iMyanmarHouse.com - Best Property Website for Myanmar
×
မကြာခဏဗိုက်ဆာနေမယ်
Credit:MM
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
ကျန်းမာရေးရှု့ထောင့်ကနေကြည့်မယ်ဆိုရင် ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့ ကျန်းမာရေးမျိုးကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အသီးအနှံတွေကိုများများစားပေးသင့်ပါတယ်။ တစ်ချို့တွေကတော့ အသီးအနှံတွေစားရတာကို ကြိုက်နှစ်သက်ကြပေမယ့် တစ်ချို့တွေကတော့ အသီးအနှံတွေကိုမကြိုက်ကြပါဘူး။ အစားအသောက်တွေကိုစားသုံးတဲ့အခါမှာ မျှတအောင်စားသုံးပေးနိုင်မှာကျန်းမာရေးအတွက် အထောက်အကူဖြစ်နေမှာပေါ့။ အခုတစ်ခါမှာတော့ ကျန်းမာရေးအတွက် အရေးကြီးနေပြီးအသီးအနှံတွေကိုလုံလောက်အောင်မစားပေးတဲ့အခါမှာ ဖြစ်လာနိုင်တဲ့လက္ခဏာများကိုဖော်ပြပေးလိုက်ပါတယ်နော်။
ဝမ်းချုပ်လွယ်စေပါတယ်
အသီးအနှံတွေကို များများစားပေးတာက ဝမ်းဗိုက်အတွက်လည်းကောင်းစေပြီး အူလမ်းကောင်းစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ အသီးအနှံတွေကဒီလိုမျိုးနေရာတွေမှာကျန်းမာရေးကောင်းစေဖို့ အများကြီးအထောက်အကူပေးနိုင်တာကြောင့် များများစေပေးဖို့လိုပါတယ်နော်။ အသီးအနှံတွေကိုစားတာနည်းတဲ့သူတွေအတွက်ကတော့ မကြာခဏဆိုသလို ဝမ်းချုပ်တဲ့ပြဿနာတွေကို ကြုံတွေ့ရစေနိုင်ပါတယ်နော်။
အသားအရေတွေခြောက်သွေ့ပျက်စီးလာမယ်
အသီးအနှံများများစားပေးတာကအသားအရေကိုကြည်လင်ပြီးစိုပြေမှုတွေဖြစ်လာစေဖို့ အများကြီးကူညီပေးနိုင်ပါတယ်။ အသားအရေနဲ့ပတ်သက်ပြီးလှပချင်လို့ ထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်တဲ့အခါမှာအသီးအနှံကိုများများစားပေးကြပါတယ်။ အသားအရေခြောက်သွေ့တဲ့ သူတော်တော်များများက အသီးအနံှစားသုံးမှုနည်းတဲ့သူတွေပဲဖြစ်ပါတယ်။
ဝက်ခြံဖြစ်လွယ်တဲ့အသားအရေ
အသားအရေတွေကပျက်စီးပြီး ဝက်ခြံတွေအဖြစ်များနေစေပြီဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ အသီးအနှံကိုလုံလောက်အောင် သေချာမစားသုံးထားပေးသေးတာကြောင့်ပဲဖြစ်ပါတယ်။ အသီးအနှံတွေက သင့်အသားအရေကို အာဟာရဓာတ်တွေများစွာရရှိစေပြီး အသားအရေကိုလည်း လှပစေနိုင်တာကြောင့် များများစားပေးသင့်တယ်နော်။
မကြာခဏဗိုက်ဆာနေမယ်
ဘယ်လောက်ပဲစားစား အချိန်ခဏလေးအတွင်းမှာ ထပ်ပြီးစားချင်စိတ်တွေဖြစ်လာတာမျိုးဆိုရင်လည်း သင့်ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေလိုအပ်နေပါပြီ။ ခဏခဏဗိုက်ဆာတတ်တာကလည်း ကောင်းတဲ့လက္ခဏာမျိုးမဟုတ်တာကြောင့် အသီးအနှံလေးကိုတော့ ပုံမှန်စားပေးဖို့လိုမယ်နော်။
Credit:MM
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top