iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ္ေလ်ာ့တာက ေလ့က်င့္ခန္းျပဳလုပ္ၿပီး diet လုပ္လိုက္ရံုနဲ႔ ကိုယ္အေလးခ်ိန္က်ႏုိင္ပါတယ္။ ဒါေပမယ့္ ပိန္ေတြသူေတြက ဝခ်င္တဲ့အခါ ဘယ္ေလာက္ပဲစားစား၊ ဝမလာတာမ်ိဳး ျဖစ္တတ္ပါတယ္။ အေၾကာင္းအရင္းကေတာ့ အာဟာရမွ်တတဲ့ အစားအစာမ်ားကို ေရြးခ်ယ္မစားသံုးတတ္တဲ့ အတြက္ေၾကာင့္ပါ။ အထူးသျဖင့္ ကယ္လိုရီျပည့္ဝတဲ့ အစားအစာမ်ားကို ပံုမွန္စားသံုးသင့္ပါတယ္။ ဒါ့ေၾကာင့္ ကုိယ္အေလးခ်ိန္တက္လိုသူမ်ားအတြက္ ကယ္လိုရီျပည့္ဝတဲ့ အစားအစာမ်ားကို ေဖာ္ျပေပးလိုုက္ပါတယ္။

(၁) ပါစတာႏွင့္ အီတလီေခါက္ဆြဲ

ကယ္လိုရီဓာတ္ၾကယ္ဝစြာ ပါဝင္တဲ့ အစားအစာ မ်ားစြာထဲမွာ ပါစတာနဲ႔ အျခား အီတလီေခါက္ဆြဲ၊ စပါဂတီေခါက္ဆြဲက ဝိတ္တက္ခ်င္သူမ်ားအတြက္ အသင့္ေတာ္ဆံုးပါပဲ။ ပါစတာ၊ အီတလီေခါက္ဆြဲ မွာပါဝင္တဲ့ ခ်ိစ့္နဲ႔ အျခား၇၅ရာခုိင္ႏႈန္း ကယ္လိုရီက ကိုယ္အေလးခ်ိိန္  တက္လာဖို႔အတြက္ မ်ားစြာအေထာက္အကူ ျဖစ္ေစပါတယ္။

(၂) ႏွံစားေျပာင္း

မနက္စာကို ႏွံစားေျပာင္းနဲ႔ ျပဳလုပ္ထားတဲ့ အစားအစာမ်ားကို ေရြးခ်ယ္စားသံုးေပးပါ။ Cereals 10g ေလာက္ကို မနက္စာအျဖစ္ စားသံုးေပးမယ္ဆုိရင္ သင့္ခႏၶာကိုယ္အေလးခ်ိန္ တိုးဖုိ႔အတြက္ လိုအပ္တဲ့ ကယ္လိုရီဓာတ္ျပည့္တင္းေပးႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ တိုးခ်င္တယ္ ဆိုရင္ေတာ့ မနက္စာကို cereals စားသံုးသင့္ပါတယ္။

(၃) Peanut butter

ကယ္လိုရီဓာတ္ ၾကြယ္ဝစြာပါဝင္တဲ့ ေနာက္ထပ္ အစားအစာကေတာ့ Peanut Butter ပါ။ Peanut Butter ႏွစ္ဇြန္းက ၁၉၂ကယ္လိုရီပါဝင္တဲ့အတြက္ ေပါင္မုန္႔နဲ႔ တြဲဖက္စားသံုးသင့္ပါတယ္။ ခႏၶာကိုယ္အေလးခ်ိန္ တက္ခ်င္တဲ့သူေတြအတြက္ေတာ့ မစ္ရွိတ္ေတြထဲမွာ Peanut butter ကို ေပါင္းစပ္ၿပီး ေသာက္သံုးႏုိင္ပါတယ္။

(၄) ခ်ိစ့္

ခ်ိစ့္တစ္တံုးမွာပါဝင္တဲ့ ၆၉ကယ္လိုရီက ခႏၶာကိုယ္အေလးခ်ိန္ တက္ခ်င္တဲ့သူေတြအတြက္ ျဖည့္စြက္ အစာတစ္မ်ိဳးပါပဲ။ အဆီထုတ္ထားျခင္းမရွိတဲ့ ခ်ိစ့္အတံုးကို စားသံုးတာက ကယ္လိုရီဓာတ္ပိုမို ရရွိႏိုင္တယ္လို႔ ဆိုပါတယ္။ အတံုးအခဲနဲ႔ ျပဳလုပ္ထားတဲ့ ခ်ိစ့္အတံုးကို ၾကက္ဥေၾကာ္ရာမွာ ဒါမွမဟုတ္ ေပါင္မုန္႔ေႀကာ္တဲ့အခါ အဆီအျဖစ္ ထည့္သြင္းအသံုးျပဳႏုိင္ပါတယ္။

(၅) ေခ်ာကလက္

မိန္းကေလးအမ်ားစု ႀကိဳက္ႏွစ္သက္ၾကတဲ့ အစားအစာပါပဲ။ ေခ်ာကလက္မွာပါဝင္တဲ့ ကယ္လိုရီဓာတ္ ကလည္း ကိုယ္အေလးခ်ိန္တိုးလာဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။ ေခ်ာကလက္ႀကိဳက္သူေတြ အတြက္ေတာ့ သတင္းေကာင္းေလးပါပဲေနာ္။

Credit:myanmaplatform
က်န္းမာေရး ၊ အလွအပ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဝိတ်လျော့တာက လေ့ကျင့်ခန်းပြုလုပ်ပြီး diet လုပ်လိုက်ရုံနဲ့ ကိုယ်အလေးချိန်ကျနိုင်ပါတယ်။ ဒါပေမယ့် ပိန်တွေသူတွေက ဝချင်တဲ့အခါ ဘယ်လောက်ပဲစားစား၊ ဝမလာတာမျိုး ဖြစ်တတ်ပါတယ်။ အကြောင်းအရင်းကတော့ အာဟာရမျှတတဲ့ အစားအစာများကို ရွေးချယ်မစားသုံးတတ်တဲ့ အတွက်ကြောင့်ပါ။ အထူးသဖြင့် ကယ်လိုရီပြည့်ဝတဲ့ အစားအစာများကို ပုံမှန်စားသုံးသင့်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်တက်လိုသူများအတွက် ကယ်လိုရီပြည့်ဝတဲ့ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပါစတာနှင့် အီတလီခေါက်ဆွဲ

ကယ်လိုရီဓာတ်ကြယ်ဝစွာ ပါဝင်တဲ့ အစားအစာ များစွာထဲမှာ ပါစတာနဲ့ အခြား အီတလီခေါက်ဆွဲ၊ စပါဂတီခေါက်ဆွဲက ဝိတ်တက်ချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။ ပါစတာ၊ အီတလီခေါက်ဆွဲ မှာပါဝင်တဲ့ ချိစ့်နဲ့ အခြား၇၅ရာခိုင်နှုန်း ကယ်လိုရီက ကိုယ်အလေးချိန်  တက်လာဖို့အတွက် များစွာအထောက်အကူ ဖြစ်စေပါတယ်။

(၂) နှံစားပြောင်း

မနက်စာကို နှံစားပြောင်းနဲ့ ပြုလုပ်ထားတဲ့ အစားအစာများကို ရွေးချယ်စားသုံးပေးပါ။ Cereals 10g လောက်ကို မနက်စာအဖြစ် စားသုံးပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်အလေးချိန် တိုးဖို့အတွက် လိုအပ်တဲ့ ကယ်လိုရီဓာတ်ပြည့်တင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန် တိုးချင်တယ် ဆိုရင်တော့ မနက်စာကို cereals စားသုံးသင့်ပါတယ်။

(၃) Peanut butter

ကယ်လိုရီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ နောက်ထပ် အစားအစာကတော့ Peanut Butter ပါ။ Peanut Butter နှစ်ဇွန်းက ၁၉၂ကယ်လိုရီပါဝင်တဲ့အတွက် ပေါင်မုန့်နဲ့ တွဲဖက်စားသုံးသင့်ပါတယ်။ ခန္ဓာကိုယ်အလေးချိန် တက်ချင်တဲ့သူတွေအတွက်တော့ မစ်ရှိတ်တွေထဲမှာ Peanut butter ကို ပေါင်းစပ်ပြီး သောက်သုံးနိုင်ပါတယ်။

(၄) ချိစ့်

ချိစ့်တစ်တုံးမှာပါဝင်တဲ့ ၆၉ကယ်လိုရီက ခန္ဓာကိုယ်အလေးချိန် တက်ချင်တဲ့သူတွေအတွက် ဖြည့်စွက် အစာတစ်မျိုးပါပဲ။ အဆီထုတ်ထားခြင်းမရှိတဲ့ ချိစ့်အတုံးကို စားသုံးတာက ကယ်လိုရီဓာတ်ပိုမို ရရှိနိုင်တယ်လို့ ဆိုပါတယ်။ အတုံးအခဲနဲ့ ပြုလုပ်ထားတဲ့ ချိစ့်အတုံးကို ကြက်ဥကြော်ရာမှာ ဒါမှမဟုတ် ပေါင်မုန့်ကြော်တဲ့အခါ အဆီအဖြစ် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

(၅) ချောကလက်

မိန်းကလေးအများစု ကြိုက်နှစ်သက်ကြတဲ့ အစားအစာပါပဲ။ ချောကလက်မှာပါဝင်တဲ့ ကယ်လိုရီဓာတ် ကလည်း ကိုယ်အလေးချိန်တိုးလာဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ချောကလက်ကြိုက်သူတွေ အတွက်တော့ သတင်းကောင်းလေးပါပဲနော်။

Credit:myanmaplatform
ကျန်းမာရေး ၊ အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top