iMyanmarHouse.com - Best Property Website for Myanmar
×

သက္လတ္ပိုင္း ေရာက္သည္အထိ တည္ၿငိမ္ေသာ သံေယာဇဥ္ ေႏွာင္ဖြဲ႕မႈ ကင္းမဲ့ ေနသူမ်ားသည္ အရြယ္ မတိုင္မီ ေသဆံုးႏိုင္သည့္ အလား အလာမ်ား ပိုမိုေၾကာင္း Duke တကၠသိုလ္ ေဆးပညာ ဌာန၏ ေလ့လာ မႈတြင္ ေဖာ္ျပ ထားသည္။

Duke တကၠသိုလ္ သုေတသီမ်ားက သုေတသနျပဳလုပ္ရန္ အမ်ိဳးသား၊ အမ်ိဳးသမီး ၄၈၀၂ ဦးကို ေခၚယူခဲ့သည္။ ၎တို႔အားလံုးမွာ ေျမာက္ကာ႐ိုလိုင္းနား တကၠသိုလ္၏ ႏွလံုးေလ့လာ သင္ၾကားမႈ သင္တန္းကို တက္ဖူးသူမ်ား ျဖစ္ၾက သည္။ ထိုသင္တန္းသည္ ၁၉၄၀ ခုႏွစ္မ်ား တြင္ေမြးဖြား ခဲ့သူမ်ား၏ က်န္းမာေရးကို ေျခရာခံေစာင့္ၾကည္႕ ေနခဲ့သည့္ သင္တန္း တစ္ခုလည္း ျဖစ္သည္။

လက္ထပ္ထိမ္းျမားမႈ၏ သက္လတ္ပိုင္း အရြယ္အေပၚ အက်ိဳး သက္ေရာက္ ပံုကို ေလ့လာ ခဲ့ၾကသည္၊ သုေတသန ရလဒ္မ်ားကို လႊမ္းမိုးမႈ ရွိလာမည့္ ကိုယ္ရည္ ကိုယ္ေသြး ျပႆနာမ်ား၊ လူမႈ စီးပြားေရး အေျခ အေန တို႔ႏွင့္ က်န္းမာေရးႏွင့္ မညီညြတ္ေသာ အျပဳအမူ စသည့္ အခ်က္မ်ားကို ထိန္းခ်ဳပ္ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးမွ သုေတသနတြင္ ပါဝင္ရန္ ေရြးခ်ယ္ ခဲ့ျခင္း ျဖစ္သည္။ သုေတသနတြင္ ေတြ႕ရွိခ်က္အရ တစ္ႀကိမ္တစ္ခါမွ် လက္မထပ္ဖူး သူမ်ားသည္ လူရြယ္ဘဝမွ စ၍ ခိုင္မာေသာ ခ်စ္သံေယာဇဥ္ ထူေထာင္လာ ခဲ့ေသာ ဇနီးေမာင္ႏွံ မ်ားထက္ အရြယ္မတိုင္မီ ေသဆံုးရန္ ႏွစ္ဆ အလားအလာ မ်ားေၾကာင္း သိရသည္။

တစ္ကိုယ္တည္း ေနသူမ်ား၊ ဇနီးခင္ပြန္းဆံုးပါးသြား သူမ်ားသည္ သက္ႀကီး ရြယ္အို ဘဝအထိ အသက္ မရွည္ႏိုင္သည္႕ အလားအလာ မ်ားျပားသည္။ ထိုသက္ေရာက္မႈသည္ က်န္းမာေရးႏွင့္ ညီညြတ္စြာ ျပဳမူေနထိုင္သူမ်ား၊ လူမႈစီးပြားေရး အေျခအေန ေကာင္းမြန္သူ မ်ား၌ ပါေတြ႕ရ တတ္သည္။

လက္မထပ္ဘဲ အတူ ေနထိုင္တဲ့ ပံုစံကို အာ႐ံုစိုက္ ေလ့လာတာဟာ ကေလးေတြ တစ္ၿပံဳႀကီး ေမြးေနသူေတြ အတြက္ အေရးပါတဲ့ ေလ့လာမႈ ျဖစ္လာႏိုင္ပါတယ္။ ဒီလိုပံုစံ ေနထိုင္သူ ေတြဟာ ေစာစီးစြာ ေသဆံုးမႈႏွင့္ ဆက္စပ္ေနတဲ့ အတြက္ စိတ္ပိုင္းဆိုင္ရာ၊ လူမႈေရးဆိုင္ရာ အေထာက္ အပံ့ေတြ ပိုမို ေပးအပ္ သင့္ပါတယ္။ သက္လတ္ပိုင္း အရြယ္မွာ လူမႈေရးအရ တြယ္တာ ေႏွာင္ဖြဲ႕မႈေတြကို ေလ့လာျခင္း အားျဖင့္ အရြယ္မတိုင္မီ ေသဆံုးရတဲ့ အေၾကာင္းရင္း တစ္ခုကို ေတြ႕ရွိ လာရပါတယ္ဟု သုေတသန စာတမ္းျပဳစု သူမ်ားက ထည့္သြင္း ေဖာ္ျပ ထားသည္။

သုေတသနကို အျပဳအမူဆိုင္ရာ ေဆးပညာ ဂ်ာနယ္ (journal Annals of Behavioral Medicine) တြင္ ေဖာ္ျပထားသည္။

Credit:သီဟHealth Updates Journal
Source:MDI
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာ မှုတွင် ဖော်ပြ ထားသည်။

Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။

လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာ ခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေ အနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်း သိရသည်။

တစ်ကိုယ်တည်း နေသူများ၊ ဇနီးခင်ပွန်းဆုံးပါးသွား သူများသည် သက်ကြီး ရွယ်အို ဘဝအထိ အသက် မရှည်နိုင်သည့် အလားအလာ များပြားသည်။ ထိုသက်ရောက်မှုသည် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူ များ၌ ပါတွေ့ရ တတ်သည်။

လက်မထပ်ဘဲ အတူ နေထိုင်တဲ့ ပုံစံကို အာရုံစိုက် လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေ အတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူ တွေဟာ စောစီးစွာ သေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမို ပေးအပ် သင့်ပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်း အားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိ လာရပါတယ်ဟု သုတေသန စာတမ်းပြုစု သူများက ထည့်သွင်း ဖော်ပြ ထားသည်။

သုတေသနကို အပြုအမူဆိုင်ရာ ဆေးပညာ ဂျာနယ် (journal Annals of Behavioral Medicine) တွင် ဖော်ပြထားသည်။

Credit:သီဟHealth Updates Journal
Source:MDI

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top