iMyanmarHouse.com - Best Property Website for Myanmar
×

ေခါင္းေလွ်ာ္ရည္ထဲ ဆား ထည့္ေလွ်ာ္မယ္ဆိုရင္ ရ႐ွိလာမည့္ အက်ိဳးေက်းဇူးမ်ား

တစ္ခါတေလ ကိုယ္မထင္မွတ္ထားတာေလးေတြက ကိုယ့္အတြက္ အမ်ားႀကီးအက်ိဳးျပဳတတ္ပါတယ္။ အခုဆိုရင္လည္း သင္လုံးဝ မထင္မွတ္ထားဘဲ အၿမဲသုံးေနတဲ့ ေခါင္းေလွ်ာ္ရည္ေတြကို အိမ္သုံးဆားနဲ႔သာ တြဲသုံးလိုက္ရင္ ဆံပင္အတြက္အသုံးဝင္တဲ့ အလွကုန္ပစၥည္းတစ္မ်ိဳးျဖစ္သြားတယ္ဆိုရင္ သင္စိတ္ဝင္စားတယ္မလား။ ဆားဆိုတာ အိမ္ေနာက္ဘက္ မီးဖိုေခ်ာင္ဝင္လိုက္တာနဲ႔ ခ်က္ခ်င္းေတြ႕ရႏိုင္တဲ့ ပစၥည္းမ်ိဳးပါ။။ ဒီဆားကို ေခါင္းေလွ်ာ္ရည္နဲ႔ တြဲၿပီးေလွ်ာ္ရင္ ဘာေတြထူးမလဲ ဆက္ေလ့လာၾကည့္ရေအာင္ဗ်ာ ……

ဆားက သဘာဝျဖစ္တဲ့အတြက္ ေဘးဥပါဒ္ျဖစ္မွာလည္း လုံးဝမစိုးရိမ္ရပါဘူး။ ေခါင္းေလွ်ာ္ရည္ထဲကို ဆားစားပြဲတင္ဇြန္း (၂)ဇြန္းစာေလာက္ ေရာထည့္ၿပီး ေလွ်ာ္ေပးတာက

အဆီျပန္ျခင္းကိုကာကြယ္ေပးတယ္

တေန႔လုံး အျပင္သြားရတာမ်ိဳး လႈပ္လႈပ္ရွားရွား လုပ္ရတာမ်ိဳးက ေခါင္းအဆီကို ျပန္ေစပါတယ္။ ဒါေၾကာင့္ ေခါင္းေလွ်ာ္ရည္ထဲ ဆားထည့္ ေလွ်ာ္ေပးပါက ဦးေရျပားအဆီျပန္ျခင္းကို ကာကြယ္ေပးပါတယ္။ လုံးဝအဆီမျပန္တာမ်ိဳးေတာ့မဟုတ္ဘဲ လိုအပ္တဲ့အဆီပမာဏာပဲ အဆီျပန္ေအာင္ထိန္းညႇိေပးတာပါ။ အဆီျပန္တာကို ကာကြယ္ေပးတဲ့အတြက္ (၂)ရက္ေလာက္နဲ႔ အဆီျပန္တဲ့ ဦးေရျပားဟာ ေစးကပ္ကပ္ျဖစ္မေနေတာ့ပဲ (၃)ရက္ေလာက္ေနမွ ေခါင္းေလွ်ာ္ေပးလို႔ရသြားပါတယ္။ (၁)ပတ္ေလာက္နဲ႔ တင္ သိသာတဲ့ ရလဒ္ကို သင္ျမင္ေတြ႕ရမွာပါ။

ေဗာက္ထျခင္းကို ကာကြယ္ေပးတယ္

ေနာက္ထပ္ ေကာင္းက်ိဳးတစ္ခုက ေဗာက္ထျခင္းကို ကာကြယ္ေပးပါတယ္။ တခ်ိဳ႕မိန္းကေလးေတြဆိုရင္ ေခါင္းေလွ်ာ္ရည္ ဝယ္ရင္ေတာင္ ေဗာက္ေပ်ာက္တာကို ေ႐ြးဝယ္ၾကပါတယ္။ ဒါေပမယ့္ အခုေတာ့ ေဗာက္ထလို႔ စိတ္ညစ္စရာမလိုေတာ့ပါဘူး။ ပိုၿပီးထိေရာက္ခ်င္ရင္ အိမ္သုံးဆားထက္ ပင္လယ္ဆားကိုသုံးေပးပါ။ ပင္လယ္ဆားနဲ႔ ေခါင္းေလွ်ာ္ရည္ကို ေရာစပ္ၿပီး ဦးေရျပားကိုအသာအယာ (၁၀)မိနစ္ေလာက္ ႏွိပ္နယ္ေပးပါ။ သတ္မွတ္ခ်ိန္ျပည့္မွ ေခါင္းေလွ်ာ္လိုက္ပါ။

ဆံပင္ကြၽတ္ျခင္းကို သက္သာေစတယ္

ေခါင္းေလွ်ာ္ရည္ မေကာင္းလို႔ပဲျဖစ္ျဖစ္၊ ဦးေရျပားအားနည္လို႔ျဖစ္ျဖစ္ ဆံပင္ေတြ ကြၽတ္တတ္ပါတယ္။ အဲ့လို ဆံပင္ မၾကာခဏကြၽတ္ေနရင္ အေပၚကနည္းအတိုင္း ဦးေခါင္းကို (၁၀)မိနစ္ေလာက္ႏွိပ္နယ္ေပးၿပီး ေလွ်ာ္ၾကည့္ပါ။ အရင္လိုဆံပင္မကြၽတ္ေတာ့တာကို သတိထားမိပါ လိမ့္မယ္။

တစ္ခုေျပာဖို႔က်န္ေသးတာက ဆားနဲ႔ ပတ္သက္ရင္ ဆားက အမ်ိဳးမ်ိဳးရွိပါတယ္။ ဒီေတာ့ ဘယ္လိုဆားမ်ိဳးကို ဘာအတြက္သုံးလဲ … ?

စားပြဲတင္ဆား အိမ္သုံးဆားက ဆံပင္ကြၽတ္ျခင္းကို အထူးသက္သာေစတယ္။ သဘာဝဆား မသန႔္စင္ရေသးပဲ သဘာဝအတိုင္းရရွိလာတဲ့ ဆားက ဦးေရျပားျပႆနာေတြကို ကာကြယ္ေပးတယ္။ ဆံပင္အတြက္ လိုအပ္တဲ့ဓာတ္ေတြ ျဖည့္ေပးတယ္။ ဆားခါး ဆားခါးကေတာ့ စိမ္ႏိုင္ရင္ ခႏၶာကိုယ္အတြက္ပါ ေကာင္းမြန္ေစပါတယ္။ ဆားခါးက ဆံပင္အဆီျပန္တာကို သက္သာေစသလို ဆံပင္ေပ်ာ့ေဆးနဲ႔ ေရာစပ္သုံးရင္ ဆံပင္လည္းအုံထူေစတယ္။ ေခါင္းေလွ်ာ္ၿပီး မိနစ္ (၂၀)ေလာက္ေနမွ ေရနဲ႔သန႔္စင္ေပးပါ။

ကဲ အေပၚက ေျပာခဲ့တာေလးေတြကို တကယ္လက္ေတြ႕စမ္းသပ္ျခင္းျဖင့္ က်န္းမာသန္စြမ္းတဲ့ ဆံပင္နဲ႔ ေဗာက္ျပသာနာကို ေျဖရွင္းႏိုင္ပါေစ။

Credit: poppingbox
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ခေါင်းလျှော်ရည်ထဲ ဆား ထည့်လျှော်မယ်ဆိုရင် ရရှိလာမည့် အကျိုးကျေးဇူးများ

တစ်ခါတလေ ကိုယ်မထင်မှတ်ထားတာလေးတွေက ကိုယ့်အတွက် အများကြီးအကျိုးပြုတတ်ပါတယ်။ အခုဆိုရင်လည်း သင်လုံးဝ မထင်မှတ်ထားဘဲ အမြဲသုံးနေတဲ့ ခေါင်းလျှော်ရည်တွေကို အိမ်သုံးဆားနဲ့သာ တွဲသုံးလိုက်ရင် ဆံပင်အတွက်အသုံးဝင်တဲ့ အလှကုန်ပစ္စည်းတစ်မျိုးဖြစ်သွားတယ်ဆိုရင် သင်စိတ်ဝင်စားတယ်မလား။ ဆားဆိုတာ အိမ်နောက်ဘက် မီးဖိုချောင်ဝင်လိုက်တာနဲ့ ချက်ချင်းတွေ့ရနိုင်တဲ့ ပစ္စည်းမျိုးပါ။။ ဒီဆားကို ခေါင်းလျှော်ရည်နဲ့ တွဲပြီးလျှော်ရင် ဘာတွေထူးမလဲ ဆက်လေ့လာကြည့်ရအောင်ဗျာ ……

ဆားက သဘာဝဖြစ်တဲ့အတွက် ဘေးဥပါဒ်ဖြစ်မှာလည်း လုံးဝမစိုးရိမ်ရပါဘူး။ ခေါင်းလျှော်ရည်ထဲကို ဆားစားပွဲတင်ဇွန်း (၂)ဇွန်းစာလောက် ရောထည့်ပြီး လျှော်ပေးတာက

အဆီပြန်ခြင်းကိုကာကွယ်ပေးတယ်

တနေ့လုံး အပြင်သွားရတာမျိုး လှုပ်လှုပ်ရှားရှား လုပ်ရတာမျိုးက ခေါင်းအဆီကို ပြန်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်ထဲ ဆားထည့် လျှော်ပေးပါက ဦးရေပြားအဆီပြန်ခြင်းကို ကာကွယ်ပေးပါတယ်။ လုံးဝအဆီမပြန်တာမျိုးတော့မဟုတ်ဘဲ လိုအပ်တဲ့အဆီပမာဏာပဲ အဆီပြန်အောင်ထိန်းညှိပေးတာပါ။ အဆီပြန်တာကို ကာကွယ်ပေးတဲ့အတွက် (၂)ရက်လောက်နဲ့ အဆီပြန်တဲ့ ဦးရေပြားဟာ စေးကပ်ကပ်ဖြစ်မနေတော့ပဲ (၃)ရက်လောက်နေမှ ခေါင်းလျှော်ပေးလို့ရသွားပါတယ်။ (၁)ပတ်လောက်နဲ့ တင် သိသာတဲ့ ရလဒ်ကို သင်မြင်တွေ့ရမှာပါ။

ဗောက်ထခြင်းကို ကာကွယ်ပေးတယ်

နောက်ထပ် ကောင်းကျိုးတစ်ခုက ဗောက်ထခြင်းကို ကာကွယ်ပေးပါတယ်။ တချို့မိန်းကလေးတွေဆိုရင် ခေါင်းလျှော်ရည် ဝယ်ရင်တောင် ဗောက်ပျောက်တာကို ရွေးဝယ်ကြပါတယ်။ ဒါပေမယ့် အခုတော့ ဗောက်ထလို့ စိတ်ညစ်စရာမလိုတော့ပါဘူး။ ပိုပြီးထိရောက်ချင်ရင် အိမ်သုံးဆားထက် ပင်လယ်ဆားကိုသုံးပေးပါ။ ပင်လယ်ဆားနဲ့ ခေါင်းလျှော်ရည်ကို ရောစပ်ပြီး ဦးရေပြားကိုအသာအယာ (၁၀)မိနစ်လောက် နှိပ်နယ်ပေးပါ။ သတ်မှတ်ချိန်ပြည့်မှ ခေါင်းလျှော်လိုက်ပါ။

ဆံပင်ကျွတ်ခြင်းကို သက်သာစေတယ်

ခေါင်းလျှော်ရည် မကောင်းလို့ပဲဖြစ်ဖြစ်၊ ဦးရေပြားအားနည်လို့ဖြစ်ဖြစ် ဆံပင်တွေ ကျွတ်တတ်ပါတယ်။ အဲ့လို ဆံပင် မကြာခဏကျွတ်နေရင် အပေါ်ကနည်းအတိုင်း ဦးခေါင်းကို (၁၀)မိနစ်လောက်နှိပ်နယ်ပေးပြီး လျှော်ကြည့်ပါ။ အရင်လိုဆံပင်မကျွတ်တော့တာကို သတိထားမိပါ လိမ့်မယ်။

တစ်ခုပြောဖို့ကျန်သေးတာက ဆားနဲ့ ပတ်သက်ရင် ဆားက အမျိုးမျိုးရှိပါတယ်။ ဒီတော့ ဘယ်လိုဆားမျိုးကို ဘာအတွက်သုံးလဲ … ?

စားပွဲတင်ဆား အိမ်သုံးဆားက ဆံပင်ကျွတ်ခြင်းကို အထူးသက်သာစေတယ်။ သဘာဝဆား မသန့်စင်ရသေးပဲ သဘာဝအတိုင်းရရှိလာတဲ့ ဆားက ဦးရေပြားပြဿနာတွေကို ကာကွယ်ပေးတယ်။ ဆံပင်အတွက် လိုအပ်တဲ့ဓာတ်တွေ ဖြည့်ပေးတယ်။ ဆားခါး ဆားခါးကတော့ စိမ်နိုင်ရင် ခန္ဓာကိုယ်အတွက်ပါ ကောင်းမွန်စေပါတယ်။ ဆားခါးက ဆံပင်အဆီပြန်တာကို သက်သာစေသလို ဆံပင်ပျော့ဆေးနဲ့ ရောစပ်သုံးရင် ဆံပင်လည်းအုံထူစေတယ်။ ခေါင်းလျှော်ပြီး မိနစ် (၂၀)လောက်နေမှ ရေနဲ့သန့်စင်ပေးပါ။

ကဲ အပေါ်က ပြောခဲ့တာလေးတွေကို တကယ်လက်တွေ့စမ်းသပ်ခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ ဆံပင်နဲ့ ဗောက်ပြသာနာကို ဖြေရှင်းနိုင်ပါစေ။

Credit: poppingbox
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top