iMyanmarHouse.com - Best Property Website for Myanmar
×


အဲ့ဒိ အေျခအေနဟာ ဇနီးေမာင္ႏွံတိုင္း ႀကံဳေတြ႔ဖူးတဲ့ အေျခအေန တစ္ရပ္ျဖစ္ၿပီး ကိုင္တြယ္ ေျဖရွင္းရ ခက္ခဲတဲ့ ျပႆနာ တစ္ရပ္လည္း ျဖစ္ပါတယ္။

ရန္မျဖစ္ေၾကး
ေျပလည္ေအာင္ လုပ္မယ္

လင္မယားေတြ ၾကားမွာ ျဖစ္ၾကတဲ့ ျပႆနာေတြထဲက ငါးဆယ္ ရာခိုင္ႏႈန္းနဲ႔ အထက္ဟာ ေယာကၡမေတြေၾကာင့္ ျဖစ္တယ္လို႔  မဂၤလာေဆာင္ၿပီးသြားၾကတဲ့ စံုတြဲေတြက ေျပာေလ့ရွိၾကပါတယ္။

 တကယ္ပဲ ေယာကၡမ ေတြေၾကာင့္ ရန္ေတြ ျဖစ္ေနရၿပီလား။ လင္မယား ႏွစ္ေယာက္ၾကား ထဲက ဆက္ဆံေရးဟာ အျခား ပေယာဂေတြေၾကာင့္ မေအးခ်မ္းဘူးဆိုရင္ အိမ္ေထာင္ေရး ဟာ ေရရွည္မွာ အဆင္မေျပႏိုင္ပါဘူးေနာ္။

ဒါေၾကာင့္ ေယာကၡမေတြ ေႏွာင့္လို႔ အိမ္ေထာင္ေရး ဂယက္ မထခ်င္ဘူး ဆိုရင္ ဘယ္လို အရာေတြကို သေဘာေပါက္ထားရမလဲ ဆိုတာ Marry က ေျပာျပေပးပါမယ္။ လင္မ ယားခ်င္း ျဖစ္ရတဲ့ ျပႆနာ အမ်ားစုမွာ အိမ္ေထာင္ရွင္ အမ်ားစုက ကိုယ့္ရဲ႕ ေယာကၡမ  ေတြ၊ ေယာင္းမေတြ၊ ေယာက္ဖေတြနဲ႔ ပတ္သက္တဲ့ မေက်နပ္ခ်က္ မွန္သမၽွ်ကို ကိုယ့္အိမ္ေထာင္ဖက္ အေပၚကို ပံုခ်ေလ့ ရွိလို႔ပါ။



ျပႆနာကို တိုက္႐ိုက္ ေျပာဆို ေျဖရွင္းပါ

တိုက္႐ိုက္ ဆက္ဆံမႈမွာ မ်ိဳသိပ္ေကာင္း မ်ိဳသိပ္ခဲ့ၾကၿပီး လင္မယားခ်င္း မ်က္ႏွာခ်င္း ဆိုင္ေတာ့မွ ျပႆနာေတြ မေက်နပ္တာေတြကို ျပန္လွန္ ႏႈိးဆြလို႔ အတြင္းက်ိတ္ ရန္ျဖစ္ၾကပါတယ္။ အဲ့ဒိ အေျခအေနဟာ ဇနီးေမာင္ႏွံတိုင္း ႀကံဳေတြ႔ဖူးတဲ့ အေျခအေန တစ္ရပ္ျဖစ္ၿပီး ကိုင္တြယ္ ေျဖရွင္းရ ခက္ခဲတဲ့ ျပႆနာ တစ္ရပ္လည္း ျဖစ္ပါတယ္။

အေကာင္းဆံုးကေတာ့ ျပႆနာေတြကို လိပ္ခဲတည္းလည္း ျဖစ္ေအာင္ အခ်ိန္ဆြဲ မထားဘဲ ျပႆနာ တစ္ခုခု ျဖစ္တိုင္း အဲ့ျပႆနာကို အဓိက ဖန္တီးသူနဲ႔သာ တိုက္႐ိုက္ ေျပာဆို ေျဖရွင္းလိုက္တာ အေကာင္းဆံုးပါပဲ။

 ေဒါသထြက္ၿပီး ရန္လုပ္ရမယ္လို႔ ေျပာတာ မဟုတ္ဘူးေနာ္။ ကိုယ့္ရဲ႕ မေျပလည္မႈ၊ အဆင္မေျပမႈေတြကို အဆင္မေျပေၾကာင္း တိုက္႐ိုက္ ပြင့္ပြင့္လင္းလင္း ေျပာလိုက္႐ံုပါပဲ။

တိုက္႐ိုက္ေျပာပါေနာ္

ဘာပဲျဖစ္ျဖစ္ အျပန္အလွန္ နားလည္မႈနဲ႔ ပြင့္လင္းမႈေတြဟာ လင္မယားခ်င္း ရန္ပြဲေတြ ထက္ေတာ့ ေကာင္းတယ္ မဟုတ္လား။ ကိုယ့္အေနနဲ႔ကလည္း တျခားသူ အေနွာင့္အယွက္ ျဖစ္ေစမယ့္ ကိစၥေတြကို မျပဳလုပ္သင့္သလို ျပဳလုပ္ေနမိရင္လည္း ျပဳျပင္ေပးဖို႔ လိုပါ တယ္ေနာ္။


Credit:marry

 ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အဲ့ဒိ အခြေအနေဟာ ဇနီးမောင်နှံတိုင်း ကြုံတွေ့ဖူးတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပြီး ကိုင်တွယ် ဖြေရှင်းရ ခက်ခဲတဲ့ ပြဿနာ တစ်ရပ်လည်း ဖြစ်ပါတယ်။

ရန်မဖြစ်ကြေး
ပြေလည်အောင် လုပ်မယ်

လင်မယားတွေ ကြားမှာ ဖြစ်ကြတဲ့ ပြဿနာတွေထဲက ငါးဆယ် ရာခိုင်နှုန်းနဲ့ အထက်ဟာ ယောက္ခမတွေကြောင့် ဖြစ်တယ်လို့  မင်္ဂလာဆောင်ပြီးသွားကြတဲ့ စုံတွဲတွေက ပြောလေ့ရှိကြပါတယ်။

 တကယ်ပဲ ယောက္ခမ တွေကြောင့် ရန်တွေ ဖြစ်နေရပြီလား။ လင်မယား နှစ်ယောက်ကြား ထဲက ဆက်ဆံရေးဟာ အခြား ပယောဂတွေကြောင့် မအေးချမ်းဘူးဆိုရင် အိမ်ထောင်ရေး ဟာ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူးနော်။

ဒါကြောင့် ယောက္ခမတွေ နှောင့်လို့ အိမ်ထောင်ရေး ဂယက် မထချင်ဘူး ဆိုရင် ဘယ်လို အရာတွေကို သဘောပေါက်ထားရမလဲ ဆိုတာ Marry က ပြောပြပေးပါမယ်။ လင်မ ယားချင်း ဖြစ်ရတဲ့ ပြဿနာ အများစုမှာ အိမ်ထောင်ရှင် အများစုက ကိုယ့်ရဲ့ ယောက္ခမ  တွေ၊ ယောင်းမတွေ၊ ယောက်ဖတွေနဲ့ ပတ်သက်တဲ့ မကျေနပ်ချက် မှန်သမျျှကို ကိုယ့်အိမ်ထောင်ဖက် အပေါ်ကို ပုံချလေ့ ရှိလို့ပါ။

ပြဿနာကို တိုက်ရိုက် ပြောဆို ဖြေရှင်းပါ

တိုက်ရိုက် ဆက်ဆံမှုမှာ မျိုသိပ်ကောင်း မျိုသိပ်ခဲ့ကြပြီး လင်မယားချင်း မျက်နှာချင်း ဆိုင်တော့မှ ပြဿနာတွေ မကျေနပ်တာတွေကို ပြန်လှန် နှိုးဆွလို့ အတွင်းကျိတ် ရန်ဖြစ်ကြပါတယ်။ အဲ့ဒိ အခြေအနေဟာ ဇနီးမောင်နှံတိုင်း ကြုံတွေ့ဖူးတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပြီး ကိုင်တွယ် ဖြေရှင်းရ ခက်ခဲတဲ့ ပြဿနာ တစ်ရပ်လည်း ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ပြဿနာတွေကို လိပ်ခဲတည်းလည်း ဖြစ်အောင် အချိန်ဆွဲ မထားဘဲ ပြဿနာ တစ်ခုခု ဖြစ်တိုင်း အဲ့ပြဿနာကို အဓိက ဖန်တီးသူနဲ့သာ တိုက်ရိုက် ပြောဆို ဖြေရှင်းလိုက်တာ အကောင်းဆုံးပါပဲ။

 ဒေါသထွက်ပြီး ရန်လုပ်ရမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်ရဲ့ မပြေလည်မှု၊ အဆင်မပြေမှုတွေကို အဆင်မပြေကြောင်း တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောလိုက်ရုံပါပဲ။

တိုက်ရိုက်ပြောပါနော်

ဘာပဲဖြစ်ဖြစ် အပြန်အလှန် နားလည်မှုနဲ့ ပွင့်လင်းမှုတွေဟာ လင်မယားချင်း ရန်ပွဲတွေ ထက်တော့ ကောင်းတယ် မဟုတ်လား။ ကိုယ့်အနေနဲ့ကလည်း တခြားသူ အနှောင့်အယှက် ဖြစ်စေမယ့် ကိစ္စတွေကို မပြုလုပ်သင့်သလို ပြုလုပ်နေမိရင်လည်း ပြုပြင်ပေးဖို့ လိုပါ တယ်နော်။

Credit:marry


ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top