iMyanmarHouse.com - Best Property Website for Myanmar
×
    ခေါင်းကိုက်ခြင်း
    ပျို့အန်ခြင်း
    မူးဝေခြင်း
၎- အစာ စားချိန်
    ဝက်ရူးပျံခြင်း
    စိတ်နှောက်ကျိခြင်း
    မူးဝေခြင်း
Credit: MM
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
ရေအသက် တစ်မနက်ဆိုတဲ့အတိုင်း နေ့စဉ်နေ့တိုင်းမှာ လူသားတွေဟာ ရေသောက်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ရေအများကြီးသောက်ခြင်းကတော့ ကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူများအတွက် ဗဟုသုတ ဖြစ်ဖွယ် ရေသောက်နည်း လမ်းအမှန်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
၁- အိပ်ရာမဝင်ခင်ရေသောက်ခြင်း
အိပ်ရာမဝင်ခင် ရေမသောက်သင့်တဲ့အချက်နှစ်ခုရှိပါတယ်။
    အိပ်ရာမဝင်ခင်ရေသောက်ခြင်း အိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေ - အိပ်ရာမဝင်ခင်ရေသောက်တဲ့အခါ ညဘက်အိပ်ပျော်နေစဉ် ဆီးသွားမူဖြစ်စေတဲ့အတွက်ကြောင့် အိပ်စက်ခြင်းအတွက် အနှောက်ယှက်တစ်ခုပဲဖြစ်ပါတယ်။
    နေ့အချိန်မှာထက် ညမှာ ကျောက်ကပ်ဟာ အလုပ် လုပ်နည်းပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ မျက်နှာတွေဖောင်းနေတာကို အိပ်လွန်းလို့ဖောင်းတယ်လို့ ဆိုတတ်ကြပြီး အမှန်က အိပ်နေချိန်မှာ ကျောက်ကပ်အလုပ် လုပ်နည်းလို့ဖြစ်ပါတယ်။
၂- wokout အပြင်းထန်လုပ်နေစဉ်
သိပ္ပံပညာရှင်တွေရဲ့အကြံပေးချက်ကတော့ workout အပြင်းထန်လုပ်နေစဉ်မှာ ရေသောက်ခြင်းက ဘေးထွက်ဆိုးကျိုးရှိပါတယ်။ workout လုပ်နေစဉ်မှာဆို လူတစ်ယောက်ရဲ့ကိုယ်တွင်းအပူချိန်က မြင့်တက်နေတာဖြစ်ပါတယ်။ အေးအောင် ရေသောက်ခြင်းက ပိုမိုမေားပန်းနွမ်းနယ် လာစေပါတယ်။ နောက်ဆက်တွဲကတော့
    ခေါင်းကိုက်ခြင်း
    ပျို့အန်ခြင်း
    မူးဝေခြင်း
    ဒါ့အပြင် နှလုံးရောဂါရှိ တဲ့သူတွေဆို နှလုံးခုန်နူန်းမြန်လာစေပါတယ်။
    ဒါကြောင့် ဆရာဝန်တွေက WORKOUT ပြီးမှသာ ရေသောက်သင့်ကြောင်း အကြံပေးခြင်းဖြစ်ပါတယ်။
၃- ဆီးအရောင် မဲ့ဖြစ်ခြင်း
ကြည်လင် နေတဲ့ ဆီးအရောင်က ရေအလွန်ကျွံသောက်ထားခြင်းရဲ့လက္ခဏာဖြစ်ပါတယ်။ ဒါဟာ ရေမဆာတာတောင် နေ့အတွင်းမှာ ရေအလွန်ကျွံသောက်ထားလို့ပါ။ ရေအလွန်ကျွံသောက် ခြင်းက ဆိုဒီယံ လယ်ဗယ်ကို လျော့ကျစေပြီး နှလုံးရောဂါ ဖြစ်နိုင်ချေများစေပါတယ်။
၄- အစာ စားချိန်
အစာ စားနေချိန်ရေသောက်ခြင်းက အစာမကျေခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒါကဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပါးစပ်ကနေ အစာချေ ဖြစ်စဉ်အတွက် အင်ဇိုင်း တွေထုတ်လုပ်ပေးလို့ပါ။ အစာစားနေချိန်ရေသောက်ခြင်းက သွားရည် ထုတ်လုပ်မူကိုလျော့ကျစေပြီး အစားမကျေတဲ့အခါ ကောင်းစွာချေဖျက်ခြင်းမခံရတဲ့ အစာတွေဟာ အဆိပ်တောက်ဖြစ်လာစေပါတယ်။ နောက်တစ်ချက်က အစာစားနေချိန် ရေအေး (သို့) အရက်သောက်ခြင်းက အစားချေဖျက်မူကို ပိုဆိုးလာစေပါတယ်။
၅- နေ့အချိန်ရေကောင်းစွာသောက်ခဲ့ပြီးပါက
အထက်မှာ ညဘက်ရေသောက်ခြင်းရဲ့ ဆိုးကျိူးတွေကိုဖော်ပြခဲ့ပြီးပါပြီ။ နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ ရေအလွန်ကျွံသောက်ခြင်းဟာ Hyponatremia လို့ခေါ်တဲ့ရောဂါတစ်မျိုးဖြစ်ပွာနိုင်စေပါတယ်။ Hyponatremia ရဲ့ရောဂါလက္ခဏာတွေက
    ဝက်ရူးပျံခြင်း
    စိတ်နှောက်ကျိခြင်း
    မူးဝေခြင်း
    စိတ်ကျခြင်း တို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ပမာဏနဲ့ ရေဓာတ်ထိန်းသိမ်းကြပါလို့ အကြံပေးလိုက်ပါတယ်နော်။
Credit: MM
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top