iMyanmarHouse.com - Best Property Website for Myanmar
×

ေလျဖတ္ေတာ့မယ္လို႔ ခႏၶာကိုယ္က အခ်က္ျပေနတဲ့ လကၡဏာေတြကို ႀကိဳသိထားျခင္းက အက်ိဳးေက်းဇူး ျဖစ္ထြန္းေစႏိုင္ပါလိမ့္မယ္။

ေလျဖတ္ေလငန္းေရာဂါဆိုတာ သိပ္ေၾကာက္ဖို႔ေကာင္းတဲ့ေရာဂါပါ။ ခႏၶာကိုယ္တစ္ခုလံုး မလႈပ္ႏိုင္ေတာ့လို႔ ေခ်းပါ၊ ေသးေပါက္ကအစ အိမ္သားေတြကို အားကိုးရမွာျဖစ္တဲ့အတြက္ ကိုယ္တစ္ေယာက္တည္း ဒုကၡေရာက္တာမဟုတ္ဘဲ အိမ္သားေတြပါ ဒုကၡေရာက္ေစတဲ့ ေရာဂါမ်ိဳးပါ။ ဒါေၾကာင့္ ေလျဖတ္ေတာ့မယ္လို႔ ခႏၶာကိုယ္က အခ်က္ျပေနတဲ့ လကၡဏာေတြကို ႀကိဳသိထားျခင္းက အက်ိဳးေက်းဇူး ျဖစ္ထြန္းေစႏိုင္ ပါလိမ့္မယ္။

၁။ အျမင္အာ႐ံုအားနည္းမယ္
လူေတာ္ေတာ္မ်ားမ်ားက ပံုရိပ္ႏွစ္ထပ္ျမင္ျခင္း၊ အျမင္ေဝဝါးျခင္း၊ အျမင္အာရံု အားနည္းျခင္းတို႔ကို အသက္အ႐ြယ္ႀကီးရင့္လာလုိ႔တို႔၊ ပင္ပန္းႏြမ္းနယ္လို႔တို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ မ်က္စိထဲမွာ ပံုရိပ္ေတြကို ႏွစ္ထပ္ျမင္ေနရၿပီဆိုတာ ပင္ပန္းလို႔ဆိုတာထက္၊ မ်က္စိကို အမ်ားႀကီးအသံုးခ်မိလို႔ ဆိုတာထက္ပိုပါတယ္။

ဒါဟာ ေသြးေၾကာပိတ္ဆို႔ျခင္းေၾကာင့္ မ်က္စိဆီကုိ ေအာက္ဆီဂ်င္လံုလံုေလာက္ေလာက္ မေရာက္တဲ့အခါျဖစ္တတ္ပါတယ္။ဒါဟာာ ေလျဖတ္ျခင္းရဲ႕လကၡဏာတစ္ခုပါ။ ဒါေၾကာင့္ အျမင္အာရံုပိုင္းဆိုင္ရာ ျပႆနာတစ္ခုခု ၾကံဳေနရၿပီဆိုရင္ မ်က္စိဆရာဝန္နဲ႔ ျပသစစ္ေဆးပါ။ ၿပီးရင္ေလျဖတ္ ေလငန္း ေရာဂါနဲ႔ ဆက္ႏြယ္ေနမႈ႐ွိမရွိ စစ္ေဆးၾကည့္ပါ။

၂။ လက္ေတြထံုလာမယ္
အိပ္ယာက႐ုတ္တရက္ လန္႔ႏိုးလာၿပီး လက္ေတြထံုေနမယ္ဆိုရင္ လက္ကိုဖိအိပ္မိလို႔လို႔ပဲ ယူဆမိၾကမွာပါ။ ဒါေပမယ့္ တကယ္ေကာ အဲဒီအတိုင္းဟုတ္ပါ့မလား။ မိုင္ယာမီတကၠသိုလ္က အာ႐ံုေၾကာေဗဒ ပါေမာကၡ ေဒါက္တာ Ralph Sacco ကေတာ့

“လက္ေမာင္းတစ္ဖက္ ႐ုတ္တရက္ထံုလာၿပီး အခ်ိန္တစ္ခုအတြင္း ျပန္သက္သာမလာဘူးဆိုရင္ေတာ့ ေဆးခန္းကို အျမန္ဆံုးေျပးပါေတာ့” လို႔ အၾကံျပဳ ထားပါတယ္။ ေက်ာ႐ိုးမႀကီးကေနေနာက္ေစ့ကို ျဖတ္သန္းသြားလာေနတဲ့ ေသြးေၾကာေတြမွာ ေသြးစီးဆင္းမႈေလ်ာ့နည္းျခင္းဟာ ခႏၶာကိုယ္တစ္ျခမ္းမွာ ထံုက်င္ျခင္း၊ အားနည္းျခင္းကို ျဖစ္ေစပါတယ္တဲ့။

၃။ စကားသံေတြ မပီသျဖစ္မယ္
တစ္ခါတေလမွာ စကားေျပာရင္ မပီမသ၊ ဗလံုးဗေထြးျဖစ္ေနၿပီဆိုရင္ေတာ့ ေလျဖတ္ႏိုင္တဲ့ အႏၱရာယ္မ်ားေနၿပီလို႔ သိႏုိင္ပါတယ္။ ေလျဖတ္ေလငန္းေရာဂါဟာ ဦးေႏွာက္နဲ႔အဓိက ဆက္စပ္ေနတဲ့အတြက္ ဦးေႏွာက္ထဲကို ေသြးမေလွ်ာက္ေတာ့တဲ့အခါ ခႏၶာကိုယ္ အစိတ္အပိုင္းတခ်ိဳ႕ အလုပ္လုပ္ရတာခက္ခဲလာပါတယ္။ အဲဒီထဲမွာ ေမး႐ိုးနဲ႔လွ်ာလည္း ပါပါတယ္။ ေမး႐ိုးနဲ႔လွ်ာ ေကာင္းေကာင္း အလုပ္မလုပ္ ေတာ့တဲ့အခါ စကားသံေတြ မပီမသနဲ႔ ဗလံုးဗေထြးျဖစ္လာတတ္ပါတယ္။

၄။ ေမ့လြယ္လာမယ္
အသိတစ္ေယာက္နဲ႔ စကားေျပာေနရင္း ေျပာမယ့္စကားက ပါးစပ္ဖ်ားမွာတင္ ေမ့ေလ်ာ့သြားတာမ်ိဳး ၾကံဳဖူးၾကလား။ အဲဒီလို ေမ့ေလ်ာ့ျခင္းက အႀကိမ္ေရအရမ္း စိတ္လာၿပီဆိုရင္ေတာ့ သတိထားသင့္ပါၿပီ။ အယ္လ္ဇိုင္းမားေရာဂါရေလာက္တဲ့ အသက္အရြယ္လည္း မဟုတ္ေသးဘူးဆိုရင္ေတာ့ ဒါဟာေလျဖတ္ေရာဂါ ျဖစ္ႏိုင္ေျခ႐ွိတဲ့ လကၡဏာတစ္ခု ျဖစ္ေနႏိုင္ပါၿပီ။

၅။ ေခါင္းကိုက္ေခါင္းခဲလာမယ္
ေခါင္းကိုက္တယ္ဆိုတာကလည္း အရက္ေသာက္ထားလို႔ ေခါင္းကိုက္တာလား။ ေနျပင္းလို႔ေခါင္းကိုက္တာလား။ အစားမွားလို႔ ေခါင္းကိုက္တာလား။ ကြဲကြဲျပားျပားသိဖို႔လည္း လိုပါေသးတယ္။ အေၾကာင္းျပခ်က္ မ႐ွိဘဲ ႐ုတ္တရက္ႀကီး ေခါင္းထကိုက္ၿပီဆိုရင္ေတာ့ ဒါဟာ ေလျဖတ္ေလငန္းေရာဂါ ျဖစ္ေတာ့မယ္လို႔ သတိေပးေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ေခါင္းကိုက္ေရာဂါနဲ႔ ေလျဖတ္ေရာဂါမွာ အာ႐ံုေၾကာဆိုင္ရာ ဝိေသသေတြ တူညီေနေတာ့ အထင္အျမင္မွားႏုိင္စရာေတြ ႐ွိပါတယ္။

၆။ ပစၥည္းတခုခု ကိုင္တြယ္လၽွင္ မထင္မွတ္ပဲ ကိုင္မရ မျမဲပဲ ခဏခဏျပဳတ္က်တာ၊ မျမဲလၽွင္လည္း ေလျဖတ္လဏၡာပါပဲ၊ ေခ်ေထာက္က ရုတ္တရက္ လႈပ္ရွားမရ ဆြဲသလို ျဖစ္ေနရင္လည္း ေလျဖတ္ေရာဂါ ျဖစ္ေတာ့မည့္ လဏၡာမ်ားျဖစ္၍ ဆရာဝန္ႏွင့္ အလၽွင္အျမန္ ႀကိဳတင္ျပသသင့္ပါသည္။

Credit:thutayathamm

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လေဖြတ်တော့မယ်လို့ ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာတွေကို ကြိုသိထားခြင်းက အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင်ပါလိမ့်မယ်။

လေဖြတ်လေငန်းရောဂါဆိုတာ သိပ်ကြောက်ဖို့ကောင်းတဲ့ရောဂါပါ။ ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်နိုင်တော့လို့ ချေးပါ၊ သေးပေါက်ကအစ အိမ်သားတွေကို အားကိုးရမှာဖြစ်တဲ့အတွက် ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်တာမဟုတ်ဘဲ အိမ်သားတွေပါ ဒုက္ခရောက်စေတဲ့ ရောဂါမျိုးပါ။ ဒါကြောင့် လေဖြတ်တော့မယ်လို့ ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာတွေကို ကြိုသိထားခြင်းက အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင် ပါလိမ့်မယ်။

၁။ အမြင်အာရုံအားနည်းမယ်
လူတော်တော်များများက ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အမြင်အာရုံ အားနည်းခြင်းတို့ကို အသက်အရွယ်ကြီးရင့်လာလို့တို့၊ ပင်ပန်းနွမ်းနယ်လို့တို့ ထင်တတ်ကြပါတယ်။ တကယ်တော့ မျက်စိထဲမှာ ပုံရိပ်တွေကို နှစ်ထပ်မြင်နေရပြီဆိုတာ ပင်ပန်းလို့ဆိုတာထက်၊ မျက်စိကို အများကြီးအသုံးချမိလို့ ဆိုတာထက်ပိုပါတယ်။

ဒါဟာ သွေးကြောပိတ်ဆို့ခြင်းကြောင့် မျက်စိဆီကို အောက်ဆီဂျင်လုံလုံလောက်လောက် မရောက်တဲ့အခါဖြစ်တတ်ပါတယ်။ဒါဟာာ လေဖြတ်ခြင်းရဲ့လက္ခဏာတစ်ခုပါ။ ဒါကြောင့် အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ကြုံနေရပြီဆိုရင် မျက်စိဆရာဝန်နဲ့ ပြသစစ်ဆေးပါ။ ပြီးရင်လေဖြတ် လေငန်း ရောဂါနဲ့ ဆက်နွယ်နေမှုရှိမရှိ စစ်ဆေးကြည့်ပါ။

၂။ လက်တွေထုံလာမယ်
အိပ်ယာကရုတ်တရက် လန့်နိုးလာပြီး လက်တွေထုံနေမယ်ဆိုရင် လက်ကိုဖိအိပ်မိလို့လို့ပဲ ယူဆမိကြမှာပါ။ ဒါပေမယ့် တကယ်ကော အဲဒီအတိုင်းဟုတ်ပါ့မလား။ မိုင်ယာမီတက္ကသိုလ်က အာရုံကြောဗေဒ ပါမောက္ခ ဒေါက်တာ Ralph Sacco ကတော့

“လက်မောင်းတစ်ဖက် ရုတ်တရက်ထုံလာပြီး အချိန်တစ်ခုအတွင်း ပြန်သက်သာမလာဘူးဆိုရင်တော့ ဆေးခန်းကို အမြန်ဆုံးပြေးပါတော့” လို့ အကြံပြု ထားပါတယ်။ ကျောရိုးမကြီးကနေနောက်စေ့ကို ဖြတ်သန်းသွားလာနေတဲ့ သွေးကြောတွေမှာ သွေးစီးဆင်းမှုလျော့နည်းခြင်းဟာ ခန္ဓာကိုယ်တစ်ခြမ်းမှာ ထုံကျင်ခြင်း၊ အားနည်းခြင်းကို ဖြစ်စေပါတယ်တဲ့။

၃။ စကားသံတွေ မပီသဖြစ်မယ်
တစ်ခါတလေမှာ စကားပြောရင် မပီမသ၊ ဗလုံးဗထွေးဖြစ်နေပြီဆိုရင်တော့ လေဖြတ်နိုင်တဲ့ အန္တရာယ်များနေပြီလို့ သိနိုင်ပါတယ်။ လေဖြတ်လေငန်းရောဂါဟာ ဦးနှောက်နဲ့အဓိက ဆက်စပ်နေတဲ့အတွက် ဦးနှောက်ထဲကို သွေးမလျှောက်တော့တဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ အလုပ်လုပ်ရတာခက်ခဲလာပါတယ်။ အဲဒီထဲမှာ မေးရိုးနဲ့လျှာလည်း ပါပါတယ်။ မေးရိုးနဲ့လျှာ ကောင်းကောင်း အလုပ်မလုပ် တော့တဲ့အခါ စကားသံတွေ မပီမသနဲ့ ဗလုံးဗထွေးဖြစ်လာတတ်ပါတယ်။

၄။ မေ့လွယ်လာမယ်
အသိတစ်ယောက်နဲ့ စကားပြောနေရင်း ပြောမယ့်စကားက ပါးစပ်ဖျားမှာတင် မေ့လျော့သွားတာမျိုး ကြုံဖူးကြလား။ အဲဒီလို မေ့လျော့ခြင်းက အကြိမ်ရေအရမ်း စိတ်လာပြီဆိုရင်တော့ သတိထားသင့်ပါပြီ။ အယ်လ်ဇိုင်းမားရောဂါရလောက်တဲ့ အသက်အရွယ်လည်း မဟုတ်သေးဘူးဆိုရင်တော့ ဒါဟာလေဖြတ်ရောဂါ ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါပြီ။

၅။ ခေါင်းကိုက်ခေါင်းခဲလာမယ်
ခေါင်းကိုက်တယ်ဆိုတာကလည်း အရက်သောက်ထားလို့ ခေါင်းကိုက်တာလား။ နေပြင်းလို့ခေါင်းကိုက်တာလား။ အစားမှားလို့ ခေါင်းကိုက်တာလား။ ကွဲကွဲပြားပြားသိဖို့လည်း လိုပါသေးတယ်။ အကြောင်းပြချက် မရှိဘဲ ရုတ်တရက်ကြီး ခေါင်းထကိုက်ပြီဆိုရင်တော့ ဒါဟာ လေဖြတ်လေငန်းရောဂါ ဖြစ်တော့မယ်လို့ သတိပေးနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်ရောဂါနဲ့ လေဖြတ်ရောဂါမှာ အာရုံကြောဆိုင်ရာ ဝိသေသတွေ တူညီနေတော့ အထင်အမြင်မှားနိုင်စရာတွေ ရှိပါတယ်။

၆။ ပစ္စည်းတခုခု ကိုင်တွယ်လျှင် မထင်မှတ်ပဲ ကိုင်မရ မမြဲပဲ ခဏခဏပြုတ်ကျတာ၊ မမြဲလျှင်လည်း လေဖြတ်လဏ္ခာပါပဲ၊ ချေထောက်က ရုတ်တရက် လှုပ်ရှားမရ ဆွဲသလို ဖြစ်နေရင်လည်း လေဖြတ်ရောဂါ ဖြစ်တော့မည့် လဏ္ခာများဖြစ်၍ ဆရာဝန်နှင့် အလျှင်အမြန် ကြိုတင်ပြသသင့်ပါသည်။

Credit:thutayathamm

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top