iMyanmarHouse.com - Best Property Website for Myanmar
×


Love at first sight ဆိုတဲ့စကားေလးဟာ သိပ္ကို Romantic ဆန္လြန္းပါတယ္

Love at first sight ဆိုတဲ့စကားေလးက တကယ့္ကိုဂႏၱ၀င္ စကားလံုးေလးေတြပါပဲ။ ျမင္ျမင္ခ်င္း ခ်စ္မိတယ္ဆိုတဲ့ စကား ေလးဟာ ရုပ္ရွင္ေတြ သီခ်င္းေတြ ကဗ်ာေတြ ေနရာစံုမွာ ၾကားဖူး ေနက် စကားလံုးေလးျဖစ္မွာပါ။

တကယ္ေတာ့ ဒီစကားလံုးေလး မွာ အျငင္းပြားဖြယ္အေၾကာင္းရာ ေလးေတြရွိပါတယ္။ ျမင္ျမင္ ခ်င္းခ်စ္တဲ့အခ်စ္က စစ္မွန္ပါ့မလား။ အခ်ိန္အတိုင္းအတာတစ္ခု ထိ ရင္းႏွီးမႈမရွိေသးပဲနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ျမင္ျမင္ခ်င္း ခ်စ္မိတယ္ဆိုတာ ျဖစ္ႏိုင္ပါ့မလားလို႔ ေတြးေကာင္းေတြးခ်င္စရာ ပါပဲ။

တကယ္ေတာ့ ျမင္ျမင္ခ်င္းခ်စ္မိတယ္ဆိုတာ တကယ္ကိုရွိပါ တယ္။ လူတစ္ေယာက္ကို ျမင္လွ်င္ျမင္ခ်င္း နက္နက္ရိႈင္းရိႈင္း ခ်စ္မိသြားတယ္ဆိုတာ တကယ့္လက္ေတြ႕ဘ၀ေတြမွာလည္းရွိပါ တယ္။ ဒါဟာ သူ႕ရဲ႕ရုပ္ရည္ အျပင္အဆင္ ဘာတစ္ခုနဲ႔မွ မသက္ ဆိုင္ပဲနဲ႔ကို သူ႕ကိုျမင္ျမင္ခ်င္းပဲ ရိုးရိုးေလး ခ်စ္မိသြားတာပါ။

ဒီလို အေၾကာင္းအရာေတြဟာ တကယ္ကိုရွိပါတယ္။ ျမင္ျမင္ခ်င္းခ်စ္မိ တယ္ဆိုတဲ့စကားမွာ တာ၀န္ယူမႈေတြ အမ်ားၾကီး ရွိပါတယ္။ လူတစ္ေယာက္လွလို႔ ေခ်ာလို႔ သန္႔လို႔ သူ႕ကိုသေဘာက်တဲ့ စိတ္နဲ႔ သူ႕ကိုရုတ္တရက္ျမင္မိလိုက္ တာေလးနဲ႔ကိုပဲ တကယ္ ခ်စ္မိသြားတဲ့စိတ္ဟာ အမ်ားၾကီးျခားနား ပါတယ္။ အခ်စ္ဆိုတာ တစ္စကၠန္႔ေလးနဲ႔လည္း ေပါက္ဖြားႏိုင္ပါတယ္။

သူ႕ရဲ႕ၾကာရွည္ခံ မႈကေတာ့ ကိုယ့္ႏွလံုးသားအေပၚမွာပဲမူတည္ပါတယ္။ အခ်ိန္ ၾကာၾကာအနားအတူတူရွိေနလည္း ခ်စ္ခ်င္မွခ်စ္တာပါ ခဏေလး ေတြ႕ခဲ့ရေပမယ့္လည္း တသသ သတိရေနျပီး တစိမ့္စိမ့္ခ်စ္ေန တာမ်ိဳးေတြလည္း ရွိပါ တယ္။ အခ်စ္ဟာ အဓိပၸါယ္ေဖာ္ဖို႔ ခက္ခဲ တဲ့ ဂႏၱ၀င္ကဗ်ာတစ္ပုဒ္ပါပဲ။

ျမင္ျမင္ခ်င္းခ်စ္တဲ့အခ်စ္ဟာလည္း ေလးနက္ပါတယ္။ အခ်ိန္ အၾကာၾကီးအ နားအတူရွိလို႔ ခ်စ္တယ္ ဆိုတာက အခ်စ္ထက္ သံေယာဇဥ္ကပိုပါတယ္။ ဒီလိုေျပာလို႔ ခုေတြ႕ခုခ်စ္ေတြကို ယံုရမယ္လို႕ မဆိုလိုဘူးေနာ္။

 ျမင္ျမင္ခ်င္းခ်စ္တယ္ဆိုတဲ့ အျဖစ္ပ်က္ေလးဟာ တကယ့္ေလာကမွာရွိတယ္ဆိုတာ ေလး ေျပာျပေပးတာပါ။ စာဖတ္သူတို႔ လူတစ္ေယာက္ကို ျမင္ျမင္ခ်င္း ခ်စ္ဖူးလား ဒါမွမဟုတ္ စိတ္ထဲမွာ သတိတရနဲ႔ အမွတ္ရေနဖူး လား ဒါဟာလည္း Love at first sight ရဲ႕ effect ေတြပါပဲ။ တစ္စံုတစ္ေယာက္က သင့္ကိုျမင္ျမင္ခ်င္း ခ်စ္မိပါတယ္လို႔ လာေျပာခဲ့ရင္ သူေျပာတဲ့စကားေလးေတြကို တေလးတစားနဲ႔ ျပန္နားေထာင္ေပးလိုုက္ပါ။

နားေထာင္ေနရင္း သူတကယ္ ေျပာေနလား ညာေနလား ဆိုတာေတာ့ စာဖတ္သူလို႔အကဲခတ္ ေပါ့ေနာ္။ ျမင္ျမင္ခ်င္းခ်စ္မိတယ္ဆိုတဲ့ စကားေလးဟာ သိပ္ျပီး Romantic ဆန္ပါတယ္။ အျပင္ေလာကမွာလည္းတကယ္ရွိပါတယ္လို႔။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


Love at first sight ဆိုတဲ့စကားလေးဟာ သိပ်ကို Romantic ဆန်လွန်းပါတယ်

Love at first sight ဆိုတဲ့စကားလေးက တကယ့်ကိုဂန္တဝင် စကားလုံးလေးတွေပါပဲ။ မြင်မြင်ချင်း ချစ်မိတယ်ဆိုတဲ့ စကား လေးဟာ ရုပ်ရှင်တွေ သီချင်းတွေ ကဗျာတွေ နေရာစုံမှာ ကြားဖူး နေကျ စကားလုံးလေးဖြစ်မှာပါ။

တကယ်တော့ ဒီစကားလုံးလေး မှာ အငြင်းပွားဖွယ်အကြောင်းရာ လေးတွေရှိပါတယ်။ မြင်မြင် ချင်းချစ်တဲ့အချစ်က စစ်မှန်ပါ့မလား။ အချိန်အတိုင်းအတာတစ်ခု ထိ ရင်းနှီးမှုမရှိသေးပဲနဲ့ တစ်ယောက်နဲ့တစ်ယောက် မြင်မြင်ချင်း ချစ်မိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ တွေးကောင်းတွေးချင်စရာ ပါပဲ။

တကယ်တော့ မြင်မြင်ချင်းချစ်မိတယ်ဆိုတာ တကယ်ကိုရှိပါ တယ်။ လူတစ်ယောက်ကို မြင်လျှင်မြင်ချင်း နက်နက်ရှိုင်းရှိုင်း ချစ်မိသွားတယ်ဆိုတာ တကယ့်လက်တွေ့ဘဝတွေမှာလည်းရှိပါ တယ်။ ဒါဟာ သူ့ရဲ့ရုပ်ရည် အပြင်အဆင် ဘာတစ်ခုနဲ့မှ မသက် ဆိုင်ပဲနဲ့ကို သူ့ကိုမြင်မြင်ချင်းပဲ ရိုးရိုးလေး ချစ်မိသွားတာပါ။

ဒီလို အကြောင်းအရာတွေဟာ တကယ်ကိုရှိပါတယ်။ မြင်မြင်ချင်းချစ်မိ တယ်ဆိုတဲ့စကားမှာ တာဝန်ယူမှုတွေ အများကြီး ရှိပါတယ်။ လူတစ်ယောက်လှလို့ ချောလို့ သန့်လို့ သူ့ကိုသဘောကျတဲ့ စိတ်နဲ့ သူ့ကိုရုတ်တရက်မြင်မိလိုက် တာလေးနဲ့ကိုပဲ တကယ် ချစ်မိသွားတဲ့စိတ်ဟာ အများကြီးခြားနား ပါတယ်။ အချစ်ဆိုတာ တစ်စက္ကန့်လေးနဲ့လည်း ပေါက်ဖွားနိုင်ပါတယ်။

သူ့ရဲ့ကြာရှည်ခံ မှုကတော့ ကိုယ့်နှလုံးသားအပေါ်မှာပဲမူတည်ပါတယ်။ အချိန် ကြာကြာအနားအတူတူရှိနေလည်း ချစ်ချင်မှချစ်တာပါ ခဏလေး တွေ့ခဲ့ရပေမယ့်လည်း တသသ သတိရနေပြီး တစိမ့်စိမ့်ချစ်နေ တာမျိုးတွေလည်း ရှိပါ တယ်။ အချစ်ဟာ အဓိပ္ပါယ်ဖော်ဖို့ ခက်ခဲ တဲ့ ဂန္တဝင်ကဗျာတစ်ပုဒ်ပါပဲ။

မြင်မြင်ချင်းချစ်တဲ့အချစ်ဟာလည်း လေးနက်ပါတယ်။ အချိန် အကြာကြီးအ နားအတူရှိလို့ ချစ်တယ် ဆိုတာက အချစ်ထက် သံယောဇဉ်ကပိုပါတယ်။ ဒီလိုပြောလို့ ခုတွေ့ခုချစ်တွေကို ယုံရမယ်လို့ မဆိုလိုဘူးနော်။

 မြင်မြင်ချင်းချစ်တယ်ဆိုတဲ့ အဖြစ်ပျက်လေးဟာ တကယ့်လောကမှာရှိတယ်ဆိုတာ လေး ပြောပြပေးတာပါ။ စာဖတ်သူတို့ လူတစ်ယောက်ကို မြင်မြင်ချင်း ချစ်ဖူးလား ဒါမှမဟုတ် စိတ်ထဲမှာ သတိတရနဲ့ အမှတ်ရနေဖူး လား ဒါဟာလည်း Love at first sight ရဲ့ effect တွေပါပဲ။ တစ်စုံတစ်ယောက်က သင့်ကိုမြင်မြင်ချင်း ချစ်မိပါတယ်လို့ လာပြောခဲ့ရင် သူပြောတဲ့စကားလေးတွေကို တလေးတစားနဲ့ ပြန်နားထောင်ပေးလိုက်ပါ။

နားထောင်နေရင်း သူတကယ် ပြောနေလား ညာနေလား ဆိုတာတော့ စာဖတ်သူလို့အကဲခတ် ပေါ့နော်။ မြင်မြင်ချင်းချစ်မိတယ်ဆိုတဲ့ စကားလေးဟာ သိပ်ပြီး Romantic ဆန်ပါတယ်။ အပြင်လောကမှာလည်းတကယ်ရှိပါတယ်လို့။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top