iMyanmarHouse.com - Best Property Website for Myanmar
×
Credit:nanmalgyi
အနုပညာ၊ချစ်ရေးချစ်ရာ
#Unicode Version# ဖြင့်ဖတ်ပါ ။
မော်ဒယ်စူးရှထက် က လတ်တလော သူရဲ့ဖြတ်သန်းမှုအခြေအနေတွေကို မီဒီယာတွေနဲ့အင်တာဗျူး တစ်ခုမှာ ပြောပြထားတာရှိပါတယ် ။ အဲ့ဒီလို ပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးကိုပြန်ပြောပေးလိုက်ပါတယ်။
လတ်တလောကြုံတွေနေရတဲ့ အချစ်ရေးအခြေအနေကိုတော့ “ရည်းစားမရှိဘူး (ရယ်လျက်) မထားသေးပါဘူး ။ထားရင်ပြပါ့မယ်။ ကြိုက်တဲ့လူတွေတော့အများကြီးရှိတယ်။ အများကြီးလာပြောထားတာရှိတယ်။ လိုက်နေတဲ့သူတွေလည်းအများကြီးရှိပါတယ်။ မထားချင်တော့ဘူး မယုံဘူး ။ ပြောပြီးသား ကိုယ်ထားတဲ့ရည်းစားသည် ပိုက်ဆံရှိတာမရှိတာကိုစိတ်မဝင်စားဘူး ။ ကိုယ်ထားမယ်ဆိုလို့ရှိရင်တောင် အပျော်မထား ဘူး ။အခုရည်းစားတွေကွာ အခုကြိုက် ၊ အခုသွား အခု … ပုံစံမျိုးကို စူးရှမကြိုက်ဘူး။ ကိုယ်ထားမယ်ဆိုလို့ရှိရင်ကိုယ်တကယ်အတည်ထားမယ် ကိုယ့်ဘဝလက်တွဲဖော်အတွက် တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင် သူ့မိဘကိုယ့်မိဘ ကိုယ့်မိဘလိုသဘောထားမယ် ။ အဲ့ဒီလိုမျိုးအတွက်တွေကြောင့်ထားမှာပါ (စဉ်းစားလျက်)ဒါပေမယ့် မရှိသေးပါဘူး ။”လို့ပြောပြသွားခဲ့ပါတယ်။
သြင်္ကန်မှာဘာအစီစဉ်ရှိလဲ အရင်နှစ်တွေကဖြတ်သန်းမှုတွေကိုလည်း “သီချင်းဆိုရမယ်ထင်တယ်။ပွဲလာငှားမယ်လို့ပြောထားတာရှိတယ်။ ဒါပေမယ့်မသေချာသေးဘူးပေါ့နော်။ အနုပညာ လောကထဲမဝင်ခင်တုန်းက တော့ လမ်းထိပ်မှာ ကြာဇံကြော်ရောင်းတို့ ဒုတ်ထိုး တွေရောင်းပါတယ်။ ပြီးတော့ မဏ္ဍပ် အဲ့လိုမျိုးညနေဘက်လေးပေါ့နော် ခဏတစ်ဖြုတ်တစ်နာရီနှစ်နာရီလောက်သွားထိုင်ပါတယ်။ မနှစ်ကတော့နေမကောင်းလို့အိမ်မှာနေပါတယ်။”ဆိုပြီးပြောပြသွားပါတယ်။
ခွဲစိတ်ပြုပြင်ထားတွေနဲ့ပတ်သတ်ပြီး “ညီမကပြောပြီးသား ခွဲစိတ်ပြုပြင်ထားတာသည် ခွဲစိတ်ပြုပြင်ရင်ပြုပြင်တယ်။ မပြုပြင်ရင်မပြုပြင်ဘူး ။ကိုယ်သည်ခွဲစိတ်ပြုပြင်တာဟာ သူများကိုသွားပြီးစော်ကားတာမဟုတ်ဘူး ။ တကယ်လို့ညီမပြောပြီးသား ညီမသည် မျက်ရစ်ခွဲစိတ်ထားတယ်။ ရင်သားစီလီကွန်ထည့်ထားတယ်။ တချို့ကောင်မလေးဆိုလာလာမေးတယ် သူတို့မလုပ်ရဲဘူး ။ မစူးရှထက် ဒီလိုဒီလိုလေးဖြစ်တယ် အဆင်ပြေလား ကိုယ်သည်ကောင်းရင်ကောင်းတယ် မကောင်းရင်မကောင်းဘူး ။ဆိုးကျိုးကဘာ ကောင်းကျိုးကဘာ ကိုယ်ပြောပြရတယ်။ ပြောပြတဲ့ကောင်းကျိုးလေးတွေကြုံလာရတယ်ပေါ့။နောက်ပိုင်းခွဲစိတ်ပြုပြင်ထားရရင် နှာခေါင်းကို စီလီကွန်ထည့်ချင်ပါတယ်။”လို့ပြောပြသွားခဲ့ပါတယ်။
Credit:nanmalgyi
အနုပညာ၊ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top