ၾကက္ဥထဲက အႏွစ္ကိုဖယ္လုိက္ျပီဆုိတာနဲ႕ က်န္ခဲ့တဲ့ အကာမွာ ကိုလက္စေရာ အဆီဓာတ္လံုးဝကုိ မရွိေတာ့ပါဘူး. ဒါေၾကာင့္ ေသြးတြင္း အဆီ မ်ားရင္ ျဖစ္္တတ္တဲ့ ႏွလံုးေသြးေၾကာက်ဥ္္း ေရာဂါ၊ ႏွလံုးေရာဂါေတြကို ကာကြယ္ျပီးသားျဖစ္မွာပါ။
ပရိုတင္း ဓာတ္ၾကြယ္ဝတယ္ ။  ။

အႏွစ္ထက္စာရင္ အကာမွာ ပရိုတင္းေတြ ၾကြယ္ဝစြာပါတာေၾကာင့္ ၾကြက္သားတည္ေဆာက္ေနတဲ့သူေတြ တကယ္ကိုစားသင့္တဲ့ အစားအစာတစ္ခုပါ။ ဒါ့အျပင္ ကိုယ္အေလးခ်ိန္ က်ေအာင္ ၾကိဳးစားေနတဲ့သူေတြ လည္း အဆီေတြ ပါတဲ့ အႏွစ္မစားဘဲ ပရိုတင္းေတြ သာပါတဲ့ ၾကက္ဥအကာကိုစားေပးရင္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်သြားမယ့္အျပင္ တစ္ေန႔လံုးအတြက္လည္း အဆာခံေစပါတယ္။
ကယ္လုိရီ နည္းနည္းပဲပါပါတယ္။ ။

ၾကက္ဥ အကာမွာ ကယ္လိုရီ ၂၅ ေလာက္သာပါတာေၾကာင့္ ဝိတ္တက္မွာစိုးတဲ့မမေတြ အတြက္ ေရြးခ်ယ္သင့္တဲ့ အစားအစာတစ္ခုေနာ္။
ေသြးေပါင္ခ်ိန္ကို ထိန္းညွိေပးတယ္။  ။

ၾကက္ဥ အကာမွာပါတဲ့ ပိုတက္ဆီယမ္ ေၾကာင့္ တက္ေနတဲ့ ေသြးေပါင္ခ်ိန္ေတြ ျပန္က်သြားမယ့္အျပင္ ေသြးေပါင္ခ်ိန္ကို လည္း ပံုမွန္ အတုိင္းပဲ ရွိေနေအာင္ ထိန္းညွိေပးပါတယ္။ ၾကက္ဥ အကာထဲမွာပါတဲ့  RVPSL  လို႕ေခၚတဲ့ peptide ကလည္း သင့္ေသြးေပါင္ခ်ိန္ကို ပံုမွန္ အတြင္းမွာရွိေနေအာင္ ထိန္းေပးထားဦးမွာပါ။
ႏွလံုးေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးပါတယ္။  ။

ေသြးေၾကာေတြ ကုိ ေျပေလ်ာ့ေစတဲ့အတြက္ ေသြးေပါင္ခ်ိန္ကုိ ထိန္းညွိေပးတဲ့အျပင္ ေသြးလည္ပတ္မႈပါေကာင္းေစတာေၾကာင့္ ေသြးခဲျခင္းကိုပါ ကာကြယ္ေပးျပီး ႏွလံုးေရာဂါ  ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးပါတယ္။
ဗီတာမင္ ေတြ ၾကြယ္ဝစြာပါပါတယ္။

ဗီတာမင္ A, ဗီတာမင္  B 12 , ဗီတာမင္  D နဲ႔ အသက္ၾကီးရင္ ျဖစ္တတ္တဲ့ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတတ္တာကို  ထိပ္ဆံုးက ကာကြယ္ေပးတဲ့ ဗီတာမင္ B2 တို႕ပါတဲ့အျပင္ အသက္ရြယ္ၾကီးလာတာေၾကာင့္ ျဖစ္တဲ့ အျမင္အာရံု ဆံုးရႈံးျခင္း၊ ႏွင့္ မ်က္လံုး တိမ္စြဲတာေတြကိုလည္း ၾကက္ဥအကာက ကာကြယ္ေပးပါတယ္။

ဒီေတာ့ ၾကက္ဥ အကာစားလုိက္တာနဲ႔တင္ လုိအပ္တဲ့ ဗီတာမင္ ေတြ ၊သတၱဳ ဓာတ္ေတြ အကုန္ရမွာေနာ္။ ကယ္လိုရီနည္းတဲ့အျပင္ အဆီမပါဘဲ ပရိုတင္းေတြ ပဲ ပါတာေၾကာင့္ လွပက်စ္လစ္တဲ့ ကိုယ္ခႏၶာတည္ေဆာက္ေနတဲ့ သူေတြ အတြက္ ၾကက္ဥအကာက တကယ္ကို အားထားသင့္တဲ့ စားစရာတစ္ခုပါ။  ။

Credit:Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 #Unicode Version#
ကြက်ဥတစ်လုံးမှာ ကြက်ဥအကာနဲ့ အနှစ်ဆိုပြီး ၂ မျိုးရှိကြတာ သိကြမှာပါ။ နှစ်မျိုးလုံးက အာဟာရကိုယ်စီရှိကြပြီး ကျန်းမာရေးနဲ့ ညီညွတ်တာချည်းပါပဲ။ ပါဝင်တဲ့ ပစ္စည်းပေါ်မူတည်ပြီးတော့သာ ကွဲသွားကြတာပါ။

ကြက်ဥ အကာမှာက ပရိုတင်း တွေ ပိုပါပြီး ကြက်ဥ အနှစ်မှာကျ အဆီတွေ ပိုပါပါတယ်။ ဒီနေ့ပြောချင်တဲ့ ဆောင်းပါးလေးကတော့ ကြက်ဥ အကာရဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ ဒီကြည်ကြည် အရည်လေးထဲမှာ ဘယ်လို စူပါ စွမ်းအားတွေ  ရှိတာပါလိမ့် ။  ။
ကိုလက်စရော ( အဆီဓာတ် ) လုံးဝကို မပါပါဘူး ။  ။

ကြက်ဥထဲက အနှစ်ကိုဖယ်လိုက်ပြီဆိုတာနဲ့ ကျန်ခဲ့တဲ့ အကာမှာ ကိုလက်စရော အဆီဓာတ်လုံးဝကို မရှိတော့ပါဘူး. ဒါကြောင့် သွေးတွင်း အဆီ များရင် ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။
ပရိုတင်း ဓာတ်ကြွယ်ဝတယ် ။  ။

အနှစ်ထက်စာရင် အကာမှာ ပရိုတင်းတွေ ကြွယ်ဝစွာပါတာကြောင့် ကြွက်သားတည်ဆောက်နေတဲ့သူတွေ တကယ်ကိုစားသင့်တဲ့ အစားအစာတစ်ခုပါ။ ဒါ့အပြင် ကိုယ်အလေးချိန် ကျအောင် ကြိုးစားနေတဲ့သူတွေ လည်း အဆီတွေ ပါတဲ့ အနှစ်မစားဘဲ ပရိုတင်းတွေ သာပါတဲ့ ကြက်ဥအကာကိုစားပေးရင် ကိုယ်အလေးချိန် လျော့ကျသွားမယ့်အပြင် တစ်နေ့လုံးအတွက်လည်း အဆာခံစေပါတယ်။
ကယ်လိုရီ နည်းနည်းပဲပါပါတယ်။ ။

ကြက်ဥ အကာမှာ ကယ်လိုရီ ၂၅ လောက်သာပါတာကြောင့် ဝိတ်တက်မှာစိုးတဲ့မမတွေ အတွက် ရွေးချယ်သင့်တဲ့ အစားအစာတစ်ခုနော်။
သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။  ။

ကြက်ဥ အကာမှာပါတဲ့ ပိုတက်ဆီယမ် ကြောင့် တက်နေတဲ့ သွေးပေါင်ချိန်တွေ ပြန်ကျသွားမယ့်အပြင် သွေးပေါင်ချိန်ကို လည်း ပုံမှန် အတိုင်းပဲ ရှိနေအောင် ထိန်းညှိပေးပါတယ်။ ကြက်ဥ အကာထဲမှာပါတဲ့  RVPSL  လို့ခေါ်တဲ့ peptide ကလည်း သင့်သွေးပေါင်ချိန်ကို ပုံမှန် အတွင်းမှာရှိနေအောင် ထိန်းပေးထားဦးမှာပါ။
နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။  ။

သွေးကြောတွေ ကို ပြေလျော့စေတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့အပြင် သွေးလည်ပတ်မှုပါကောင်းစေတာကြောင့် သွေးခဲခြင်းကိုပါ ကာကွယ်ပေးပြီး နှလုံးရောဂါ  ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
ဗီတာမင် တွေ ကြွယ်ဝစွာပါပါတယ်။

ဗီတာမင် A, ဗီတာမင်  B 12 , ဗီတာမင်  D နဲ့ အသက်ကြီးရင် ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတတ်တာကို  ထိပ်ဆုံးက ကာကွယ်ပေးတဲ့ ဗီတာမင် B2 တို့ပါတဲ့အပြင် အသက်ရွယ်ကြီးလာတာကြောင့် ဖြစ်တဲ့ အမြင်အာရုံ ဆုံးရှုံးခြင်း၊ နှင့် မျက်လုံး တိမ်စွဲတာတွေကိုလည်း ကြက်ဥအကာက ကာကွယ်ပေးပါတယ်။

ဒီတော့ ကြက်ဥ အကာစားလိုက်တာနဲ့တင် လိုအပ်တဲ့ ဗီတာမင် တွေ ၊သတ္တု ဓာတ်တွေ အကုန်ရမှာနော်။ ကယ်လိုရီနည်းတဲ့အပြင် အဆီမပါဘဲ ပရိုတင်းတွေ ပဲ ပါတာကြောင့် လှပကျစ်လစ်တဲ့ ကိုယ်ခန္ဓာတည်ဆောက်နေတဲ့ သူတွေ အတွက် ကြက်ဥအကာက တကယ်ကို အားထားသင့်တဲ့ စားစရာတစ်ခုပါ။  ။

Credit:Hellosayarwon
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top