iMyanmarHouse.com - Best Property Website for Myanmar
×


ပရိသတ္ေတြအခ်စ္ကို အျပည့္အဝ ရရွိထားတဲ့ အိျႏၵာေက်ာ္ဇင္က သူ႔ရဲ႕ We Love ေတြ ေပးတဲ့ ပန္းခ်ီကားေလးေၾကာင့္ ေျပမျပတတ္ေအာင္ ပီတိေတြ ျဖစ္လို႔ေနပါတယ္။ “ကြၽန္မအခ်စ္ဆုံးေယာက်္ားသုံးေယာက္” ဇာတ္ကားနဲ႔ ပတ္သက္ၿပီး အမွတ္တရေပးခဲ့တာပါ။

အိျႏၵာေက်ာ္ဇင္က We Love ေတြေပးတဲ့ ပန္းခ်ီကားေလးေၾကာင့္ ေျပာမျပတတ္ေအာင္ ပီတိေတြ ျဖစ္လို႔ေနပါတယ္။ We Love အိျႏၵာေက်ာ္ဇင္အဖြဲ႕က မတ္လ(၁) ရက္ေန႔ညက ျပဳလုပ္ခဲ့တဲ့ “ကြၽန္မအခ်စ္ဆုံးေယာက်္ားသုံးေယာက္” ႐ုပ္ရွင္ဇာတ္ကားအထူးျပသပြဲမွာ အိျႏၵာေက်ာ္ဇင္အတြက္ ပန္းခ်ီကား တစ္ခ်က္ လက္ေဆာင္ေပးခဲ့တာပါ။

ပန္းခ်ီကားေလးကို ျမင္လိုက္ရတဲ့ အခ်ိန္မွာ စိတ္ထဲမွာ ေဖာ္မျပတတ္တဲ့ ခံစားမႈေတြကို ရသစုံေအာင္ ခံစားလိုက္ရတယ္လို႔ အိျႏၵာေက်ာ္ဇင္က ဆိုပါတယ္။

“ဒီပန္းခ်ီကားေလးကို ျမင္လိုက္ရတဲ့အခ်ိန္မွာ စိတ္ထဲမွာ တစ္ခုခုကိုခံစားလိုက္ရသလို......ေပ်ာ္႐ႊင္တာလား၊ ဝမ္းနည္းတာလား.၊ အံ့ၾသတာလား၊ ေက်နပ္တာလား၊ အားလုံးေရာယွက္ေနတဲ့ ခံစားခ်က္လား ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္မကို အၿမဲတမ္းစိတ္လႈပ္ရွားမႈေတြေပးတဲ့ ကြၽန္မကိုခ်စ္ၾကတဲ့ကြၽန္မကခ်စ္ရတဲ့ Eainnies ေတြ, ခ်စ္ေသာပရိသတ္ေတြေ ပးတဲ့ အဓိပၸာယ္ေတြျပည့္ ဝေန တဲ့ ဒီပန္းခ်ီကားေလးကို ကြၽန္မအရမ္းတန္ဖိုးထားတယ္ေက်းဇူးအမ်ားႀကီး အမ်ားႀကီးတင္ပါတယ္” ဆိုၿပီး သူမရဲ႕ ေပ့ခ်္မွာ မတ္လ(၂) ရက္ေန႔က ေရးသားထားတာေတြ႕ရပါတယ္။

အိျႏၵာေက်ာ္ဇင္ကို ေပးတဲ့ ပန္းခ်ီကားေလးက “ကြၽန္မအခ်စ္ဆုံးေယာက္်ားသုံးေယာက္” ဇာတ္ကားထဲက ပုံရိပ္ေလးပဲ ျဖစ္ပါတယ္။ အဲ့ဒီ ႐ုပ္ရွင္ဇာတ္ကားႀကီးဟာလည္း မၾကာခင္မွာ ႐ုံတင္ျပသေတာ့မယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီး ျဖစ္ပါတယ္။ “ကြၽန္မအခ်စ္ဆုံးေယာက္်ားသုံးေယာက္”ကို ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္းက ႐ိုက္ကူးထားတာ ျဖစ္ၿပီး ရန္ေအာင္၊ ေျပတီဦး၊ မင္းဦး၊ မင္းဘုန္းျမတ္၊ မို႔မို႔ျမင့္ေအာင္၊ အိျႏၵာေက်ာ္ဇင္၊ နန္းစႏၵာလွထြန္း၊ တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။

အိျႏၵာေက်ာ္ဇင္ဟာ သ႐ုပ္ေဆာင္ေျပတီဦးနဲ႔ ၂၀၁၁ခုႏွစ္ ဇန္နဝါရီ ၁ရက္ေန႔မွာ လက္ထပ္ခဲ့ၿပီး ေျပသုျဒာနဲ႔ ေျပဓီရဆိုတဲ့ ရင္ေသြးေလး ႏွစ္ေယာက္နဲ႔ သာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူ တစ္ဦးျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္ဟာ ၁၉၉၆ တစ္ခုႏွစ္ထဲမွာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးျဖစ္ခဲ့ဖူးပါတယ္။

အိျႏၵာေက်ာ္ဇင္ဟာ အႏုပညာေလာကထဲမွာ ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ခိုင္မာစြာ ရပ္တည္ေနႏိုင္သူ တစ္ဦးျဖစ္ၿပီး ၂၀၀၄ ခုႏွစ္မွာ "မ်က္ႏွာမ်ားတဲ့မိုးေကာင္းကင္" ႐ုပ္ရွင္ဇာတ္ကား၊ ၂၀၁၇ မွာ"ရင္ဘက္ထဲကဓား " ႐ုပ္ရွင္ဇာတ္ကားနဲ႔ အကယ္ဒမီဆုေတြ ပိုင္ဆိုုင္ထားသူတစ္ဦးလည္း ျဖစ္ပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#

ပရိသတ်တွေအချစ်ကို အပြည့်အဝ ရရှိထားတဲ့ အိန္ဒြာကျော်ဇင်က သူ့ရဲ့ We Love တွေ ပေးတဲ့ ပန်းချီကားလေးကြောင့် ပြေမပြတတ်အောင် ပီတိတွေ ဖြစ်လို့နေပါတယ်။ “ကျွန်မအချစ်ဆုံးယောကျ်ားသုံးယောက်” ဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရပေးခဲ့တာပါ။

အိန္ဒြာကျော်ဇင်က We Love တွေပေးတဲ့ ပန်းချီကားလေးကြောင့် ပြောမပြတတ်အောင် ပီတိတွေ ဖြစ်လို့နေပါတယ်။ We Love အိန္ဒြာကျော်ဇင်အဖွဲ့က မတ်လ(၁) ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ “ကျွန်မအချစ်ဆုံးယောကျ်ားသုံးယောက်” ရုပ်ရှင်ဇာတ်ကားအထူးပြသပွဲမှာ အိန္ဒြာကျော်ဇင်အတွက် ပန်းချီကား တစ်ချက် လက်ဆောင်ပေးခဲ့တာပါ။

ပန်းချီကားလေးကို မြင်လိုက်ရတဲ့ အချိန်မှာ စိတ်ထဲမှာ ဖော်မပြတတ်တဲ့ ခံစားမှုတွေကို ရသစုံအောင် ခံစားလိုက်ရတယ်လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။

“ဒီပန်းချီကားလေးကို မြင်လိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ တစ်ခုခုကိုခံစားလိုက်ရသလို......ပျော်ရွှင်တာလား၊ ဝမ်းနည်းတာလား.၊ အံ့သြတာလား၊ ကျေနပ်တာလား၊ အားလုံးရောယှက်နေတဲ့ ခံစားချက်လား ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို အမြဲတမ်းစိတ်လှုပ်ရှားမှုတွေပေးတဲ့ ကျွန်မကိုချစ်ကြတဲ့ကျွန်မကချစ်ရတဲ့ Eainnies တွေ, ချစ်သောပရိသတ်တွေေ ပးတဲ့ အဓိပ္ပာယ်တွေပြည့် ဝနေ တဲ့ ဒီပန်းချီကားလေးကို ကျွန်မအရမ်းတန်ဖိုးထားတယ်ကျေးဇူးအများကြီး အများကြီးတင်ပါတယ်” ဆိုပြီး သူမရဲ့ ပေ့ချ်မှာ မတ်လ(၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

အိန္ဒြာကျော်ဇင်ကို ပေးတဲ့ ပန်းချီကားလေးက “ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်” ဇာတ်ကားထဲက ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင်မှာ ရုံတင်ပြသတော့မယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ “ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်”ကို ဒါရိုက်တာ မောင်မျိုးမင်းက ရိုက်ကူးထားတာ ဖြစ်ပြီး ရန်အောင်၊ ပြေတီဦး၊ မင်းဦး၊ မင်းဘုန်းမြတ်၊ မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်၊ နန်းစန္ဒာလှထွန်း၊ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။

အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ မှာ"ရင်ဘက်ထဲကဓား " ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုတွေ ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top