iMyanmarHouse.com - Best Property Website for Myanmar
×



(၁) နှင်းဆီပန်း




(၂) Tulip




(၃) Calla Lily




(၄) Peony




(၅) Gardenia




Credit:marry

ချစ်ရေးချစ်ရာ


# Unicode Version # ဖြင့် ဖတ်ပါ #


ဒီနေ့မှာတော့ မင်္ဂလာဆောင်တဲ့အခါ အသုံးများတဲ့ ပန်းလေးတွေရဲ့ အဓိပ္ပာယ်နဲ့ပတ်သတ်ပြီးတော့ တင်ဆက်ပေးချင်ပါတယ်။ ဘယ်ပန်းဟာ ဘယ်လို အဓိပ္ပာယ် သက်ရောက်လဲဆိုတာကို ကျွန်တော်တို့ကြည့်လိုက်ရအောင်!

(၁) နှင်းဆီပန်း

နှင်းဆီပန်းဟာ လှပခြင်းနဲ့ချစ်ခြင်းရဲ့သင်္ကေတဖြစ်ပါတယ်။ အဲ့တာတွေအပြင် ဂုဏ်ကျက်သရေရှိခြင်း ၊ သစ္စာရှိခြင်းတွေကလဲ နှင်းဆီပန်းရဲ့ ပြယုဂ်တွေပါပဲ။ ဒါတွေအပြင် မင်္ဂလာဆောင်တွေမှာအများဆုံးအသုံးပြုကြပါတယ်။

(၂) Tulip

Tulip ပန်းဟာ မိသားစုဝင်တွေနဲ့လုပ်ဖော်ကိုင်ဖက်တွေကြား ပေးလို့ကောင်းတဲ့ ပန်းပါ။ သဘာ၀ ကပေးထားတဲ့ သိပ်အံ့သြဖို့ကောင်းတဲ့ ပန်းလဲဖြစ်ပါတယ်။ မင်္ဂ လာဆောင်နှစ်ပတ်လည် ၁၁ နှစ်မြောက်မှာလဲ သုံးပါတယ်။ Charity တွေ မှာဖြစ်ဖြစ် ၊ တစ်ယောက်ယောက်ကိုအားပေးရာမှာပဲဖြစ်ဖြစ် သုံးလိုရပါသေးတယ်။

(၃) Calla Lily

ဆွဲဆောင်မှုရှိပြီး Classic ဆန်တဲ့လှပခြင်းမျိုးရှိတာ Calla Lily ပါ။ သူ့ကို အသစ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းဆိုတဲ့ အဓိပ္ပာယ်အနေနဲ့လဲသုံးပါတယ်။ ခရစ်ယာန် ဘာသာမှာတော့ သစ္စာရှိခြင်းနဲ့ အပြစ်ကင်းစင်ခြင်းကို ကိုယ်စားပြုပါတယ်။

(၄) Peony

သူကတော့ ဂုဏ်ကျက်သရေရှိခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။ ဥပမာ ကိုယ့်မိသားစုအတွက် အောင်မြင်မှုရယူပေးပြီး ဂုဏ်တက်အောင်လုပ်တဲ့အခါ မှာလဲသုံးပါတယ်။ လှပခြင်းနဲ့ချစ်ခြင်းကိုလဲ ကိုယ်စားပြုပါတယ်။

(၅) Gardenia

သူလေးကတော့ ယုံကြည်မှုတွေ ၊ မျှော်လင့်ချက်တွေ ၊ အပြစ်ကင်းစင်ခြင်း ၊ ကာကွယ်ခြင်းတွေကို ကိုယ်စားပြုပါတယ်။ ဒါလေးတွေကတော့ မင်္ဂလာဆောင်မှာ သုံးလေ့ရှိတဲ့ပန်းလေးတွေရဲ့အဓိပ္ပာယ်လေးတွေပဲဖြစ်ပါတယ်။ လူတိုင်း လူတိုင်း ကိုယ်ချစ်တဲ့လူနဲ့ပေါင်းဖက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top