iMyanmarHouse.com - Best Property Website for Myanmar
×


ယခုေနာက္ပိုင္းကာလေတြမွာ ျမန္မာေဘာလံုးေလာကကို လူပိုသိေစခဲ့ျပီး ဂုဏ္ေဆာင္ေပးေလ့ရွိတဲ့ ေဘာလံုးသမား တိုက္စစ္မွဴး ေအာင္သူကေတာ့ ကေလးအစ လူၾကီး အဆံုး အကုန္သိၾကမယ္ ထင္ပါတယ္။ တိုက္စစ္မွဴးေအာင္သူကေတာ့ လက္ရွိျမန္မာေဘာလံုး ေလာကမွာ အေအာင္ျမင္ဆံုး ကစားသမားေတြထဲက တေယာက္လို႔ ေျပာလို႔ရပါတယ္။ ေအာင္သူကေတာ့ ေဘာလံုးကြင္းထဲမွာလည္း ေအာင္ျမင္ျပီး အေကာင္းဆံုး ေျခစြမ္းေတြကို ျပသထားႏိုင္သလို ေဘာလံုးကြင္း ျပင္ပမွာလည္း ခ်စ္စရာေကာင္းလြန္းတဲ့ ဇနီးေလးကို ပိုင္ဆိုင္ထားပါတယ္။

ေမာ္ဒယ္ သရုပ္ေဆာင္ တေယာက္ျဖစ္တဲ့ ပိုးအိအိခန္႔ နဲ႔ ေအာင္သူတို႔ကေတာ့ တကယ္ကို လိုက္ဖက္တဲ့ စံုတြဲေလးလည္း ျဖစ္သလို အေနေဝးေနေပမယ့္လည္း အျမဲတမ္းတေယာက္ကို တေယာက္ ခ်စ္တဲ့အေၾကာင္းေလးေတြကို သူတို႔ ပရိသတ္ေတြသိေအာင္ ေျပာေနၾက ျဖစ္ပါတယ္။ လက္ရွိမွာလည္း ေအာင္သူနဲ႔ ပိုးအိအိခန္႔တို႔ ႏွစ္ေယာက္လံုးကေတာ့ သူတို႔ လက္ထပ္ထားတာ ၉ လေက်ာ္ သက္တမ္းရွိခဲ့တဲ့ အေၾကာင္းေလးကို အမွတ္တရအေနနဲ႔ ႏွစ္ေယာက္လံုးရဲ့ ေဖ့ဘုတ္မွာ ေၾကာ္ျငာထားျပီး တေယာက္ကို တေယာက္ ဘယ္ေလာက္ထိ ခ်စ္ေၾကာင္းစာသားေလးေတြရယ္ အမွာစကားေလးေတြကို ခ်စ္စရာေကာင္းေလာက္ေအာင္ ေရးသားထားတာ ေတြ႔ရပါတယ္။


ေအာင္သူကေတာ့ သူ႔ရဲ့ ေပ့ခ်္မွာ “ေဖာင္းေလးေရ ဘာလိုလိုနဲ႔ကိုတို႔လက္ထပ္ထားတာ အခုဆို၉ လေတာင္ေက်ာ္ခဲ့ၿပီေနာ္ ကိုတို႔ႏွစ္ေယာက္တြက္ေဝဖန္ေျပာဆိုျခင္းေတြလည္း အမ်ားႀကီးရွိခဲ့တယ္ တိုက္ခိုက္ခံရျခင္းေတြလည္းရွိခဲ့တယ္ ဒါေပမယ့္ဘာမွမျဖစ္ပါနဲ႔ေဖာင္းရယ္ နားလည္ေပးလိုက္ပါေနာ္ အဓိကကကိုတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ သစၥာရွိဖို႔ရယ္တစ္ေယာက္ကိုတစ္ေယာက္ နားလည္မႈရွိဖို႔ရယ္ကအေရးႀကီးဆုံးပါပဲ အဲ့ဒါမ်ဳိးေလးေတြ တည္ေဆာက္သြားမွ ေနာင္တစ္ခ်ိန္မွာ ကိုတို႔ႏွစ္ေယာက္လိုခ်င္တဲ့ ႐ိုးရွင္းတဲ့မိသားစုဘဝေလးရမွာေဖာင္းရဲ႕ ကိုသူမ်ားေတြလိုစကားလုံးလွလွေလးေတြေတာ့ မေျပာတတ္ပါဘူး

ဒါေပမဲ့ ကိုေဖာင္းကိုခ်စ္တယ္ ေဖာင္းနဲ႔ပက္သက္ရင္ ကို႔ေခါင္းထဲမွာ အေတြးေတြအမ်ားႀကီးရွိၿပီသားပါ ေဖာင္းေရအရင္တုန္းကေတာ့ခ်စ္တယ္ၾကဳိက္တယ္ေပါ့ ခုေတာ့တစ္ဆင့္တိုးသြားၿပီ ဆိုးတူေကာင္းဖက္ တူတူရင္ဆိုင္ရမဲ့ခ်ိန္ျဖစ္သြားၿပီေဖာင္း ဘာပဲျဖစ္ျဖစ္တြဲလက္မျဖဳတ္ေက်းေနာ္ ဘာေတြဘယ္လိုပဲ ျဖစ္လာျဖစ္လာ ကို ေဖာင္းရဲ႕ေဘးမွာ အၿမဲတမ္းရွိေနေပးမယ္ေနာ္ သာယာေပ်ာ္ရႊင္တဲ့မိသားစုဘဝေလးကို ကိုရယ္ေဖာင္းရယ္ ဆက္ၿပီး တည္ေဆာက္သြားၾကမယ္ေနာ္ Happy 9th Monthsary Marriage Life ပါေဖာင္းေလး” ဆိုျပီးေတာ့ စာသားေလးကို တင္ထားျပီး သူတို႔ရဲ့ လက္ထပ္စာခ်ဳပ္ေလးကို တင္ထားပါတယ္။


ပိုးအိအိခန္႔ရဲ့ ေဖ့ဘုတ္အေကာင့္မွာလည္း “ ကို ေဖာင္းတို႔ တစ္ေယာက္နဲ႔ တစ္ေယာက္လက္ထပ္ဖို႔ဆုံးျဖတ္ခဲ့တယ္ဆိုတာ ေဖာင္းတို႔ရဲ႕ အခ်စ္ေတြ ဘယ္ေတာ့မွလက္တြဲမျဖဳတ္ေတာ့ဘူးဆိုတာရယ္ တစ္ေယာက္နဲ႔တစ္ေယာက္ မခြဲႏိုင္ေတာ့ဘူးဆိုတာ ေသခ်ာခဲ့လို႔လို႔ ကိုေျပာခဲ့ဖူးတယ္ေနာ္

ဘာလိုလိုနဲ႔အခုဆို လက္ထပ္ခဲ့တာ ၉လေတာင္ေက်ာ္ၿပီ ေဖာင္းတို႔ ႏွစ္ေယာက္ရဲ႕ အခ်စ္ေတြ ဘယ္ေလာက္ခိုင္ၿမဲလည္းဆိုတာ ေဖာင္းတို႔ႏွစ္ေယာက္ ရင္ဆိုင္ၾကဳံေတြ႕ခဲ့ရတဲ့ ေလာကဓံကိုၾကံ့ၾကံ့ခံႏိုင္တဲ့အေပၚမွာၾကည့္ၿပီးဆုံးျဖတ္လို႔ရပါတယ္ ဘယ္လိုအခက္အခဲ အတားအဆီးေတြပဲရွိရွိ ေဖာင္းေဘးမွာ အၿမဲရွိေနေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ကိုရယ္ အခုလိုေလးပဲ အၿမဲတမ္းတစ္သက္လုံးရွိေနမယ္လို႔လည္း ေဖာင္းယုံၾကည္ပါတယ္ Happy 9th Monthsary Marriage Life ပါကို Love u damn much Ko” ဆိုျပီးေတာ့ တင္ထားတာ ျဖစ္ပါတယ္။


သူတို႔ႏွစ္ေယာက္ တေယာက္ကို တေယာက္တကယ့္ကို ခ်စ္ၾကျပီး ရိုေနတဲ့ စာသားေလးေတြနဲ႔ အမွတ္တရေလးေတြကို ေျပာျပထားတာကေတာ့ တကယ့္ကို အားက်စရာေကာင္းလွပါတယ္။ ကြ်န္ေတာ္တို႔ရဲ့ ေဘာလံုးသမားၾကီး ေအာင္သူတေယာက္ကေတာ့ အခ်စ္ေရးမွာ တကယ္ကို ကံေကာင္းခဲ့ပါျပီပရိသတ္ၾကီးေရာ ေအာင္သူနဲ႔ ပိုးအိအိခန္႔တို႔ စံုတြဲေလးကို အားက်ၾကရဲ့လား။

Credit:Burmese.asia

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ယခုနောက်ပိုင်းကာလတွေမှာ မြန်မာဘောလုံးလောကကို လူပိုသိစေခဲ့ပြီး ဂုဏ်ဆောင်ပေးလေ့ရှိတဲ့ ဘောလုံးသမား တိုက်စစ်မှူး အောင်သူကတော့ ကလေးအစ လူကြီး အဆုံး အကုန်သိကြမယ် ထင်ပါတယ်။ တိုက်စစ်မှူးအောင်သူကတော့ လက်ရှိမြန်မာဘောလုံး လောကမှာ အအောင်မြင်ဆုံး ကစားသမားတွေထဲက တယောက်လို့ ပြောလို့ရပါတယ်။ အောင်သူကတော့ ဘောလုံးကွင်းထဲမှာလည်း အောင်မြင်ပြီး အကောင်းဆုံး ခြေစွမ်းတွေကို ပြသထားနိုင်သလို ဘောလုံးကွင်း ပြင်ပမှာလည်း ချစ်စရာကောင်းလွန်းတဲ့ ဇနီးလေးကို ပိုင်ဆိုင်ထားပါတယ်။


မော်ဒယ် သရုပ်ဆောင် တယောက်ဖြစ်တဲ့ ပိုးအိအိခန့် နဲ့ အောင်သူတို့ကတော့ တကယ်ကို လိုက်ဖက်တဲ့ စုံတွဲလေးလည်း ဖြစ်သလို အနေဝေးနေပေမယ့်လည်း အမြဲတမ်းတယောက်ကို တယောက် ချစ်တဲ့အကြောင်းလေးတွေကို သူတို့ ပရိသတ်တွေသိအောင် ပြောနေကြ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အောင်သူနဲ့ ပိုးအိအိခန့်တို့ နှစ်ယောက်လုံးကတော့ သူတို့ လက်ထပ်ထားတာ ၉ လကျော် သက်တမ်းရှိခဲ့တဲ့ အကြောင်းလေးကို အမှတ်တရအနေနဲ့ နှစ်ယောက်လုံးရဲ့ ဖေ့ဘုတ်မှာ ကြော်ငြာထားပြီး တယောက်ကို တယောက် ဘယ်လောက်ထိ ချစ်ကြောင်းစာသားလေးတွေရယ် အမှာစကားလေးတွေကို ချစ်စရာကောင်းလောက်အောင် ရေးသားထားတာ တွေ့ရပါတယ်။


အောင်သူကတော့ သူ့ရဲ့ ပေ့ချ်မှာ “ဖောင်းလေးရေ ဘာလိုလိုနဲ့ကိုတို့လက်ထပ်ထားတာ အခုဆို၉ လတောင်ကျော်ခဲ့ပြီနော် ကိုတို့နှစ်ယောက်တွက်ဝေဖန်ပြောဆိုခြင်းတွေလည်း အများကြီးရှိခဲ့တယ် တိုက်ခိုက်ခံရခြင်းတွေလည်းရှိခဲ့တယ် ဒါပေမယ့်ဘာမှမဖြစ်ပါနဲ့ဖောင်းရယ် နားလည်ပေးလိုက်ပါနော် အဓိကကကိုတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သစ္စာရှိဖို့ရယ်တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိဖို့ရယ်ကအရေးကြီးဆုံးပါပဲ အဲ့ဒါမျိုးလေးတွေ တည်ဆောက်သွားမှ နောင်တစ်ချိန်မှာ ကိုတို့နှစ်ယောက်လိုချင်တဲ့ ရိုးရှင်းတဲ့မိသားစုဘဝလေးရမှာဖောင်းရဲ့ ကိုသူများတွေလိုစကားလုံးလှလှလေးတွေတော့ မပြောတတ်ပါဘူး

ဒါပေမဲ့ ကိုဖောင်းကိုချစ်တယ် ဖောင်းနဲ့ပက်သက်ရင် ကို့ခေါင်းထဲမှာ အတွေးတွေအများကြီးရှိပြီသားပါ ဖောင်းရေအရင်တုန်းကတော့ချစ်တယ်ကြိုက်တယ်ပေါ့ ခုတော့တစ်ဆင့်တိုးသွားပြီ ဆိုးတူကောင်းဖက် တူတူရင်ဆိုင်ရမဲ့ချိန်ဖြစ်သွားပြီဖောင်း ဘာပဲဖြစ်ဖြစ်တွဲလက်မဖြုတ်ကျေးနော် ဘာတွေဘယ်လိုပဲ ဖြစ်လာဖြစ်လာ ကို ဖောင်းရဲ့ဘေးမှာ အမြဲတမ်းရှိနေပေးမယ်နော် သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ကိုရယ်ဖောင်းရယ် ဆက်ပြီး တည်ဆောက်သွားကြမယ်နော် Happy 9th Monthsary Marriage Life ပါဖောင်းလေး” ဆိုပြီးတော့ စာသားလေးကို တင်ထားပြီး သူတို့ရဲ့ လက်ထပ်စာချုပ်လေးကို တင်ထားပါတယ်။


ပိုးအိအိခန့်ရဲ့ ဖေ့ဘုတ်အကောင့်မှာလည်း “ ကို ဖောင်းတို့ တစ်ယောက်နဲ့ တစ်ယောက်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာ ဖောင်းတို့ရဲ့ အချစ်တွေ ဘယ်တော့မှလက်တွဲမဖြုတ်တော့ဘူးဆိုတာရယ် တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်တော့ဘူးဆိုတာ သေချာခဲ့လို့လို့ ကိုပြောခဲ့ဖူးတယ်နော်

ဘာလိုလိုနဲ့အခုဆို လက်ထပ်ခဲ့တာ ၉လတောင်ကျော်ပြီ ဖောင်းတို့ နှစ်ယောက်ရဲ့ အချစ်တွေ ဘယ်လောက်ခိုင်မြဲလည်းဆိုတာ ဖောင်းတို့နှစ်ယောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လောကဓံကိုကြံ့ကြံ့ခံနိုင်တဲ့အပေါ်မှာကြည့်ပြီးဆုံးဖြတ်လို့ရပါတယ် ဘယ်လိုအခက်အခဲ အတားအဆီးတွေပဲရှိရှိ ဖောင်းဘေးမှာ အမြဲရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုရယ် အခုလိုလေးပဲ အမြဲတမ်းတစ်သက်လုံးရှိနေမယ်လို့လည်း ဖောင်းယုံကြည်ပါတယ် Happy 9th Monthsary Marriage Life ပါကို Love u damn much Ko” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက် တယောက်ကို တယောက်တကယ့်ကို ချစ်ကြပြီး ရိုနေတဲ့ စာသားလေးတွေနဲ့ အမှတ်တရလေးတွေကို ပြောပြထားတာကတော့ တကယ့်ကို အားကျစရာကောင်းလှပါတယ်။ ကျွန်တော်တို့ရဲ့ ဘောလုံးသမားကြီး အောင်သူတယောက်ကတော့ အချစ်ရေးမှာ တကယ်ကို ကံကောင်းခဲ့ပါပြီပရိသတ်ကြီးရော အောင်သူနဲ့ ပိုးအိအိခန့်တို့ စုံတွဲလေးကို အားကျကြရဲ့လား။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top