iMyanmarHouse.com - Best Property Website for Myanmar
×

ပံုမွန္ဆိုရင္ သင့္ခ်စ္သူနဲ႔သင္နဲ႔ လက္ခ်င္းဘယ္လိုကိုင္ေလ့ရွိပါသလဲ။ ခ်စ္သူအခ်င္းခ်င္း တစ္ေယာက္လက္ကို တစ္ေယာက္ဆုပ္ကိုင္ၾကတာက သဘာဝပါပဲ။ သင္တို႔ခ်စ္သူအခ်င္းခ်င္း တစ္ေယာက္လက္ကိုတစ္ေယာက္ဆုပ္ကိုင္တဲ့ပံုစံကေန သင္တို႔တစ္ေယာက္အေပၚမွာ တစ္ေယာက္ထားတဲ့ ခံစားခ်က္ကို သိရွိႏိုင္သလို၊ သင္တို႔အခ်စ္ေရးအေၾကာင္းကိုလည္း သိရွိႏိုင္ပါတယ္။

စိတ္ပညာရွင္ေတြကလည္း ခ်စ္သူအခ်င္းခ်င္းလက္ဆုပ္ကိုင္ပံုကေနတဆင့္ သူတို႔ရဲ႕ခံစားခ်က္ေတြကို ေလ့လာထားပါတယ္။

လက္ေခ်ာင္းေလးေတြကို ေျပေျပေလး ယွက္ထားတယ္

ဒီပံုစံနဲ႔ လက္ခ်င္းဆုပ္ကိုင္ထားေလ့ရွိတယ္ဆိုရင္ သင္တို႔က စိတ္ကစားတတ္ၾကသူေတြမဟုတ္ပါဘူး။ စိတ္ခံစားခ်က္က တည္ၿငိမ္မႈရွိၿပီး တစ္ေယာက္ကိုတစ္ေယာက္လည္း ယံုၾကည္မႈရွိၾကပါတယ္။ အျခားသူေတြကိုလည္း သင္တို႔ကသမီးရည္းစားေတြပါဆုိတာကို ေၾကညာဖို႔ဝန္မေလးပါဘူး။ တစ္ေယာက္ရဲ႕ကိုယ္ေရးကိုယ္တာကို အျခားတစ္ေယာက္က ေလးစားသမႈရွိၿပီး ကိုယ္ပိုင္လြတ္လပ္ခြင့္ေပးထားပါတယ္။ သင္တို႔အခ်စ္ေရးက တစ္ေယာက္ကိုတစ္ေယာက္ေလးစားမႈရွိတဲ့ အခ်စ္ေရးေပါ့။

လက္ဖဝါးခ်င္း ဆုပ္ကိုင္ထားတယ္

အမ်ိဳးသားမ်ားက သူတို႔ရဲ႕ေကာင္မေလးကို ကာကြယ္ခ်င္တဲ့အခါမ်ိဳး၊ ေကာင္မေလးကို စိတ္ေအးလက္ေအးေနေစခ်င္တဲ့အခါမ်ိဳးမွာ အခုလိုဆုပ္ကိုင္ေလ့ရွိပါတယ္။ ဒီအခ်စ္ေရးကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္တာဝန္ယူလိုစိတ္ရွိျခင္းကို ေဖာ္ျပေနပါတယ္။

လက္ေခ်ာင္းေလးေတြကို တင္းတင္းၾကပ္ၾကပ္ ယွက္ထားမယ္

သင္တို႔က ႐ုပ္ရည္ကို ဦးစားေပးၿပီး ေရြးခ်ယ္ခဲ့ၾကတဲ့ အခ်စ္ေရးမဟုတ္ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္မွာ ေလးနက္တဲ့ခံစားခ်က္ေတြ ရွိပါတယ္။ အားနည္းခ်က္နဲ႔ အျပစ္အနာအဆာေတြကို ကြယ္ဝွက္ထားျခင္းမရွိဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ ႐ိုးသားမႈရွိၾကပါတယ္။ သင္တို႔ရဲ႕ဆက္ဆံေရးက ယံုၾကည္မႈနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ဂ႐ုစိုက္တတ္မႈကေန ျဖစ္တည္လာတာပါ။

လက္ေခ်ာင္းတစ္ေခ်ာင္းကိုသာ ကိုင္ထားျခင္း

သင္တို႔က တစ္ေယာက္နဲ႔တစ္္ေယာက္ ေလ့လာအကဲခတ္ေနၾကတဲ့အဆင့္မွာပဲ ရွိပါေသးတယ္။ သမီးရည္းစားဆက္ဆံေရးတစ္ခု အစပ်ိဳးေနတဲ့အခ်ိန္ပဲရွိပါေသးတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ တာဝန္ယူတတ္ဖို႔ အဆင္သင့္မျဖစ္ေသးတာကို ေဖာ္ျပေနပါတယ္။

မေတာ္တဆ ထိမိတဲ့ပံုစံ

လမ္းေလွ်ာက္တဲ့အခ်ိန္မ်ိဳးမွာ လက္ခ်င္းကိုင္ထားတာမ်ိဳးမဟုတ္ဘဲ မေတာ္တဆထိမိတဲ့အေနအထားမ်ိဳးဆိုရင္ေတာ့ သင္တို႔ထဲကတစ္ေယာက္ေယာက္က ထုတ္ေဖာ္မျပတဲ့ က႐ုဏာသက္တဲ့ခံစားခ်က္ရွိေနပါတယ္။ ဒါေပမဲ့ သင္တို႔ရဲ႕ဆက္ဆံေရးက သူငယ္ခ်င္းဆက္ဆံေရးထက္ မပိုပါဘူး။

လက္ေခ်ာင္းမ်ားကို ဆုပ္ကိုင္ထားျခင္း

လက္ေခ်ာင္းမ်ားကို ဆုပ္ကိုင္ထားတဲ့သူက သူ႔ရဲ႕လက္တြဲေဖာ္အေပၚမွာ ေလးစားမႈ၊ သစၥာေစာင့္သိမႈနဲ႔ အၿမဲတမ္းကာကြယ္ဖို႔အဆင္သင့္ျဖစ္ေနေၾကာင္း ေဖာ္ျပပါတယ္။ လက္ကိုဆုပ္ကိုင္ျခင္းခံရတဲ့သူကေတာ့ သူ႔လက္တြဲေဖာ္ကို အျပည့္အဝယံုၾကည္ေၾကာင္း ေဖာ္ျပေနပါတယ္။ ေရရွည္တည္တံ့ခိုင္ၿမဲမယ့္ အခ်စ္ေရးပါပဲ။

လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ထားျခင္း

ဒီပံုစံဆုပ္ကိုင္ေလ့ရွိတဲ့ စံုတြဲေတြကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ႐ုပ္ပိုင္းဆိုင္ရာအရဆြဲေဆာင္မႈရွိတယ္လို႔ ခံယူထားပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မွီခိုတတ္ၾကပါတယ္။ လက္ကိုင္တဲ့ပံုစံကို ၾကည့္ျခင္းအားျဖင့္ ရန္လိုစိတ္အနည္းငယ္ရွိၿပီး တစ္ကိုယ္ေကာင္းစိတ္လည္း ရွိတတ္ၾကပါတယ္။

ခါးဖက္ထားျခင္း

ခါးဖက္ၿပီး လမ္းေလွ်ာက္ရတဲ့အခါ အေပးအယူမွ်ေနရမွာျဖစ္တဲ့အတြက္ေၾကာင့္ သင္တို႔ရဲ႕အခ်စ္ေရးကလည္း အေပးအယူတည့္တဲ့ ဆက္ဆံေရးပါပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးမႈအျပည့္အဝရွိပါတယ္။ ဒါေပမဲ့ ႏွစ္ေယာက္စလံုးဖက္ထားတာမဟုတ္ဘဲ တစ္ေယာက္တည္းကပဲ ခါးဖက္ထားတယ္ဆိုရင္ အဲ့ဒီဖက္ထားတဲ့လူက ပိုင္ဆိုင္လိုစိတ္ရွိေၾကာင္း ေဖာ္ျပေနပါတယ္။

Credit: mystylemyanmar

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ပုံမှန်ဆိုရင် သင့်ချစ်သူနဲ့သင်နဲ့ လက်ချင်းဘယ်လိုကိုင်လေ့ရှိပါသလဲ။ ချစ်သူအချင်းချင်း တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ကြတာက သဘာဝပါပဲ။ သင်တို့ချစ်သူအချင်းချင်း တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်တဲ့ပုံစံကနေ သင်တို့တစ်ယောက်အပေါ်မှာ တစ်ယောက်ထားတဲ့ ခံစားချက်ကို သိရှိနိုင်သလို၊ သင်တို့အချစ်ရေးအကြောင်းကိုလည်း သိရှိနိုင်ပါတယ်။

စိတ်ပညာရှင်တွေကလည်း ချစ်သူအချင်းချင်းလက်ဆုပ်ကိုင်ပုံကနေတဆင့် သူတို့ရဲ့ခံစားချက်တွေကို လေ့လာထားပါတယ်။

လက်ချောင်းလေးတွေကို ပြေပြေလေး ယှက်ထားတယ်

ဒီပုံစံနဲ့ လက်ချင်းဆုပ်ကိုင်ထားလေ့ရှိတယ်ဆိုရင် သင်တို့က စိတ်ကစားတတ်ကြသူတွေမဟုတ်ပါဘူး။ စိတ်ခံစားချက်က တည်ငြိမ်မှုရှိပြီး တစ်ယောက်ကိုတစ်ယောက်လည်း ယုံကြည်မှုရှိကြပါတယ်။ အခြားသူတွေကိုလည်း သင်တို့ကသမီးရည်းစားတွေပါဆိုတာကို ကြေညာဖို့ဝန်မလေးပါဘူး။ တစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကို အခြားတစ်ယောက်က လေးစားသမှုရှိပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးထားပါတယ်။ သင်တို့အချစ်ရေးက တစ်ယောက်ကိုတစ်ယောက်လေးစားမှုရှိတဲ့ အချစ်ရေးပေါ့။

လက်ဖဝါးချင်း ဆုပ်ကိုင်ထားတယ်

အမျိုးသားများက သူတို့ရဲ့ကောင်မလေးကို ကာကွယ်ချင်တဲ့အခါမျိုး၊ ကောင်မလေးကို စိတ်အေးလက်အေးနေစေချင်တဲ့အခါမျိုးမှာ အခုလိုဆုပ်ကိုင်လေ့ရှိပါတယ်။ ဒီအချစ်ရေးကတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်တာဝန်ယူလိုစိတ်ရှိခြင်းကို ဖော်ပြနေပါတယ်။

လက်ချောင်းလေးတွေကို တင်းတင်းကြပ်ကြပ် ယှက်ထားမယ်

သင်တို့က ရုပ်ရည်ကို ဦးစားပေးပြီး ရွေးချယ်ခဲ့ကြတဲ့ အချစ်ရေးမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်မှာ လေးနက်တဲ့ခံစားချက်တွေ ရှိပါတယ်။ အားနည်းချက်နဲ့ အပြစ်အနာအဆာတွေကို ကွယ်ဝှက်ထားခြင်းမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် ရိုးသားမှုရှိကြပါတယ်။ သင်တို့ရဲ့ဆက်ဆံရေးက ယုံကြည်မှုနဲ့ တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်တတ်မှုကနေ ဖြစ်တည်လာတာပါ။

လက်ချောင်းတစ်ချောင်းကိုသာ ကိုင်ထားခြင်း

သင်တို့က တစ်ယောက်နဲ့တစ်ယောက် လေ့လာအကဲခတ်နေကြတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ သမီးရည်းစားဆက်ဆံရေးတစ်ခု အစပျိုးနေတဲ့အချိန်ပဲရှိပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် တာဝန်ယူတတ်ဖို့ အဆင်သင့်မဖြစ်သေးတာကို ဖော်ပြနေပါတယ်။

မတော်တဆ ထိမိတဲ့ပုံစံ

လမ်းလျှောက်တဲ့အချိန်မျိုးမှာ လက်ချင်းကိုင်ထားတာမျိုးမဟုတ်ဘဲ မတော်တဆထိမိတဲ့အနေအထားမျိုးဆိုရင်တော့ သင်တို့ထဲကတစ်ယောက်ယောက်က ထုတ်ဖော်မပြတဲ့ ကရုဏာသက်တဲ့ခံစားချက်ရှိနေပါတယ်။ ဒါပေမဲ့ သင်တို့ရဲ့ဆက်ဆံရေးက သူငယ်ချင်းဆက်ဆံရေးထက် မပိုပါဘူး။

လက်ချောင်းများကို ဆုပ်ကိုင်ထားခြင်း

လက်ချောင်းများကို ဆုပ်ကိုင်ထားတဲ့သူက သူ့ရဲ့လက်တွဲဖော်အပေါ်မှာ လေးစားမှု၊ သစ္စာစောင့်သိမှုနဲ့ အမြဲတမ်းကာကွယ်ဖို့အဆင်သင့်ဖြစ်နေကြောင်း ဖော်ပြပါတယ်။ လက်ကိုဆုပ်ကိုင်ခြင်းခံရတဲ့သူကတော့ သူ့လက်တွဲဖော်ကို အပြည့်အဝယုံကြည်ကြောင်း ဖော်ပြနေပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲမယ့် အချစ်ရေးပါပဲ။

လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားခြင်း

ဒီပုံစံဆုပ်ကိုင်လေ့ရှိတဲ့ စုံတွဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ရုပ်ပိုင်းဆိုင်ရာအရဆွဲဆောင်မှုရှိတယ်လို့ ခံယူထားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မှီခိုတတ်ကြပါတယ်။ လက်ကိုင်တဲ့ပုံစံကို ကြည့်ခြင်းအားဖြင့် ရန်လိုစိတ်အနည်းငယ်ရှိပြီး တစ်ကိုယ်ကောင်းစိတ်လည်း ရှိတတ်ကြပါတယ်။

ခါးဖက်ထားခြင်း

ခါးဖက်ပြီး လမ်းလျှောက်ရတဲ့အခါ အပေးအယူမျှနေရမှာဖြစ်တဲ့အတွက်ကြောင့် သင်တို့ရဲ့အချစ်ရေးကလည်း အပေးအယူတည့်တဲ့ ဆက်ဆံရေးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုအပြည့်အဝရှိပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးဖက်ထားတာမဟုတ်ဘဲ တစ်ယောက်တည်းကပဲ ခါးဖက်ထားတယ်ဆိုရင် အဲ့ဒီဖက်ထားတဲ့လူက ပိုင်ဆိုင်လိုစိတ်ရှိကြောင်း ဖော်ပြနေပါတယ်။

Credit: mystylemyanmar

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top