iMyanmarHouse.com - Best Property Website for Myanmar
×


အိမ္ေထာင္ရွင္ ပူပူေႏြးေႏြးေလးတို႔ ပ်ားရည္ဆမ္းခရီးကေန ျပန္ေရာက္ၿပီဆုိတာနဲ႔ ႀကံဳေတြ႔ရမယ့္ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

စံုတြဲေလးတို႔ေရ အိမ္ေထာင္ျပဳတယ္ဆိုတာက တစ္ေယာက္ကို တစ္ေယာက္ အားကိုးၿပီး ခ်စ္ခင္ၾကင္နာလုိ႔ လက္ထပ္ၾကတာဆိုေပမယ့္ ခ်စ္တင္းေႏွာျခင္းကိစၥကလည္း ေမ့ထားလုိ႔ မရပါဘူးေနာ္။ အိမ္ေထာင္တစ္ခုသာယာဖို႔ဆိုတာ စိတ္ပိုင္းဆိုင္ရာေတြ ေပ်ာ္ရႊင္ေနမွ တျခားစီးပြားေရး ကိစၥေတြလည္း အဆင္ေျပႏိုင္မွာမလား။

ဒီေတာ့ ခ်စ္တင္းေႏွာျခင္းအျပင္ တျခား အိမ္ေထာင္ေရးရာ ကိစၥေတြမွာ အဆင္ေျပေအာင္ ေဆာင္ရြက္ရမွာပါ။ ပူပူေႏြးေႏြး အိမ္ေထာင္ရွင္တို႔အေနနဲ႔ သိထားရမယ့္ အခ်က္ေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
စိတ္ကို ေပါ့ေပါ့ပါးပါးထားပါ

စံုတြဲေလးတို႔ေရ ခ်စ္တင္းေႏွာျခင္းမွာ ေပ်ာ္ရႊင္ေနဖု႔ိဆိုတာ စိတ္ကို ေပါ့့ေပါ့ပါးပါးေလး ထားဖု႔ိ အရမ္းအေရးႀကီးပါတယ္ေနာ္။ စိတ္ထဲမွာ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ တင္းက်ပ္မထားပါနဲ႔ေနာ္။ ကိုယ့္ရဲ႕ ခ်စ္သူနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနရမယ္လို႔ပဲ အျမဲပဲ ေတြးထားပါေနာ္။

ေနသားမက်တာကို နားလည္ေပးပါ

အိမ္ေထာင္ရွင္ဘဝကို ေရာက္လာတဲ့အခါ ေနသားမက်တာေတြ ျဖစ္ေနမွာ ေသခ်ာပါတယ္။ မနက္ခင္း ထမင္းဟင္းထခ်က္တာမ်ိဳး ပံုမွန္လုပ္ေလ့လုပ္ထ မရွိတာမ်ိဳးေတြကို ႏွစ္ေယာက္တည္း ေနရတဲ့အခ်ိန္မွာ ပထမဦးဆံုး လုပ္ေဆာင္ၿပီဆုိရင္ အဆင္မေျပတာေတြ ႀကံဳလာႏိုင္ပါတယ္။

ထမင္းဟင္းခ်က္တာ မေျပတာ၊ အိမ္မႈကိစၥေတြအေပၚမွာ ေကာင္းေကာင္း မစီမံတတ္ေသးတာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒီအခ်က္ေတြကို ညားခါစ အိမ္ေထာင္ရွင္တုိင္း ႀကံဳေတြ႔ရမွာမို႔ နားလည္ေပးမွ ေရရွည္မွာ အဆင္ေျပႏိုင္မွာပါ။

အလုပ္တာဝန္

အိမ္ခြဲၿပီးေနၾကတဲ့ စံုတြဲေလးေတြဟာ မိဘေတြနဲ႔ အတူတူေနတဲ့သူေတြထက္ေတာ့ တာဝန္ေတြ ပိုလာတာ အမွန္ပါပဲေနာ္။ ညားခါစ လင္မယားေတြမွာ ပထမဆံုး ႀကံဳရတဲ့အခ်က္က ဘယ္ကိစၥမဆို ကိုယ္တိုင္လုပ္ေဆာင္ရျခင္းပါ။

ႏွစ္ေယာက္တည္း ႀကိဳးစားရၿပီး လူခြဲမရွိတာမို႔ အရင္ကထက္ေတာ့ ပင္ပန္းေနမွာ အမွန္ပါ။ ဒီလို ပင္ပန္းတာေတြ၊ တာဝန္ယူရမယ့္ အခ်က္ေတြ မ်ားတာေတြကို ရင္ဆိုင္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားသင့္သလုိ အလုပ္တာဝန္လည္း ခြဲၿပီး ယူထားရင္ ပိုအဆင္ေျပပါတယ္။

အိမ္ကို သတိရတာ

မိဘအိမ္ကို သတိရတာမ်ိဳး စံုတြဲေလးတို႔မွာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ တခ်ိဳ႔စံုတြဲေလးေတြက မိဘေတြနဲ႔ အရမ္းေဝးနဲ႔ေနရာအထိ ခြဲေနရတာမ်ိဳး ရွိၾကပါတယ္။ ဒီအခ်ိန္မွာ အိမ္ေထာင္ဘက္က အလိုက္သိၿပီး ေခ်ာ့ေမာ့ေျပာဖို႔ လိုသလို ေပ်ာ္ေအာင္ထားေပးဖို႔လည္း လိုပါတယ္ေနာ္။ မေပ်ာ္လို႔ အိမ္ကို သတိရတာ မဟုတ္ေပမယ့္လည္း ေပ်ာ္ေအာင္ထားေပးတာ လင္မယားၾကား အခ်စ္ပိုေစမွာပါ။

သားဆက္ျခားနည္းေတြ သိေနပါေစ

စံုတြဲေလးတို႔ ကေလးမယူခ်င္ေသးလို႔ သားဆက္ျခားတာမ်ိဳး လုပ္ေဆာင္မယ္ဆိုရင္ အေကာင္းဆံုးနဲ႔ စိတ္အခ်ရဆံုးျဖစ္တဲ့ နည္းလမ္းေတြကိုလည္း ႀကိဳတင္ၿပီး ေရြးခ်ယ္လုပ္ေဆာင္ထားသင့္ပါတယ္ေနာ္။ ဆရာဝန္နဲ႔ ေတြ႔ဆံုတာမ်ိဳး လုပ္ပါ။ ဒါမွလည္း စိတ္ေပ်ာ္ရႊင္တဲ့ ခ်စ္တင္းေႏွာျခင္းျဖစ္လာမွာပါ။

အိမ္ေထာင္ရွင္ ပူပူေႏြးေႏြးေလးတို႔ ပ်ားရည္ဆမ္းခရီးကေန ျပန္ေရာက္ၿပီဆုိတာနဲ႔ ႀကံဳေတြ႔ရမယ့္ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ေသခ်ာေလး ဂရုစိုက္မယ္ဆိုရင္ အဆင္ေျပမွာပါ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အိမ်ထောင်ရှင် ပူပူနွေးနွေးလေးတို့ ပျားရည်ဆမ်းခရီးကနေ ပြန်ရောက်ပြီဆိုတာနဲ့ ကြုံတွေ့ရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စုံတွဲလေးတို့ရေ အိမ်ထောင်ပြုတယ်ဆိုတာက တစ်ယောက်ကို တစ်ယောက် အားကိုးပြီး ချစ်ခင်ကြင်နာလို့ လက်ထပ်ကြတာဆိုပေမယ့် ချစ်တင်းနှောခြင်းကိစ္စကလည်း မေ့ထားလို့ မရပါဘူးနော်။ အိမ်ထောင်တစ်ခုသာယာဖို့ဆိုတာ စိတ်ပိုင်းဆိုင်ရာတွေ ပျော်ရွှင်နေမှ တခြားစီးပွားရေး ကိစ္စတွေလည်း အဆင်ပြေနိုင်မှာမလား။

ဒီတော့ ချစ်တင်းနှောခြင်းအပြင် တခြား အိမ်ထောင်ရေးရာ ကိစ္စတွေမှာ အဆင်ပြေအောင် ဆောင်ရွက်ရမှာပါ။ ပူပူနွေးနွေး အိမ်ထောင်ရှင်တို့အနေနဲ့ သိထားရမယ့် အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။
စိတ်ကို ပေါ့ပေါ့ပါးပါးထားပါ

စုံတွဲလေးတို့ရေ ချစ်တင်းနှောခြင်းမှာ ပျော်ရွှင်နေဖု့ိဆိုတာ စိတ်ကို ပေါ့ပေါ့ပါးပါးလေး ထားဖု့ိ အရမ်းအရေးကြီးပါတယ်နော်။ စိတ်ထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တင်းကျပ်မထားပါနဲ့နော်။ ကိုယ့်ရဲ့ ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေရမယ်လို့ပဲ အမြဲပဲ တွေးထားပါနော်။

နေသားမကျတာကို နားလည်ပေးပါ

အိမ်ထောင်ရှင်ဘဝကို ရောက်လာတဲ့အခါ နေသားမကျတာတွေ ဖြစ်နေမှာ သေချာပါတယ်။ မနက်ခင်း ထမင်းဟင်းထချက်တာမျိုး ပုံမှန်လုပ်လေ့လုပ်ထ မရှိတာမျိုးတွေကို နှစ်ယောက်တည်း နေရတဲ့အချိန်မှာ ပထမဦးဆုံး လုပ်ဆောင်ပြီဆိုရင် အဆင်မပြေတာတွေ ကြုံလာနိုင်ပါတယ်။

ထမင်းဟင်းချက်တာ မပြေတာ၊ အိမ်မှုကိစ္စတွေအပေါ်မှာ ကောင်းကောင်း မစီမံတတ်သေးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအချက်တွေကို ညားခါစ အိမ်ထောင်ရှင်တိုင်း ကြုံတွေ့ရမှာမို့ နားလည်ပေးမှ ရေရှည်မှာ အဆင်ပြေနိုင်မှာပါ။

အလုပ်တာဝန်

အိမ်ခွဲပြီးနေကြတဲ့ စုံတွဲလေးတွေဟာ မိဘတွေနဲ့ အတူတူနေတဲ့သူတွေထက်တော့ တာဝန်တွေ ပိုလာတာ အမှန်ပါပဲနော်။ ညားခါစ လင်မယားတွေမှာ ပထမဆုံး ကြုံရတဲ့အချက်က ဘယ်ကိစ္စမဆို ကိုယ်တိုင်လုပ်ဆောင်ရခြင်းပါ။

နှစ်ယောက်တည်း ကြိုးစားရပြီး လူခွဲမရှိတာမို့ အရင်ကထက်တော့ ပင်ပန်းနေမှာ အမှန်ပါ။ ဒီလို ပင်ပန်းတာတွေ၊ တာဝန်ယူရမယ့် အချက်တွေ များတာတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်သလို အလုပ်တာဝန်လည်း ခွဲပြီး ယူထားရင် ပိုအဆင်ပြေပါတယ်။

အိမ်ကို သတိရတာ

မိဘအိမ်ကို သတိရတာမျိုး စုံတွဲလေးတို့မှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တချို့စုံတွဲလေးတွေက မိဘတွေနဲ့ အရမ်းဝေးနဲ့နေရာအထိ ခွဲနေရတာမျိုး ရှိကြပါတယ်။ ဒီအချိန်မှာ အိမ်ထောင်ဘက်က အလိုက်သိပြီး ချော့မော့ပြောဖို့ လိုသလို ပျော်အောင်ထားပေးဖို့လည်း လိုပါတယ်နော်။ မပျော်လို့ အိမ်ကို သတိရတာ မဟုတ်ပေမယ့်လည်း ပျော်အောင်ထားပေးတာ လင်မယားကြား အချစ်ပိုစေမှာပါ။

သားဆက်ခြားနည်းတွေ သိနေပါစေ

စုံတွဲလေးတို့ ကလေးမယူချင်သေးလို့ သားဆက်ခြားတာမျိုး လုပ်ဆောင်မယ်ဆိုရင် အကောင်းဆုံးနဲ့ စိတ်အချရဆုံးဖြစ်တဲ့ နည်းလမ်းတွေကိုလည်း ကြိုတင်ပြီး ရွေးချယ်လုပ်ဆောင်ထားသင့်ပါတယ်နော်။ ဆရာဝန်နဲ့ တွေ့ဆုံတာမျိုး လုပ်ပါ။ ဒါမှလည်း စိတ်ပျော်ရွှင်တဲ့ ချစ်တင်းနှောခြင်းဖြစ်လာမှာပါ။

အိမ်ထောင်ရှင် ပူပူနွေးနွေးလေးတို့ ပျားရည်ဆမ်းခရီးကနေ ပြန်ရောက်ပြီဆိုတာနဲ့ ကြုံတွေ့ရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သေချာလေး ဂရုစိုက်မယ်ဆိုရင် အဆင်ပြေမှာပါ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top