iMyanmarHouse.com - Best Property Website for Myanmar
×


အသက္ႀကီးသူေတြ အေနနဲ႔ မနက္ခင္း ေလ့က်င့္ခန္းျပဳလုပ္ျခင္းနဲ႔ လမ္းေလွ်ာက္ျခင္းေၾကာင့္ ေသြးဖိအားေလ်ာ့နည္းႏိုင္တယ္လို႔ ေလ့လာခ်က္ေတြအရ သိရပါတယ္။ အဲဒီေလ့လာခ်က္မွာ မနက္ပိုင္း မိနစ္ ၃၀ ေလာက္ လမ္းေလွ်ာက္ျခင္းေၾကာင့္ ေသြးဖိအားကို တေနကုန္ ထိန္းညႇိထားေပးႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ တေနကုန္လုံးမွာလည္း မၾကာခဏဆိုသလို လမ္းေလွ်ာက္ေပးတယ္ဆိုရင္ ပိုမိုေကာင္းမြန္တဲ့ က်န္းမာေရးကို ရႏိုင္ပါတယ္။ ဒီေလ့လာခ်က္ကို အသက္ ၅၅ ႏွစ္ကေန အသက္ ၈၀ အတြင္း ရွိၿပီး အဝလြန္ေနတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြကို ျပဳလုပ္ခဲ့တာလို႔ သိပါတယ္။

သုေသသနျပဳသူေတြအေနနဲ႔ ဒီလို မနက္ခင္းပိုင္းလမ္းေလွ်ာက္ရင္ ရလာမယ့္ အက်ိဳးေက်းဇူးေတြကို ေျပာျပၿပီး လမ္းေလွ်ာက္ျခင္းနဲ႔ မနက္ခင္း ေလ့က်င့္ခန္းေတြကို ျပဳလုပ္ခိုင္းခဲ့တာလည္း ျဖစ္ပါတယ္။ တခ်ိဳ႕သူေတြက မနက္ခင္း လမ္းေလွ်ာက္တာထက္ပိုၿပီး ေန႔ခင္းပိုင္းေတြမွာပါ လမ္းေလွ်ာက္ျခင္းကို ျပဳလုပ္ခဲ့တာေၾကာင့္ မနက္ခင္းက ရထားတဲ့ ေသြးလည္ပတ္မႈ ေကာင္းမြန္ျခင္းကို ဆက္ၿပီး ထိန္းထားႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဒီသုေသသနျပဳျခင္းရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ Dr. Michael Wheeler က “က်ေနာ္တို႔ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဒီသုေသသနကိုျပဳလုပ္ခဲ့ပါတယ္။ အဓိကကေတာ့ မနက္ပိုင္း လမ္းေလွ်ာက္ျခင္းဟာ ေသြးဖိအားကို ထိန္းညႇိေပးႏိုင္သလားဆိုတာကို သိခ်င္လို႔ပါပဲ”လို႔ ေျပာခဲ့ပါတယ္။

မနက္ပိုင္းကို နာရီဝက္ လမ္းေလွ်ာက္ေစၿပီး တေနကုန္လုံးမွာလည္း တနာရီ ထိုင္လိုက္ နာရီဝက္ ေလ့က်င့္ခန္းလုပ္လိုက္ ျပဳလုပ္ခိုင္းခဲ့တာပါ။ ရလဒ္ကေတာ့ ေသြးတိုးေရာဂါကို ေလွ်ာ့ခ်ေပးႏိုင္ပါပဲ။

အမ်ိဳးသားေတြ အေနနဲ႔ မနက္ပိုင္းလမ္းေလွ်ာက္တဲ့ အခါ ေသြးဖိအားေကာက္းမြန္ၿပီး တေနကုန္ျပဳလုပ္တဲ့ အျခားေလ့က်င့္ခန္းေတြကေတာ့ အမ်ိဳးသမီးေတြအေပၚ ပိုၿပီး ေကာင္းက်ိဳးသက္ေရာက္ၿပီး အမ်ိဳးသားေတြကေတာ့ သိပ္မထူးျခားဘူးလို႔ သိရပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အသက်ကြီးသူတွေ အနေနဲ့ မနက်ခင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ လမ်းလျှောက်ခြင်းကြောင့် သွေးဖိအားလျော့နည်းနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ အဲဒီလေ့လာချက်မှာ မနက်ပိုင်း မိနစ် ၃၀ လောက် လမ်းလျှောက်ခြင်းကြောင့် သွေးဖိအားကို တနေကုန် ထိန်းညှိထားပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနေကုန်လုံးမှာလည်း မကြာခဏဆိုသလို လမ်းလျှောက်ပေးတယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးကို ရနိုင်ပါတယ်။ ဒီလေ့လာချက်ကို အသက် ၅၅ နှစ်ကနေ အသက် ၈၀ အတွင်း ရှိပြီး အဝလွန်နေတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ပြုလုပ်ခဲ့တာလို့ သိပါတယ်။

သုသေသနပြုသူတွေအနေနဲ့ ဒီလို မနက်ခင်းပိုင်းလမ်းလျှောက်ရင် ရလာမယ့် အကျိုးကျေးဇူးတွေကို ပြောပြပြီး လမ်းလျှောက်ခြင်းနဲ့ မနက်ခင်း လေ့ကျင့်ခန်းတွေကို ပြုလုပ်ခိုင်းခဲ့တာလည်း ဖြစ်ပါတယ်။ တချို့သူတွေက မနက်ခင်း လမ်းလျှောက်တာထက်ပိုပြီး နေ့ခင်းပိုင်းတွေမှာပါ လမ်းလျှောက်ခြင်းကို ပြုလုပ်ခဲ့တာကြောင့် မနက်ခင်းက ရထားတဲ့ သွေးလည်ပတ်မှု ကောင်းမွန်ခြင်းကို ဆက်ပြီး ထိန်းထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီသုသေသနပြုခြင်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Dr. Michael Wheeler က “ကျနော်တို့ ပုံစံအမျိုးမျိုးနဲ့ ဒီသုသေသနကိုပြုလုပ်ခဲ့ပါတယ်။ အဓိကကတော့ မနက်ပိုင်း လမ်းလျှောက်ခြင်းဟာ သွေးဖိအားကို ထိန်းညှိပေးနိုင်သလားဆိုတာကို သိချင်လို့ပါပဲ”လို့ ပြောခဲ့ပါတယ်။

မနက်ပိုင်းကို နာရီဝက် လမ်းလျှောက်စေပြီး တနေကုန်လုံးမှာလည်း တနာရီ ထိုင်လိုက် နာရီဝက် လေ့ကျင့်ခန်းလုပ်လိုက် ပြုလုပ်ခိုင်းခဲ့တာပါ။ ရလဒ်ကတော့ သွေးတိုးရောဂါကို လျှော့ချပေးနိုင်ပါပဲ။

အမျိုးသားတွေ အနေနဲ့ မနက်ပိုင်းလမ်းလျှောက်တဲ့ အခါ သွေးဖိအားကောက်းမွန်ပြီး တနေကုန်ပြုလုပ်တဲ့ အခြားလေ့ကျင့်ခန်းတွေကတော့ အမျိုးသမီးတွေအပေါ် ပိုပြီး ကောင်းကျိုးသက်ရောက်ပြီး အမျိုးသားတွေကတော့ သိပ်မထူးခြားဘူးလို့ သိရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top