iMyanmarHouse.com - Best Property Website for Myanmar
×


ခုေနာက္ပိုင္းမွာ ေခတ္စားလာတဲ့ အလွအပျပဳျပင္နည္းတစ္ခုေပါ့။ အခ်ိန္တိုေလးအတြင္းမွာ လွပသြားေစမယ့္  နည္းလမ္းေလးတစ္ခုပါ။ နာက်င္မႈနည္းျပီး အခ်ိန္လည္းသိပ္မေပးရတဲ့ အလွအပျပဳျပင္မႈတစ္ခုပါ။ Botox ထိုးတာထက္ တာရွည္ခံသလို Filler ထိုးတာထက္လည္း အခ်ိန္ၾကာၾကာလွပေနေစမွာပါ။

ငယ္ရြယ္တဲ့ရုပ္သြင္ျပင္ကို ပိုင္ဆိုင္ခ်င္သူေတြ စဉ္းစားသင့္တဲ့အလွအပျပဳျပင္မႈတစ္ရပ္ပါ။ ဒီနည္းလမ္းက နဖူး၊ မ်က္ခံုး၊ မ်က္ႏွာနဲ႔လည္ပင္းက ေလ်ာ႔ရဲေနတဲ့ အေရျပားေတြကို တင္း ရင္းလွပေစႏိုင္ပါတယ္။

မ်က္လံုးေထာင့္ကအေရးအေၾကာင္းေတြ၊ ရယ္တာေၾကာင့္ျဖစ္လာတဲ့ ပါးေပၚက အေရျပား အတြန္႔အေခါက္ေလးေတြ၊ လက္ေမာင္းနဲ႔ ဝမ္းဗိုက္ကအေရျပားေတြ တင္းရင္းေစဖို႔အတြက္ လည္း ဒီနည္းလမး္က အသံုးဝင္ပါတယ္။

ဒီကုထံုးမွာ ၾကိဳးစကို ဆံစပ္ ဒါမွမဟုတ္ နားရြက္ေနာက္ဖက္မွာထားရမွာပါ။ ျပီးရင္ေတာ့ အေရျပားတင္းရင္းခ်င္တဲ့ အစိတ္အပိုင္းကို အရာေပးထားတဲ့အတိုင္း ေသေသသပ္သပ္ေလး လုပ္ေဆာင္ေပးရပါမယ္။ ဒီၾကိဳးထိုးတဲ့ကုထံုးက အေရျပားတစ္ရႈးေတြကို တြယ္ဆက္ေပးျပီး အသားအေရကို သဘာဝအတိုင္း ေခ်ာေမြ႔ေနတဲ့ သြင္ျပင္ကိုရရွိေစမွာပါ။

ဘာေတြထူးသြားႏိုင္လဲ

ဒီကုထံုးရဲ႕ အားသာခ်က္ေတြကေတာ့-

-ရုပ္သြင္ကိုႏုပ်ိဳေစျပီး အသားအေရကိုတင္းရင္းလွပေစတယ္
-မ်က္ႏွာေကာက္ေၾကာင္းကိုပိုျပီးေပၚလြင္ေစတယ္
-အမာရြတ္မထင္ဘဲ ႏုပ်ိဳတဲ့ရုပ္သြင္ကိုရရွိေစတယ္
-အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ အေရျပားျပႆနာေတြကို -အလ်င္ျမန္ဆံုးနဲ႔အထိေရာက္ဆံုးေျဖရွင္းႏိုင္တယ္။

ဘယ္သူေတြလုပ္သင့္လဲ

အသက္အရြယ္ေၾကာင့္ျဖစ္လာတဲ့ မ်က္ႏွာေပၚကအေရးအေၾကာင္းေတြ၊ မ်က္အိတ္ တြဲတာေတြကို သိသိသာသာသက္သာ ေစတဲ့နည္းလမ္းပါ။ ဒါေၾကာင့္ အရြယ္မတိုင္ခင္အို မင္းရင့္ေရာ္မႈကိုခံစားေနရတဲ့ အသက္ ၂၅ ႏွစ္ကေန ၄၅ ႏွစ္အတြင္း အမ်ိဳးသမီးေတြနဲ႔ အ သက္ ၅၀ ေက်ာ္နဲ႔ ၆၀ ေက်ာ္အရြယ္ အမ်ိဳးသား၊ အမ်ိဳးသမီးေတြအေနနဲ႔ တြဲက်ေနတဲ့ မ်က္အိတ္ေတြ၊ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြကို ဖယ္ရွားခ်င္တယ္ဆိုရင္ လုပ္ေဆာင္သင့္တဲ့နည္းလမ္းတစ္ခုပါ။

တစ္ၾကိမ္လုပ္ထားျပီးရင္ ႏွစ္နဲ႔ခ်ီခံတဲ့ နည္းလမ္းျဖစ္တာေၾကာင့္ လွပခ်င္သူတိုင္း ေရြးခ်ယ္ သင့္တဲ့နည္းလမ္းတစ္ခုေပါ့။ ဒီကုသမႈက စိတ္ခ်ရသလို ၾကာျမင့္ခ်ိန္ကလည္း ၁ နာရီကေန ၂ နာရီေလာက္ပဲၾကာျမင့္မွာျဖစ္ပါတယ္။ ရိုးစင္းျပီး လွပေစမယ့္အလွျပဳျပင္မႈ တစ္ခုဆိုလည္း မမွားပါဘူး။



မဂၤလာေဆာင္ခါနီး သတို႔သမီးေတြအတြက္လည္း ေတာ္ေတ္ာေလး အဆင္ေျပေစမယ့္နည္းလမ္းပါ။ ကဲဒီေတာ့ အခ်ိန္ကုန္သက္သာျပီး တာရွည္ခံတဲ့အျပင္ အသားအေရကိုတင္းရင္းလွပေစတဲ့ ၾကိဳးထိုးတာကို လုပ္သင့္၊မလုပ္သင့္ ကိုယ္တိုင္ဆံုးျဖတ္လိုက္ပါေနာ္။

တတ္ကၽြမ္းတဲ့ ဆရာဝန္ေတြနဲ႔ လုပ္ေဆာင္ဖို႔ကေတာ့ မျဖစ္မေန သတိျပဳသင့္တဲ့အခ်က္ တစ္ခုပါ။

Credit:hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။ မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ အလှအပပြုပြင်နည်းတစ်ခုပေါ့။ အချိန်တိုလေးအတွင်းမှာ လှပသွားစေမယ့်  နည်းလမ်းလေးတစ်ခုပါ။ နာကျင်မှုနည်းပြီး အချိန်လည်းသိပ်မပေးရတဲ့ အလှအပပြုပြင်မှုတစ်ခုပါ။ Botox ထိုးတာထက် တာရှည်ခံသလို Filler ထိုးတာထက်လည်း အချိန်ကြာကြာလှပနေစေမှာပါ။

ငယ်ရွယ်တဲ့ရုပ်သွင်ပြင်ကို ပိုင်ဆိုင်ချင်သူတွေ စဉ်းစားသင့်တဲ့အလှအပပြုပြင်မှုတစ်ရပ်ပါ။ ဒီနည်းလမ်းက နဖူး၊ မျက်ခုံး၊ မျက်နှာနဲ့လည်ပင်းက လျော့ရဲနေတဲ့ အရေပြားတွေကို တင်း ရင်းလှပစေနိုင်ပါတယ်။

မျက်လုံးထောင့်ကအရေးအကြောင်းတွေ၊ ရယ်တာကြောင့်ဖြစ်လာတဲ့ ပါးပေါ်က အရေပြား အတွန့်အခေါက်လေးတွေ၊ လက်မောင်းနဲ့ ဝမ်းဗိုက်ကအရေပြားတွေ တင်းရင်းစေဖို့အတွက် လည်း ဒီနည်းလမ်းက အသုံးဝင်ပါတယ်။

ဒီကုထုံးမှာ ကြိုးစကို ဆံစပ် ဒါမှမဟုတ် နားရွက်နောက်ဖက်မှာထားရမှာပါ။ ပြီးရင်တော့ အရေပြားတင်းရင်းချင်တဲ့ အစိတ်အပိုင်းကို အရာပေးထားတဲ့အတိုင်း သေသေသပ်သပ်လေး လုပ်ဆောင်ပေးရပါမယ်။ ဒီကြိုးထိုးတဲ့ကုထုံးက အရေပြားတစ်ရှုးတွေကို တွယ်ဆက်ပေးပြီး အသားအရေကို သဘာဝအတိုင်း ချောမွေ့နေတဲ့ သွင်ပြင်ကိုရရှိစေမှာပါ။

ဘာတွေထူးသွားနိုင်လဲ

ဒီကုထုံးရဲ့ အားသာချက်တွေကတော့-

-ရုပ်သွင်ကိုနုပျိုစေပြီး အသားအရေကိုတင်းရင်းလှပစေတယ်
-မျက်နှာကောက်ကြောင်းကိုပိုပြီးပေါ်လွင်စေတယ်
-အမာရွတ်မထင်ဘဲ နုပျိုတဲ့ရုပ်သွင်ကိုရရှိစေတယ်
-အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို -အလျင်မြန်ဆုံးနဲ့အထိရောက်ဆုံးဖြေရှင်းနိုင်တယ်။

ဘယ်သူတွေလုပ်သင့်လဲ

အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ မျက်နှာပေါ်ကအရေးအကြောင်းတွေ၊ မျက်အိတ် တွဲတာတွေကို သိသိသာသာသက်သာ စေတဲ့နည်းလမ်းပါ။ ဒါကြောင့် အရွယ်မတိုင်ခင်အို မင်းရင့်ရော်မှုကိုခံစားနေရတဲ့ အသက် ၂၅ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသမီးတွေနဲ့ အ သက် ၅၀ ကျော်နဲ့ ၆၀ ကျော်အရွယ် အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ တွဲကျနေတဲ့ မျက်အိတ်တွေ၊ မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားချင်တယ်ဆိုရင် လုပ်ဆောင်သင့်တဲ့နည်းလမ်းတစ်ခုပါ။

တစ်ကြိမ်လုပ်ထားပြီးရင် နှစ်နဲ့ချီခံတဲ့ နည်းလမ်းဖြစ်တာကြောင့် လှပချင်သူတိုင်း ရွေးချယ် သင့်တဲ့နည်းလမ်းတစ်ခုပေါ့။ ဒီကုသမှုက စိတ်ချရသလို ကြာမြင့်ချိန်ကလည်း ၁ နာရီကနေ ၂ နာရီလောက်ပဲကြာမြင့်မှာဖြစ်ပါတယ်။ ရိုးစင်းပြီး လှပစေမယ့်အလှပြုပြင်မှု တစ်ခုဆိုလည်း မမှားပါဘူး။

မင်္ဂလာဆောင်ခါနီး သတို့သမီးတွေအတွက်လည်း တော်တေ်ာလေး အဆင်ပြေစေမယ့်နည်းလမ်းပါ။ ကဲဒီတော့ အချိန်ကုန်သက်သာပြီး တာရှည်ခံတဲ့အပြင် အသားအရေကိုတင်းရင်းလှပစေတဲ့ ကြိုးထိုးတာကို လုပ်သင့်၊မလုပ်သင့် ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါနော်။

တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ လုပ်ဆောင်ဖို့ကတော့ မဖြစ်မနေ သတိပြုသင့်တဲ့အချက် တစ်ခုပါ။

Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။ မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top