iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ခံရတဲ့ဘဝႀကီးက အျမင္ကပ္ခံရတဲ့ဘဝထက္ဆိုင္ရင္ေတာ့ အဆေပါင္းမ်ားစြာသာပါတယ္။ လူတိုင္းရဲ႕ပါးစပ္ဖ်ားမွာ ကိုယ္ကဘယ္လိုေပါင္းလို႔ေကာင္းတာ၊ ဘယ္လိုလိုက္ေလ်ာညီေထြရွိတာစသျဖင့္ ေကာင္းသတင္းေမႊးေလေလ ဘဝတက္လမ္းအတြက္ အေထာက္အကူျဖစ္ေလပါ။

ဒီလိုဆို လူအမ်ားအခ်စ္ခံရတဲ့မိန္းကေလးျဖစ္ဖို႔ လိုက္နာသင့္တဲ့အခ်က္ေလးေတြက ဘာေတြမ်ားျဖစ္ေနမလဲလို႔ ၾကည့္လိုက္ၾကရေအာင္ပါ။

၁။ တူညီမႈကိုရွာပါ

အလြယ္ကူဆံုးနည္းလမ္းပါပဲ။ ေခြးခ်စ္တတ္တဲ့သူနဲ႔ေခြးအေၾကာင္းေျပာ၊႐ုပ္ရွင္ခ်စ္တတ္သူနဲ႔႐ုပ္ရွင္အေၾကာင္းေျပာေပါ့။ သင္ဘာမွမသိလည္း နားေထာင္ေပးလို႔ရပါတယ္။ ေျပာေနတဲ့အေၾကာင္းအရာကို သင္စိတ္မဝင္စားဘူးဆိုရင္ေတာင္ ခဏေလာက္ပဲျဖစ္ျဖစ္ဟန္ေဆာင္နားေထာင္ေပးလိုက္ပါ။ ဒါမွသင္တို႔ႏွစ္ေယာက္ၾကားက ရင္းႏွီးေတြတိုးတက္လာမွာပါ။

၂။ အေကာင္းဘက္ကေတြးေျပာပါ

စကားေျပာေနတဲ့သူကို ကန္႔လန္႔တိုက္ၿပီးလိုက္မေျပာပါနဲ႔။ သူကဒီအစားအစာ စားေကာင္းတယ္လို႔ေျပာရင္ သင္ကအဲဒီအစားအစာကို အျပစ္ေျပာၿပီး တျခားအစားအစာအေၾကာင္း ထပ္ေျပာလိုက္မယ္ဆို တျခားသူရဲ႕ေရြးခ်ယ္မႈကို ရွံုဳ႕ခ်ရာက်သြားပါတယ္။ ဒီေနရာေလးကသာယာလိုက္တာလို႔ေျပာရင္ တျခားေနရာကပိုေကာင္းေၾကာင္းေျပာတာေတြစသျဖင့္ အၿမဲဆန္႔က်င္ဘက္ေတြႀကီးလိုက္ေျပာေနမယ္ဆို သင့္ကိုဆရာလုပ္တယ္လို႔ထင္ၿပီး လူအျမင္ကပ္သြားပါလိမ့္မယ္။ ဒါေၾကာင့္အေကာင္းဘက္ကေနသာ ေရလိုက္ငါးလိုက္ေျပာေပးပါ။

၃။ ကိုယ့္အေၾကာင္းသိပ္မေျပာပါနဲ႔

လူေတြက ကိုယ့္ကိုယ္ကိုယ္သာစိတ္အဝင္စားဆံုးပါ။ (၂၄) နာရီလံုးလံုး သင့္ဒရမ္မာေတြ၊ သင့္အေတြ႕အၾကံဳေတြႀကီးနားေထာင္ေပးေနရေအာင္ ဘဝက႐ုပ္ရွင္မဟုတ္ပါဘူး။ တျခားသူေျပာတာကိုလည္း နားေထာင္ေပးပါ။ ကိုယ့္အေၾကာင္းေတြႀကီး စြတ္ေျပာတတ္တဲ့အက်င့္ကို ေဖ်ာက္ပါ။ ကိုယ့္ဆႏၵကိုလည္း အရမ္းေရွ႕တန္းမတင္ပါနဲ႔။

၄။ နာမည္ေခၚေပးပါ

ခ်စ္တို႔၊ သည္းတို႔အစား နာမည္အစားထိုးေခၚေပးပါ။ လူေတြက သူတို႔နာမည္ကိုေခၚတတ္တဲ့သူဆို ပိုၿပီးစိတ္စြဲတတ္ၾကပါတယ္။ ဟဲ့တို႔၊ အစ္ကိုတို႔၊ အစ္မတို႔စသျဖင့္ေခၚတာထက္ နာမည္ေလးပါတပ္ၿပီးေခၚၾကည့္ပါ။ တစ္ဖက္လူစိတ္ထဲသင္ဆိုတာကို ပိုေနရာယူသြားပါလိမ့္မယ္။

၅။ ဖုန္းကိုေဝးေဝးမွာထားပါ

စကားေျပာေနတုန္းဖုန္းသံုးတဲ့သူကို ဘယ္သူမွမႀကိဳက္ၾကပါဘူး။ အမ်ိဳးတူဆိုရင္ေတာ့ မေျပာတတ္ဘူးေပါ့။ ဟုတ္တယ္ေလ … တစ္ဖက္ကေလးေလးနက္နက္ေျပာေနတုန္းမွာ ကိုယ္ကဖုန္းေလးပြတ္လိုက္၊ Chatting ေလးထိုင္လိုက္ဆို ဘယ္သူကႀကိဳက္မွာလဲေနာ္။ တစ္ဖက္လူကို မေလးစားရာသိပ္ေရာက္ပါတယ္။

၆။ စိတ္သက္သာရာရေအာင္ထားပါ
သင္နဲ႔ေပါင္းေနတဲ့သူကို စိတ္သက္သာရာရေအာင္ထားပါ။ ငါအဲဒီတစ္ေယာက္နဲ႔မသြားခ်င္ဘူးဆိုတာမ်ိဳး ကိိုယ့္ေနာက္ကြယ္မွာအတင္းတုတ္ရေလာက္တဲ့ထိ မျဖစ္ပါေစနဲ႔။ တစ္ဖက္လူကို သိပ္ဖိအားမေပးပါနဲ႔။ သေဘာကေတာ့ သင္ကအရမ္းႀကီးအသန္႔ႀကိဳက္ေနတာမ်ိဳး၊ ေခ်ာမွ၊ လွမွာေပါင္းခ်င္တာမ်ိဳး၊ ပိုက္ဆံရွိမွ၊ သြားေနလာေနႏိုင္မွေပါင္းခ်င္တာမ်ိဳး အဲဒီလိုလူမျဖစ္ေစနဲ႔။ လူတိုင္းရဲ႕အခ်စ္ခံခ်င္ရင္ေတာ့ လူတိုင္းနဲ႔လိုက္ေလ်ာညီေထြရွိဖို႔လိုပါတယ္။

Credit:MM
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အချစ်ခံရတဲ့ဘဝကြီးက အမြင်ကပ်ခံရတဲ့ဘဝထက်ဆိုင်ရင်တော့ အဆပေါင်းများစွာသာပါတယ်။ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ကိုယ်ကဘယ်လိုပေါင်းလို့ကောင်းတာ၊ ဘယ်လိုလိုက်လျောညီထွေရှိတာစသဖြင့် ကောင်းသတင်းမွှေးလေလေ ဘဝတက်လမ်းအတွက် အထောက်အကူဖြစ်လေပါ။

ဒီလိုဆို လူအများအချစ်ခံရတဲ့မိန်းကလေးဖြစ်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေက ဘာတွေများဖြစ်နေမလဲလို့ ကြည့်လိုက်ကြရအောင်ပါ။

၁။ တူညီမှုကိုရှာပါ

အလွယ်ကူဆုံးနည်းလမ်းပါပဲ။ ခွေးချစ်တတ်တဲ့သူနဲ့ခွေးအကြောင်းပြော၊ရုပ်ရှင်ချစ်တတ်သူနဲ့ရုပ်ရှင်အကြောင်းပြောပေါ့။ သင်ဘာမှမသိလည်း နားထောင်ပေးလို့ရပါတယ်။ ပြောနေတဲ့အကြောင်းအရာကို သင်စိတ်မဝင်စားဘူးဆိုရင်တောင် ခဏလောက်ပဲဖြစ်ဖြစ်ဟန်ဆောင်နားထောင်ပေးလိုက်ပါ။ ဒါမှသင်တို့နှစ်ယောက်ကြားက ရင်းနှီးတွေတိုးတက်လာမှာပါ။

၂။ အကောင်းဘက်ကတွေးပြောပါ

စကားပြောနေတဲ့သူကို ကန့်လန့်တိုက်ပြီးလိုက်မပြောပါနဲ့။ သူကဒီအစားအစာ စားကောင်းတယ်လို့ပြောရင် သင်ကအဲဒီအစားအစာကို အပြစ်ပြောပြီး တခြားအစားအစာအကြောင်း ထပ်ပြောလိုက်မယ်ဆို တခြားသူရဲ့ရွေးချယ်မှုကို ရှုံု့ချရာကျသွားပါတယ်။ ဒီနေရာလေးကသာယာလိုက်တာလို့ပြောရင် တခြားနေရာကပိုကောင်းကြောင်းပြောတာတွေစသဖြင့် အမြဲဆန့်ကျင်ဘက်တွေကြီးလိုက်ပြောနေမယ်ဆို သင့်ကိုဆရာလုပ်တယ်လို့ထင်ပြီး လူအမြင်ကပ်သွားပါလိမ့်မယ်။ ဒါကြောင့်အကောင်းဘက်ကနေသာ ရေလိုက်ငါးလိုက်ပြောပေးပါ။

၃။ ကိုယ့်အကြောင်းသိပ်မပြောပါနဲ့

လူတွေက ကိုယ့်ကိုယ်ကိုယ်သာစိတ်အဝင်စားဆုံးပါ။ (၂၄) နာရီလုံးလုံး သင့်ဒရမ်မာတွေ၊ သင့်အတွေ့အကြုံတွေကြီးနားထောင်ပေးနေရအောင် ဘဝကရုပ်ရှင်မဟုတ်ပါဘူး။ တခြားသူပြောတာကိုလည်း နားထောင်ပေးပါ။ ကိုယ့်အကြောင်းတွေကြီး စွတ်ပြောတတ်တဲ့အကျင့်ကို ဖျောက်ပါ။ ကိုယ့်ဆန္ဒကိုလည်း အရမ်းရှေ့တန်းမတင်ပါနဲ့။

၄။ နာမည်ခေါ်ပေးပါ

ချစ်တို့၊ သည်းတို့အစား နာမည်အစားထိုးခေါ်ပေးပါ။ လူတွေက သူတို့နာမည်ကိုခေါ်တတ်တဲ့သူဆို ပိုပြီးစိတ်စွဲတတ်ကြပါတယ်။ ဟဲ့တို့၊ အစ်ကိုတို့၊ အစ်မတို့စသဖြင့်ခေါ်တာထက် နာမည်လေးပါတပ်ပြီးခေါ်ကြည့်ပါ။ တစ်ဖက်လူစိတ်ထဲသင်ဆိုတာကို ပိုနေရာယူသွားပါလိမ့်မယ်။

၅။ ဖုန်းကိုဝေးဝေးမှာထားပါ

စကားပြောနေတုန်းဖုန်းသုံးတဲ့သူကို ဘယ်သူမှမကြိုက်ကြပါဘူး။ အမျိုးတူဆိုရင်တော့ မပြောတတ်ဘူးပေါ့။ ဟုတ်တယ်လေ … တစ်ဖက်ကလေးလေးနက်နက်ပြောနေတုန်းမှာ ကိုယ်ကဖုန်းလေးပွတ်လိုက်၊ Chatting လေးထိုင်လိုက်ဆို ဘယ်သူကကြိုက်မှာလဲနော်။ တစ်ဖက်လူကို မလေးစားရာသိပ်ရောက်ပါတယ်။

၆။ စိတ်သက်သာရာရအောင်ထားပါ
သင်နဲ့ပေါင်းနေတဲ့သူကို စိတ်သက်သာရာရအောင်ထားပါ။ ငါအဲဒီတစ်ယောက်နဲ့မသွားချင်ဘူးဆိုတာမျိုး ကိုယ့်နောက်ကွယ်မှာအတင်းတုတ်ရလောက်တဲ့ထိ မဖြစ်ပါစေနဲ့။ တစ်ဖက်လူကို သိပ်ဖိအားမပေးပါနဲ့။ သဘောကတော့ သင်ကအရမ်းကြီးအသန့်ကြိုက်နေတာမျိုး၊ ချောမှ၊ လှမှာပေါင်းချင်တာမျိုး၊ ပိုက်ဆံရှိမှ၊ သွားနေလာနေနိုင်မှပေါင်းချင်တာမျိုး အဲဒီလိုလူမဖြစ်စေနဲ့။ လူတိုင်းရဲ့အချစ်ခံချင်ရင်တော့ လူတိုင်းနဲ့လိုက်လျောညီထွေရှိဖို့လိုပါတယ်။

Credit:MM
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top