iMyanmarHouse.com - Best Property Website for Myanmar
×

 

တစ္ခါတေလမွာ ေနေရာင္ေလးနည္းနည္းေလာက္ ထိေတြ႔တာကလည္း က်န္းမာေရးအတြက္ အေထာက္အပံ့ျဖစ္ပါတယ္ေနာ္။ မနက္ခင္းေနေရာင္ ခပ္ေႏြးေႏြးေလးေအာက္မွာ စက္ဘီးနင္းတာျဖစ္ျဖစ္၊ လမ္းေလွ်ာက္တာျဖစ္ျဖစ္လုပ္ေပးတာကခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဗီတာမင္ D ကိုရရွိေစႏိုင္ပါတယ္။ ဗီတာမင္ D ကေလဒီတို႔က်န္းမာဖို႔အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ေနပါတယ္။

ကာလရွည္ၾကာသိလာခဲ့တဲ့ အသိတစ္ခုက ဗီတာမင္ D ကအရိုးေတြကို သန္မာေစတယ္ဆိုတာပါ။ ငယ္စဉ္အရြယ္ ကတည္းကေန ေတာက္ေလွ်ာက္ၾကားလာခဲ့တာက အရိုး နဲ႔ သြားေတြ ၾကံ႕ခိုင္သန္စြမ္းေစဖို႔အတြက္ ဗီတာမင္ D ပါတဲ့ႏို႔ေတြကိုေသာက္ဖို႔ေျပာၾကတာပါ။

ဒါေပမယ့္ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ရပ္မွာေတာ့ ဗီတာမင္ D က ႏွလံုးေရာဂါ၊ ကင္ဆာ၊ နာက်င္ေရာင္ရမ္းမႈေဝဒနာေတြ နဲ႔ နာတာရွည္ေရာဂါေတာ္ေတ္ာမ်ားမ်ားကို ကာကြယ္ေပးႏိုင္တယ္၊ လုိ႔ ေတြ႔ရွိခဲ့ရပါတယ္။ ဒီေဆာင္းပါးေလးထဲမွာ အဓိကေျပာခ်င္တာကေတာ့ ဗီတာမင္ D က ေလဒီတို႔အတြက္ေတာ္ေတ္ာေလးအေထာက္အကူျပဳေပးတယ္ဆိုတာကိုပါ။

ဗီတာမင္ D နည္းလာတဲ့အခါ အရိုးေတြမွာ ထိခိုက္တာေတြေတာ္ေတ္ာမ်ားပါတယ္။ ေနာက္တစ္ခ်က္က အမ်ိဳးသမီးေတြမွာ ဗီတာမင္ D နည္းတဲ့အခါ ေဟာ္မုန္းမမွ်တတာမ်ိဳးေတြခံစားရႏိုင္ပါတယ္။ တကယ္ေတာ့ ဗီတာမင္ D က ေဘဘီကေနစလို႔ ဘိုးဘိုးဘြားဘြားေတြအထိလိုအပ္တဲ့ ဗီတာမင္တစ္မ်ိဳးပါ။

ခႏၶာကိုယ္ကို စြမ္းအားတိုးေစသလို ဦးေႏွာက္ရဲ႕လုပ္ေဆာင္ရည္ကို ေကာင္းမြန္ေစႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ေမေမ တို႔အတြက္လည္း လိုအပ္တဲ့ ဗီတာမင္ တစ္မ်ိဳးပါ။ ေလဒီတို႔အတြက္ ဗီတာမင္ D ကဒီလိုအေထာက္အကူျပဳေပးပါတယ္
ဗီတာမင္က အမ်ိဳးသမိးေတြအတြက္ အခုလိုမ်ိဳးအေထာက္အကူျပဳေပးပါတယ္။

သေႏၶေအာင္ႏိုင္စြမ္းတိုးေစတယ္

ခႏၶာကိုယ္ထဲမွာ အက္စထရိုဂ်င္ေဟာ္မုန္းမ်ားတာက အမ်ိဳးသမီးေတြမွာ သေႏၶေအာင္နိုင္စြမ္းက်ဆင္းရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းတစ္ရပ္ပါ။ ကိုယ္တါင္းမ်ာ အက္စထရုိဂ်င္ေဟာ္မုန္းမ်ားေနတာက ေလဒီေတြမွာ ေဟာ္မုန္းနဲ႕ ပတ္သက္တဲ့ေရာဂါေတြကို ခံစားရႏိုင္ပါတယ္။ ဒီျပႆနာေတြကို အေကာင္းဆံုးေျဖရွင္းေပးမယ့္ ဇာတ္လိုက္က ဗီတာမင္ D ပါ။ ေလ့လာမႈတစ္ရပ္အရ ဗီတာမင္ D ေလ်ာ့နည္းေနတာက သေႏၶေအာင္ႏိုင္စြမ္းကို ၇၅ ရာခိုင္ႏႈန္းအထိက်ဆင္းေစႏိုင္တယ္၊လို႔ေတြ႔ရွိခဲ့ရပါတယ္။



ရင္သားကင္ဆာ ကာကြယ္ေပးတယ္

ရင္သားကင္ဆာခံစားေနရတဲ့ အမ်ိဳးသမီးေတြရဲ႕ ၇၀ ရာခိုင္ႏႈန္းက ဗီတာမင္ D ေလ်ာ႔နည္းေနတာေၾကာင့္ပါ။ ဗီတာမင္ D က ရင္သားကင္ဆာမျဖစ္ေအာင္ကာကြယ္ေပးသလို ရင္သားကင္ဆာဆဲလ္ေတြ ထပ္ပြားမလာေစဖို႔အတြက္လည္း အေထာက္အကူျပဳေပးပါတယ္။ ဗီတာမင္ D က ဆဲလ္ေတြထဲကို ဝင္ေရာက္ျပီး ကင္ဆာဆဲလ္ေတြရဲ႕ လုပ္ငန္းစဉ္ေတြကိုရပ္ဆိုင္းသြားေအာင္လုပ္ေဆာင္ေပးပါတယ္။ ဒီလိုလုပ္ေဆာင္ျဖင္းျဖင့္ ကင္ဆာဆဲလ္ေတြက ေသဆံုးသြားတာပါ။

အရိုးေတြသန္မာေစႏိုင္တယ္

ခႏၶာကိုယ္မွာ ဗီတာမင္ D ျပည့္ဝမွ အရိုးနဲ႔သြားေတြၾကံ႕ခိုင္ေစဖို႔အတြက္ လိုအပ္တဲ့ ကယ္လ္ဆီယမ္ကို စုပ္ယူႏိုင္မွာပါ။ တကယ္လို႔ ခႏၶာကိုယ္က ကယ္လ္ဆီယမ္ကို မစုပ္ယူႏိုင္ဘူးဆိုရင္ အရိုးပြတာ၊ အရိုးပါးတာနဲ႔ အရိုးက်ိဳးလြယ္တာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။ ဒါေၾကာင့္ သေႏၶသားအရိုးေတြေကာင္းစြာဖြံ႔ျဖိဳးေစဖုိ႔ ကိုယ္ဝန္ေဆာင္ေမေမေတြအေနနဲ႔ ဗီတာမင္ D ျပည့္ဝေနဖို႔လိုအပ္သလို ကေလးေတြ၊ သက္ၾကီးရြယ္အိုေတြလည္း ဗီတာမင္ D ျပည့္ဝေနဖို႔လိုအပ္ပါမယ္။

ကိုယ္ခံအားေကာင္းေစတယ္

ဗီတာမင္ D ကျပင္ပေရာဂါေတြကို ခုခံတိုက္ထုတ္ေပးတဲ့ ကိုယ္ခံအားစနစ္ကို က်န္းမာေနေစဖို႔ အားျဖည့္ကူညီေပးပါတယ္။ ဒါေၾကာင့္ ဖ်ားနာမႈ နဲ႔ ေရာဂါပိုးေတြအႏၱရာယ္ကေန ကင္းေဝးခ်င္တယ္ဆိုရင္ေတာ့ ေန႔စဉ္ ဗီတာမင္ D ရရွိေအာင္လုပ္ေဆာင္ဖို႔ လိုပါမယ္။

Polycystic Ovarian Syndrome (PCOS) မျဖစ္ေအာင္ကာကြယ္ေပးတယ္

Polycystic Ovarian Syndrome ဆိုတာက အပ်ိဳေဖာ္ဝင္တဲ့အရြယ္ မိန္းကေလးေတြမွာ အျဖစ္မ်ားတဲ့ ေဟာ္မုန္းမမွ်တတဲ့ အေျခအေနတစ္ရပ္ပါ။ ေတြ႔ရမ်ားတဲ့ လကၡဏာေတြအေနနဲ႔ကေတာ့ ကိုယ္အေလးခ်ိန္တက္လာတာ၊ ဝက္ျခံေတြထြက္တာ နဲ႔ သေႏၶမေအာင္တာမ်ိဳးအျဖစ္မ်ားပါတယ္။ မ်ားေသာအားျဖင့္ ဒီေဝဒနာက ကိုယ္တြင္းမွာ ဗီတာမင္ D ခ်ိဳ႕တဲ့ေနတာေၾကာင့္ ျဖစ္ရတာပါ။ ဒီေတာ့ အခုလိုျပႆနာေတြ ကင္းေဝးေစဖို႔ဆိုရင္  ေန႔စဉ္ပံုမွန္ မနက္ခင္းေနေရာင္ျခည္ေႏြးေႏြးေလးကို ထိေတြ႔ေပးတာ။ ဗီတာမင္ D အားျဖည့္ေဆးေတြေသာက္သံုးေပးတာျဖစ္ျဖစ္ လုပ္ေဆာင္ေပးလို႔ရပါတယ္။

ကဲေလဒီတို႔ေရ ဒီေလာက္ေတာင္အက်ိဳးမ်ားတဲ့ ဗီတာမင္ D ကို မနက္ခင္းေနေရာင္ေႏြးေႏြးေအာက္မွာ ကိုယ္လက္ေလ့က်င့္ခန္းေတြ လုပ္ရင္းရယူလိုက္ပါေနာ္……

Credit: hellosayarwon
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

တစ်ခါတလေမှာ နေရောင်လေးနည်းနည်းလောက် ထိတွေ့တာကလည်း ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်ပါတယ်နော်။ မနက်ခင်းနေရောင် ခပ်နွေးနွေးလေးအောက်မှာ စက်ဘီးနင်းတာဖြစ်ဖြစ်၊ လမ်းလျှောက်တာဖြစ်ဖြစ်လုပ်ပေးတာကခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုရရှိစေနိုင်ပါတယ်။ ဗီတာမင် D ကလေဒီတို့ကျန်းမာဖို့အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ကာလရှည်ကြာသိလာခဲ့တဲ့ အသိတစ်ခုက ဗီတာမင် D ကအရိုးတွေကို သန်မာစေတယ်ဆိုတာပါ။ ငယ်စဉ်အရွယ် ကတည်းကနေ တောက်လျှောက်ကြားလာခဲ့တာက အရိုး နဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့အတွက် ဗီတာမင် D ပါတဲ့နို့တွေကိုသောက်ဖို့ပြောကြတာပါ။

ဒါပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာတော့ ဗီတာမင် D က နှလုံးရောဂါ၊ ကင်ဆာ၊ နာကျင်ရောင်ရမ်းမှုဝေဒနာတွေ နဲ့ နာတာရှည်ရောဂါတော်တေ်ာများများကို ကာကွယ်ပေးနိုင်တယ်၊ လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီဆောင်းပါးလေးထဲမှာ အဓိကပြောချင်တာကတော့ ဗီတာမင် D က လေဒီတို့အတွက်တော်တေ်ာလေးအထောက်အကူပြုပေးတယ်ဆိုတာကိုပါ။

ဗီတာမင် D နည်းလာတဲ့အခါ အရိုးတွေမှာ ထိခိုက်တာတွေတော်တေ်ာများပါတယ်။ နောက်တစ်ချက်က အမျိုးသမီးတွေမှာ ဗီတာမင် D နည်းတဲ့အခါ ဟော်မုန်းမမျှတတာမျိုးတွေခံစားရနိုင်ပါတယ်။ တကယ်တော့ ဗီတာမင် D က ဘေဘီကနေစလို့ ဘိုးဘိုးဘွားဘွားတွေအထိလိုအပ်တဲ့ ဗီတာမင်တစ်မျိုးပါ။

ခန္ဓာကိုယ်ကို စွမ်းအားတိုးစေသလို ဦးနှောက်ရဲ့လုပ်ဆောင်ရည်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ တို့အတွက်လည်း လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါ။ လေဒီတို့အတွက် ဗီတာမင် D ကဒီလိုအထောက်အကူပြုပေးပါတယ်
ဗီတာမင်က အမျိုးသမိးတွေအတွက် အခုလိုမျိုးအထောက်အကူပြုပေးပါတယ်။

သန္ဓေအောင်နိုင်စွမ်းတိုးစေတယ်

ခန္ဓာကိုယ်ထဲမှာ အက်စထရိုဂျင်ဟော်မုန်းများတာက အမျိုးသမီးတွေမှာ သန္ဓေအောင်နိုင်စွမ်းကျဆင်းရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ပါ။ ကိုယ်တါင်းမျာ အက်စထရိုဂျင်ဟော်မုန်းများနေတာက လေဒီတွေမှာ ဟော်မုန်းနဲ့ ပတ်သက်တဲ့ရောဂါတွေကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေကို အကောင်းဆုံးဖြေရှင်းပေးမယ့် ဇာတ်လိုက်က ဗီတာမင် D ပါ။ လေ့လာမှုတစ်ရပ်အရ ဗီတာမင် D လျော့နည်းနေတာက သန္ဓေအောင်နိုင်စွမ်းကို ၇၅ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

ရင်သားကင်ဆာ ကာကွယ်ပေးတယ်

ရင်သားကင်ဆာခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ ၇၀ ရာခိုင်နှုန်းက ဗီတာမင် D လျော့နည်းနေတာကြောင့်ပါ။ ဗီတာမင် D က ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ပေးသလို ရင်သားကင်ဆာဆဲလ်တွေ ထပ်ပွားမလာစေဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။ ဗီတာမင် D က ဆဲလ်တွေထဲကို ဝင်ရောက်ပြီး ကင်ဆာဆဲလ်တွေရဲ့ လုပ်ငန်းစဉ်တွေကိုရပ်ဆိုင်းသွားအောင်လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ဖြင်းဖြင့် ကင်ဆာဆဲလ်တွေက သေဆုံးသွားတာပါ။

အရိုးတွေသန်မာစေနိုင်တယ်

ခန္ဓာကိုယ်မှာ ဗီတာမင် D ပြည့်ဝမှ အရိုးနဲ့သွားတွေကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်မှာပါ။ တကယ်လို့ ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို မစုပ်ယူနိုင်ဘူးဆိုရင် အရိုးပွတာ၊ အရိုးပါးတာနဲ့ အရိုးကျိုးလွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သန္ဓေသားအရိုးတွေကောင်းစွာဖွံ့ဖြိုးစေဖို့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ဗီတာမင် D ပြည့်ဝနေဖို့လိုအပ်သလို ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ဗီတာမင် D ပြည့်ဝနေဖို့လိုအပ်ပါမယ်။

ကိုယ်ခံအားကောင်းစေတယ်

ဗီတာမင် D ကပြင်ပရောဂါတွေကို ခုခံတိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို ကျန်းမာနေစေဖို့ အားဖြည့်ကူညီပေးပါတယ်။ ဒါကြောင့် ဖျားနာမှု နဲ့ ရောဂါပိုးတွေအန္တရာယ်ကနေ ကင်းဝေးချင်တယ်ဆိုရင်တော့ နေ့စဉ် ဗီတာမင် D ရရှိအောင်လုပ်ဆောင်ဖို့ လိုပါမယ်။

Polycystic Ovarian Syndrome (PCOS) မဖြစ်အောင်ကာကွယ်ပေးတယ်

Polycystic Ovarian Syndrome ဆိုတာက အပျိုဖော်ဝင်တဲ့အရွယ် မိန်းကလေးတွေမှာ အဖြစ်များတဲ့ ဟော်မုန်းမမျှတတဲ့ အခြေအနေတစ်ရပ်ပါ။ တွေ့ရများတဲ့ လက္ခဏာတွေအနေနဲ့ကတော့ ကိုယ်အလေးချိန်တက်လာတာ၊ ဝက်ခြံတွေထွက်တာ နဲ့ သန္ဓေမအောင်တာမျိုးအဖြစ်များပါတယ်။ များသောအားဖြင့် ဒီဝေဒနာက ကိုယ်တွင်းမှာ ဗီတာမင် D ချို့တဲ့နေတာကြောင့် ဖြစ်ရတာပါ။ ဒီတော့ အခုလိုပြဿနာတွေ ကင်းဝေးစေဖို့ဆိုရင်  နေ့စဉ်ပုံမှန် မနက်ခင်းနေရောင်ခြည်နွေးနွေးလေးကို ထိတွေ့ပေးတာ။ ဗီတာမင် D အားဖြည့်ဆေးတွေသောက်သုံးပေးတာဖြစ်ဖြစ် လုပ်ဆောင်ပေးလို့ရပါတယ်။

ကဲလေဒီတို့ရေ ဒီလောက်တောင်အကျိုးများတဲ့ ဗီတာမင် D ကို မနက်ခင်းနေရောင်နွေးနွေးအောက်မှာ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ရင်းရယူလိုက်ပါနော်……

Credit: hellosayarwon
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top