iMyanmarHouse.com - Best Property Website for Myanmar
×

Beauty Blogger တေယာက္ျဖစ္တဲ့ ေနျခည္ဦးကေတာ့ လက္ရွိမွာ သူ႔ရဲ့ ေခတ္ကို ေရာက္ေနတဲ့ အတိုင္း ေနရာစံုမွာ ေအာင္ျမင္လာတာကို ေတြ႕ရမွာပါ။ ေၾကာ္ျငာပိုင္း ရုပ္ရွင္ပိုင္း မိတ္ကပ္ပိုင္း ေတာ္ေတာ္မ်ားမ်ားမွာ ေအာင္ျမင္ေနတဲ့ ေနျခည္ဦးကေတာ့ ေနာက္ထပ္ရိုက္မယ့္ ရုပ္ရွင္ကားမွာလည္း ျမန္မာႏိုင္ငံရဲ့ ထိပ္တန္းမင္းသား ေနတိုးန႔ဲ တြဲဖက္သရုပ္ေဆာင္ရမွာ ျဖစ္တာေၾကာင့္ ရင္ခုန္ေနတာလည္း ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ျပီး ေနျခည္ဦးကေတာ့ သူ႔ခံစားခ်က္ေတြကို ေျပာၾကားသြားခဲ့ပါတယ္။

ေနျခည္ဦးကေတာ့ Myanmar Platform နဲ႔ အင္တာဗ်ဴးမွာေတာ့ ေနာက္ထပ္ရိုက္ကူးမယ့္ ရုပ္ရွင္ကားေတြနဲ႔ ပတ္သက္ျပီး “ဒီဇာတ္ကားနဲ႔ ပတ္သက္ျပီးလည္း မီဒီယာေတာ္ေတာ္မ်ားမ်ားကလည္း သိေနျပီဆိုေတာ့ အဲ့ဒါကလည္း ေသခ်ာပါျပီ။ ရုပ္ရွင္ကို ကမ္းလွမ္းလာတဲ့သူေတြကိုလည္း ေက်းဇူးတင္တယ္။ ေနျခည္ရုပ္ရွင္ ၅ ကားရိုက္ျပီးျပီ။ ဒါေပမယ့္ ၁ ကားပဲ ျပရေသးတယ္။ အႏုပညာကိုလည္း ေကာင္းေကာင္းခ်မျပႏိုင္ေသးဘူး။ အဲ့ဒါကုိမွ ေနျခည့္ကို ေနရာေကာင္းေပးတယ္။ နံပါတ္ တစ္ မင္းသား ကိုေနတိုးနဲ႔လည္း ေနျခည့္ကို တြဲေပးတယ္။ အဓိက ဇာတ္ေဆာင္မွာထားေပးတာေၾကာင့္ ပရိုဂ်ဴဆာေတြကို ေက်းဇူးတင္တယ္။ ကိုယ့္ကို အခြင့္ေရးေပးတဲ့ ေနျခည့္ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္”

“ဒီကားေလးက ေတာ္ေတာ္ေလးကို ရိုမန္႔ျဖစ္တဲ့ကားေလးေပါ့။ ၾကည့္တဲ့ပရိသတ္ေတြတိုင္းကို ရင္ထဲထိေစမယ့္ ခပ္ျပင္းျပင္းဇာတ္လို႔ ထင္ပါတယ္။ ရင္လည္းခုန္ပါတယ္။ မင္းသားကလည္း ေနတိုးဆိုေတာ့။ ေလးလည္းေလးစားတယ္။ သူတို႔သေဘာတူလို႔လည္း ဒီေနရာကို ရလာတဲ့အတြက္ ကိုေနတိုးကိုလည္း ေက်းဇူးတင္တယ္။ သူက အႏုပညာရွင္အသစ္ေတြကို တြဲတင္ေပးတယ္။ အႏုပညာနဲ႔ ပတ္သက္ရင္ ဘက္စံုမွာေတာ္တဲ့သူတေယာက္လည္း ျဖစ္တယ္။ ကိုေနတိုးက အရမ္းလည္းေအးတယ္။ ရင္ခုန္တယ္ဆိုတာထက္ ကိုေနတိုးကို အရမ္းေလးစားရပါတယ္”

အကယ္ဒမီပြဲနဲ႔ ပတ္သက္ျပီး “ဖိတ္လားမဖိတ္လားဆိုတာကိုေတာ့ ေနျခည္မသိေသးပါဘူး။ ကားေလးက ဆန္ခါတင္ဝင္တယ္ဆိုေတာ့ ဖိတ္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။ ဖိတ္မယ္ဆိုရင္လည္း အေကာင္းဆံုး ျပင္ဆင္ထားပါတယ္။ အရင္က ပရိသတ္အေနနဲ႔ အားေပးခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ ထိပ္တန္းအႏုပညာရွင္ေတြနဲ႔ ေတြ႔ရမွာဆိုေတာ့ အရမ္းရင္ခုန္ပါတယ္။ သူတို႔ေတြ ျမင္ေစခ်င္တဲ့ပံုစံေတြ ပရိသတ္ေတြျမင္ေစခ်င္တဲ့ အဝတ္စားပံုစံေတြကိုေတာ့ ေနျခည္ ေသခ်ာေလး ျပင္ဆင္ထားပါတယ္။ ေခတ္အဆက္ဆက္က သြားတဲ ့အကယ္ဒမီပြဲေလးေတြကိုလည္း ေနျခည္ေလ့လာထားပါတယ္။ ဒီႏွစ္မွာဆိုရင္လည္း အေကာင္းဆံုး ျပင္ဆင္ထားပါတယ္။ အကယ္ဒမီကေတာ့ ကိုယ္ရရမရရ အရမ္းရင္ခုန္ပါတယ္။ ဒီကားထဲမွာေတာ့ တေယာက္ေယာက္တဆုဆု ရရင္ေတာင္အရမ္းဝမ္းသာမိမွာပါ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit:Nanmalgyi
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Verison#
Beauty Blogger တယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ လက်ရှိမှာ သူ့ရဲ့ ခေတ်ကို ရောက်နေတဲ့ အတိုင်း နေရာစုံမှာ အောင်မြင်လာတာကို တွေ့ရမှာပါ။ ကြော်ငြာပိုင်း ရုပ်ရှင်ပိုင်း မိတ်ကပ်ပိုင်း တော်တော်များများမှာ အောင်မြင်နေတဲ့ နေခြည်ဦးကတော့ နောက်ထပ်ရိုက်မယ့် ရုပ်ရှင်ကားမှာလည်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသား နေတိုးနဲ့ တွဲဖက်သရုပ်ဆောင်ရမှာ ဖြစ်တာကြောင့် ရင်ခုန်နေတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နေခြည်ဦးကတော့ သူ့ခံစားချက်တွေကို ပြောကြားသွားခဲ့ပါတယ်။

နေခြည်ဦးကတော့ Myanmar Platform နဲ့ အင်တာဗျူးမှာတော့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ကားတွေနဲ့ ပတ်သက်ပြီး “ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း မီဒီယာတော်တော်များများကလည်း သိနေပြီဆိုတော့ အဲ့ဒါကလည်း သေချာပါပြီ။ ရုပ်ရှင်ကို ကမ်းလှမ်းလာတဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ နေခြည်ရုပ်ရှင် ၅ ကားရိုက်ပြီးပြီ။ ဒါပေမယ့် ၁ ကားပဲ ပြရသေးတယ်။ အနုပညာကိုလည်း ကောင်းကောင်းချမပြနိုင်သေးဘူး။ အဲ့ဒါကိုမှ နေခြည့်ကို နေရာကောင်းပေးတယ်။ နံပါတ် တစ် မင်းသား ကိုနေတိုးနဲ့လည်း နေခြည့်ကို တွဲပေးတယ်။ အဓိက ဇာတ်ဆောင်မှာထားပေးတာကြောင့် ပရိုဂျူဆာတွေကို ကျေးဇူးတင်တယ်။ ကိုယ့်ကို အခွင့်ရေးပေးတဲ့ နေခြည့်ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”

“ဒီကားလေးက တော်တော်လေးကို ရိုမန့်ဖြစ်တဲ့ကားလေးပေါ့။ ကြည့်တဲ့ပရိသတ်တွေတိုင်းကို ရင်ထဲထိစေမယ့် ခပ်ပြင်းပြင်းဇာတ်လို့ ထင်ပါတယ်။ ရင်လည်းခုန်ပါတယ်။ မင်းသားကလည်း နေတိုးဆိုတော့။ လေးလည်းလေးစားတယ်။ သူတို့သဘောတူလို့လည်း ဒီနေရာကို ရလာတဲ့အတွက် ကိုနေတိုးကိုလည်း ကျေးဇူးတင်တယ်။ သူက အနုပညာရှင်အသစ်တွေကို တွဲတင်ပေးတယ်။ အနုပညာနဲ့ ပတ်သက်ရင် ဘက်စုံမှာတော်တဲ့သူတယောက်လည်း ဖြစ်တယ်။ ကိုနေတိုးက အရမ်းလည်းအေးတယ်။ ရင်ခုန်တယ်ဆိုတာထက် ကိုနေတိုးကို အရမ်းလေးစားရပါတယ်”

အကယ်ဒမီပွဲနဲ့ ပတ်သက်ပြီး “ဖိတ်လားမဖိတ်လားဆိုတာကိုတော့ နေခြည်မသိသေးပါဘူး။ ကားလေးက ဆန်ခါတင်ဝင်တယ်ဆိုတော့ ဖိတ်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဖိတ်မယ်ဆိုရင်လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အရင်က ပရိသတ်အနေနဲ့ အားပေးခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ထိပ်တန်းအနုပညာရှင်တွေနဲ့ တွေ့ရမှာဆိုတော့ အရမ်းရင်ခုန်ပါတယ်။ သူတို့တွေ မြင်စေချင်တဲ့ပုံစံတွေ ပရိသတ်တွေမြင်စေချင်တဲ့ အဝတ်စားပုံစံတွေကိုတော့ နေခြည် သေချာလေး ပြင်ဆင်ထားပါတယ်။ ခေတ်အဆက်ဆက်က သွားတဲ့အကယ်ဒမီပွဲလေးတွေကိုလည်း နေခြည်လေ့လာထားပါတယ်။ ဒီနှစ်မှာဆိုရင်လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အကယ်ဒမီကတော့ ကိုယ်ရရမရရ အရမ်းရင်ခုန်ပါတယ်။ ဒီကားထဲမှာတော့ တယောက်ယောက်တဆုဆု ရရင်တောင်အရမ်းဝမ်းသာမိမှာပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။


Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top