iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Nanmalgyi
#Unicode Version#
ပြည်သူချစ်တဲ့အနုပညာရှင်တွေရဲ့သားသမီးတွေကိုလည်းပြည်သူတွေက ချစ်ကြပါတယ်။ ပြည်သူချစ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့
 မယ်လိုဒီနဲ့ခင်ပွန်းကတော့ သူတို့ရဲ့သားလေးအပေါ်မှာမျှော်လင့်ထားတဲ့အရာတွေကိုMyanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားခဲ့ပါတယ်။
သူတို့ပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ မိတ်ဆွေတွေကိုပြောပြပေးလိုက်ပါတယ်။

သူကမြောက်ရှုံးပါတယ်မြောက်မူးသေရယ်အရမ်းဆော့တာ ဒါပေမယ့်ဘာလဲဆိုတော့အဲ့လို ဆရာတော်ကြီးတွေနားရောက်သွားတဲ့အချိန်
ဘုရားရှိခိုးတဲ့အချိန်ကျရင်တော့ အရမ်းသူမဟုတ်သလိုဘဲ ၊ အိမ်မှာမြောက်ရှုံးအောင်ဆော့တာသူမဟုတ်သလိုပဲ ၊ လက်သံပြောင်တာသူမဟုတ်သလိုပဲအဲ့လိုမျိုးလေးဆိုတော့။
 သာမန်ကလေးတွေလိုပါပဲ အရမ်းကြီးတော့မဟုတ်သေးပါဘူး ။အစ်မကကျတော့ကိုယ့်ရဲ့အနေအထိုင်အပြုအမူအပြောအဆိုပဲဆင်ခြင်တယ်ပေါ့နော်။အရင်တုန်းကဆိုနည်းနည်းရိုက်သေးတယ် အခုမရိုက်တော့ဘူး ။
ဘာလို့လဲဆိုတော့စိတ်ရိုင်းဝင်သွားမှာဆိုးလို့ ကလေးကိုလေ ကိုယ်က ဘုရားပုံမှန်ရှိခိုးတယ်ဘာညာဆိုသူကအဲ့တာလေးကိုကြည့်ပြီးတော့ သင်ယူတာပေါ့လေ အဲ့ဒီလိုမျိုးဆိုတော့ ။
အဓိကကတော့ သူ့ကိုတကူးတကသင်တာထက်ကိုယ်ကိုယ်တိုင် အပြုအမူအပြောအဆိုပိုကောင်းဘက်ကိုပိုနေလိုက်တယ်။

ဘုန်းကြီးဝတ်စေချင်တဲ့ဆန္ဒကိုလည်း “အစ်မကဝတ်စေချင်တာ ဒါပေမယ့် ငယ်ငယ်တည်းကဘုန်းကြီးမဝတ်ဘဲနဲ့ဝအောင်ဆိုးပြီးမှဝတ်သွားရင်တော့ဘယ်လိုလုပ်မလဲ။
 ပြောလို့တော့မရသေးဘူး(ရယ်လျက်)ဆိုတော့အစ်မကတော့ ငယ်ငယ်ကတည်းကဝတ်ရင်တော့အကြိုက်ဆုံးပေါ့နော်။ဒါပေမယ့်သူဖြစ်ချင်တာကိုပဲဦးစားပေးမှာပါ ။
အကောင်းဆုံးပံ့ပိုးပေးသွားမှာပါ ။ကျန်းမာရေးနဲ့ပတ်သတ်ပြီးတော့လည်း “ကျန်းမာရေးကလည်းသာမန်ကလေးတွေလိုပါပဲ ရာသီအကူးအပြောင်းမှာတော့ နှာဆေးချောင်းဆိုးနဲ့သူနဲ့ကလည်းအမျိုးတော်တယ်လေ အဲ့ဒီလိုမျိုးလေးဖြစ်တယ်။
သူကခေတ်မီတယ်လေ ခေတ်ပေါ်တွေအကုန်လုံးကိုသူကလိုက်တယ်ဆိုတော့။ ဒါပေမယ့်ကောင်းပါတယ်အဲ့တာမျိုးက Resistance ပိုတက်တာပေါ့။
အစ်မတို့ကတော့အဲ့ဒီလိုပဲသဘောထားပါတယ်။သိပ်တော့ဆိုးဆိုးရွားရွားတော့ဘာမှမရှိပါဘူး”ဆိုပြီးပြောပြသွားခဲ့ပါတယ်။


Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top