iMyanmarHouse.com - Best Property Website for Myanmar
×


ဒီဘက္ေခတ္ၾကီးထဲမွာ အိမ္မွာပဲ အျမဲေနျပီး ကေလးေတြနဲ႔ အခ်ိန္ကုန္တဲ့ အိမ္ေထာင္ရွင္ေမေမေတြ နည္းလာပါျပီ။ ေငြေရးေၾကးေရး အေျခအေနအရေရာ၊ ကိုယ့္ရဲ႕ စိတ္ခံစားခ်က္နဲ႔ ဘ၀အေပၚ ခံယူခ်က္ေၾကာင့္ အလုပ္တစ္ဖက္နဲ႔ မိသားစုတာ၀န္ကို မလစ္ဟင္းေအာင္ ၾကိဳးပမ္းၾကတဲ့ ေမေမေတြဟာ ေတာ္ေတာ္ေလးကို စိတ္ေရာလူပါ ပင္ပန္းရတဲ့ ကိစၥပါပဲ။

မၾကာမီမွာ ကေလးယူျပီး ေပ်ာ္ရႊင္စရာ မိသားစုဘ၀ေလး ထူေထာင္ၾကမယ့္ ေမေမေတြလည္း လုပ္ေနတဲ့ အလုပ္ကို ထြက္ရမလား၊ အလုပ္ေရာ အိမ္မႈကိစၥကိုပါ တြဲျပီး လုပ္ရမလား ေတြေ၀ေနၾကမွာပါ။ ဒီေန႔ေဆာင္းပါးေလးမွာ အိမ္မွာပဲ အျမဲေနျပီး မိသားစုနဲ႔ အတူအခ်ိန္ကုန္ဆံုးဖို႔ ျပင္ဆင္ေနတဲ့ ေမေမေတြအတြက္ ၾကံဳလာႏိုင္တဲ့ ေျပာင္းလဲမႈေတြနဲ႔ ဘ၀ကို ဘယ္လိုဟန္ခ်က္ညီေအာင္ ထိန္းလို႔ ရမလဲဆိုတာနဲ႔ ပတ္သက္ျပီး ေျပာျပေပးခ်င္ပါတယ္။
အိမ္တြင္းပုန္း ေမေမေတြအတြက္ အားသာခ်က္ေတြ

၁။ မိသားစု၀င္က တစ္ခုခုလိုအပ္တိုင္း ကိုယ္က အျမဲ အဆင့္သင့္ျဖစ္ေနမယ္။

၂။ တစ္ေယာက္တည္း ရွိေနသလို အထီးက်န္္ဆန္မႈေတြ ခံစားရေတာ့မွာ မဟုတ္ပါဘူး။

၃။ အလုပ္ခြင္ဖိအားနဲ႔ လြတ္ကင္းသြားမယ္။

၄။ ကေလးဟာ ကိုယ့္မ်က္စိေအာက္မွာ ၾကီးျပင္းလာတာကို ျမင္ေတြ႔ခြင့္ရမယ္။

၅။ အိမ္မႈကိစၥေတြကို မလစ္ဟင္းေအာင္ စီမံခန္႔ခြဲႏိုင္မယ္။

၆။ ၀င္ေငြနဲ႔ အသံုးစရိတ္ကို မွ်တေအာင္ စီစဥ္လို႔ ရမယ္။

၇။ ကိုယ့္ကေလးရဲ႕ ပညာေရးမွာ လစ္ဟင္းမႈေတြ နည္းသြားႏိုင္တယ္။

၈။ မိသားစုနဲ႔ အတူေနရတဲ့အတြက္ ကေလးမွာ သံေယာဇဥ္တိုးလာမယ္။
အိမ္တြင္းပုန္းေမေမေတြ အိမ္မွာပဲအျမဲေနရတဲ့အခါ ဘယ္လိုျပႆနာေတြ ေတြ႔ရႏိုင္လဲ။

ဘယ္ေရြးခ်ယ္မႈမဆို အေကာင္းေရာ အဆိုးပါ ဒြန္တြဲေနမွာပါ။ အဲ့သလိုပဲ အိမ္မွာ ေနတာ ၾကာလာတဲ့အခါ ဒါမွမဟုတ္ ကိုယ္၀ါသနာပါတဲ့ အလုပ္ကို စြန္႔လႊတ္ျပီး မိသားစုအတြက္ပဲ အခ်ိန္ေပးေနရတဲ့အခါမ်ိဳးမွာ စိတ္ညစ္စရာေတြ ျဖစ္လာႏိုင္ပါတယ္။

    မိသားစုနဲ႔ ေနရတာ ေပ်ာ္စရာေကာင္းေပမယ့္ အိမ္မွာပဲ အျမဲေနရတဲ့အခါမွာ ေမေမေတြအတြက္ ေလွာင္ပိတ္ထားသလို စိတ္္ထဲ အက်ဥ္းက်ေနသလို ေနရထိုင္ရခက္တာမ်ိဳးေတာ့ ျဖစ္ေစႏိုင္ပါတယ္။
    အခ်ိန္ၾကာလာရင္ ေမေမေတြအေနနဲ႔ ကိုယ့္ကေလးမရွိရင္ မေနတတ္ေတာ့တာ၊ ကိုယ့္ကေလးအေပၚ မွီခိုတြယ္တာလြန္းတဲ့ စိတ္ေတြ ျဖစ္လာႏိုင္ပါတယ္။
    အလုပ္ထြက္ျပီး အိမ္မွာပဲ ေနေနတယ္ဆိုလို႔ စိတ္ဖိစီးမႈ အလံုးစံုကင္းစင္သြားမွာေတာ့ မဟုတ္ပါဘူး။ တစ္အိမ္သားလံုးရဲ႕ တာ၀န္၀တၱရားေတြဟာ ကိုယ့္အေပၚမွာ ပံုက်လာတဲ့အတြက္ စိတ္ဖိစီးမႈ အနည္းနဲ႔အက်ဥ္းေတာ့ ခံစားရႏိုင္ပါတယ္။
    ဖခင္တစ္ဦးတည္း အလုပ္ေနေနရတာ ျဖစ္တဲ့အတြက္ အသံုးစရိတ္မလံုေလာက္တာ၊ မိသားစု စား၀တ္ေနေရး၊ ေနစရိတ္ကို အခ်ိန္ျပည့္ပူပန္ေနရတာေတြ ရွိလာႏိုင္ပါတယ္။
    ကိုယ္၀ါသနာပါတဲ့ အလုပ္ကို သတိရတမ္းတတာ၊ တစ္ေယာက္တည္း အိမ္မႈတာ၀န္ေတြ အကုန္ယူထားရတဲ့အခါ စိတ္ဆိုးေဒါသထြက္လြယ္ႏုိင္ပါတယ္။

ေမေမေတြ ဘ၀ကို ဟန္ခ်က္ညီဖို႔ ဘယ္လိုေနထိုင္ၾကမလဲ။

မိသားစုအတြက္ အခ်ိန္ေပးရတာဟာ မိခင္ေကာင္းတစ္ေယာက္ရဲ႕ တာ၀န္ဆိုေပမယ့္ ကိုယ့္က်န္းမာေရးနဲ႔ ဘ၀ကိုလည္း ေမ့ထားလို႔ မျဖစ္ပါဘူး။ မိသားစု၀င္ေတြကိုလည္း စိတ္ပူသလို ကိုယ့္အတြက္ကိုလည္း စိတ္ပူပါ။ အာဟာရမွ်တစြာ စားေသာက္ပါ။ အိပ္ေရး၀ေအာင္ အိပ္ပါ။ ေလ့က်င္ခန္း၊ အားကစား ပံုမွန္လုပ္ေပးပါ။

ရံုးပိတ္ရက္၊ ေက်ာင္းပိတ္ရက္ေတြမွာ မိသားစု၀င္ေတြကို အိမ္မႈကိစၥတာ၀န္ ခြဲေ၀ေပးပါ။ ဥပမာ ေမေမက ထမင္းဟင္းခ်က္ျပီး စားေသာက္ျပီးသြားရင္ ေဖေဖေတြက ပန္းကန္ေဆးေပးတာမ်ိဳး၊ ကေလးေတြက ကိုယ့္အခန္းကိုယ္ သန္႔ရွင္းေရးလုပ္တာမ်ိဳး လုပ္ခိုင္းေပးပါ။

အိမ္မွာပဲ ကိုယ့္ကိုယ္ကို ေလွာင္ပိတ္တာထက္ အျပင္ထြက္ေပးပါ။ မနက္တိုင္း ေစ်း၀ယ္ထြက္တာ၊ လမ္းထြက္ေလွ်ာက္တာမ်ိဳး လုပ္ေပးပါ။ ကိုယ့္သူငယ္ခ်င္းအေပါင္းအသင္းေတြ၊ ရပ္ေ၀းမွာ ေနေနတဲ့ မိဘေဆြမ်ိဳးေတြဆီ အလည္သြားတာမ်ိဳး လုပ္ေပးပါ။

အလုပ္လုပ္ရတာ ၀ါသနာပါတဲ့ အိမ္ေထာင္ရွင္ေမေမေတြဆိုရင္ အိမ္မွာ အခ်ိန္သိပ္ေပးစရာမလိုတဲ့ အလြတ္တန္းအလုပ္ေတြ၊ အခ်ိန္ပိုင္း အလုပ္လုပ္ေတြ လုပ္ရင္း အပို၀င္ေငြ ရွာေပးလို႔ ရပါတယ္။ ဒါမွမဟုတ္လည္း ကိုယ့္အနီးအနားက လုပ္အားေပးအသင္းအဖြဲ႔ေတြ၊ ကူညီမႈလုပ္ငန္းေတြမွာ ၀င္ေရာက္အားျဖည့္ေပးလို႔လည္း ရပါတယ္။

Credit:hellosayarwon

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ဒီဘက်ခေတ်ကြီးထဲမှာ အိမ်မှာပဲ အမြဲနေပြီး ကလေးတွေနဲ့ အချိန်ကုန်တဲ့ အိမ်ထောင်ရှင်မေမေတွေ နည်းလာပါပြီ။ ငွေရေးကြေးရေး အခြေအနေအရရော၊ ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ ဘဝအပေါ် ခံယူချက်ကြောင့် အလုပ်တစ်ဖက်နဲ့ မိသားစုတာဝန်ကို မလစ်ဟင်းအောင် ကြိုးပမ်းကြတဲ့ မေမေတွေဟာ တော်တော်လေးကို စိတ်ရောလူပါ ပင်ပန်းရတဲ့ ကိစ္စပါပဲ။

မကြာမီမှာ ကလေးယူပြီး ပျော်ရွှင်စရာ မိသားစုဘဝလေး ထူထောင်ကြမယ့် မေမေတွေလည်း လုပ်နေတဲ့ အလုပ်ကို ထွက်ရမလား၊ အလုပ်ရော အိမ်မှုကိစ္စကိုပါ တွဲပြီး လုပ်ရမလား တွေဝေနေကြမှာပါ။ ဒီနေ့ဆောင်းပါးလေးမှာ အိမ်မှာပဲ အမြဲနေပြီး မိသားစုနဲ့ အတူအချိန်ကုန်ဆုံးဖို့ ပြင်ဆင်နေတဲ့ မေမေတွေအတွက် ကြုံလာနိုင်တဲ့ ပြောင်းလဲမှုတွေနဲ့ ဘဝကို ဘယ်လိုဟန်ချက်ညီအောင် ထိန်းလို့ ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။
အိမ်တွင်းပုန်း မေမေတွေအတွက် အားသာချက်တွေ

၁။ မိသားစုဝင်က တစ်ခုခုလိုအပ်တိုင်း ကိုယ်က အမြဲ အဆင့်သင့်ဖြစ်နေမယ်။

၂။ တစ်ယောက်တည်း ရှိနေသလို အထီးကျန်ဆန်မှုတွေ ခံစားရတော့မှာ မဟုတ်ပါဘူး။

၃။ အလုပ်ခွင်ဖိအားနဲ့ လွတ်ကင်းသွားမယ်။

၄။ ကလေးဟာ ကိုယ့်မျက်စိအောက်မှာ ကြီးပြင်းလာတာကို မြင်တွေ့ခွင့်ရမယ်။

၅။ အိမ်မှုကိစ္စတွေကို မလစ်ဟင်းအောင် စီမံခန့်ခွဲနိုင်မယ်။

၆။ ဝင်ငွေနဲ့ အသုံးစရိတ်ကို မျှတအောင် စီစဉ်လို့ ရမယ်။

၇။ ကိုယ့်ကလေးရဲ့ ပညာရေးမှာ လစ်ဟင်းမှုတွေ နည်းသွားနိုင်တယ်။

၈။ မိသားစုနဲ့ အတူနေရတဲ့အတွက် ကလေးမှာ သံယောဇဉ်တိုးလာမယ်။
အိမ်တွင်းပုန်းမေမေတွေ အိမ်မှာပဲအမြဲနေရတဲ့အခါ ဘယ်လိုပြဿနာတွေ တွေ့ရနိုင်လဲ။

ဘယ်ရွေးချယ်မှုမဆို အကောင်းရော အဆိုးပါ ဒွန်တွဲနေမှာပါ။ အဲ့သလိုပဲ အိမ်မှာ နေတာ ကြာလာတဲ့အခါ ဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့ အလုပ်ကို စွန့်လွှတ်ပြီး မိသားစုအတွက်ပဲ အချိန်ပေးနေရတဲ့အခါမျိုးမှာ စိတ်ညစ်စရာတွေ ဖြစ်လာနိုင်ပါတယ်။

    မိသားစုနဲ့ နေရတာ ပျော်စရာကောင်းပေမယ့် အိမ်မှာပဲ အမြဲနေရတဲ့အခါမှာ မေမေတွေအတွက် လှောင်ပိတ်ထားသလို စိတ်ထဲ အကျဉ်းကျနေသလို နေရထိုင်ရခက်တာမျိုးတော့ ဖြစ်စေနိုင်ပါတယ်။
    အချိန်ကြာလာရင် မေမေတွေအနေနဲ့ ကိုယ့်ကလေးမရှိရင် မနေတတ်တော့တာ၊ ကိုယ့်ကလေးအပေါ် မှီခိုတွယ်တာလွန်းတဲ့ စိတ်တွေ ဖြစ်လာနိုင်ပါတယ်။
    အလုပ်ထွက်ပြီး အိမ်မှာပဲ နေနေတယ်ဆိုလို့ စိတ်ဖိစီးမှု အလုံးစုံကင်းစင်သွားမှာတော့ မဟုတ်ပါဘူး။ တစ်အိမ်သားလုံးရဲ့ တာဝန်ဝတ္တရားတွေဟာ ကိုယ့်အပေါ်မှာ ပုံကျလာတဲ့အတွက် စိတ်ဖိစီးမှု အနည်းနဲ့အကျဉ်းတော့ ခံစားရနိုင်ပါတယ်။
    ဖခင်တစ်ဦးတည်း အလုပ်နေနေရတာ ဖြစ်တဲ့အတွက် အသုံးစရိတ်မလုံလောက်တာ၊ မိသားစု စားဝတ်နေရေး၊ နေစရိတ်ကို အချိန်ပြည့်ပူပန်နေရတာတွေ ရှိလာနိုင်ပါတယ်။
    ကိုယ်ဝါသနာပါတဲ့ အလုပ်ကို သတိရတမ်းတတာ၊ တစ်ယောက်တည်း အိမ်မှုတာဝန်တွေ အကုန်ယူထားရတဲ့အခါ စိတ်ဆိုးဒေါသထွက်လွယ်နိုင်ပါတယ်။

မေမေတွေ ဘဝကို ဟန်ချက်ညီဖို့ ဘယ်လိုနေထိုင်ကြမလဲ။

မိသားစုအတွက် အချိန်ပေးရတာဟာ မိခင်ကောင်းတစ်ယောက်ရဲ့ တာဝန်ဆိုပေမယ့် ကိုယ့်ကျန်းမာရေးနဲ့ ဘဝကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ မိသားစုဝင်တွေကိုလည်း စိတ်ပူသလို ကိုယ့်အတွက်ကိုလည်း စိတ်ပူပါ။ အာဟာရမျှတစွာ စားသောက်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။ လေ့ကျင်ခန်း၊ အားကစား ပုံမှန်လုပ်ပေးပါ။

ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ မိသားစုဝင်တွေကို အိမ်မှုကိစ္စတာဝန် ခွဲဝေပေးပါ။ ဥပမာ မေမေက ထမင်းဟင်းချက်ပြီး စားသောက်ပြီးသွားရင် ဖေဖေတွေက ပန်းကန်ဆေးပေးတာမျိုး၊ ကလေးတွေက ကိုယ့်အခန်းကိုယ် သန့်ရှင်းရေးလုပ်တာမျိုး လုပ်ခိုင်းပေးပါ။

အိမ်မှာပဲ ကိုယ့်ကိုယ်ကို လှောင်ပိတ်တာထက် အပြင်ထွက်ပေးပါ။ မနက်တိုင်း ဈေးဝယ်ထွက်တာ၊ လမ်းထွက်လျှောက်တာမျိုး လုပ်ပေးပါ။ ကိုယ့်သူငယ်ချင်းအပေါင်းအသင်းတွေ၊ ရပ်ဝေးမှာ နေနေတဲ့ မိဘဆွေမျိုးတွေဆီ အလည်သွားတာမျိုး လုပ်ပေးပါ။

အလုပ်လုပ်ရတာ ဝါသနာပါတဲ့ အိမ်ထောင်ရှင်မေမေတွေဆိုရင် အိမ်မှာ အချိန်သိပ်ပေးစရာမလိုတဲ့ အလွတ်တန်းအလုပ်တွေ၊ အချိန်ပိုင်း အလုပ်လုပ်တွေ လုပ်ရင်း အပိုဝင်ငွေ ရှာပေးလို့ ရပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်အနီးအနားက လုပ်အားပေးအသင်းအဖွဲ့တွေ၊ ကူညီမှုလုပ်ငန်းတွေမှာ ဝင်ရောက်အားဖြည့်ပေးလို့လည်း ရပါတယ်။

Credit:hellosayarwon

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top