iMyanmarHouse.com - Best Property Website for Myanmar
×




ပရိသတ္အားေပးလက္ခံမႈကုိ အမ်ားအျပားရ႐ွိထားတဲ့ ေရႊထူးနဲ႔ ေရႊမႈံရတီတုိ႔ လင္မယားႏွစ္ဦးဟာ ျမန္မာႏုိင္ငံမွာ လူအမ်ား အားက်ရတဲ့ စုံတြဲတစ္တြဲျဖစ္ၿပီး သူတုိ႔ရဲ႕ ဘဝေတြကုိ ေအးခ်မ္းစြာျဖတ္သန္းေနၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ အိမ္ေထာင္တစ္ခုကုိ ဖန္တီးေနၾကပါတယ္။

 ေရႊထူးကေတာ့ မၾကာခင္မွာ က်င္းပေတာ့မယ့္ အကယ္ဒမီေပးပြဲကုိ အမ်ိဳးသမီးျဖစ္ သူ ေရႊမႈံရတီတကိရင္ လုိက္တက္မွာ ျဖစ္ၿပီးေတာ့ ေရႊမႈံရတီသာ အကယ္ဒမီရခဲ့ရင္ အတုိင္းထက္လြန္ပါပဲလုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ေရႊထူးက “သီခ်င္းအသစ္ေတြ ထြက္ဖုိ႔က လုိေတာ့လုိေသးတယ္ဗ်။ အခုတတိယအေခြတြက္ သီခ်င္းစုေနတယ္ ၿပီးေတာ့ ဒီဒုတိယအေခြကုိ MTV ႐ုိက္ဖုိ႔ ၾကဳိးစားေနတယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

ေနာက္ပုိင္းမွာ သ႐ုပ္ေဆာင္အလုပ္ကုိပါ လုပ္ေနတာေၾကာင့္ သ႐ုပ္ေဆာက္ပုိင္းမွာ အခက္အခဲ႐ွိလားလုိ႔ ေမးျမန္းရာ “အခက္အခဲကေတာ့ ႐ွိတာေပါ့ေနာ္ ေလာေလာ ဆယ္ သ႐ုပ္ေဆာင္ကေတာ့ ဇာတ္လမ္းကေတာ့ ကြၽန္ေတာ့္ကုိ ေပးထား တာေလးေတြပဲ ႐ွိပါေသးတယ္။ ႐ုိက္ေတာ့ မ႐ုိက္ျဖစ္ေသးပါဘူး။”လုိ႔ေျပာသြား ခဲ့ပါတယ္။



အကယ္ဒမီေပးပြဲကုိ တက္ျဖစ္မွာလားလုိ႔ ေမးျမန္းရာ “အကယ္ဒမီေပးပြဲကေတာ့ ကြၽန္ေတာ့္အမိ်ဳးသမီးတက္ရင္ေတာ့ ကြၽန္ေတာ္တက္ျဖစ္မွာပါ။ ကြၽန္ေတာ္ကေတာ့ ေဘးက နည္းနည္း လုိက္ေယာင္မွာေပါ့။”လုိ႔ ေျပာခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ အကယ္ဒမီမွာ ဆန္ခါတင္ဝင္တဲ့ ဇာတ္ကားေတြနဲ႔ ပတ္ သက္ၿပီး “ၾကည့္သင့္သေလာက္ေတာ့ ကြၽန္ေတာ္ၾကည့္ျဖစ္ပါတယ္ဗ်။ ကုိယ္ ကေတာ့ အပြင့္လင္းဆုံးေျပာရရင္ ကုိယ့္အမ်ိဳးသမီးကလည္း ဆန္ခါတင္စာရင္း ထဲမွာ ပါတယ္ဆုိေတာ့ What ever ကုိယ္ကေတာ့ သူကုိ ရရမရရ ရင္ထဲမွာ အျမဲတမ္းအကယ္ဒမီေပးၿပီးသားပဲ။ “လုိ႔ေျပာသြားခဲ့ပါတယ္။

ဘယ္သူေတြကုိ အကယ္ဒမီရေစခ်င္လဲလုိ႔ ေမးျမန္းရာ “ကြၽန္ေတာ္ကေတာ့ ဆုနဲ႔ပတ္သက္လုိ႔ကေတာ့ အကုန္လုံးကုိရေစခ်င္တယ္ ဘယ္သူရရ ကြၽန္ေတာ္ လက္လုပ္တီးမယ္။ ဒါေပမဲ့ ကြၽန္ေတာ့္အမ်ိဳးသမီးရရင္ေတာ့ အတုိင္းထက္လြန္ ပဲေပါ့။”လုိ႔ ေျပာခဲ့ပါတယ္။

အဆုိပုိင္းနဲ႔ ပတ္သက္ၿပီး ေရႊမႈံရတီကုိ သင္ေပးရတာမ်ိဳး႐ွိလားလုိ႔ ေမးျမန္းရာ “အမ်ားႀကီးေတာ့ သင္ေပးစရာမလုိဘူး သူက သင္ျပရင္ တစ္ေခါက္ႏွစ္ေခါက္ သင္ေပးရင္ သူတတ္တယ္ဗ်ာ။ အဆင္ေျပတယ္ ဘာမွေထြေထြထူးထူသ သင္စရာ မလုိဘူး သူက ၾကဳိးစားတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။



Credit:nanmalgyi

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ပရိသတ်အားပေးလက်ခံမှုကို အများအပြားရရှိထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ လင်မယားနှစ်ဦးဟာ မြန်မာနိုင်ငံမှာ လူအများ အားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး သူတို့ရဲ့ ဘဝတွေကို အေးချမ်းစွာဖြတ်သန်းနေပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ဖန်တီးနေကြပါတယ်။

 ရွှေထူးကတော့ မကြာခင်မှာ ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲကို အမျိုးသမီးဖြစ် သူ ရွှေမှုံရတီတကိရင် လိုက်တက်မှာ ဖြစ်ပြီးတော့ ရွှေမှုံရတီသာ အကယ်ဒမီရခဲ့ရင် အတိုင်းထက်လွန်ပါပဲလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ရွှေထူးက “သီချင်းအသစ်တွေ ထွက်ဖို့က လိုတော့လိုသေးတယ်ဗျ။ အခုတတိယအခွေတွက် သီချင်းစုနေတယ် ပြီးတော့ ဒီဒုတိယအခွေကို MTV ရိုက်ဖို့ ကြိုးစားနေတယ်။”လို့ပြောသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်ကိုပါ လုပ်နေတာကြောင့် သရုပ်ဆောက်ပိုင်းမှာ အခက်အခဲရှိလားလို့ မေးမြန်းရာ “အခက်အခဲကတော့ ရှိတာပေါ့နော် လောလော ဆယ် သရုပ်ဆောင်ကတော့ ဇာတ်လမ်းကတော့ ကျွန်တော့်ကို ပေးထား တာလေးတွေပဲ ရှိပါသေးတယ်။ ရိုက်တော့ မရိုက်ဖြစ်သေးပါဘူး။”လို့ပြောသွား ခဲ့ပါတယ်။

အကယ်ဒမီပေးပွဲကို တက်ဖြစ်မှာလားလို့ မေးမြန်းရာ “အကယ်ဒမီပေးပွဲကတော့ ကျွန်တော့်အမျိုးသမီးတက်ရင်တော့ ကျွန်တော်တက်ဖြစ်မှာပါ။ ကျွန်တော်ကတော့ ဘေးက နည်းနည်း လိုက်ယောင်မှာပေါ့။”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့ အကယ်ဒမီမှာ ဆန်ခါတင်ဝင်တဲ့ ဇာတ်ကားတွေနဲ့ ပတ် သက်ပြီး “ကြည့်သင့်သလောက်တော့ ကျွန်တော်ကြည့်ဖြစ်ပါတယ်ဗျ။ ကိုယ် ကတော့ အပွင့်လင်းဆုံးပြောရရင် ကိုယ့်အမျိုးသမီးကလည်း ဆန်ခါတင်စာရင်း ထဲမှာ ပါတယ်ဆိုတော့ What ever ကိုယ်ကတော့ သူကို ရရမရရ ရင်ထဲမှာ အမြဲတမ်းအကယ်ဒမီပေးပြီးသားပဲ။ “လို့ပြောသွားခဲ့ပါတယ်။

ဘယ်သူတွေကို အကယ်ဒမီရစေချင်လဲလို့ မေးမြန်းရာ “ကျွန်တော်ကတော့ ဆုနဲ့ပတ်သက်လို့ကတော့ အကုန်လုံးကိုရစေချင်တယ် ဘယ်သူရရ ကျွန်တော် လက်လုပ်တီးမယ်။ ဒါပေမဲ့ ကျွန်တော့်အမျိုးသမီးရရင်တော့ အတိုင်းထက်လွန် ပဲပေါ့။”လို့ ပြောခဲ့ပါတယ်။

အဆိုပိုင်းနဲ့ ပတ်သက်ပြီး ရွှေမှုံရတီကို သင်ပေးရတာမျိုးရှိလားလို့ မေးမြန်းရာ “အများကြီးတော့ သင်ပေးစရာမလိုဘူး သူက သင်ပြရင် တစ်ခေါက်နှစ်ခေါက် သင်ပေးရင် သူတတ်တယ်ဗျာ။ အဆင်ပြေတယ် ဘာမှထွေထွေထူးထူသ သင်စရာ မလိုဘူး သူက ကြိုးစားတယ်။”လို့ ပြောသွားခဲ့ပါတယ်။

Credit:nanmalgyi

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top