iMyanmarHouse.com - Best Property Website for Myanmar
×

လူမွန္ရင္ ႀကီးပြား ခ်မ္းသာခ်င္ၾကပါတယ္။ လူတိုင္းမွာလည္း ခ်မ္းသာၾကြယ္ဝႏိုင္တဲ့ အခြင့္အေရးေတြရွိၾကတယ္လို႔ မီလ်ံနာေတြအေၾကာင္း ေရးသားခဲ့ဖူးတဲ့ စာေရးဆရာ Steve Siebold က ေျပာဖူးပါတယ္။ ဒါေပမယ့္လည္း လူတိုင္းေတာ့ အဲဒီအခြင့္အေရးေတြကို မစုပ္ကိုင္ၾကပါဘူး။ ဘယ္ေတာ့မွမခ်မ္းသာႏိုင္မယ့္ အခုေဖာ္ျပမယ့္ လကၡဏာရပ္ေတြ သင့္ဆီမွာ ရွိေနရင္အခုပဲ စြန္႔လြတ္လုိက္ပါ။

သင္ဟာ အလုပ္ပဲႀကိဳးစားတယ္

အလုပ္အရမ္းႀကိဳးစားတာဟာ သင့္ကို မခ်မ္းသာေစႏိုင္ပါဘူး။ ရံုးလုပ္ငန္းတစ္ခုမွာ သင့္အေနနဲ႔ အလုပ္ကို ႀကိဳးစားလုပ္ရံုနဲ႔ သင့္ကို ပိုၿပီးခ်မ္းသာလာေစမွာမဟုတ္ပါဘူး။ အလုပ္ႀကိဳးစားရံုသာမက ေတာ္ေနၿပီး Smart က်ေနဖို႔လိုပါတယ္။ အလုပ္ပဲႀကိဳးစားၿပီး စီးပြားေရးတစ္ခုခု လုပ္ဖို႔ ၇င္းႏွီးျမဳပ္ႏွံမႈမလုပ္ႏိုင္ရင္ သင္ဘယ္ေတာ့မွ ခ်မ္းသာလာမွာမဟုတ္ပါဘူး။

ပိုက္ဆံအရမ္းစုတယ္

ခ်မ္းသာခ်င္ရင္ ပိုက္ဆံပဲ စုေနလို႔မရပါဘူး။ ပိုက္ဆံစုၿပီးေခၽြတာဟာ၊ ေလာက္ေလာက္ငင မသံုးတာေလာက္နဲ႔ သင့္ကို ခ်မ္းသာေစမွာမဟုတ္ပါဘူး။ ခ်မ္းသာခ်င္ရင္ ပိုက္ဆံကုန္မွာမေၾကာက္ပါနဲ႔။ ပိုက္ဆံ ဒီထက္မ်ားေအာင္ ဘယ္လိုရေအာင္လုပ္မယ္ဆိုတာကို စဥ္းစားပါ။

သင့္အတြက္ အသံုးမဝင္တဲ့ပစၥည္းေတြဝယ္ဝာယ္

သင့္ဘဝမွာ မခ်မ္းသာရတဲ့ ေနာက္ထပ္အေၾကာင္း၇င္းတစ္ခုကေတာ့ သင့္အတြက္ အသံုးလည္းမဝင္ဘဲ ဝန္ထုပ္ဝန္ပိုးျဖစ္ေစတဲ့ အသံုးအေဆာင္ပစၥည္းေတြကို မၾကာခဏ ဝယ္ယူျခင္းပါပဲ။

ပံုမွန္လစာနဲ႔ပဲ သင္ေရာက္ရဲေနတတ္တယ္

သာမန္လူေတြကေတာ့ လစာ (သို႔) အလုပ္ခ်ိန္နဲ႔ လုပ္ခကို ေတာင္းတတ္ၾကပါတယ္။ ခ်မ္းသာမယ့္သူေတြဟာ ရလဒ္ေပၚမွာမူတည္ၿပီး လုပ္ခေတာင္းတတ္ၾကပါတယ္။ သင့္အေနနဲ႔ တစ္ေန႔ ဘယ္ႏွစ္နာရီလုပ္ရင္ ဘယ္ေလာက္ရမယ္ဆိုတဲ့ လစာကိုပဲ ေမွ်ာ္ကိုးေနရင္ေတာ့ သင္ရဲ႕ စြမ္းေဆာင္ရည္ တျဖည္းျဖည္းက်လာမွာျဖစ္ပါတယ္။

သင့္မွာေငြေတြရွိေပမယ့္ ရင္းႏွီးျမဳပ္ႏွံမႈမလုပ္ဘူး

သင့္မွာ ေငြေတြရွိေနေပမယ့္ ရင္းႏွီးျမဳပ္ႏွံမႈမလုပ္ရင္ သင္ဟာ ပိုၿပီးခ်မ္းသာတဲ့သူတစ္ေယာက္ျဖစ္လာမွာမဟုတ္ပါဘူး။ ခ်မ္းသာၾကြယ္ဝတဲ့သူေတြဟာ တစ္ႏွစ္ကို ဝင္ေငြဘယ္ေလာက္ရွာႏိုင္တယ္ဆိုတဲ့အေပၚမွာမတိုင္းတာပါဘူး။ တစ္ႏွစ္အတြင္း ဘာေတြထပ္ၿပီး စုေဆာင္းမိသလဲ။ ဘယ္လိုုလုပ္ငန္းေတြ တိုးခ်ဲ႕လုပ္ကိုင္လာၾကသလဲဆိုတဲ့အေပၚမွာ တိုင္းတာ တာျဖစ္ပါတယ္။

သင့္မွာ ကိုယ္ပိုင္ အိပ္မက္မရွိဘူး

ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္ခ်င္ရင္ေတာ့ သင္လုပ္ေနတဲ့အရာအေပၚမွာ စိတ္ဝင္စားမႈ ခ်စ္ျမတ္ႏိုး တန္ဖိုးထားမႈ အျပည့္ရွိရမွာျဖစ္ပါတယ္။ တျခားသူတစ္ေယာက္ျဖစ္ခ်င္တဲ့အိပ္မက္ကို လိုက္ၿပီး ျဖည့္ဆည္းေပးေနလို႔မရပါဘူး။ ဥပမာ မိဘေတြ ျဖစ္ေစခ်င္တဲ့အတိုင္းလုပ္တာမ်ိဳးေပါ့။

သင့္ေနသားက်ေနတဲ့ ဘဝကေန ရုန္းထြက္ဖို႔ မႀကိဳးစားျခင္း

ေအာင္ျမင္ ခ်မ္းသာဖို႕အတြက္ဆိုရင္ သင့္ကို သက္သာနဲ႔ သင္ေနသားက်ေနၿပီးျဖစ္တဲ့ သာမန္ဘဝကေန ရုန္းထြက္လိုက္ပါ။ ေအာင္ျမင္တဲ့သူေတြဟာ စြန္႔စားရမွာ မေၾကာက္ပါဘူး။

သင့္မွာ ေငြေၾကးနဲ႔ပတ္သက္လို႔ ပန္းတိုင္မရွိျခင္း

သင္ခ်မ္းသာခ်င္ရင္ေတာ့ သင္ခ်မ္းသာလိုစိတ္ရွိရပါမယ္။ အိမ္ဝယ္ခ်င္တယ္၊ ႏိုင္ငံျခားခရီးသြားခ်င္တယ္၊ တစ္လတစ္ခါ ခရီးထြက္ခ်င္တယ္ စသျဖင့္ သင့္ရဲ႕ ရည္မွန္းခ်က္ေတြရွိရပါမယ္။ ၿပီးရင္ အဲဒီအတိုင္းျဖစ္ေအာင္ ႀကိဳးစားရမွာျဖစ္ပါတယ္။

သံုးခ်င္တာအရင္သံုးၿပီးမွ ပိုတာကို စုျခင္း

ပိုက္ဆံကို အရမ္းႀကိတ္မွိတ္စုတာလည္းမေကာင္းသလို သံုးခ်င္တာသံုးၿပီး စုတာလည္းမေကာင္းပါဘူး။ အရင္ဆံုး ကိုယ္ဘယ္ေလာက္စုမယ္ဆိုတာကို ဖယ္ၿပီးမွ စုတာအေကာင္းဆံုးပါ။

သင္မခ်မ္းသာႏိုင္ပါဘူးလို႔ ေတြးျခင္း

သာမန္လူတစ္ေယာက္အေနနဲ႔ ကံေကာင္းတဲ့သူေတြသာ ခ်မ္းသာႏိုင္တယ္လို႔ ေတြးထင္ၾကၿပီး သူတုိ႔အေနနဲ႔ကေတာ့ မခ်မ္းသာႏိုင္ပါဘူးလို႔ ေတြးထင္တတ္ေလ့ရွိပါတယ္။ ဘာလို႔ သင္ကမခ်မ္းသာႏိုင္ရမွာလဲလို႔ ေတြးၾကည့္ပါ။ ဘာလို႔လဲ။

Credit: Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


လူမှန်ရင် ကြီးပွား ချမ်းသာချင်ကြပါတယ်။ လူတိုင်းမှာလည်း ချမ်းသာကြွယ်ဝနိုင်တဲ့ အခွင့်အရေးတွေရှိကြတယ်လို့ မီလျံနာတွေအကြောင်း ရေးသားခဲ့ဖူးတဲ့ စာရေးဆရာ Steve Siebold က ပြောဖူးပါတယ်။ ဒါပေမယ့်လည်း လူတိုင်းတော့ အဲဒီအခွင့်အရေးတွေကို မစုပ်ကိုင်ကြပါဘူး။ ဘယ်တော့မှမချမ်းသာနိုင်မယ့် အခုဖော်ပြမယ့် လက္ခဏာရပ်တွေ သင့်ဆီမှာ ရှိနေရင်အခုပဲ စွန့်လွတ်လိုက်ပါ။

သင်ဟာ အလုပ်ပဲကြိုးစားတယ်

အလုပ်အရမ်းကြိုးစားတာဟာ သင့်ကို မချမ်းသာစေနိုင်ပါဘူး။ ရုံးလုပ်ငန်းတစ်ခုမှာ သင့်အနေနဲ့ အလုပ်ကို ကြိုးစားလုပ်ရုံနဲ့ သင့်ကို ပိုပြီးချမ်းသာလာစေမှာမဟုတ်ပါဘူး။ အလုပ်ကြိုးစားရုံသာမက တော်နေပြီး Smart ကျနေဖို့လိုပါတယ်။ အလုပ်ပဲကြိုးစားပြီး စီးပွားရေးတစ်ခုခု လုပ်ဖို့ ၇င်းနှီးမြုပ်နှံမှုမလုပ်နိုင်ရင် သင်ဘယ်တော့မှ ချမ်းသာလာမှာမဟုတ်ပါဘူး။

ပိုက်ဆံအရမ်းစုတယ်

ချမ်းသာချင်ရင် ပိုက်ဆံပဲ စုနေလို့မရပါဘူး။ ပိုက်ဆံစုပြီးချွေတာဟာ၊ လောက်လောက်ငင မသုံးတာလောက်နဲ့ သင့်ကို ချမ်းသာစေမှာမဟုတ်ပါဘူး။ ချမ်းသာချင်ရင် ပိုက်ဆံကုန်မှာမကြောက်ပါနဲ့။ ပိုက်ဆံ ဒီထက်များအောင် ဘယ်လိုရအောင်လုပ်မယ်ဆိုတာကို စဉ်းစားပါ။

သင့်အတွက် အသုံးမဝင်တဲ့ပစ္စည်းတွေဝယ်ဝာယ်

သင့်ဘဝမှာ မချမ်းသာရတဲ့ နောက်ထပ်အကြောင်း၇င်းတစ်ခုကတော့ သင့်အတွက် အသုံးလည်းမဝင်ဘဲ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ အသုံးအဆောင်ပစ္စည်းတွေကို မကြာခဏ ဝယ်ယူခြင်းပါပဲ။

ပုံမှန်လစာနဲ့ပဲ သင်ရောက်ရဲနေတတ်တယ်

သာမန်လူတွေကတော့ လစာ (သို့) အလုပ်ချိန်နဲ့ လုပ်ခကို တောင်းတတ်ကြပါတယ်။ ချမ်းသာမယ့်သူတွေဟာ ရလဒ်ပေါ်မှာမူတည်ပြီး လုပ်ခတောင်းတတ်ကြပါတယ်။ သင့်အနေနဲ့ တစ်နေ့ ဘယ်နှစ်နာရီလုပ်ရင် ဘယ်လောက်ရမယ်ဆိုတဲ့ လစာကိုပဲ မျှော်ကိုးနေရင်တော့ သင်ရဲ့ စွမ်းဆောင်ရည် တဖြည်းဖြည်းကျလာမှာဖြစ်ပါတယ်။

သင့်မှာငွေတွေရှိပေမယ့် ရင်းနှီးမြုပ်နှံမှုမလုပ်ဘူး

သင့်မှာ ငွေတွေရှိနေပေမယ့် ရင်းနှီးမြုပ်နှံမှုမလုပ်ရင် သင်ဟာ ပိုပြီးချမ်းသာတဲ့သူတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ ချမ်းသာကြွယ်ဝတဲ့သူတွေဟာ တစ်နှစ်ကို ဝင်ငွေဘယ်လောက်ရှာနိုင်တယ်ဆိုတဲ့အပေါ်မှာမတိုင်းတာပါဘူး။ တစ်နှစ်အတွင်း ဘာတွေထပ်ပြီး စုဆောင်းမိသလဲ။ ဘယ်လိုလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်လာကြသလဲဆိုတဲ့အပေါ်မှာ တိုင်းတာ တာဖြစ်ပါတယ်။

သင့်မှာ ကိုယ်ပိုင် အိပ်မက်မရှိဘူး

အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ရင်တော့ သင်လုပ်နေတဲ့အရာအပေါ်မှာ စိတ်ဝင်စားမှု ချစ်မြတ်နိုး တန်ဖိုးထားမှု အပြည့်ရှိရမှာဖြစ်ပါတယ်။ တခြားသူတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကို လိုက်ပြီး ဖြည့်ဆည်းပေးနေလို့မရပါဘူး။ ဥပမာ မိဘတွေ ဖြစ်စေချင်တဲ့အတိုင်းလုပ်တာမျိုးပေါ့။

သင့်နေသားကျနေတဲ့ ဘဝကနေ ရုန်းထွက်ဖို့ မကြိုးစားခြင်း

အောင်မြင် ချမ်းသာဖို့အတွက်ဆိုရင် သင့်ကို သက်သာနဲ့ သင်နေသားကျနေပြီးဖြစ်တဲ့ သာမန်ဘဝကနေ ရုန်းထွက်လိုက်ပါ။ အောင်မြင်တဲ့သူတွေဟာ စွန့်စားရမှာ မကြောက်ပါဘူး။

သင့်မှာ ငွေကြေးနဲ့ပတ်သက်လို့ ပန်းတိုင်မရှိခြင်း

သင်ချမ်းသာချင်ရင်တော့ သင်ချမ်းသာလိုစိတ်ရှိရပါမယ်။ အိမ်ဝယ်ချင်တယ်၊ နိုင်ငံခြားခရီးသွားချင်တယ်၊ တစ်လတစ်ခါ ခရီးထွက်ချင်တယ် စသဖြင့် သင့်ရဲ့ ရည်မှန်းချက်တွေရှိရပါမယ်။ ပြီးရင် အဲဒီအတိုင်းဖြစ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

သုံးချင်တာအရင်သုံးပြီးမှ ပိုတာကို စုခြင်း

ပိုက်ဆံကို အရမ်းကြိတ်မှိတ်စုတာလည်းမကောင်းသလို သုံးချင်တာသုံးပြီး စုတာလည်းမကောင်းပါဘူး။ အရင်ဆုံး ကိုယ်ဘယ်လောက်စုမယ်ဆိုတာကို ဖယ်ပြီးမှ စုတာအကောင်းဆုံးပါ။

သင်မချမ်းသာနိုင်ပါဘူးလို့ တွေးခြင်း

သာမန်လူတစ်ယောက်အနေနဲ့ ကံကောင်းတဲ့သူတွေသာ ချမ်းသာနိုင်တယ်လို့ တွေးထင်ကြပြီး သူတို့အနေနဲ့ကတော့ မချမ်းသာနိုင်ပါဘူးလို့ တွေးထင်တတ်လေ့ရှိပါတယ်။ ဘာလို့ သင်ကမချမ်းသာနိုင်ရမှာလဲလို့ တွေးကြည့်ပါ။ ဘာလို့လဲ။

Credit: Mystylemyanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top